(စစ်ဖိနပ်အောက်ကအတွေးအခေါ်)
တိုင်းပြည်နဲ့ လူထုဟာ ဘယ်တုန်းကမှ စစ်ဖိနပ်အောက်မရောက်ခဲ့ဘူး။ စစ်အုပ်စု အာဏာထဲဝင်လာပြီး စစ်အာဏာရှင်စနစ် စထူထောင်ချိန်ကနေ ကနေ့အထိ စစ်အာဏာကို ရတဲ့နည်းနဲ့တွန်းလှန်ခဲ့တာချည်းပဲ။ အဲ့သလိုတွန်းလှန်တဲ့နေရာမှာ ရုပ်ပိုင်းအကောင်အထည်အရ တပ်ဦးနေရာမှာ ဘယ်အလွှာကပဲ ဦးဆောင်ဦးဆောင် အတွေးအခေါ်အရတော့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အစိုးရတွေကို မဆုတ်မနစ်ဆန့်ကျင်တိုက်ဖျက်ရေးပဲဖြစ်တယ်။ အလွှာအသီးသီး အတန်းအစားအသီးသီးရဲ့ အတွေးအခေါ်ရေး ရပ်တည်ချက်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပဲဖြစ်တယ်။ နောက်ဆုံး အားမတန်လို့ မန်လျှော့နေရတဲ့ အခိုက်အတန့်လေးတွေမှာတောင် စစ်အာဏာကိုမလိုလားကြောင်း နည်းမျိုးစုံနဲ့ပြခဲ့တယ်။

တိုင်းပြည်နဲ့လူထုကို စစ်ကျွန်ပြန်ဖြစ်ချင်လားတို့၊ စစ်ဖိနပ်အောက်
ပြန်ရောက်သွားချင်လားတို့ဆိုတဲ့ စကားလုံးတွေနဲ့ခြိမ်းခြောက်နေသူတွေဟာ
ကိုယ်တိုင်က အတွေးအခေါ်အရ စစ်ကျွန်ဘဝ စစ်ဖိနပ်အောက်ဘဝရောက်နေသူတွေ ဖြစ်တယ်။
မိမိဖြစ်နေရောက်နေတဲ့ လက်နက်ချအညံ့ခံရေးအတွေးအခေါ်ကို
တဘက်လှည့်နဲ့ခြိမ်းခြောက်ပြီး လူထုကိုသွင်းနေတာဖြစ်တယ်။ လူထုကို
အတွေးအခေါ်အရ စစ်ဖိနပ်အောက်ရောက်နေပါလားလို့ သိမ်ငယ်စိတ် အားငယ်စိတ်
အညံ့ခံဒူးထောက်လိုစိတ်တွေနဲ့ နစ်မွန်းနေအောင် လူလုံးမလှအောင်
အငုံ့စိတ်ဝင်နေအောင် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ
လုပ်နေတာဖြစ်တယ်။ နောင်လည်း လုပ်နေဦးမျာပဲ။ တောက်လျှောက်လည်း
လုပ်နေဦးမှာပဲ။ ဒါက သူတို့အလုပ်ကိုး။ ဒါလေးနဲ့ အနေအစားချောင်နေတာကိုး။
ဒီလိုခြိမ်းခြောက်ပြီး မစို့မပို့အာဏာလေးနဲ့ သာသာယာယာလေး
ယစ်မူးနေနိုင်မှာကိုး။
အဲ့သလိုပြောတဲ့လူတွေကိုကြည့်လိုက်တော့ ရင်ကြားစေ့ရေးပြောပြီး မူမဲ့တဲ့
တဘက်သတ် စေ့စပ်အလျှော့ပေးရေးတွေ မစားရဝခန်း ဟိတ်လုံးဟန်လုံးတွေနဲ့
အချိန်ကုန်နေသူတွေဖြစ်တယ်။ တိုင်းပြည်အတွက်အချိန်ကုန် လူထုအတွက်
