(အရူးခင်အောင့် ရှစ်ဆယ့်ရှစ်)
၈၈ မှာပါခဲ့တိုင်း ၈၈ မျိုးဆက်ဖြစ်ကြေးဆို တို့ထောက်ကြန့်သဂျင်္ိုင်းက အရူးခင်အောင်လည်း ၈၈ မျိုးဆက်ပဲ။ သူက ၈၈ မဖြစ်ခင်ကတည်းက ထောက်ကြန့်စစ်ဂိတ်ရှေ့သွားပြီး ဦးနေဝင်း ကံကုန်ပြီ၊ ဦးနေဝင်း ကံကုန်ပြီလို့ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ။ ၈၈ ဖြစ်တော့လည်း သူပါတာပဲ။
၈၈ မှာပါခဲ့တိုင်း ၈၈ မျိုးဆက်ဖြစ်ကြေးဆို တို့ထောက်ကြန့်သဂျင်္ိုင်းက အရူးခင်အောင်လည်း ၈၈ မျိုးဆက်ပဲ။ သူက ၈၈ မဖြစ်ခင်ကတည်းက ထောက်ကြန့်စစ်ဂိတ်ရှေ့သွားပြီး ဦးနေဝင်း ကံကုန်ပြီ၊ ဦးနေဝင်း ကံကုန်ပြီလို့ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ။ ၈၈ ဖြစ်တော့လည်း သူပါတာပဲ။
 ထောက်ကြန့်နဲ့ ဝိုင်ယာလက်စ်ကြားမှာ လှော်ကားရေဝေကန်ရှိတယ်။ အဲ့ဒီကန်ကို 
လူတွေက လှော်ကားကန်လို့ ခေါ်တယ်။ အဲ့ထဲသွား ထင်းခုတ် မှိူတိုး မျှစ်ချိုး 
ငါးမျှားတာကို ကန်တွင်းထဲသွားတယ်လို့ပြောတယ်။ အဲ့ဒီကန်တွင်းထဲမှာ
 လူတွေ ထင်းခုတ်ကြလွန်းလို့ မဆလအစိုးရက ပုဒ် ၁၄၄ ထုတ် ရဲကင်းတွေချပြီး 
တားယူရတယ်။ တောမခုတ်ရ ငှက်မပစ်ရ ငါးမမျှားရ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး။ 
အဲ့ဒီတော့ လူတွေက ပြောတယ် ဒီကန်ဟာ ဦးနေဝင်းအစိုးရပိုင်တဲ့ကန်လို့။
 ဘုန်းမော်ကိစ္စပြီးစ ၈၈ မဖြစ်ခင်မှာ တိုင်းပြည် မငြိမ်မသက်ဖြစ်လာတော့ 
အစောင့်ကင်းဘုတ်တွေက ရဲတွေလည်း ဘယ်ရောက်ကုန်တယ်မသိဘူး။ လူတွေက 
ကန်တွင်းထဲသွားပြီး လက်မလက်ညှိုးလောက် ထင်းပါမချန်ခုတ်တော့တာပဲ။ ကွန်တွေ 
ပိုက်တွေပါ မချသွားပြီး ငါး အသားကုန်ဖမ်းတော့တာဘဲ။ ၂ လလောက် 
ထင်းခုတ်လိုက်ကြတာ တောကပြောင်သလောက်ဖြစ်ရော။
 ဒီတင် အရူးကိုခင်အောင်က တော်ရုံတန်ရုံလူ လမ်းတောင်ဖြတ်မလျှောက်ဝံ့တဲ့ 
ထောက်ကြန့်ပုပ်ပါးကျောင်းရှေ့က စစ်တပ်ဂိတ်ရှေ့သွားပြီး ဦးနေဝင်း ကံကုန်ပြီ၊
 ဦးနေဝင်း ကံကုန်ပြီဆိုပြီးအော်တာ။
 ဒီတော့ စစ်သားတွေက ကိုခင်အောင့်ဖမ်းပြီးရိုက်မယ်လုပ်တယ်။ ကိုခင်အောင်က 
မူးလည်းမူးနေတော့(မူးတာက အမြဲတမ်းမူးနေတာ၊ လူက ပညာတတ်၊ သွားစိုက်ဆရာ 
ကောင်းကောင်းမွန်မွန်ကနေ အရက်သမားဖြစ်ပြီး အရက်ကြောင် ကြောင်သွားတာ) 
မင်းတို့ငါ့ကို ဘာလုပ်မလို့လဲ။ ဦးနေဝင်း ကံကုန်ပြီ မင်းတို့  ဒီအတိုင်း 
လက်ပိုက်ကြည့်နေမလားလို့ ရုန်းရင်းကန်ရင်း တွန်းရင်းထိုးရင်းကြားက အော်တယ်။
 စစ်သားတွေက ခင်ဗျား ဥက္ကဌကြီးကို မဟုတ်တမ်းတရားတွေပြောတာလေဗျာဆိုပြီး 
ရိုက်တယ်။
 ဒီတော့သူက မင်းတို့ လှော်ကားကန်သိလားမေးတယ်။ ဟိုမောင်တွေက သိတယ် 
အဲ့ဒါဘာဖြစ်လဲဆိုတော့ အေးအဲ့ဒါ ကန်တွင်းပဲ၊ ကန်ပဲ။ အဲ့ဒီကန်က 
ဥက္ကဌကြီးဦးနေဝင်းအစိုးရပိုင်တယ်။ ခု လူတွေက ရဲတွေမရှိတော့ 
ထင်းတွေနင်းကန်ခုတ်နေတာ ကုန်ပြီ။ ဒါ့ကြောင့် ငါက ဦးနေဝင်း 
ကန်ကုန်ပြီလို့ပြောတာ။ အဲ့ဒါဘာဖြစ်တုန်း။ မင်းတို့ ငါ့ကို 
ဘာရိုက်စရာရှိလို့တုန်း။ လာပြီး သတိပေး သတင်းပေးတဲ့ ငါ့ကို 
ကျေးဇူးတောင်တင်ရမှာလေဆိုတော့ ဟိုမောင်တွေလည်း ဘာလုပ်ရမှန်းမသိဘဲ ခင်ဗျား 
မူးရူးပြီး ပေါက်တတ်ကရတွေလိုက်အော်မနေနဲ့ တိတ်တော့။ ထပ်အော်လို့ကတော့ 
သေမယ်ပြောပြီး ပြန်လွှတ်လိုက်ရတယ်။
 ဒါ့ကြောင့်ပြောတာ တချို့ ၈၈ မှာ ပါချီပါချက်ပါခဲ့ပြီး ၈၈ 
မျိုးဆက်လုပ်နေတော့ ခက်တယ်။ အရူးခင်အောင်လောက်တောင် ထဲထဲဝင်ဝင် 
ကျားကုပ်ကျားခဲပါခဲ့တာမဟုတ်ပဲ ၈၈ မျိုးဆက်လုပ်နေတော့ မခက်ဘူးလား။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment