Friday, November 29, 2019

(ထောက်တော့ ထောက်ခံတယ်ဆိုပါတယ်)

0 comments
(ထောက်တော့ ထောက်ခံတယ်ဆိုပါတယ်) နိုင်ငံခြားရေးဝန်ကြီးဌာန(ဒေါ်အောင်ဆန်းစုကြည်)ထုတ်ပြန်ကြေညာချက်ကိုသေချာ စေ့စေ့ငုငုဖတ်ကြည့်ပါ။ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ပါမယ်လို့ ပြောပါတယ်။ သဘောက ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပါ့မယ်ပြောတာပါ။ နိုင်ငံရေးစကား မပြောပါ။ ဥပဒေစကားပြောထားပါတယ်။ ဒီရာဇဝတ်မှူကြီးကို မကျူးလွန်ဘူးလို့ ဘူးခံငြင်းမယ်လို့အဓိပ္ပါယ်မထွက်ပါ။ ကျူးလွန်တာမှန်ကြောင်း သက်သေသွားခံမယ်လို့လည်း မဆိုလိုပါ။ စွဲချက်မတင်သင့်ဘူးဆိုတဲ့အကြောင်း သွားလျှောက်လဲရမှာပါ။ အဲ့သလို စွဲချက်မတင်သင့်ကြောင်းပြောတဲ့အခါမှာလည်း...

Wednesday, November 27, 2019

ဒုကၡိတဒုကၡကို ဒုကၡိတက ပိုသိပါတယ္

0 comments
(ဒုကၡိတဒုကၡကို ဒုကၡိတက ပိုသိပါတယ္) တိုက်ပွဲကြောင့် ကရင်နဲ့မွန်အရပ်သားတွေက ထွက်ပြေးခိုလှုံစရာ ထိုင်းရှိတယ်၊ ကချင်အပါအဝင် ရှမ်းမြောက်မှာတိုက်ပွဲဖြစ်ရင် ထွက်ပြေးခိုလှုံစရာက တရုတ်ရှိတယ်။ ရခိုင် အရပ်သူအရပ်သားတွေအတွက်ကြ အဲ့သလိုမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးဝင်ခိုလှူံဖို့က မဖြစ်နိုင်ဘူး။ အိန္ဒိယဆီသွားဖို့ကြ ပိုတောင်ဆိုးသေး။ ဒီတော့ ဖြစ်ပဟေ့ဆိုတာနဲ့ ရရာလေးတွေဆွဲပြီး ခြေဦးတည့်ရာ ပြေးကြလွှားကြရရှာတာပဲ။ ဒါပေမယ့် နယ်စပ်တော့မကျော်ဝံ့ကြဘူး။ အထဲမှာပဲ တဝဲလည်လည်ဖြစ်နေကြရရှာတာ။ ပြီးတော့ အစိုးရနဲ့စစ်တပ်က...

(ထောင်မှာစိန်ဌေး...တဲ့)

0 comments
(ထောင်မှာစိန်ဌေး...တဲ့) ကျနော်တို့အမှုတွဲထဲမှာ ဦးသိန်းဌေးဆိုတာပါတယ်။ ကျနော်တို့အမှုတွဲဆိုတာက ဗကပ 4828 UG ကိုသက်ခိုင်အမှုတွဲကို ဆိုလိုတာပါ။ ဦးသိန်းဌေးဟာ အလွန်အေးဆေးပြီး သဘောမနောကောင်းတဲ့ လူကြီးလူကောင်းတယောက်ပါ။ ပြုံးပြံုးရွှင်ရွှင်နေတတ်ပြီး စကားနည်းပါတယ်။ ပြောတဲ့အခါမှာတော့ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးပြောတတ်ပါတယ်။ နှိမ့်နှိမ့်ချချလည်းနေတတ်သူမို့ လူအချစ်အခင်များပါတယ်၊ အင်းစိန်ထောင် ၄ရှည်မှနေတော့ ကိုဌေးသိန်း Naung Kyaw၊ ကိုတင်အေး၊ ကိုစိုးမြင့်၊၊ ကိုဝင်းထိန်တို့နဲ့ တခန်းတည်းနေကြတာပါ။ အဖမ်းခံရပြီး...

Sunday, November 24, 2019

(ကိုယ့်ဘဝ ကိုယ်တွေးထား)

0 comments
(ကိုယ့်ဘဝ ကိုယ်တွေးထား) ညီပုလေးဝတ္ထိုပေါင်းချုပ်ထဲမှ သည်းခြေကြိုက်ကိုဖတ်ရင်း အော်လံတော်ဘသိန်းအား ဓားပြအမွှာညီအကို ဗိုလ်ကို ဗိုလ်ညိုတို့၏ကြိမ်းမောင်းသံက ဖတ်သူ့အဖို့ ပြုံးချင်စရာကောင်းသည်မှန်သော်လည်း ဘသိန်းခမျာတော့ တုန်နေကြောက်နေရှာမည်ထင်၏။ ဘသောင်းဇက်ပိုးကို လက်ဝါးစောင်းဖြင့်ခုတ်တာတင် ဇက်ကျိုးမတတ်ခံလိုက်သည်ဟု ဆိုထားနှင့်သည်မဟုတ်လား။ ဂုပ်ပိုးကို လက်ဝါးနှင့်အုပ်ထားရင်း တုန်တုန်ရင်ရင်ဖြစ်နေမည့် ဘသောင်းအား ဓားပြဗိုလ်က ဓာတ်စက်ရပ်ရင် ဇက်ဖြတ်ပစ်မတဲ့။ ခေါင်းမပါပဲ လမ်းလျှောက်နိုင်ရင် ရပ်လိုက်စမ်းတဲ့။...

Saturday, November 23, 2019

(အစိုးရ ၂ ခု မရွိပါ)

0 comments
(အစိုးရ ၂ ခု မရွိပါ) ကျနော် တခါမှ ဗမာပြည်မှာ အစိုးရ ၂ ရပ်ဖြစ်နေတယ်လို့ မပြောဖူးပါ။ မပြောရတာက ဖြစ်လည်း ဖြစ်မနေလို့ပါ။ ဘာ့ကြောင့်မဖြစ်ရတာလဲဆိုတာတော့ ဖြည်ဖြည်ဖြန့်ဖြန့်မပြောဖူးပါ။ မပြောရတာက ကျနော်ရေးတာတွေ ဖတ်သူတိုင်းဟာ ကျနော့်နည်းတူ သိပြီးဖြစ်မယ်တွေးမိလို့ပါ။ တခါတလေ သိတ်လိုအပ်လာရင် စစ်အုပ်စုနဲ့ စုအုပ်စုလို့သုံးတာ ရှိပါတယ်။ ဒါက အစိုးရနဲ့စစ်တပ်ဆိုတာကို အရောက်လွယ်အောင်ခွဲတာပါ။ အစိုးရ ၂ ရပ်ဆိုတဲ့သဘောမပါပါ။ ရှိနေတာက အာဏာကိုင်ထားတဲ့အစုနဲ့ အာဏာပိုင်ထားတဲ့အစုပါ။ ဒေါ်စုအစိုးရက လူထုကနေ အာဏာပိုင်စေလို့...

(ျမက္ဋီကာ)

0 comments
(ျမက္ဋီကာ) လွန်ခဲ့တဲ့ ၂ ပတ်ကျော်က အပျင်းတက်တာရော အလုပ်များတာရော အိမ်ခေါင်မိုး မိုးတဲ့ကုမ္ပဏီက လာမိုးနေတာတွေကြောင့်ရော အားလုံးပေါင်းပြီး အိမ်ရှေ့အိမ်နောက် ဘယ်နေရာမှ မြက်မရိပ်လိုက်ဘူး။ ဒီကြားထဲ ဟိုးတမြန်နေ့တွေဆီက နှင်းဦးက တမနက်ခင်းထဲ ၄ လက်မလောက်ကျပစ်လိုက်တော့ ရေတွေခဲ မြက်တွေနှင်းပိပြီး ဘာမှလုပ်မရတော့ပြန်ဘူး။ မနေ့ကတော့ အေးပေမယ့် နှင်းမကျဘူး။ ကျထားတဲ့နှင်းတွေလည်း ပျော်လို့ကုန်ပြီ။ နည်းနည်းလေးလည်း အအေးပေါ့တယ် မြက်တွေလည်း ပြန်ပေါ်လာတယ်။ မြက်တွေပေါ်တော့ ကြက်တွေပျော်ပြီး အစာစိမ်း ဝဝလင်လင်စားကြရတယ်။...

