လတ်တလောယူကရိန်းကိစ္စ၊
ပူတင်နဲ့ရုရှားကို ကြည့်တဲ့ ကိုဝတုတ် စာ
အခုရက်ပိုင်းအတွင်း
ယူကရိန်းမှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သမာသမတ်ကျကျ၊ မျှမျှတတရှုမြင်ထားတဲ့ဆောင်း ပါးတပုဒ်
မတ်လ ၇ ရက်ထုတ် FT မှာ ပါလာတယ်။ နိုင်ငံတကာဆက်ဆံရေး၊ အရေးအခင်းတွေကို စိတ်ဝင်စားသူတွေကို
ဒီဆောင်းပါးက အကျိုးရှိမယ့် အချက်အလက်တွေနဲ့စဉ်းစားစရာတွေပေးမှာ ကျိန်းသေတယ်လို့ ယုံ
ကြည်တာမို့ထပ်ဆင့် ရှဲလိုက်တယ်။
FT ရဲ့ အယ်ဒီတာ ဆောင်းပါးရှင်တွေက အခု ယူကရိန်းကိစ္စကို ရုသျှသမ္မတပူတင် အစောကြီးထဲက စီစဉ်ထားတဲ့လုပ်ရပ်လို့ ပြောတယ်။ ဒီလိုဖြစ်ရတာဟာ ရုသျှအနေနဲ့ အနောက်အုပ်စုက သူ့ကို တဖြည်းဖြည်းနဲ့ ဝိုင်းပြီး စပါးကြီးကျင့် ကျင့်တယ်လို့ ခံစားရလို့လို့ ဆင်ခြေပေးတယ်။
ပူတင်ဟာ အနောက်လိုလားလွန်းအားကြီးတဲ့ ယဲ့ဆင်ကိုယ်တိုင်က ကောက်တင်ထားသူဖြစ်ပြီးအစပိုင်းမှာ (သူ့သမ္မတသက်တမ်းအစမှာ) သူဟာ အနောက်နဲ့ engagement လုပ်နိုင်ဖို့ကို ရိုးရိုးသားသားနဲ့ နှစ်နှစ် ကာကာယုံကြည်ခဲ့သူဖြစ်တယ်လို့ ပူတင်ရဲ့အကြံပေးအရာရှိဟောင်းက ပြောတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီးမှာ သူဟာ အာရှအလယ်ပိုင်းက စစ်စခန်းတချို့ကို အမေရိကန်တွေအသုံးပြုနိုင်အောင် ကမ်းလှမ်းခဲ့သလို ကျုးဘားက ရုသျှရေဒီယိုစခန်းတခုနဲ့ ဗီယက်နမ်ကရုသျှအခြေစိုက်စခန်းကိုလည်း ပိတ်ပေးခဲ့တယ်။ သူ့ဘက်က ဒီလိုလုပ်ပေးတဲ့အတွက် အနောက်ဘက်ကလည်း တစုံတရာတုန့်ပြန်မှုကို သူမျှော်လင့်ပေမယ့် မဖြစ်စလောက်ပဲ ပြန်ရခဲ့သတဲ့။ (ဒီနေရာမှာ စစ်အေးမစခင်ကာလကအဖြစ် အပျက်တွေနဲ့ ယှဉ်ကြည့်သင့်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကိုအနိုင်ရရေးကိုဦးစားပေးအဖြစ် သဘောထားပြီးစစ်ပြီးတဲ့အခါမှာလည်း မဟာမိတ်တွေနဲ့ဆက်ဆံရေးချောမွေ့ရေး ရှေးရှုပြီးစတာလင်ဟာ ကမ္ဘာ့ပစ္စည်းမဲ့တော်လှန်ရေးဖော်ေ ဆာင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့ထားတဲ့
