(ဒုကၡိတဒုကၡကို ဒုကၡိတက ပိုသိပါတယ္)
တိုက်ပွဲကြောင့် ကရင်နဲ့မွန်အရပ်သားတွေက ထွက်ပြေးခိုလှုံစရာ ထိုင်းရှိတယ်၊ ကချင်အပါအဝင် ရှမ်းမြောက်မှာတိုက်ပွဲဖြစ်ရင် ထွက်ပြေးခိုလှုံစရာက တရုတ်ရှိတယ်။ ရခိုင် အရပ်သူအရပ်သားတွေအတွက်ကြ အဲ့သလိုမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးဝင်ခိုလှူံဖို့က မဖြစ်နိုင်ဘူး။ အိန္ဒိယဆီသွားဖို့ကြ ပိုတောင်ဆိုးသေး။ ဒီတော့ ဖြစ်ပဟေ့ဆိုတာနဲ့ ရရာလေးတွေဆွဲပြီး ခြေဦးတည့်ရာ ပြေးကြလွှားကြရရှာတာပဲ။ ဒါပေမယ့် နယ်စပ်တော့မကျော်ဝံ့ကြဘူး။ အထဲမှာပဲ တဝဲလည်လည်ဖြစ်နေကြရရှာတာ။ ပြီးတော့ အစိုးရနဲ့စစ်တပ်က ပြည်တွင်းပြည်ပ အကူအညီပေးမယ့်သူတွေ အဖွဲ့အစည်းတွေကိုလည်း နည်းမျိုးစုံနဲ့ကန့်သတ်ထားတာ။ ပိုဆိုးတာက အင်တာနက်ပါ ဖြတ်တောက်ပစ်လိုက်တာ။ ဖြတ်လေးဖြတ်ပုံစံ အတိအကျ မလုပ်သေးရုံတမယ်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ဖြတ်လေးဖြတ်အောက်တော့ မလျော့ဘူး။ ဘာလို့ ဘင်္ဂလားဒေ့ရှ်ဘက် မပြေးရဲလဲကတော့ ရခိုင်အမျိုးသားတွေ ကိုယ့်အကြောင်းကိုယ်သိကြမှာပါပဲ။

နောက်တချက်ထပ်ဆိုးတာက ကျောထောက်နောက်ခံ တိုင်းပြည် ဒါမှမဟုတ် ဒေသမရှိတာပဲ။
လက်နက်ကိုင်တော်လှန်ရေးဆိုတာ သေနတ်ကလေး လက်ထဲရှိတာနဲ့
ကောက်လုပ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ။ မုန်းတီးစိတ်အခြေခံ
တခုတည်းနဲ့လည်းလုပ်မရသလို မခံချင်စိတ်တခုတည်းနဲ့လည်း လုပ်လို့မှ မဖြစ်တာ။
ဒါပေမယ့် အဲ့ဒါတွေ လိုတယ်။ မိမိရန်သူဟာ ဘယ်သူဖြစ်ကြောင်း၊ ဘာ့ကြောင့်
ရန်သူဖြစ်ကြောင်းကို လူတွေကို သဘောတရားရေးအရ၊ အတွေးအခေါ်အရ သိမြင်နားလည်
လက်ခံလာအောင် ဦးဆောင်ပြီး အရင်လုပ်ရတာပါ။ ပြီးမှ နိုင်ငံရေးအရ
ဦးဆောင်မှုပေးရတာမဟုတ်လား။ နိုင်ငံရေးအရ ဦးဆောင်မှုဆိုတာက လမ်းစဉ်ချပြပြီး
ဦးဆောင်တာပါ။ လမ်းစဉ်ချတယ်ဆိုတာကလည်း ဘယ်သူကရန်သူ၊ ဘယ်သူကမိတ်ဆွေ၊ ဘယ်သူက
ကြားထားရမယ့်သူ၊ ဘယ်သူကတော့ စည်းရုံးသိမ်းသွင်းရမယ့်သူ