Monday, November 18, 2019

(ချီလီလှုပ်ရှားမှုထဲက အလုပ်သမားများ)

0 comments
(ချီလီလှုပ်ရှားမှုထဲက အလုပ်သမားများ) ကွန်မြူနစ်တွေယုံကြည်တဲ့ လူတန်းစားမဲ့လောကရောက်သွားချိန်မှာ အုပ်စိုးသူလူတန်းစား(အစိုးရ)ဟာ အလိုလိုညှိုးရော်ခြောက်သွေ့သွားမယ်ဆိုတာနဲ့ Anarchists တွေပြောတဲ့ အုပ်စိုးသူလူတန်းစား(အစိုးရ)မလို ဆိုတာ မတူပါ။ Anarchism ကို မင်းမဲ့ဝါဒလို့ပြန်တာဟာလည်း Negative Sense ထွက်တာမို့ ဟန်မကျပါ။ ဗမာစကားမှာ ယေဘုယျအားဖြင့် မဲ့ ဆိုရင် မကောင်းတဲ့အနက်က ပိုထင်ပါတယ်။ အမေရိက က Occupy Wall street ၊ ဥရောပက Yellow Vest အခု ချီလီအပါအဝင် နိုင်ငံတချို့မှာဖြစ်နေတဲ့လှုပ်ရှားမှုတွေမှာ...

(ဝက္သားကိုတုတ္ထိုးမိတာ)

0 comments
(ဝက္သားကိုတုတ္ထိုးမိတာ) အမေရိကန်ကနေ တရုတ်ကိုပို့နေတဲ့ ပဲတီစိမ်းနဲ့ဝက်သားအပေါ်မှာ တရုတ်ဘက်က သွင်းကုန်ခွန် ပြန်စည်းကြပ်ရင်းစည်းကြပ်ရင်းနဲ့ ခုဆို ပဲတီစိမ်းက ၃၃ ရာခိုင်နှုန်းအထိရောက်သွားပြီး ဝက်သားကတော့ ၇၂ ရာခိုင်နှုန်းအထိဖြစ်သွားပါပြီ။ သဘောက ဝက်သားတပိသာ တဒေါ်လာဆို အခွန်က ၇၂ ဒေါ်လာ၊ ပေါင်း ၇၃ ဒေါ်လာပေါ့ဗျာ။ အမေရိကန်ဘက်ကလည်း တရုတ်သွင်းကုန်အားလုံးနီးပါးအပေါ် သွင်းကုန်ခွင် တိုးမြှင့်စည်းကြပ်တာတွေလုပ်ပြီးပါပြီ။ ၂ ဘက်စလုံးက ကိုယ်စီ သွင်းကုန်ခွန်စည်းကြပ်ကြတာ သွင်းကုန်ရာခိုင်နှုန်း ၉ ဆယ်လောက်အထိဖြစ်နေပါပြီ။...

တက္ကသိုလ်(ဒေါက်တာသန်းထွန်း)

0 comments
တက္ကသိုလ်(ဒေါက်တာသန်းထွန်း) တက္ကသိုလ်ကိုပြုပြင်မယ်လို့ အကြမ်းသိထားကြတယ်။ ဘယ်လိုပြင်မလဲလို့ သက်ဆိုင်သူတိုင်း ကြောင့်ကြနေကြတယ်။ ယခုလဆန်း ၆ရက်နေ့က တက္ကသိုလ်ကောင်စီ စတင်စည်းဝေးပြီလို့ကြားရတော့ ဘာတွေဘယ်လိုပြင်ပြီလဲလို့ နားစွင့်ကြတယ်။ ကိုးနာရီလုံးလုံး စည်းဝေးတယ်လို့သာ သာမညသိရတော့ ထပ်ပြီးသတင်းစုံကို နားစွင့်ရပြန်တယ်။ စင်စစ် အဲဒီအစည်းအဝေးက(မူ)ချပေးတာကို ဆိုင်ရာကော်မတီလေးတေ ဖွဲ့စည်းပြီး အသေးစိတ်စဉ်းစားခိုင်းတယ်လို့ဘဲ ယူဆနိုင်တယ်။ ဒီတော့ အသေးစိတ်စဉ်းစားကြတဲ့အခါ ဒီအချက်တွေတော့ ရှိတယ်ခင်ဗျာ၊ ကြိုက်ယူ...