ကွန်မင်တန်းကို ၁၉၄၃ မှာ ဖျက်ပေး ခဲ့ပေမယ့် ဒီလုပ်ရပ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဗြိတိသျှတွေဆီက
ထိုက်သင့်တဲ့တုန့်ပြန်မှုမရခဲ့တာဟာ စတာလင်ရဲ့ အနောက်နိုင်ငံတွေနဲ့ စစ်ပြီးတဲ့အခါ အလုပ်လုပ်လို့ရနိုင်ဖို့မျှော်လင့်ချက်ကိုထိခိုက်စေခဲ့ တယ်လို့ ရုသျှအကဲခတ်တွေက ထောက်ပြဖူးတယ်)
နောက်တခါ နေတိုးနယ်နမိတ်ကို ဂျာမနီနဲ့တင်ရပ်မယ်လို့မျှော်လင့်ခဲ့တဲ့ သူ့မျှော်လင့်ချက်တွေလည်း ပျက်ကုန်တယ်။ ဒါတင်မကသေးဘူး။ အနောက်မဟာမိတ်တွေဟာ ဥရောပမှာ ဒုံးလက်နက်ရန် ကာကွယ်ရေးစနစ် တည်ဆောက်မှာမဟုတ်ဘူးလို့မျှော်လင့်ခဲ့တာတွေလည်း သဲထဲရေသွန်ဖြစ်ကုန်တယ်။
ယူကရိန်းမှာ ၂၀ဝ၄ လိမ္မော်ရောင်တော်လှန်ရေးဖြစ်တဲ့အခါ အနောက်နိုင်ငံတွေဟာ ရုသျှကို ဝိုင်းဖို့ ကြံနေပြီလို့ ပူတင် သံသယဖြစ်လာတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ ပူတင်ဟာ အနောက်နိုင်ငံတွေ ကခေါင်းဆောင်တွေကို ရက်အတော်ကြာ စကားမပြောဘဲရှောင်နေခဲ့တယ်လို့ သူ့ရဲ့ အကြံပေးဟောင်းကပြန်ပြောပြတယ်။ ဒီရက်တွေဟာ ပူတင်ရဲ့အမြင်အားလုံးကိုပြောင်းလဲသွားစေတယ်လို့ ပူတင်ရဲ့မိသားစုနဲ့နီးစပ်သူတယောက်က ပြောပြတယ်။ အဲဒီအဖြစ်အပျက်ကစပြီးပူတင်ဟာ ဥပဒေပြုရေးရာ ကိစ္စတွေ၊ တရားစီရင်ရေးနဲ့ ဒေသဆိုင်ရာကိစ္စရပ်တွေမှာ အရင်ကထက်တင်းတင်ကျပ်ကျပ်လုပ်လာတယ်။ အကျိုးဆက်အနေနဲ့ ရုသျှက အရပ်ဘက်လူ့အဖွဲ့အစည်းဟာ မြေစာပင်ဖြစ်ခဲ့ရသတဲ့။ ရုသျှပညာတတ် လူတန်းစားပြိုလဲဖို့ဖြစ်လာခဲ့ပြီး ဒီအဖြစ်အပျက်ဟာ အခု ခရိုင်းမီးယားမှာဖြစ်နေတာထက်တောင် ပိုပြီးဆိုးသေးတယ်လို့ ပူတင့်အကြံပေးဟောင်းက FT ကို ပြောတယ်။
ပြည်တွင်းမှာတင်းကျပ်လာသလို နိုင်ငံတကာစင်မြင့်မှာလည်း ပူတင်ဟာ မာ ပြလာတယ်။ ၂၀ဝ၇ မြူးနစ် လုံခြုံရေးကွန်ဖရင့်မှာ ပူတင်က အမေရိကန်ကို ဂျော်ဂျီယာကိုမြှောက်မပေးဖို့ သတိပေးတယ်။ နောက်တနှစ် အကြာမှာ ယူကရိန်းနဲ့ပတ်သက်လို့လည်း အနောက်ကို အလားတူသတိပေးတယ်။ ဒါပေမယ့် သူ့သတိပေးချက်ကို အနောက်ကပုဂ္ဂိုလ်တွေက လေးလေးနက်နက်မယူတဲ့အခါမှာ ပူတင်ဟာ သူ သတိပေးနေတာတွေဟာ အလကားမဟုတ်ဘူးဆိုတာကိုလက်တွေ့ပြဖို့လုပ်လာတယ်။ ဂျော်ဂျီယာနဲ့ ငါးရက်ကြာစစ်ကနေ ရုသျှအမေရိကန်ဆက်ဆံရေးထိခိုက်ခဲ့သလို အာရပ်နိုင်ငံတွေက အုံကြွမှုတွေကနေ အမေရိကန်တွေဟာ တကမ္ဘာလုံးမှာအန္တရာယ်ကြီးတဲ့ 'experiments' တွေ လုပ်နေတယ်ဆိုတဲ့ သူ့ယုံကြည်မှုက ပိုအားကောင်းဖို့ဖြစ်လာတယ်။
အခုယူကရိန်းကိစ္စမှာ ရုသျှတွေဘက်ကပြင်ဆင်ထားမှုတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင်တိကျလွန်းတယ်လို့ အမေရိကန် အရာရှိတယောက်က ပြောတယ်။ ကြည့်ရတဲ့ပုံက အနောက်က ခရိုင်းမီးယားနဲ့ပတ်သက်ပြီး အရဲကိုးမှာမဟုတ်တဲ့အတွက် ရုသျှဟာ ခရိုင်းမီးယားလက်ကျမယ့်ပုံရတယ်လို့ ခန့်မှန်းရတယ်။
အနောက်နိုင်ငံတွေက ပူတင်ကို ရာရှင်နယ်မကျတဲ့လူ၊ လက်တွေ့နဲ့ကင်းကွာနေသူအဖြစ်မြင်ကြပေမယ့် တကယ်တမ်း လက်တွေ့နဲကင်းကွာနေသူတွေက အနောက်နိုင်ငံတွေပဲဆိုပြီး ကနေ့ချိန်မှာ ပူတင်ကို အကြီးအကျယ်ဝေဖန်နေတဲ့ သူ့ရဲ့ အရင်အကြံပေးအရာရှိဟောင်းရဲ့ မှတ်ချက်နဲ့ ဆောင်းပါးကိုအဆုံးသတ်ထားတယ်။
(တကယ်တော့ စစ်အေးသမိုင်းကို မှန်မှန်ကန်ကန်သုံးသပ်နိုင်သူတွေဟာ ဒီဆောင်းပါးရဲ့တန်ဖိုးကို ကောင်းကောင်းသဘောပေါက်မှာပဲ။ စစ်အေးအစပိုင်းမှာ တွေ့ခဲ့ရတဲ့ အမေရိကန်သံအမတ်ဂျော့ကင်နန်ရဲ့ ကွန်တိန်းမင့်ပေါ်လစီသာဆက်ရှိနေမယ်ဆိုရင် အမေရိကန်ရော၊ ဆိုဗီယက်ရော နှစ်နိုင်ငံစလုံးဟာ အဓိပ္ပါယ်မဲ့တဲ့၊ ဘာမှအကျိုးမရှိတဲ့ ကမ္ဘာဖျက်လူသတ်လက်နက်တွေထုတ်လုပ်တဲ့ပိုင်းမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကိုပုံအောအသုံးချစရာလိုတဲ့အဖြစ်ကို ရောက်မှာ မဟုတ်ဘူး။
အမေရိကန်လည်း အကြွေးဒီလောက်ထိတင်မှာ မဟုတ်တဲ့အပြင် ဆိုဗီယက်ရုသျှမှာလည်း တိုင်းပြည်ရဲ့အရင်းအမြစ်တွေကို
အကြီးစားစက်မှုလုပ်ငန်းတွေမှာမဟု တ်ဘဲ စားသုံးကုန်၊ လူသုံးကုန်တွေထုတ်လုပ်တဲ့ပိုင်းမှာ
ပိုသုံးနိုင်မှာဖြစ်တယ်။ ဒီကနေ intellectual class ပေါ်ထွန်းဖို့၊ အားကောင်းဖို့ပဲရှိပြီးရေရှည်မှာ
ဆိုဗီယက်ရုသျှအတွက်ရော၊ ကမ္ဘာအတွက်ပါ အကျိုးရှိစေမှာ။ စစ်အေးကို ဘာသာရေးစစ်ပမာသဘောထားပြီး
(ဒါအမေရိကန်ရောဂါ သက်သက်ပဲ။ အိုင်စင်ဟောင်ဝါလက်ထက်က ဒုသမ္မတလုပ်ခဲ့တဲ့ နစ်ဆင်၊ ကနေဒီနဲ့ရေဂင်တို့အားလုံးရဲ့လုပ်ရပ်တွေနဲ့
မိန့်ခွန်းတွေကို ပြန်ကြည့်ကြည့် ။ အခုစစ်အေးအကြောင်းရေးနေတာမို့ နောက်ပိုင်း တွေ့ရမယ်)
ကိုယ့်ရန်သူကိုအပြုတ်တိုက်ရေးလမ်းစဉ်ဟာ ဘယ်လောက် မလိုလားအပ်လဲဆိုတာ သင်ခန်းစာယူသင့်တယ်။
ကနေ့ခေတ်မှာ ဘယ်သူမဆို ကိုယ့်ပြိုင်ဘက်ကိုအပြတ်ရှင်းဖိုဆိုတာ မဖြစ်နိုင်သလို အဲဒီလို
ရှင်းနိုင်ဖို့ကိုလည်း စိတ်ကူးမယဉ်သင့်ဘူး။ အားလုံးမှာ ကမ္ဘာဖျက်လက်နက်တွေပိုင်ဆိုင်ထားတာမို့
တယောက်ယောက်က စ သုံးတာနဲ့ တကမ္ဘာလုံးပျက်မှပွဲသိမ်းမယ့်အခြေအနေမျိုး။ ဒီလိုအခြေအနေမှာ ပိုတောင်စိတ်ကူးမယဉ်သင့်ဘူး။ ဒီအမြင်ကိုလက်ခံရင်
ကိုယ့်ပြိုင်ဘက်ရဲ့ မဟာဗျူဟာအရအရေးပါတဲ့နေရာတွေကို သွားမထိသင့်ဘူး။ အမေရိကန်အနေနဲ့
တရုတ်က ပနားမားမှာစစ်စခန်းလာဆောက်တာကို မကြိုက်ရင် တောင်တရုတ်ပင်လယ်ပြင်နဲ့အရှေ့ဥရောပမှာလည်း
ကိုယ့်လုပ်ရပ်ကိုဆင်ခြင်သင့်တယ်။ အဲဒီလိုမဟုတ်ဘဲ တကမ္ဘာလုံးကို ကြီးစိုးနိုင်ရေးကို
ဘာသာရေးစစ်ပမာသဘောထားနေသူတွေဟာ လက်တွေ့နဲ့ ကင်းကွာနေသူတွေပဲဆိုတာ ထပ်ဆင့်မှတ်ချက် ပေးလိုက်ချင်တယ် ။)
FT ရဲ့ အယ်ဒီတာ ဆောင်းပါးရှင်တွေက အခု ယူကရိန်းကိစ္စကို ရုသျှသမ္မတပူတင် အစောကြီးထဲက စီစဉ်ထားတဲ့လုပ်ရပ်လို့ ပြောတယ်။ ဒီလိုဖြစ်ရတာဟာ ရုသျှအနေနဲ့ အနောက်အုပ်စုက သူ့ကို တဖြည်းဖြည်းနဲ့ ဝိုင်းပြီး စပါးကြီးကျင့် ကျင့်တယ်လို့ ခံစားရလို့လို့ ဆင်ခြေပေးတယ်။
ပူတင်ဟာ အနောက်လိုလားလွန်းအားကြီးတဲ့ ယဲ့ဆင်ကိုယ်တိုင်က ကောက်တင်ထားသူဖြစ်ပြီးအစပိုင်းမှာ (သူ့သမ္မတသက်တမ်းအစမှာ) သူဟာ အနောက်နဲ့ engagement လုပ်နိုင်ဖို့ကို ရိုးရိုးသားသားနဲ့ နှစ်နှစ် ကာကာယုံကြည်ခဲ့သူဖြစ်တယ်လို့ ပူတင်ရဲ့အကြံပေးအရာရှိဟောင်းက ပြောတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီးမှာ သူဟာ အာရှအလယ်ပိုင်းက စစ်စခန်းတချို့ကို အမေရိကန်တွေအသုံးပြုနိုင်အောင် ကမ်းလှမ်းခဲ့သလို ကျုးဘားက ရုသျှရေဒီယိုစခန်းတခုနဲ့ ဗီယက်နမ်ကရုသျှအခြေစိုက်စခန်းကိုလည်း ပိတ်ပေးခဲ့တယ်။ သူ့ဘက်က ဒီလိုလုပ်ပေးတဲ့အတွက် အနောက်ဘက်ကလည်း တစုံတရာတုန့်ပြန်မှုကို သူမျှော်လင့်ပေမယ့် မဖြစ်စလောက်ပဲ ပြန်ရခဲ့သတဲ့။ (ဒီနေရာမှာ စစ်အေးမစခင်ကာလကအဖြစ် အပျက်တွေနဲ့ ယှဉ်ကြည့်သင့်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကိုအနိုင်ရရေးကိုဦးစားပေးအဖြစ် သဘောထားပြီးစစ်ပြီးတဲ့အခါမှာလည်း မဟာမိတ်တွေနဲ့ဆက်ဆံရေးချောမွေ့ရေး ရှေးရှုပြီးစတာလင်ဟာ ကမ္ဘာ့ပစ္စည်းမဲ့တော်လှန်ရေးဖော်ေ
နောက်တခါ နေတိုးနယ်နမိတ်ကို ဂျာမနီနဲ့တင်ရပ်မယ်လို့မျှော်လင့်ခဲ့တဲ့ သူ့မျှော်လင့်ချက်တွေလည်း ပျက်ကုန်တယ်။ ဒါတင်မကသေးဘူး။ အနောက်မဟာမိတ်တွေဟာ ဥရောပမှာ ဒုံးလက်နက်ရန် ကာကွယ်ရေးစနစ် တည်ဆောက်မှာမဟုတ်ဘူးလို့မျှော်လင့်ခဲ့တာတွေလည်း သဲထဲရေသွန်ဖြစ်ကုန်တယ်။
ယူကရိန်းမှာ ၂၀ဝ၄ လိမ္မော်ရောင်တော်လှန်ရေးဖြစ်တဲ့အခါ အနောက်နိုင်ငံတွေဟာ ရုသျှကို ဝိုင်းဖို့ ကြံနေပြီလို့ ပူတင် သံသယဖြစ်လာတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ ပူတင်ဟာ အနောက်နိုင်ငံတွေ ကခေါင်းဆောင်တွေကို ရက်အတော်ကြာ စကားမပြောဘဲရှောင်နေခဲ့တယ်လို့ သူ့ရဲ့ အကြံပေးဟောင်းကပြန်ပြောပြတယ်။ ဒီရက်တွေဟာ ပူတင်ရဲ့အမြင်အားလုံးကိုပြောင်းလဲသွားစေတယ်လို့ ပူတင်ရဲ့မိသားစုနဲ့နီးစပ်သူတယောက်က ပြောပြတယ်။ အဲဒီအဖြစ်အပျက်ကစပြီးပူတင်ဟာ ဥပဒေပြုရေးရာ ကိစ္စတွေ၊ တရားစီရင်ရေးနဲ့ ဒေသဆိုင်ရာကိစ္စရပ်တွေမှာ အရင်ကထက်တင်းတင်ကျပ်ကျပ်လုပ်လာတယ်။ အကျိုးဆက်အနေနဲ့ ရုသျှက အရပ်ဘက်လူ့အဖွဲ့အစည်းဟာ မြေစာပင်ဖြစ်ခဲ့ရသတဲ့။ ရုသျှပညာတတ် လူတန်းစားပြိုလဲဖို့ဖြစ်လာခဲ့ပြီး ဒီအဖြစ်အပျက်ဟာ အခု ခရိုင်းမီးယားမှာဖြစ်နေတာထက်တောင် ပိုပြီးဆိုးသေးတယ်လို့ ပူတင့်အကြံပေးဟောင်းက FT ကို ပြောတယ်။
ပြည်တွင်းမှာတင်းကျပ်လာသလို နိုင်ငံတကာစင်မြင့်မှာလည်း ပူတင်ဟာ မာ ပြလာတယ်။ ၂၀ဝ၇ မြူးနစ် လုံခြုံရေးကွန်ဖရင့်မှာ ပူတင်က အမေရိကန်ကို ဂျော်ဂျီယာကိုမြှောက်မပေးဖို့ သတိပေးတယ်။ နောက်တနှစ် အကြာမှာ ယူကရိန်းနဲ့ပတ်သက်လို့လည်း အနောက်ကို အလားတူသတိပေးတယ်။ ဒါပေမယ့် သူ့သတိပေးချက်ကို အနောက်ကပုဂ္ဂိုလ်တွေက လေးလေးနက်နက်မယူတဲ့အခါမှာ ပူတင်ဟာ သူ သတိပေးနေတာတွေဟာ အလကားမဟုတ်ဘူးဆိုတာကိုလက်တွေ့ပြဖို့လုပ်လာတယ်။ ဂျော်ဂျီယာနဲ့ ငါးရက်ကြာစစ်ကနေ ရုသျှအမေရိကန်ဆက်ဆံရေးထိခိုက်ခဲ့သလို အာရပ်နိုင်ငံတွေက အုံကြွမှုတွေကနေ အမေရိကန်တွေဟာ တကမ္ဘာလုံးမှာအန္တရာယ်ကြီးတဲ့ 'experiments' တွေ လုပ်နေတယ်ဆိုတဲ့ သူ့ယုံကြည်မှုက ပိုအားကောင်းဖို့ဖြစ်လာတယ်။
အခုယူကရိန်းကိစ္စမှာ ရုသျှတွေဘက်ကပြင်ဆင်ထားမှုတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင်တိကျလွန်းတယ်လို့ အမေရိကန် အရာရှိတယောက်က ပြောတယ်။ ကြည့်ရတဲ့ပုံက အနောက်က ခရိုင်းမီးယားနဲ့ပတ်သက်ပြီး အရဲကိုးမှာမဟုတ်တဲ့အတွက် ရုသျှဟာ ခရိုင်းမီးယားလက်ကျမယ့်ပုံရတယ်လို့ ခန့်မှန်းရတယ်။
အနောက်နိုင်ငံတွေက ပူတင်ကို ရာရှင်နယ်မကျတဲ့လူ၊ လက်တွေ့နဲ့ကင်းကွာနေသူအဖြစ်မြင်ကြပေမယ့် တကယ်တမ်း လက်တွေ့နဲကင်းကွာနေသူတွေက အနောက်နိုင်ငံတွေပဲဆိုပြီး ကနေ့ချိန်မှာ ပူတင်ကို အကြီးအကျယ်ဝေဖန်နေတဲ့ သူ့ရဲ့ အရင်အကြံပေးအရာရှိဟောင်းရဲ့ မှတ်ချက်နဲ့ ဆောင်းပါးကိုအဆုံးသတ်ထားတယ်။
(တကယ်တော့ စစ်အေးသမိုင်းကို မှန်မှန်ကန်ကန်သုံးသပ်နိုင်သူတွေဟာ ဒီဆောင်းပါးရဲ့တန်ဖိုးကို ကောင်းကောင်းသဘောပေါက်မှာပဲ။ စစ်အေးအစပိုင်းမှာ တွေ့ခဲ့ရတဲ့ အမေရိကန်သံအမတ်ဂျော့ကင်နန်ရဲ့ ကွန်တိန်းမင့်ပေါ်လစီသာဆက်ရှိနေမယ်ဆိုရင် အမေရိကန်ရော၊ ဆိုဗီယက်ရော နှစ်နိုင်ငံစလုံးဟာ အဓိပ္ပါယ်မဲ့တဲ့၊ ဘာမှအကျိုးမရှိတဲ့ ကမ္ဘာဖျက်လူသတ်လက်နက်တွေထုတ်လုပ်တဲ့ပိုင်းမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကိုပုံအောအသုံးချစရာလိုတဲ့အဖြစ်ကို
https://www.facebook.com/ko.watote
0 comments:
Post a Comment