စတာတွေကိုသတ်မှတ်ရတာမဟုတ်လား။
နိုင်ငံရေးအရ(လမ်းစဉ်အရ)ဦးဆောင်မှုပေးပြီးလို့လည်း ပြီးမသွားသေးဘူး။
လက်နက်ရရာရကြောင်း လုပ်ရတယ်။ ရတဲ့လက်နက်နဲ့ ပြောက်ကြားတပ်တွေဖွဲ့တာ
လေ့ကျင့်မှုတွေလုပ်တာ၊ အခြေခံဒေသတွေတည်ဆောက်တာတွေက
အများကြီးလုပ်ရသေးတာမဟုတ်လား။ ဒါနဲ့လည်းမပြီးသေးဘူး မိမိလုပ်နေတဲ့
လက်နက်ကိုင်တော်လှန်ရေးကို စာနာနားလည်ပြီး အကူအညီပေးမယ် ပြည်ပ
မဟာမိတ်ရှာရသေးတာမဟုတ်လား။
ဆိုတော့ အေအေမှာက အဲ့သလိုတွေနဲ့တည်ဆောက် ပြင်ဆင်ပြီးမှ
လက်နက်ကိုင်တော်လှန်ရေး စလုပ်တာလားဘာလားကတော့ သူတို့ပဲသိမယ်ထင်တယ်။
လက်နက်တွေ ရရာရကြောင်း ဘယ်လိုလုပ်လဲဆိုတာလည်း သူတို့ပဲသိမယ်။
မြင်နေရတဲ့တခုကတော့ ကျောထောက်နောက်ခံ တိုင်းပြည် ဒါမှမဟုတ် ဒေသမရှိတာကတော့
သေချာတယ်။
စစ်တိုက်ရင် လူသေတယ် ဒဏ်ရာရတယ်။ သေတာက အလောင်းကောက်နိုင်ရင်
ကျင်းတူးမြှုပ်လိုက်ရုံပဲ။ အခြေအနေပေးရင် အလံအုပ်အလေးပြုပေါ့။
အလောင်းမကောက်နိုင်ရင် ပစ်ထားခဲ့ရတာပဲ။ ဒါက စစ်တိုက်တဲ့ဘက်တိုင်းမှာ
ဒီအတိုင်းချည်းပဲ။ အေအေမှ မဟုတ်ဘူး။ ကျသွားတဲ့ကောင်ကတော့ ရှင်းတယ်။
ဒဏ်ရာရတဲ့ကောင်က မရှင်းဘူး။ ဒဏ်ရာရနေတဲ့လူကို မရရအောင် တက်ဆွဲရမှာပဲ။
သေမယ့်အတူတူကွာဆိုပြီး ပစ်သတ်လိုက်လို့လည်းမရဘူး။ အဲ့လိုပစ်သတ်လိုက်ကြည့်
စစ်တိုက်လို့ကိုမရဘူး။
စစ်တပ်ကို စစ်ဗိုလ်စစ်သားကို အကြောက်တရား(အမိန့်)နဲ့မကြောက်
ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တာမှန်ပေမယ့် ဒီလို ပစ်သတ်ပစ်တာမျိုးက
အမိန့်နာခံလာအောင်ခြောက်တာ မဟုတ်ဘူး။ ဒီလိုပစ်သတ်လိုက်ရင်
စစ်တိုက်ဖို့မပြောနဲ့ တပ်ပျက်မသွားရင်တောင် ကံကောင်း။ ဒီတော့
ဒဏ်ရာရနေတဲ့ကောင်ကို တက်ဆွဲရတယ်။ ဆွဲလို့ရလာလည်း ဒီအတိုင်းထားလို့မရဘူး။
ဆေးကုရမယ်။ ဆေးကုဖို့ဆိုတာ နေရာရှိရတယ်။ လုံခြုံပြီး
ရန်သူမထိုးဖေါက်နိုင်လောက်တဲ့အစီအမံနဲ့ ဆေးရုံဆေးခန်းရှိရတယ်။
ဒဏ်ရာတွေကုလို့ပျောက်တောင် နာလန်ပြန်ထဖို့ လုပ်ရတယ်။ ဖြေပြတ်လက်ပြတ်
ပြတ်ရင် ခြေတုလက်တုလိုဟာ လုပ်ပေး(ဖို့အခြေအနေပေးရင်)ရတယ်။ သူ့
နေရေးထိုင်ရေး စားရေးသောက်ရေး လုံခြံုရေးတွေအတွက် တာဝန်ယူရတယ်။
ပစ်ထားလို့မရဘူး။ ပစ်ထားလိုက်တာနဲ့ စိတ်ပြောင်းသွားတတ်တာလည်းရှိတယ်။ စိတ်က
ရိုးရိုးပြောင်းရင်တော်သေး ရန်သူ့ဘက် တကိုယ်လုံးပြောင်းသွားရင် ကျန်သူတွေပါ
ငါးပါးမှောက်မှာ။
အရပ်သူအရပ်သားကတော့ မတော် ဒဏ်ရာရခဲ့ရင် အစိုးရဘက်က ကုပေး
ဆေးရုံတင်ပေးတယ်လို့ပဲ ထားပါတော့။ (ထားပါတော့လို့ပြောတာနော် တကယ်ကုမကု
ကျနော်လည်း သေချာမပြောနိုင်ဘူး) အေအေ စစ်သားကျ ဘယ်လိုလုပ်မလဲ။
အေအေကိုယ်တိုင်က မိမိဒေသကိုအခြေပြုတယ်ဆိုပေမယ့် ခုထိ လွတ်မြောက်နယ်မြေ
ထူထောင်ထားတာမကြားမိသေးဘူး။ အေအေရဲ့ ဆေးရုံဆေးခန်းနေရာတွေကို
စစ်တပ်ကဝင်တိုက်တယ်တို့ ဆေးရံဆေးခန်းတွေ သိမ်းမိတယ်တို့လည်း မကြားမိသေးဘူး။
အဲ့ဒီအတွက် ကောင်းတယ်ဆိုးတယ် ချိုတယ်ခါးတယ်ပြောစရာ မရှိပါ။
ကျနော်တွေးတာက ကိုယ်လည်း စစ်ကြောင့် ဒဏ်ရာရခဲ့တဲ့လူ။ ဒုက္ခိတ။
စစ်ဖြစ်ရင်လူသေတာနဲ့ ဒဏ်ရာရတာတွေကို စစ်မမြင်ဖူးသူတွေလိုသိတာထက် ကျနော်က
ကိုယ်တိုင်ကိုယ်ကျကိုသိတာပါ။ စာနာတယ်။ စိတ်ထဲလည်း အမြဲတွေးတယ်။
တွေးတိုင်းလည်း စိတ်ထိခိုက်တယ်။ နာကျင်ရတယ်။ စစ်ဘေးဒုက္ခသည်
အရပ်သူအရပ်သားတွေအတွက် စိတ်ထိခိုက်ပူပန်ရတာ စိုးရိမ်ရတာ စာနာရတာမှာလည်း
အများနည်းတူ ပါပဲ။ ဒါပေမယ့် ဒုက္ခိတဆိုတော့ ဒုက္ခိတရဲ့ဒုက္ခကို ပိုသိတယ်။
ဒါ့ကြောင့် ဒုက္ခခံပြီးကို တွေးမိတာပါ။
(စာအရေးအသား မာကျောတာ ဆတ်တာ အချိုးမပြေတာတွေပါရင် ခွင့်လွှတ်ကြပါ၊ စိတ်ထဲ ခံစားရသလို ပြောပြတာမို့ စာစီမချောဖြစ်တာပါ)
မျိုးမြင့်ချို
နိုဝင္ဘာ ၂၇၊ ၂ဝ၁၉
(စာအရေးအသား မာကျောတာ ဆတ်တာ အချိုးမပြေတာတွေပါရင် ခွင့်လွှတ်ကြပါ၊ စိတ်ထဲ ခံစားရသလို ပြောပြတာမို့ စာစီမချောဖြစ်တာပါ)
မျိုးမြင့်ချို
နိုဝင္ဘာ ၂၇၊ ၂ဝ၁၉
0 comments:
Post a Comment