Sunday, November 17, 2019

(စနေဈေးပတ်ခြင်း)

0 comments
(စနေဈေးပတ်ခြင်း) မနက်က လယ်သမားစျေးသွားခဲ့၏။ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အိမ်ချက် ကိုယ်တိုက်ဆပ်ပြာတတုံး ဝယ်၏။ ၅ ဒေါ်လာ။ ပြီးတော့ အရွက်သုပ် Salad အတွက် Cherry Tomato လေးတွေ နည်းနည်းဝယ်၏။ ၄ ဒေါ်လာ။ ပြီးတော့ အဆာသွပ်မုန့်အချို တဗန်းဝယ်၏။ ၁၄ ဒေါ်လာ။ ရွှေဝါကန်စွန်းဥ ၅ လုံးပါ တခြင်း(တခြင်းလုံးမှ အစိတ်သားလောက်ရှိ) ကို ၈ ဒေါ်လာဆိုတော့ စျေးနည်းနည်းများသည်ထင်ပြီး မဝယ်ခဲ့။ ကိုယ့်ရှေ့တင်လှော်ပြီး အမှူန့်ကြိတ်ဖျော်ပေးသည့် ဘရာဇေးလ်ကော်ဖီက တခွက် ၂ ဒေါ်လာနှင့် ၂ ယောက်ဆိုတော့ ၂ ခွက်။ ခွက်က ၃ ငုံစာလောက်ပဲရှိသော်လည်း...

Saturday, November 16, 2019

(ကာကွယ်ချင်ရင် ထွက်ကြပါ)

0 comments
(ကာကွယ်ချင်ရင် ထွက်ကြပါ) စစ်ခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပူးပေါင်းကြံစည်ခဲ့တာတွေအတွက် တရားစွဲတဲ့ကိစ္စမှာ နိုင်ငံ/လူမျိုးက ဘာကိစ္စ သိက္ခာကျရပါသလဲ။ ဒီလူတွေဟာ တိုင်းပြည်ခေါင်းဆောင်တွေ လူထုခေါင်းဆောင်တွေမို့ဆိုရင်တော့ တမျိုးပေါ့။ တကယ့်လူထုခေါင်းဆောင် တိုင်းပြည်ခေါင်းဆောင်တွေဆိုရင်တော့လည်း ဒီလိုရာဇဝတ်မှူကြီးတွေ ကျူးလွန်ဖို့ဆိုတာ စိတ်တောင် မကူးကြဘူးမှတ်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်က လူထုခေါင်းဆောင်ဖြစ်ခဲ့ဖူးတာမှန်ပေမယ့် လက်ရှိမှာ နိုင်ငံရေးသမား၊ ပါတီခေါင်းဆောင်နဲ့...

(အသံတိတ်ပေးတာလည်း နိုင်ငံရေးဆန္ဒဖြစ်နေတယ်)

0 comments
(အသံတိတ်ပေးတာလည်း နိုင်ငံရေးဆန္ဒဖြစ်နေတယ်) သြဂုတ်လ ၁၅ ရက်နေ့ကစပြီး မေမြိ့ု လားရှိူး ကျောက်မဲ ကွတ်ခိုင်စတဲ့ဒေသတွေဘက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အတွင်းပိုင်းတွေအထိ ထိုးဖေါက်ပြီး တိုက်ခိုက်တာတွေလုပ်တယ်။ ခုလည်း လားရှိူး ကွတ်ခိုင် ကျောက်မဲဘက်တွေမှာ တွယ်နေကြတုန်းပဲ။ အဲ့သလို အထဲအထိဝင်လုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို စွန့်လည်းအတော်စွန့်စားရပါတယ်။ နိုင်ငံရေးသဘော စည်းရုံးရေးသဘော စစ်ရေးသဘောနားလည်တဲ့သူတွေနဲ့ စစ်တိုက်ဖူးတဲ့အတွေ့အကြုံရှိသူတွေ ပိုသိကြပါတယ်။ သူတို့တွေ လက်နက်လူသူတွေနဲ့ ကိုယ့်မြိ့ုကိုယ့်ရွာတဝိုက် ...

(ကြည့်တဲ့အတိုင်း မြင်ပါတယ်)

0 comments
(ကြည့်တဲ့အတိုင်း မြင်ပါတယ်) ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဥပဒေကြောင်းအရကြည့်ရင် တရားဝင်ပါတယ်။ ဘယ်သူတွေဆွဲ ဘယ်အချိန်မှာဆွဲ ဘယ်ပုံဘယ်နည်းဆွဲ ဘာ့ကြောင့်ဆွဲ ဘယ်လို လူထုဆန္ဒခံယူပွဲလုပ်ခဲ့ စတာတွေက လူတိုင်းသိပြီးသားပါ။ နိုင်ငံရေးထောင့်ကကြည့်ရင်တော့ တရားဝင်ခြင်းမဝင်ခြင်းဆိုတဲ့အထိတောင် ပြောနေစရာမလိုပါ။ ၂ဝ၁၀ ရွေးကောက်ပွဲလုပ်ချိန်အထိ အဲ့ဒီဖွဲ့စည်းပုံဟာ တရားဝင်မှူမရှိသေးပါ။ ရွေးကောက်ပွဲနည်းနဲ့တက်လာတဲ့ လွှတ်တော်အမတ်တွေက တခဲနက်အတည်ပြုလိုက်ပြီး သမတဗိုလ်သိန်းစိန် လက်မှတ်ထိုးအတည်ပြုလိုက်တော့မှ တရားဝင်ဖြစ်သွားတာပါ။...

Friday, November 15, 2019

(အေသဝနာစဗာလနံ)

0 comments
(အေသဝနာစဗာလနံ) နှုတ်သီးကောင်းလျှာပါးက လက်ပန်းတောင်က တောင်သူမလေးတွေအပေါ်လုပ်တာတောင် လူစက်ဆုပ်သေးတာပဲ။ နိုင်ငံတကာကို သွားလုပ်တော့ သန္ဓေယုတ်လို့ဆိုပြီး အပြောမခံရတာကံကောင်း။ သံခင်းတမန်ခင်းကမှ ပရိယယ်ဝေုစ်တွေများရလို့ ထားပါဦး။ နိုင်ငံရေးစကားက ရှင်းရှင်းပြတ်ပြတ် ပြောရတာ။ ရှင်းရှင်းပြတ်ပြတ်ဆိုတာ ငါးစိမ်းသည်ရန်တွေ့သလို ထမိန်စွန်တောင်ဆွဲ မဟုတ်ဘူး။ စစ်ထွက်မိန့်ခွန်းလို တုံးဆိုတိုက် ကျားဆိုကိုက်ပြောရတာမဟုတ်ဘူး။ နိုင်ငံရေးစကားကို နိုင်ငံရေးပါပါပြောတတ်ဖို့က အင်္ဂလိပ်စကားတတ်မှရယ်လို့လည်း မဟုတ်ဘူး။ အင်္ဂလိပ်လိုတတ်ပြီး...

(ဝန်တကယ် ပိပြီလား)

0 comments
(ဝန်တကယ် ပိပြီလား) အမေရိကန်ဟာ ကမ္ဘာ့နေရာဒေသတော်တော်များများမှာ လှည့်ပတ်ပြီး သူ့စစ်အခြေစိုက်စခန်းတွေ ချထားတယ်။ တချို့နိုင်ငံတွေမှာ တပ်ပါစွဲထားပြီး တချို့နေရာတွေမှာ ဝင်ပါတိုက်နေတာဖြစ်တယ်။ အကြောင်းပြချက်က အမေရိကန့်အကျိုးစီးပွားအတွက်ဖြစ်တယ်။ အမေရိကန်အကျိုးစီးပွားဟာ ကြီးတယ်၊ နေရာတိုင်းမှာရှိတယ်လို့ ဆိုရင်မမှားဘူး။ ဒီလို ကြည်းရေလေ စစ်အခြေစိုက်စခန်းတွေချတာမှာ အမေရိကန်တနိုင်ငံတည်းအနေနဲ့လုပ်တာရှိသလို နေတိုးစစ်စာချုပ်အဖွဲ့အနေနဲ့လုပ်တာလည်း ရှိတယ်။ အမေရိကန်ချည်းပဲ လုပ်တဲ့နေရာမှာ အဓိကအားဖြင့် ပုံစံ...

Thursday, November 14, 2019

(မီးခြစ်ရှာတော်ပုံ)

0 comments
(မီးခြစ်ရှာတော်ပုံ) မနေ့က ဇနီးသည်အလုပ်က အေးလို့ဆိုပြီး ၂ နာရီလားပဲဖွင့်ပြီး အလုပ်ပိတ်လိုက်တယ်။ အိမ်ပြန်ရောက်လာတော့ မုန့်လေးတချပ်နှစ်ချပ်ဝါးပြီး ပျင်းတယ်ဟယ် အပြင်ထွက်ရအောင်တဲ့။ ဒါ့လောက် အအေးကြီးထဲ ဘယ်သွားပြီး ဘာလုပ်မှာလဲဆိုတော့ ကုန်စုံဆိုင်သွားပြီး သစ်သားမီးခြစ်ဝယ်ရမယ်လေ၊ ပြီးတော့ Costco ဘက်သွားရအောင်၊ Salad အတွက် Dressing ဝယ်မယ်၊ တခြားလည်း စားစရာအပြင် ကြိုက်တာလေးတွေ့ ဝယ်ရတာပေါ့၊ အမြည်းလည်း လိုက်စားစို့ဆိုပြီး နှင်းတောကြီးထဲမှာပဲ အပြင်ထွက်ကြတပါတယ်။ Costco မှာက အစားအသောက်အမယ်သစ်တွေကို...

(မဟာတော့ မိတ်ကြပါတယ်)

0 comments
(မဟာတော့ မိတ်ကြပါတယ်) ကြံ့ဖွံ့၊ ကိုကိုကြီးပါတီ၊ ရွှေမန်းပါတီ၊ လူမျိုးစုပါတီတချို့၊ လက်နက်ချပါတီထောင်လူမျိုးစုပါတီတချို့ ရွေးကောက်ပွဲမဟာမိတ်ဖွဲ့မလိုလို သတင်းထွက်နေပါတယ်။ ဟုတ်မဟုတ် တီးခေါက်စုံစမ်းကြည့်ကြပါခင်ဗျ။ ဒီလိုအခြေအနေမှာ ဒီလိုဖြစ်ကြတာဆိုလည်း မဆန်းသလို တကယ့်လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံတွေမှာလည်း ပါတီတွေ မဟာမိတ်ဖွဲ့ကြ အားယူကြ အားပြိုင်ကြတွေရှိတာမို့ ထူးခြားတယ်လို့ ပြောမရပါ။ မဟာမိတ်ဖွဲ့ကြတာမှာ ရေရှည်ဗျူဟာမြောက်မဟာမိတ်ဖွဲ့တာရှိသလို ရွေးကောက်ပွဲအတွက်ပဲရည်ရွယ်တဲ့ ယာယီမဟာမိတ်ဖွဲ့တာရှိပါတယ်။...

Wednesday, November 13, 2019

(ထောင်ဟာ ထောင်ပဲတဲ့)

0 comments
(ထောင်ဟာ ထောင်ပဲတဲ့) ဟိုတလောလေးက နှင်း မည်ကာမတ္တကျတယ်။ ယတြာချေတာကျနေတာပဲ ပြောမိလို့ ယတြာချေတယ်ဆိုတာဘာမှန်း ဇနီးကို စီကာပတ်ကုံးရှင်းပြရသေးတယ်။ သူတို့ဓလေ့မှာ ယတြာချေတယ်ဆိုတာ မရှိလို့ ဒါမှရှိတယ် သူမသိလို့နေမှာလို့ဘဲ တွေးမိတာပါပဲ။ ဒီနေ့တော့ နှင်းက ၂ လက်မကနေ ၄ လက်မအထိကျမတဲ့။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက မိုးလေဝသကပြောနေတာ။ ကျရင် မနက် ၁၁ နာရီကနေ စကျမတဲ့။ တနေကုန်တဲ့။ ခတ်ပါးပါးဖွဲဖွဲနဲ့ ဖြည်းဖြည်းချင်းကျမှာမို့ သိတ်တော့ မပူရပေမယ့် လမ်းတွေတော့ချော်မတဲ့။ ပြောတဲ့အတိုင်းပဲ ၁၁ နာရီထိုးပြီး မိနစ်ကလေးပဲစွန်းတယ်...