Friday, May 31, 2019

(အမေရိကန်-မက္ကဆီကို ကုန်သွယ်စစ် စစ်မျက်နှာဖွင့်မယ်ဆို) မျိုးမြင့်ချို

0 comments
(အမေရိကန်-မက္ကဆီကို ကုန်သွယ်စစ် စစ်မျက်နှာဖွင့်မယ်ဆို) ခုနောက်ပိုင်းမှာ ကနေဒါကိုခိုးဝင် အခြေချတဲ့အမေရိကန်တွေ များသထက်များများလာတယ်၊ ကနေဒါကလည်း အမေရိကန်ကို ဟိုပြည်နယ်ရောင်းမလား ဒီပြည်နယ်ရောင်းမလား ဘယ်လောက်ပေးမယ် ဘာညာတွေအထိပြောလာတယ်။ ကနေဒီယာန်တွေကတော့ အမေရိကန်ကို တရားဝင်လာနေကြတယ်၊ ဒါတောင် အပြီးအပိုင်နေသူ နည်းတယ်၊ တချို့ နှစ်နိုင်ငံသားသဘောနေကြတယ်၊ တချို့ ဂရင်းကဒ်နဲ့နေတယ်၊ တချို့လည်း နိုင်ငံသားခံယူတယ်။ မက္ကဆီဘက် သွားနေကြတဲ့ အမေရိကန်ဦးရေကလည်း မနည်းဘူး၊ တရားမဝင်ရွှေပြောင်းအလုပ်သမားတွေအနေနဲ့တော့ ...

Thursday, May 30, 2019

(ငကြွက်ဟာ သတ်ပစ်ရမယ့်ကောင်) မျိုးမြင့်ချို

0 comments
(ငကြွက်ဟာ သတ်ပစ်ရမယ့်ကောင်) သေဒဏ်ပေးပြီး အကြိမ်ကြိမ်ပြန်သတ်ပစ်ဖို့ကောင်းတဲ့ လူယုတ်မာရာဇဝတ်ကောင်တွေနဲ့ ထောင်ထဲမှာ ကျနော်ဆုံခဲ့တာမနည်းဘူး။ သူတို့တွေ သေဒဏ်ကျနေကြတာ ကျနော်ထောင်ထဲမရောက်ခင်ကရော ရောက်ပြီးမှရောဘဲ။ စစ်အုပ်စုကပေးတဲ့ အစိုးရလွတ်ငြိမ်းသက်သာတွေရပြီး သူတို့သာ တယောက်ပြီးတယောက် လွတ်ကုန်တယ်။ ကျနော်က လျှော့ရက် တရက်တောင်မရတော့ နေမြဲနဲ့ကျန်ခဲ့တယ်။ ဒီ လူယုတ်မာရာဇဝတ်ကောင်တွေ လွတ်သွားတာကို မကျေမချမ်းဖြစ်စရာမရှိပေမယ့် ဒီလူတွေထဲမှာ သေဒဏ်အမိန့်ချပြီးတာနဲ့ လုပ်စရာရှိတာတွေမြန်မြန်ပြီးပြတ်အောင်လုပ်ပြီး...

Tuesday, May 28, 2019

(ရခိုင့်တပ်မတော်ကို ဘယ်မှာနေရာချမလဲ) မျိုးမြင့်ချို

0 comments
(ရခိုင့်တပ်မတော်ကို ဘယ်မှာနေရာချမလဲ) AA နဲ့ စစ်အုပ်စု Bilateral ခေါ်တဲ့ တဖွဲ့ချင်းအပစ်ရပ်လက်မှတ်ထိုးဖြစ်ကြတဲ့အဆင့်ရောက်ဖို့ဆိုတာ AA တပ်နေရာတည်ရှိရေးကိစ္စမှာတင် ထစ်သွားနိုင်ပါတယ်။ စစ်အုပ်စု/အစိုးရက AA မပေါ်ခင်အထိ ရခိုင်ကို အဖြူရောင်နယ်မြေလို့ပြောထားတယ်။ ရခိုင်မှာ အေအေ့တည်ရှိမှုကို(လုံးဝ)လက်မခံပါလို့ပြောထားပြီးသားပါ။ AA ကလည်း ရခိုင့်တပ် ရခိုင်မှာရှိရမယ်လို့ ရပ်ခံထားတယ်။ ဒီ့ထက်ပို တင်းတင်းမာမာပြောသူတွေကတော့ စစ်အုပ်စုတပ် ရခိုင်ကနေထွက်ပါ ရခိုင်ပြည်နယ်ကို AA က ကာကွယ်မယ်ဆိုတဲ့အထိပြောပါတယ်။ တကယ်တော့...

(အမေ့ခြံ) မျိုးမြင့်ချို

0 comments
(အမေ့ခြံ) ပြီးခဲ့တဲ့အပတ်က ကျနော်က မရင်နှစ်တို့အိမ်နောက်မှာ ဆယ်ပေ လေးပေလောက် ပေါင်လေးတခုဖော်တယ်။ ရင်နှစ်အဖေရဲမော်ထူးက မြေဆွေး ၂ အိပ်ဝယ်ပေးလို့ မြေဆွေးနဲ့သမပြီး မြေနှပ်ထားတယ်။ အမေစိုက်ချင်တာလေးစိုက်ရအောင်ဆိုပြီး။ ပထမတော့ ချဉ်ပေါင်စိုက်မလိုလို ပဲတောင့်ရှည်(တိုင်ထောင်ပဲ) စိုက်မှာလိုလိုနဲ့ဖြစ်နေတာ။ နောက်တော့ ညီတော်မောင် ကျော်ကျော်မြင့်က သူ့မှာ ရုံးပတီမျိုးစေ့တွေရှိတယ်ဆိုပြီး အမေ့ကို ပေးလိုက်တယ်။ ဒါနဲ့ ၈ လက်မစီလောက်ခြားပြီး တကျင်းမှာ ၂ စေ့နှုန်းနဲ့ ကျနော်က ပျိုးပေးလိုက်တယ်။“အေးလေ ပေါက်လာတော့...

(အမုန်းတွေ တောမီးလိုဖြန့်) မျိုးမြင့်ချို

0 comments
(အမုန်းတွေ တောမီးလိုဖြန့်) ခု ထရမ့်ပ်လက်ထက်မှာ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းပုံနဲ့ စစ်ကန်ထရိုက်ပေးပုံတွေ ပြောင်းလာပါတယ်။ အရင်တုန်းက လေယဉ်တွေအပါအဝင် လက်နက်သစ်ထွင်ပြီးပြီဆို လက်နက်ပြပွဲလုပ်ပါတယ်။ လက်နက်ကုန်သည် ပွဲစားတွေအပါအဝင် တိုက်ရိုက်ဝယ်လက်တွေကိုပါဖိတ်ပြီး ပြပါတယ်။ ဈေးတည့်တယ် အဆင်ပြေတယ်ဆို တခါတည်း အရောင်းအဝယ်စာချုပ်ချုပ်ပါတယ်။ ဝယ်သူတွေ စိတ်ချယုံကြည်ဖို့လိုအပ်ရင် အကန့်အသတ်နဲ့ ဒေသန္တစစ်တပွဲလောက် လုပ်ကြံဖန်တီးတိုက်ပြပြီး လက်နက်သစ်ကို လက်တွေ့စမ်းသပ်ပြပါတယ်။ လူသတ်ပွဲတွေလုပ်ပြပါတယ်။ တိုက်တဲ့နေရာမှာလည်း...

