(သဗထုန် သူပုန်ထတဲ့ဗျား)
သဗထုန် သူပုန်ထအကြောင်းပြောမယ်ဆိုတော့ နောက်ကြောင်းလေး နည်းနည်းပြန်ကောက်ချင်ပါတယ်။ စစ်တပ်ကအာဏာသိမ်းအပြီး ပါတီတွေထောင်ကြဆိုတော့ NLD လည်း မှတ်ပုံတင်ပြီး ပေါ်လာတယ်။ ကျနော်တို့မင်္ဂလာဒုံမြိ့ုနယ်လည်း မြိ့ုနယ်ဆော်သြသူများ စဖွဲ့ကြတယ်။ အဲ့ဒီကနေမှ မြိ့ုနယ်အလုပ်အမှူဆောင်အဖွဲ့ ဖွဲ့ကြတယ်။ နောက်တော့ လူငယ်အလုပ်အဖွဲ့လည်း ဖွဲ့ဖြစ်လာတယ်။ မင်္ဂလာဒုံဟာ အပြန့်လည်းကျယ်သလို အလျားလည်းရှည်တာမို့ ထောက်ကြန့်နဲ့ မင်္ဂလာဒုံမြိ့ုနယ်ရုံးတွေရှိတဲ့နေရာက တကူးတကသွားရတယ်။ ထောက်ကြန့်လူဦးရေနဲ့နယ်မြေအကျယ်အဝန်းကလည်း မသေးလှတာကြောင့် မင်္ဂလာဒုံထဲမှာပဲ မြိ့ုနယ်ခွဲသဘောဆောင်တဲ့ လူကြီးအလုပ်အဖွဲ့ လူငယ်အလုပ်အဖွဲ့ ဖွဲ့ဖို့သဘောထားရှိကြတယ်။ ကျနော်က မြိ့ုနယ်လူကြီးအလုပ်အဖွဲ့မှာလည်းပါသလို မြိ့ုနယ်လူငယ်အလုပ်အဖွဲ့ထဲလည်း ပါနေတယ်။ ထောက်ကြန့်ကို မြိ့ုနယ်ခွဲသဘော လူကြီးအလုပ်အဖွဲ့ သတ်သတ်ထားဖို့ဆွေးနွေးတာက တော်တော်နဲ့မပြတ်နိုင်ဘူးဖြစ်နေတယ်။ မြိ့ုနယ်ကလည်း အအုပ်အစည်းပြည်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ချင်တယ်။ ထောက်ကြန့်က လူကြီးတချို့ကလည်း မြိ့ုနယ်သတ်သတ်သဘော မင်္ဂလာဒုံကနေခွဲထွက်မယ့်သဘော ပြောတာတွေလည်းရှိနေတယ်။
သဗထုန် သူပုန်ထအကြောင်းပြောမယ်ဆိုတော့ နောက်ကြောင်းလေး နည်းနည်းပြန်ကောက်ချင်ပါတယ်။ စစ်တပ်ကအာဏာသိမ်းအပြီး ပါတီတွေထောင်ကြဆိုတော့ NLD လည်း မှတ်ပုံတင်ပြီး ပေါ်လာတယ်။ ကျနော်တို့မင်္ဂလာဒုံမြိ့ုနယ်လည်း မြိ့ုနယ်ဆော်သြသူများ စဖွဲ့ကြတယ်။ အဲ့ဒီကနေမှ မြိ့ုနယ်အလုပ်အမှူဆောင်အဖွဲ့ ဖွဲ့ကြတယ်။ နောက်တော့ လူငယ်အလုပ်အဖွဲ့လည်း ဖွဲ့ဖြစ်လာတယ်။ မင်္ဂလာဒုံဟာ အပြန့်လည်းကျယ်သလို အလျားလည်းရှည်တာမို့ ထောက်ကြန့်နဲ့ မင်္ဂလာဒုံမြိ့ုနယ်ရုံးတွေရှိတဲ့နေရာက တကူးတကသွားရတယ်။ ထောက်ကြန့်လူဦးရေနဲ့နယ်မြေအကျယ်အဝန်းကလည်း မသေးလှတာကြောင့် မင်္ဂလာဒုံထဲမှာပဲ မြိ့ုနယ်ခွဲသဘောဆောင်တဲ့ လူကြီးအလုပ်အဖွဲ့ လူငယ်အလုပ်အဖွဲ့ ဖွဲ့ဖို့သဘောထားရှိကြတယ်။ ကျနော်က မြိ့ုနယ်လူကြီးအလုပ်အဖွဲ့မှာလည်းပါသလို မြိ့ုနယ်လူငယ်အလုပ်အဖွဲ့ထဲလည်း ပါနေတယ်။ ထောက်ကြန့်ကို မြိ့ုနယ်ခွဲသဘော လူကြီးအလုပ်အဖွဲ့ သတ်သတ်ထားဖို့ဆွေးနွေးတာက တော်တော်နဲ့မပြတ်နိုင်ဘူးဖြစ်နေတယ်။ မြိ့ုနယ်ကလည်း အအုပ်အစည်းပြည်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ချင်တယ်။ ထောက်ကြန့်က လူကြီးတချို့ကလည်း မြိ့ုနယ်သတ်သတ်သဘော မင်္ဂလာဒုံကနေခွဲထွက်မယ့်သဘော ပြောတာတွေလည်းရှိနေတယ်။
 ကျနော်တို့ လူငယ်တွေသဘောကတော့ မင်္ဂလာဒုံဟာ စစ်တပ်နယ်မြေဖြစ်တယ်။ 
မင်္ဂလာဒုံ ဝိုင်ယာလက်စ်တဝိုက်ကတပ်တွေကို အဲ့ဒီဘက်ကလူတွေက 
စည်းရုံးတာကောင်းပြီး၊ ကျနော်တို့ထောက်ကြန့်ဘက်က တပ်မိသားစုတွေကို 
ကျနော်တို့စည်းရုံးတာကောင်းတယ်ဆိုတဲ့အထိုင်ပေါ်ကနေ 
မြိ့ုနယ်သတ်သတ်လည်းမဟုတ်ဘူး၊ 
မင်္ဂလာဒုံမြိ့ုနယ်အလုပ်အဖွဲ့ရဲ့လက်အောက်ခံလည်း မဟုတ်ဘူး၊ 
ကြားသဘောဆောင်ပြီး အလုပ် လုပ်လို့ဖြစ်မယ့်အနေအထားတခုခုကို ဖန်တီးချင်တယ်။ 
အဲ့ဒါ ထောက်ကြန့်ကလူငယ်တွေသဘောထား။ 
 ဒါနဲ့ ကျနော်က ဒီသဘောထားကိုင်ပြီး ရန်ကုန်တိုင်းလူငယ်မှာဆွေးနွေးကြည့်တယ်။
 အဲ့ဒီတုန်းက တိုင်းလူငယ်တာဝန်ခံက ကိုမောင်မောင်ဦး(အခု အင်းစိန်အမတ်)။ 
နောက် ကိုရန်အောင်(အခု တိုင်းဒေသကြီးလွှတ်တော်အမတ်)တို့နဲ့လည်း 
ပြောဖြစ်တယ်။ အဲ့သလိုပြောဆိုနေတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က 
ကျနော်နဲ့တွေ့ချင်တယ်ဆိုပြီး ကိုဝင်းလှိူင်ကတဆင့် သိရတယ်။ နောက်တော့ ကျနော်
 ဒေါ်စုနဲ့ သီးသန့် ၃ ကြိမ်တွေ့ဖြစ်တယ်။ တခြားကိစ္စတွေပြောရင်းကပဲ 
မြိ့ုနယ်လူငယ်အလုပ်အဖွဲ့အခြေအနေတင်ပြပြီး ထောက်ကြန့် လူငယ်အလုပ်အဖွဲ့ 
ဖွဲ့စည်းဖို့လိုအပ်ကြောင်းတင်ပြတော့ ကိုမောင်မောင်ဦးတို့ 
ကိုရန်အောင်တို့နဲ့တိုင်ပင်ပြီးလုပ်ပါ၊ မြိ့ုနယ်နဲ့ 