နစ်မွန်းသထက်သာမွန်းနေပေမယ့် သူတို့အတွက်ကျတော့ ဖိုးသူတော်မျက်စေ့လည်လေ
ဆန်ရလေဖြစ်နေကြတာပါ။
မဝေးသေးတဲ့အတိတ်ကိုပဲ ပြန်ကြည့်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ
အကြားရအများဆုံးစကားလုံးက “နောက်ကြောင်းပြန်မှာစိုးတယ်“ဆိုတာပဲ။ ၂ဝဝ၈
ဖွဲ့စည်းပုံနဲ့ အထိုင်ကျသွားတဲ့စစ်အုပ်စုဟာ ကုပ်နဲ့ကော်ပြီး
ပြန်ခိုင်းတောင် နောက်ကြောင်းမပြန်ဘူး။ နောက်ကြောင်းပြန်လိုက်ရမလားလို့လည်း
ဗြောင်ခြိမ်းခြောက်တာ မရှိဘူး။ အဲ့ဒီစကားလုံးကိုင်ပြီး
လူထုကိုဗြောင်ခြိမ်းခြောက်တာက စစ်အလိုတော်ရိတွေနဲ့
စစ်အုပ်စုလက်ဝေခံနိုင်ငံရေးသမားဆိုသူတွေဖြစ်နေတယ်။ စစ်အုပ်စုက
သူမပြောပေမယ့် အဲ့သလိုပြောပေးနေတာကို အလွန်ကြိုက်နေတာပါ။ ၂ဝဝ၈
ဖွဲ့စည်းပုံအောက် ခေါင်းလျှိုဝင်၊ စစ်အုပ်စုသဒ္ဒါသမျှ
ပေးစာကမ်းစာဒီမိုကရေစီလေးနဲ့ မသဓာရေစာနိုင်ငံရေးတနေရာစာခြေချခွင့်ကလေးနဲ့
မစို့မပို့အာဏာလေးနဲ့ တိုက်ပွဲရဲ့လမ်းတဝက်ကဖြတ်ထွက်ပြီး မူမဲ့
ရပ်တည်ချက်မဲ့ စေ့စပ်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့သူတွေသာ
စစ်အာဏာပြန်သိမ်းမှာ သေမလောက်ကြောက်နေတာပါ။ ရလိုက်တဲ့ စည်းစိမ်လေး အာဏာလေး
ရာထူးလေး နေရာလေးတွေမှာ သာယာပြီး ကိုယ်ကျိုးစီးပွားလေးလည်း
ကျွဲကူးရေပါရှာနေကြသူတွေပါ။
ပြန်ချုပ်ရရင် လူထုနဲ့တိုင်းပြည်ဟာ ဘယ်တုန်းကမှ စစ်ဖိနပ်အောက်က
အတွေးအခေါ်မျိုး ကိုင်စွဲထားတာမရှိဘူး။ ခြေလက်ပါးစပ်လှူပ်မရအောင်
လုပ်ထားရင်တောင် မျက်လုံးအကြည့်နဲ့ စစ်အာဏာကိုတွန်းလှန်တယ်။
အတွေးအခေါ်အရရော ရုပ်ဘဝအရရော စစ်ဖိနပ်အောက်ရောက်နေတယ်လို့ ခံစားနေကြသူတွေ
သိမ်ငယ်နေကြသူတွေ အငုံ့စိတ်ရှိနေကြသူတွေကသာလျှင်
“စစ်ဖိနပ်အောက်ပြန်ရောက်သွားချင်လား“လို့
တိုင်းပြည်နဲ့လူထုကိုခြိမ်းခြောက်ပြီး စိတ်အညွန့်
အတွေးအခေါ်အညွန့်ချိုးနေကြတာဖြစ်ပါတယ်။ သူတို့တွေဟာ
“စစ်ဖိနပ်အောက်ကအတွေးအခေါ်“ကိုင်စွဲထားသူတွေဖြစ်တယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉
0 comments:
Post a Comment