Sunday, May 26, 2019

(စုဖွဲ့မှုသစ်လာလေလိမ့်မလား) မျိုးမြင့်ချို

0 comments
(စုဖွဲ့မှုသစ်လာလေလိမ့်မလား) စစ်အုပ်စုနဲ့ တပြည်လုံးအဆင့် အပစ်အခတ်ရပ်စဲရေး (NCA)လက်မှတ်ထိုးထားပြီးသား လူမျိုးစုလက်နက်ကိုင် ၁ဝ ဖွဲ့ ရှိတယ်။ အဲ့ဒီ ဆယ်ဖွဲ့ အလုပ်အတူလုပ်နိုင်အောင် ဆယ်ဖွဲ့ပေါင်းက ခေါင်းဆေင်တွေချည်းပါတဲ့ Peace Process Steering Team (PPST)ဆိုတာရှိတယ်။ အစိုးရနဲ့ပြောပြော စစ်တပ်နဲ့ပြောပြော စကားပြောတဲ့အခါ PPST မှာ ဘုံသဘောတူထားတဲ့ မူဘောင်အတွင်းကပဲ ပြောတယ်။ မူရှိတယ်။ မူကိုင်ထားတယ်။ မူက အနှစ်သာရဆုပ်ပြီးပြောရရင် “လူမျိုးစုတိုင်း တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်မူ“။ ဒီမူကိုင်ပြီး...

Wednesday, May 22, 2019

(အရသာရှိတဲ့သမ္မတ) မျိုးမြင့်ချို

0 comments
(အရသာရှိတဲ့သမ္မတ) အရင်သမ္မတတွေလက်ထက်က စစ်ရာဇဝတ်မှုတွေကျူးလွန်လို့ ထောင်ချခံထား အရေးယူခံထားရတဲ့ အမေရိကန်စစ်မှုထမ်းတွေကို ဒေါ်နယ်လ်ထရမ့်ပ်က သမ္မတရဲ့ အပြစ်လွှတ်မိန့်သုံးပြီး ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့်ပေးနေတာပါ။ အမေရိကန်လွတ်လပ်ရေးနေ့လို့လူသိများတဲ့ Forth of July ကျရင်လည်း အမြောက်အများထပ်လွှတ်ဖို့ စာရင်းတွေပြုစုနေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းတွေဆီက သတင်းတွေ ထွက်နေပါတယ်။ ပြည်နယ်တချို့ကတော့ ဒီလိုလွှတ်လိုက်လို့ လွတ်လာခဲ့သူတွေနဲ့ ထပ်လွတ်လာဦးမယ့်သူတွေကို ပြည်နယ်အလိုက် ဥပဒေသစ်တွေပြဌာန်းပြီး ပြန်ဖမ်း ပြန်အရေးယူမယ်လို့လည်း...

(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်)

0 comments
(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်) Nike တို့ Adidas တို့ဆိုတာက တကမ္ဘာလုံးသိတဲ့ ဖိနပ်နဲ့ အားကစားပစ္စည်း အားကစားဝတ်စုံတွေထုတ်တဲ့ ကုမ္ပဏီကြီးတွေပါ။ တမြန်နေ့က အဲ့ဒီကုမ္ပဏီကြီး၂ခုအပါဝင် အခြား အလားတူကုမ္ပဏီပေါင်း ၁၇ဝ က သမ္မတထရမ့်ဆီ စာရေးပြီး သတိပေးစကားဆိုခဲ့ကြပါတယ်။ တရုတ်နဲ့ ဖြစ်နေတဲ့ကုန်သွယ်စစ်ကြောင့် သွင်းကုန်ခွန်တွေမြင့်လာရင် လုပ်ငန်းတွေထိခိုက်လာနိုင်တယ်၊ အမေရိကန်ဈေးကွက်မှာ ကမောက်ကမ တွေဖြစ်လာမယ်၊ စီးပွားရေးကြီးတခုလုံးပါ အနည်းနဲ့အများ သွားထိခိုက်မယ်ဆိုတာတွေ ပလူပျံနေအောင်ရေးထားတာပါ။ အဲ့ဒီစာမှာ သူတို့...

(ခါးပါကျိုးမယ့် ငထွားများ) မျိုးမြင့်ချို

0 comments
(ခါးပါကျိုးမယ့် ငထွားများ) အမေရိကန်-တရုတ် ကုန်သွယ်စစ်ဖြစ်တော့ အမေရိကန်ပြည်တွင်းနေ အမေရိကန်မဘသအေစစ်တွနဲ့ တရုတ်ပြည်တွင်းနေ တရုတ်မဘသအေစစ်တွက အလံပဲထောင်ကြတာ ထတော့ မချကြဘူး။ ချရင် နှစ်ဘက်လုံး စီးပွားပျက်မှာကို သိတယ်။ စီးပွားမပျက်ရုံလောက်လေး ထိန်းပြီး စကားလုံးသေနတ်တွေပစ်ကြတယ်။ စီးပွားရေးအရ လူစုကြတယ်။ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်စီးပွားပျက်မှာကို မလိုလားဘူး။ တရုတ်ပျက်ရင် အမေရိကန်ပါ ပျက်မှာကိုး။ ဒီ ၂ နိုင်ငံပျက်ရင် ကျန်ကမ္ဘာ့နိုင်ငံတွေပါ ပတ်လည်ရိုက်ကုန်မှာကိုး။ ကျန်နိုင်ငံတွေကိစ္စက သူ့ဦးစားပေးမဟုတ်ပေမယ့်၊...

(မြေ၊ ငွေ၊ အာဏာနဲ့ဘိန်းစိုက်သူများ) မျိုးမြင့်ချို

0 comments
(မြေ၊ ငွေ၊ အာဏာနဲ့ဘိန်းစိုက်သူများ) တခြားသီးနှံခနထားပါဦး။ ဘိန်းစိုက်တာတောင် ဘိန်းစိုက်တောင်သူတွေ ချမ်းသာသွားလို့လား။ ဘိန်းကုန်သည် မူးယစ်ရာဇာ သူပုန်ဗိုလ် စစ်ဗိုလ်တွေသာ သန်းကြွယ်သူထေးကြီးတွေဖြစ်ကြတာပါ။ ဘာတပြားမှမရတဲ့ ကြက်ဆူပင်စိုက်တာတောင် မြေတွေသိမ်းပြီး စစ်ဗိုလ်တွေ ဘယ်လောက်ထောသွားကြသလဲ ကိုယ်တွေ့ဘဲမဟုတ်လား။ အမေရိကန်လယ်သမားကြီးတွေ ချမ်းသာတယ်ဆိုတာက အသီးအနှံထွက်မကောင်းလည်း ဈေးနှုန်းတွေကမောက်ကမဖြစ်ထိုးကျသွားလည်း အစိုးရအမတော်ကြေး Subsidies တနင့်တပိုးရတာက အဓိကနေရာက ပါနေလို့ပါ။ ကုန်သွယ်စစ်ကြောင့်...

Tuesday, May 21, 2019

(အချက်အလက်ပေးနိုင်ဖို့ အတွေးအမြင်ချပြနိုင်ဖို့) မျိုးမြင့်ချို

0 comments
(အချက်အလက်ပေးနိုင်ဖို့ အတွေးအမြင်ချပြနိုင်ဖို့) အမေရိကန်သမ္မတရဲ့အမိန့် Presidential Executive Order နဲ့ လွှတ်တော်ကပြဌာန်းပြီး သမ္မတက လက်မှတ်ထိုးအတည်ပြုပေးတဲ့ဥပဒေဆိုတာက အများကြီးခြားနားပါတယ်။ သီးသန့်လုပ်ပိုင်ခွင့် အခွင့်အာဏာဆိုပေမယ့် အကန့်အသတ်ရှိပါတယ်။ သမ္မတဟာ ဧကရာဇ်တပါးလို စေတလုံးပိုင်ရှင်သဖွယ် သူလုပ်ချင်ရာလုပ်လို့တော့ မရပါ။ အထိမ်းအကွပ်ရှိပါတယ်။ လွှတ်တော် တရားရုံး စတာတွေကို ဒီနေရာမှာ ခနဖယ်ထားလိုက်ပါဦး။ အမေရိကန်ဗဟိုဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ကုန်သွယ်ရေးသမား Traders တွေ သွင်းကုန်ထုတ်ကုန်သမား ...

Thursday, May 16, 2019

(ကင်းတော့ ရှင်းတယ်) မျိုးမြင့်ချို

0 comments
(ကင်းတော့ ရှင်းတယ်) ကျနော်တို့ နိုင်ငံရေးနဲ့စပ်လို့ မြင်သလောက် တွေးမိသလောက် စိတ်ရှိသလောက်ပြောလို့ရတယ်ဆိုတာက ဗမာပြည်ပြင်ပမှာနေလို့ မဟုတ်ပါ။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ဘယ်အစိုးရ ဘယ်ပရိုပိုဆယ် ဘယ်အင်န်ဂျီအို ဘယ်စစ်အာဏာရှင်အဆက်အနွယ် ဘယ်ခရိုနီတွေဆီကမှ တပြားတချပ်မှယူမထား စားမထား အစွန့်အကြဲမှ ခံမထားလို့ပါ။ နိုင်ငံခြားနေပြီး အပေါ်ကပြောတာတွေနဲ့ မကင်းတဲ့လူတွေဟာ ကျနော်တို့ပြောသလို လုပ်သလိုမျိုးကိုအပြင်ကနေလည်းမပြောဘူး အထဲပြန်ဝင်သွားလည်းမပြောဘူး။ အထဲမှာ နေတုန်းကလည်းမပြောဘူး။ အထဲကနေပြန်လာတော့လည်းမပြောဘူး။...

Wednesday, May 15, 2019

(အသံထွက်တာလား အသံထုတ်ပေးတာလား) မျိုးမြင့်ချို

0 comments
(အသံထွက်တာလား အသံထုတ်ပေးတာလား) အပစ်ရပ်လက်မှတ်ထိုးပြီးသား ၁ဝ ဖွဲ့စု ထဲမှာ အသေးနဲ့အကြီး အသံမညီဖြစ်လာနေတယ်၊ ဘယ်တော့ ခွဲထွက်ကြမလဲ မပြောတတ်သေးဘူး၊ ခွဲထွက်ချင်တဲ့အဖွဲ့သေးထဲမှာမှ နယ်မြေရှိသူ၊ လူမျိုးစုနောက်ခံရှိသူတွေက မထောင်းတာဘူးပဲထားဦး အဲ့လိုမရှိတဲ့အဖွဲ့သေးက ဘာလုပ်မယ်ဘယ်လိုရပ်တည်ရမယ်ဆိုတာ သေချာချိန်ဆရတော့မယ်။ မိမိ မှီခိုနေရတဲ့အဖွဲ့ကြီးက မူတမျိုး မိမိကမူတမျိုးနဲ့တော့သွားလို့မရဘူး။ နေခွင့်နယ်မြေသဘောရော၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံရော ပေးထားတဲ့အဖွဲ့ကြီးက အဲ့သလိုဖြစ်မှာကိုတော့ ဘယ်နည်းနဲ့မှ ခွင့်ပြုလို့မရဘူး။...

(ဝင်စို့ထွက်စို့) မျိုးမြင့်ချို

0 comments
(ဝင်စို့ထွက်စို့) ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ကြတော့ ပါတီအဝင်အထွက်ကိစ္စကို အလေးအနက်ထားစဉ်းစားကြကြောင်း ရေးထားတာတွေဖတ်ဖူးသလို လူကြီးသူမတွေပြောတာလည်း မှတ်သားဖူးတယ်။ ပါတီအဝင်အထွက်ကိစ္စကို ဘယ်လိုစဉ်းကြသလဲဆိုတော့ “အဝင်လွယ်ပြီး အထွက်ခက်တဲ့ပါတီ”အဖြစ်သွားမလား၊ “အဝင်ခက်ပြီး အထွက်လွယ်တဲ့ပါတီ”အဖြစ်သွားမလား။ “အဝင်ရောအထွက်ပါ ခက်တဲ့ပါတီ”အဖြစ်သွားမလား၊ “အဝင်ရောအထွက်ပါ လွယ်တဲ့ပါတီ”အဖြစ်သွားမလားဆိုတဲ့သဘောမျိုးပဲ။ နောက်ဆုံးတော့ “အဝင်ခက်ပြီး အထွက်လွယ်တဲ့ပါတီ“လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသတဲ့။ ကွန်မြူနစ်တယောက်ဖြစ်ဖို့ဆိုတာ...

Tuesday, May 14, 2019

"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)

0 comments
"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ) (က) အစဉ်အလာ။ လေးနက်သော အဓိပ္ပါယ်ပါသည့် စကားလုံး။ အတွေးအခေါ်ပါသည့် စကားလုံး။ အစဉ်အလာ။ ခေါင်းဆောင်တယောက်ကို အကဲဖြတ်ရာ ဝေဖန်စိစစ်ရာ၌ မှတ်ကျောက်တခု။ ခေါင်းဆောင်ဆိုရာ၌ နိုင်ငံရေး ခေါင်းဆောင်၊ စာပေခေါင်းဆောင်။ တကယ်ကတော့ ခေါင်းဆောင် ဆိုသည်မှာ တခေတ်မှာ တယောက်လောက်သာ ပေါ်တတ်သည်။ စာပေခေါင်းဆောင်များတွင် ရုရှားတွင် ဂေါ်ကီ။ တရုတ်ပြည်တွင် လူရွှန်း။ မြန်မာပြည်တွင် သခင်ကိုယ်တော်မှိုင်း။ ဘယ်သူမှ ငြင်း၍မရ။ ထင်ရှားသည်။ သိသာသည်။ အဝေးမှပင် မြင်နိုင်ပါသည်။ ရွှေတောင်ကြီးလို၊...

(လက်သည်းလှီးတဲ့အမေ) မျိုးမြင့်ချို

0 comments
(လက်သည်းလှီးတဲ့အမေ) ကျနော့်မှာ ညှပ်စရာ ခြေသည်းလက်သည်းက ၅ ခုဘဲရှိတယ်။ ဘယ်ခြေထောက်မှာ ခြေချောင်း ၅ ချောင်းလုံးအပြည့်ရှိသေးတယ်။ ကျနော်ဟာ အဲ့ဒီ ခြေ ၅ ချောင်းလက်ကျန်လေးကိုတောင် အညှပ်ရ အတော်ပျင်းပါတယ်။ ညှပ်ရင်တော့ လက်သည်းညှပ်နဲ့ ကိုယ့်ဘာသာပဲ ညှပ်ပါတယ်။ သိတ်ရှည်လာလို့ ဖိနပ်ထဲထောက်ထောက်နေရင်၊ ခြေအိပ်စွပ်လို့ ထစ်ထစ်နေရင်၊ စောင်ခြုံလို့ သွားသွားငြိလာပြီဆိုရင်တော့ မဖြစ်မနေညှပ်ပါတယ်။ ခြေစွယ်ငုတ်တာတွေဘာတွေလည်းမဖြစ်တော့ တော်ရုံရှည်နေလည်း ဘာမှမဖြစ်တော့ ဒီတိုင်းထားလိုက်တာပါဘဲ။ ပျင်းတယ်ဆိုတဲ့အပိုင်းမှာ...

(တန်ပြန်ကုယ်သွခွန်ကို ဘယ်ပေါ် တည် ထားလဲ) မျိုးမြင့်ချို

0 comments
(တန်ပြန်ကုယ်သွခွန်ကို ဘယ်ပေါ် တည် ထားလဲ) တရုတ်ဘက်က တန်ပြန်တဲ့အနေနဲ့ ကုန်သွယ်ခွန်တိုးကောက်တာက နိုင်ငံရေးသဘောကအတော်အရေးပါတဲ့အခန်းကပါနေတာ သတိထားမိပါတယ်။ လောလောဆယ်ကုန်သွယ်ခွန်တိုးတာတွေထဲမှာ ပြောင်း၊ ပဲပိစပ်၊ ဂျုံနဲ့ ဝက်သား စတာတွေရဲ့ပမာဏက အတော်များတယ်။ ထရမ့်ပ်ကိုထောက်ခံသူအများစုက ချမ်းသာလယ်သမားတွေနဲ့ မြေပိုင်ရှင်ကြီးတွေဖြစ်တယ်။ ပြောင်းပဲ၊ ပဲပိစပ်၊ ဂျုံ၊ သကြားနဲ့ဝက်သားက တရုတ်ဝယ်လက်ကအတော်ကြီးတယ်။ သိတ်အများကြီးမဟုတ်ပေမယ့် ပန်းနှမ်းဆီလည်း ပါတယ်။ တရုတ်နှမ်းဆီဈေးကွက်က ကနေဒါက စီးထားတာ။ ခု ကနေဒါဆီက နှမ်းဆီမဝယ်တော့ဘူးဆိုလို့...