သတ်သတ်ကြီးဖြစ်သွားတာမျိုးမဖြစ်အောင်တော့ ဂရုစိုက်ပါလို့ပြောတယ်။ 
 ချုပ်ရရင် ဒါနဲ့ ထောက်ကြန့်မှာ လူငယ်အလုပ်အဖွဲ့လေးပေါ်လာတယ်။ ကျနော် 
တာဝန်ခံဖြစ်လာတယ်။ လုပ်ရကိုင်ရလည်း လွတ်လပ်လာတယ်။ ထစ်ကနဲရှိ 
မြိ့ုနယ်ပြေးသတင်းပို့နေရ ခွင့်ပြုချက်တောင်းနေရတာလည်းမရှိတော့ 
လုပ်နိုင်တာတွေလည်း များတယ်။ လုပ်ရတာလည်း သွက်လာတယ်။ ဒါပေမယ့် 
ငွေရေးကြေးရေးမှာ ပြဿနာကရှိတယ်။ လူကြီးအလုပ်အဖွဲ့မရှိပဲ၊ လူကြီးတွေဆီကနေ 
ငွေကြေးအထောက်အပံ့မရပဲ ကျနော်တို့ ဘယ်လောက်ကြာကြာထိ 
အိပ်စိုက်လုပ်နေနိုင်မလဲပေါ့။ ဒါနဲ့ လူကြီးအလုပ်အဖွဲ့ခွဲပေါ်လာရေးအတွက် 
လူကြီးတွေနဲ့တိုင်ပင်ရတယ်။ အဲ့ဒီမှာ သဗထုန်သူပုန်ထနဲ့ 
တည့်တည့်တိုးတော့တာပါပဲ။
 ထောက်ကြန့် လူကြီးအလုပ်အဖွဲ့ခွဲလေးပေါ်လာတော့ ထုံးစံအတိုင်း 
ပိုက်ဆံလေးလည်းရှိ ရန်ပုံငွေလေးလည်းထည့်နိုင် အချိန်လေးလည်းပေးနိုင် 
လူရည်လေးလည်းလည် အတွေ့အကြုံလေးလည်းရှိ ပညာလေးလည်းတတ် 
စသဖြင့်အရည်အချင်းတွေနဲ့ပုဂ္ဂိုလ်တွေလည်း မဖြစ်မနေပါရတာပေါ့လေ။ 
လူကြီးအလုပ်အဖွဲ့ဥက္ကဌ ဗိုလ်ကြီးဟောင်းကျော်မြင့်ကတော့ သမာသမတ်လည်းကျ 
တည်လည်းတည်တည်ကြည်ကြည် လူရိုသေရှင်ရိုသေလည်းဖြစ် ဘယ်ကိစ္စနဲ့မှ 
ဘာနံမည်ပျက်မှလည်းမရှိတဲ့အပြင် ဦးဝင်းတင်တို့ဇီးကုန်းတမြိ့ုတည်းသား 
ငယ်သူငယ်ချင်းတွေလည်းဖြစ်ဆိုတော့ လူငယ်တွေနဲ့ အတော်လေးအစေးကပ် 
အဆင်ပြေပါတယ်။ သူ ထိန်းထားလို့ တခြား လူကြီးတွေလည်း သိတ်တက်ထောင်မောင်းနင်း
 မလုပ်ဝံ့တာပါ။ ထားပါတော့လေ အဲ့ဒါတွေက နောင် အလျဉ်းသင့်ရင် 
သတ်သတ်ရေးပါ့မယ်။
 ဆိုတော့ လူကြီး/လူငယ်အလုပ်အဖွဲ့လေးလည်း ရှိလာပြီဆိုတော့ တွဲလုပ်ကြ 
တွဲအစည်းအဝေးထိုင်ကြတွေလည်း ရှိပါတယ်။ တရက်တော့ 
လူကြီးအလုပ်အဖွဲ့နဲ့လူငယ်အလုပ်အဖွဲ့ အစည်းအဝေးလေးတခုဖြစ်ပါတယ်။ ကိစ္စကတော့ 
သေချာမမှတ်မိတော့ပါ။ ဖြစ်နိုင်တာကတော့ လစဉ်ပုံမှန်အစည်းအဝေး 
ဖြစ်ဖို့များပါတယ်။ လူကြီးအလုပ်အဖွဲ့ထဲမှာ ဒုရဲအုပ်လား စခန်းမှူးကလားမသိ 
ထွက်လာတဲ့အငြိမ်းစားတယောက် ပါပါတယ်။ နံမည်ကတော့(မပြောလည်းဖြစ်ပေမယ့် 
ပြောပါရစေ) ဦးအောင်ခြိမ့်ပါ။ သူက အစည်းအဝေးတခုခုပြီးတိုင်း လူငယ်တွေနဲ့ 
စကားဆက်တတ်ပါတယ်။ သူ့အတွေ့အကြုံတွေ သူဖတ်ထားမှတ်ထားတာတွေကို 
ပြန်ပြောပြတဲ့သဘောမို့ ကျနော်လည်း သူ့စကားဆုံးတဲ့အထိ နားထောင်တတ်ပါတယ်။ 
တချို့ဟာတွေကတော့ ကျနော် ဖတ်မိမှတ်မိတာတွေနဲ့ မတူကွဲပြားတတွေပါ။ ဒါပေမယ့် 
ဘာမှ ငြင်းခုန်ပြောမနေပဲ အသာနားထောင်နေလိုက်တာ များပါတယ်။ ဒါပေမယ့် 
“သူပြောတာက ဒီလို၊ ဒီစာအုပ်ထဲမှာက ဒီလိုရေးထားပြောထားတာကွ“ဆိုပြီး 
တခြားလူငယ်တွေကို သူ့ကွယ်ရာမှာ ပြောလည်းပြ စာအုပ်တွေလည်း ပေးဖတ်တာမျိုးတော့
 ကျနော် လုပ်ပါတယ်။
 တနေ့တော့ အစည်းအဝေးလုပ်နေတုန်းမှာ ပြည်တွင်းစစ်အစအကြောင်းရောက်သွားတော့ 
ဦးအောင်ခြိမ့်က ကွန်မြူနစ်တွေ ဘယ်လောက်ဆိုးကြောင်း၊ ပြည်တွင်းစစ်မီးကို 
ဘယ်လိုမွှေးကြောင်းတွေ အာပေါင်အာရင်းသန်သန်နဲ့ ပြောပါတယ်။ ပြောနေရင်းက 
ဘာပါလာလဲဆိုတော့ “ကွန်မြူနစ်ခေါင်းဆောင် ဟိန္ဒူကုလား ဂိုရှယ်ခေါ် ဘတင်က 
သဗထုန် သူပုန်ထဆိုပြီး တပြည်လုံးကို ကြေညာတော့တာ......“ဆိုတာက ပါလာတယ်။ 
ကျနော်က ရီလည်းရီချင်၊ အားလည်း နာ၊ တခုခု ပြန်ပြောဖို့ကျတော့လည်း 
အစည်းအဝေးကြီးထဲမို့ မသင့်။ အီလည်လည်ကြီး ဖြစ်နေတုန်း ဥက္ကဌဦးကျော်မြင့်က 
ကျနော့် လှမ်းပြီး မျက်ရိပ်ပြတယ်။ ဘာမှမပြောနဲ့ နေပေ့စေဆိုတဲ့သဘောပေါ့။ 
 ဒီလိုနဲ့အစည်းအဝေးပြီးသွားတယ်။ ထုံးစံအတိုင်း 
လူငယ်တချို့နဲ့အစည်းအဝေးအပြင်မှာပြောကြတော့မှ ကျနော်က သူ့ကို “ဦးလေး သဗထုန်
 သူပုန်ထ မဟုတ်ပါဘူး။ သပိတ်စုံ သူပုန်ထပါ။ ဒါတောင် အမှန် မဟုတ်သေးပါဘူး။ 
အပြည့်အစုံ မဟုတ်သေးပါဘူး။ တကယ်က သပိတ်စုံမှ သူပုန်ထဖြစ်ပါတယ်။ မှတလုံး 
ပါပါသေးတယ်“ဆိုပြီး ၄၈ ခုနှစ် ဖဆပလ လူဖမ်းပွဲကြီးလုပ်တော့ ကွန်မြူနစ်တွေ 
ခြေလွတ်လက်လွတ် ထွက်ပြေးရတဲ့အကြောင်း၊ ရသမျှ ပါတီလူကြီးတွေစုပြီး 
လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်မလုပ်ဘူး စည်းဝေးကြတော့ ရဲဘော်ဘတင်ခေါ် 
ဂိုရှယ်က လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ စောသေးတယ် အချိန်မကျသေးဘူး၊ 
မြိ့ုတွေရွာတွေမှာ အလုပ်သမားလယ်သမားတွေ အစိုးရဝန်ထမ်းတွေအပါအဝင် 
တပြည်လုံးမှာ သပိတ်တိုက်ပွဲတွေ အရင်ဆင်နွှဲ၊ သပိတ်တွေစုံပြီး လူတွေမှာ 
လက်နက်ကိုင်တော်လှန်ရေးအသိတွေနိုးကြားလာမှ တောင်းဆိုလာမှ 
လက်နက်ကိုင်တော်လှန်ရေးကို သွားသင့်တယ်၊ သပိတ်စုံမှ 
သူပုန်ထသင့်တယ်လို့ပြောတာပါ“လို့ ချုပ်ပြီးပြောတော့ သူ ကြက်သေ 
သေသလိုဖြစ်ပြီး ခန ဆွံ့သွားပါတယ်။ 
 ဒါနဲ့ ကျနော်က စကားတည်ကို ဖျော့တဲ့သဘော အရှိန်လျှော့တဲ့သဘောနဲ့ 
ရယ်ကျဲကျဲလုပ်ပြီး “ဦးရယ် ကွန်မြူနစ်တွေက သဗထုန်သူပုန်ထလို့တော့ 
မနောက်လောက်ပါဘူး။ သူတို့ကပြောရင် အတည်ပြောတာ။ အတည်ပြောလွန်းလို့ 
ခက်ဗားနေတာပါ။ ကြည့်ပါလား အရင်းရှင်တွေအရင်ရှင်းရမယ်ပြောပြီး 
သူတို့အချင်းချင်း အရင်ရှင်းကုန်ကြတာ၊ ဗားကရာချောက်ကြီး 
ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်ဘာညာပြောပြီး ဆိုရှယ်လစ်တွေလိုက်ဖမ်းတော့ 
ကိုယ့်အရိုးတောင် ကိုယ်မကောက်နိုင်ပဲ ခွေးပြေးဝက်ပြေးပြေးရတာ“ ဆိုပြီး 
ရယ်မောစရာလုပ်ပစ်ခဲ့ပါတယ်။ စကားဝိုင်းကတော့ အဲ့ဒီမှာ ပြီးသွားပါတယ်။ 
ကျနော်ကတော့ ဒီကိစ္စကို ပြယ်ပြယ်ပြေးပြေး 
ပြီးပြီးပျောက်ပျောက်ထားလိုက်ပါတယ်။ ဒါပေမယ့် သူ့ဘက်ကတော့မပြီးပါ။ 
ကျနော့်ကို ဗကပ စကားတွေပြောတယ်လို့ တခြားလူတွေကိုပြောသံပြန်ကြားပါတယ်။
 ကျနော့်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ ဒေသကော်မတီ မြေအောက်တော်လှန်ရေး 
(UG)ကိစ္စနဲ့ဖမ်းတော့ သူက “အစက ငါမပြောလား“လို့ ပြောတာလည်း 
ပြန်ကြားရပါတယ်ဗျား။
မျိုးမြင့်ချို
အောက်တိုဘာ ၃၁၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၃၁၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment