၅ဝ
ပြည့်မှာ ပြောဖြစ်တဲ့အလ္လာပသလ္လာပ (၁) မျိုးမြင့်ချို
အသက် (၅ဝ)ပြည့်ပြီ။ နေခဲ့သည့် ထို (၅ဝ)၏ နှစ်အချို့သည် ကာလအသင်္ချေနှင့် နှစ်အချို့သည်မုန့်လုံးစက္ကူကပ်။ နှစ်တချို့ကား လျှပ်ပြက်သလိုဖျတ်ကနဲ။ ထိုကာလတို့တွင်
တခါတရံဦးဆောင်၊ တခါတရံနောက်လိုက်၊ တခါတရံ တကိုယ်ရည်တကာယ ပိုင်ပိုင်နိုင်နိုင် ရှိလှ၏။
ဤအကြောင်း မိတ်ဆွေ တစ်ယောက်နှင့်ပြောဖြစ်တော့ သူက (အသက်အရွယ် ဖြတ်သန်းမှု အတွေ့အကြုံ
ဆင်ခြင်တုံတရားတွေအရ ကျနော်တို့ဟာ သာမန်လှုပ်ရှား
တက်ကြွသူတွေအနေနဲ့မဟုတ်တော့ပဲ အတွေးအခေါ်အရတစုံတရာဦးဆောင်မှုပေးနိုင်မယ့်
အသက် (၅ဝ)ပြည့်ပြီ။ နေခဲ့သည့် ထို (၅ဝ)၏ နှစ်အချို့သည် ကာလအသင်္ချေနှင့် နှစ်အချို့သည်မုန့်လုံးစက္ကူကပ်။
အ နေအထားတွေဖြစ်ဖို့လိုလာပြီ)
ဟု ချိန်ချိန်ဆဆ လေးလေးတွဲ့တွဲ့ပြောလာ၏။ ထိုစကားက ဘဝင်ခိုက်ချင်စရာဖြစ်သလို၊ လက်တွေ့အရ ဟုတ်သင့်သလောက်လည်း ဟုတ်မည်ထင်၏။ သို့သော် သိတ်မသေချာလှ။
ကျနော်က အတွေးအခေါ်မှာဖြစ်ဖြစ် လုပ်ဟန်မှာဖြစ်ဖြစ် ဦးဆောင်/ နောက်လိုက်ဆိုခြင်း ထက်
ရောက်သည့်နေရာမှရသလောက်လုပ်ရေးသမား။ တခါတရံ အစုအဖွဲ့သဘော။ ထိုသဘော၌ ဦးဆောင်/ နောက်လိုက်တခုခုဖြစ်မည်။
ဦးဆောင်သည့်အခါ ခေါင်းဆောင်နှယ်ကျင့်ပြီး နောက်လိုက်သည့် အခါ တသဝေမတိမ်းဖြစ်ရေးအလေးထားခဲ့၏။
ရံခါများ၌ တစ်ယောက်ချင်းသဘော။ ထိုအခါ ဦးဆောင်/ နောက်လိုက်အဖြစ်အနေမှလွတ်၏။ ကိုယ်ပဲခေါင်းဆောင်
ကိုယ်ပဲနောက်လိုက်မို့ နာခံရခြင်းနှင့် တည့်မတ်ပေးရခြင်းတို့မရှိ။ ပျောက်ထွက်သွား၏။
ပကတိဘဝကပြဋ္ဌာန်းသည့်အသိအရ သွားရခြင်းမို့ နေရာတိုင်းတွင် စံစည်းတို့နှင့်ချိန်ထိုးလျှင်အ လုပ်မဖြစ်နိုင်ကြောင်းပြောတော့
သူနှင့်ကျနော် သဘောခြင်းချော်ကြ၏။ သူ သတိမထားမိသည်ကား မိမိနိုင်ငံရေးနှင့်ပုဂ္ဂလိကဘဝက
ရွက်ကျပင်လို ရှင်သန်ရခြင်းကိုပင်ဖြစ်၏။ ဤနှယ် ရှင်သည်ရခြင်းကိုလည်း မိမိကနှစ်ခြိုက်၏။
ရွက်ကျပင်မှာ ဦးဆောင်နောက်လိုက်မရှိ။ ရွက်ကျပင်မှာ တရွက်တပင်ထဲသဘော မဟုတ်။ ရွက်ကျပင်မှာ
ရွေးခွင့်ငြင်းခွင့်မရှိ။ ရွက်ကျပင်သည် ကျချင်သည့်နေရာကျမည်။ ကျသည့်မြေမှာ ပြန်ရှင်ဖို့အဓိက။
ကျသည့်နေရာ မြေသားမဟုတ်ဆိုလျှင်တော့မတတ်နိုင်။ သေခြင်းကို လှလှပပလက်ခံတတ်ဖို့သာလိုမည်။
ခုကနေ ဘဝကိုလည်ပြန်ကြည့်လည်း ရွက်ကျပင်နှယ် အကြိမ်ကြိမ်ကျခဲ့၊ အကြိမ်ကြိမ်ပြန်ပေါက်ခဲ့ရခြင်းမျှသာ။
ထို့ထက်မပို။ မသေမချင်းရှင်နေမည်ဆိုသည့်အသိ တခုတည်းနှင့် မိမိက ဘဝကိုချဉ်းကပ်၏။ ရှူမြင်၏။
ဖြတ်သန်း၏။ နေထိုင်၏။ ရှင်သန်၏။ သို့ရာ၌ ရံခါ တကိုယ်ရည်။ ရံခါအုံနှင့်ကျင်း။ ချစ်ခြင်း
မုန်းခြင်းတို့လည်း ပြွမ်းတီးလျှက်။
နိုင်ငံရေးသည်က မြင်းတစီးဓါးတလက်နှင့်လုပ်မရသည့်ကိစ္စဆိုရာ၌
သူနှင့်ကျနော် သဘောချင်းမျှ၏။ သို့သော် လူကိစ္စကျတော့ ကျနော်တို့ တဘာသာဖြစ်ကြပြန်၏။
ကျနော်က နိုင်ငံရေးသမားတွင် ပါတီခေါင်းဆောင်နိုင်ငံရေးသမားနှင့် တသီးပုဂ္ဂလနိုင်ငံရေးသမားဆိုကာ၂
မျိုး ၂ စား ခွဲမြင်ထားသူ။ အမျိုးအစားအလိုက်ရှိရမည့်အရည်အသွေးများလည်း သီးခြားဖြစ်ရမည်ဟုတွေးသူ။
နှစ်မျိုးလုံး မူဝါဒ ချမှတ်သူနှင့်ဆုံးဖြတ်ချက် ချမှတ်သူ(Policy Maker and
Decision Maker) ဖြစ်သည်ဆိုစေဦး ပါတီခေါင်းဆောင်နိုင်ငံရေးသမားက ပါတီကိုအတွေးအခေါ်၊
လုပ်ဟန်၊ လက်တွေ့အရဦးဆောင်ရသူဖြစ်ပြီး တာဝန်ခံမှုအလွန်ကြီး၏။ လက်လွတ်စပယ်လုံးလုံးလုပ်မရ။
တသီးပုဂ္ဂလကြတော့ ထိုမျှတာဝန်ခံမှုမကြီး။ သူသည်ပင် မြင်းတစီးဓါးတလက်လုပ်လို့ရသည်ပဲ ထားဦး
ဓါးထက်ဖို့နှင့်ခွာမလိပ်ဖို့လို သေး၏။ ပါတီခေါင်းဆောင်ကမူ ပဲခူး/စစ်ကိုင်း ရောက်ချင်ရာရောက်လို့မရ။ ဆင်သွားရင်လမ်းဖြစ်ခြင်းသည် ဆင်အတွက်မှန်၏။ လူသည် ဆင်မဟုတ်။ ကျနော့်အတွေးက
ဆင်ဟုတ်ခြင်း/ မဟုတ်ခြင်းထက် ကြံ့မကြီးခရီးသွားသည့်နှယ်မဖြစ်လျှင် သာ၍ကောင်းမည်တွေး၏။
ရှေ့ကသွားသည့်ကြံ့မကြီးသည် လမ်းရှင်းသည့်အနေနှင့် မျက်စိရှေ့မြင်ရာလမ်းပေါ်ရှိသစ်တုံးမှန်သမျှကို
ချိုဖြင့်ကော်ကာကော်ကာ နောက်သို့ပစ်ထုတ်ရှင်း၏။ ဤတွင် နောက်ကလိုက်ရသည့်ကြံ့သားပေါက်
သစ်တုံးမှန်ကာအန္တရယ်ကျတော့၏။ ကြံ့သားတွေ ဘယ်လောက်သေခဲ့ရပြီလဲစဉ်းစားဖို့ကောင်းသည်ဟု ဆိုတော့
ထိုမိတ်ဆွေ ဘဝင်ခွေ့ဟန်မရှိလှ။ ထိုစကားစ ထိုနေတွင်ဖြတ်ချလိုက်၏။
နောက်တခုက နိုင်ငံရေးသမား (Politician) တက်ကြွလှုပ်ရှားသူ(Activist) ဆန္ဒပြ/ သပိတ်မှောက်သမား (Demonstrator and Striker) ဆိုကာ နိုင်ငံရေးထဲပါဝင်မှုရေချိန်အလိုက်
အဆင့်ပေးကြသည်များ လည်းကြားဖူး၏။ ထိုအဆင့်တိုင်းတွင်လည်း ခေါင်းဆောင်/ နောက်လိုက်သဘောမကင်း။ ဆန္ဒပြပွဲ ဦးဆောင်မည့်သူသည် ဆန့်ကျင်နည်းနှင့်စည်းရုံးနည်း How to
Protest and organize လောက် ကျင်လည်လျှင်ရပြီ။ တက်ကြွလှုပ်ရှားသူသည် ဘယ်အချိန်ဘယ်လိုစ
ဘယ်လိုတန့် When and How to Active and Inactive သဘော နားလည်လျှင်ပြီးပြီ။ ခက်သည်က
Politician ဆိုသည့်နိုင်ငံရေးသမားက ထိုကိစ္စတွေမျှလောက်ကျင်လည်ရုံဖြင့်မရ။ မပြီး။ မိမိ
ဘာမှန်းသိမှဖြစ်မည်ဆိုရာ၌မူ ကျနော်တို့အမြင် တူကြ၏။
နောက်တချက်က လူ၌တွေးခေါ်မြော်မြင်မှုနှင့် ဆင်ြ ခင်တုံတရားသာအခရာကိစ္စ။ မကောင်းမှု/ကောင်းမှု၊ ဓမ္မ/အဓမ္မစသည်တို့အား အတွေးအခေါ်အရသိမြင်ပြီး ဆင်ခြင်တုံတရားဖြင့်ဆောင်နိုင်/ ရှောင်နိုင်လျှင်
အကောင်းဆုံးဆိုခြင်းတွင် ကျနော်တို့သဘောခြင်းမျှ၏။ သို့သော် ထို လူ့ဆင်ခြင်တုံတရားနှင့်
ကျနော်က အတွေးအခေါ်မှာဖြစ်ဖြစ် လုပ်ဟန်မှာဖြစ်ဖြစ် ဦးဆောင်/
နိုင်ငံရေးသည်က မြင်းတစီးဓါးတလက်န
နောက်တခုက နိုင်ငံရေးသမား (Politician) တက်ကြွလှုပ်ရှားသူ(Activist) ဆန္ဒပြ/
နောက်တချက်က လူ၌တွေးခေါ်မြော်မြင်မှုနှင့် ဆင်ြ
တွေးခေါ်ေ မြာ်မြင်မှုက
မည်မျှစိတ်ချရသလဲဟုဆန်းစစ်ကြည့် ရာတွင်မူ တယောက်နှင့်တယောက် တင်းမာသော်လည်း ရင်းရင်းချာချာပြောဖြစ်ကြ၏။
မိမိက ကမ္ဘာစစ်ကြီး ၂ ခုနှင့် လူ့ပယောဂကြောင့်ဖြစ် ရသည့်ပဋိပက္ခ များအားကောက်ကိုင်ပြီး
ဆင်ခြင်တုံတရားနှင့်တွေးခေါ်မြော်မြင်မှုကို သံသယဖြစ်သူ။ သူက ထိုဖြစ်စဉ်တို့တွင်
ကမ္ဘာမြေနှင့်လူသား၏ကံကြမ္မာတို့ကိုလည်း ထည့်သွင်းတွက်ချက်ရမည့် Facts and
Matters အခြင်းအရာသဖွယ်ဆို၏။
ကြောင်းကျိုးဆက်စပ်မှုတရားတွင် အကန့်အသတ်ရှိ/မရှိနှင့် ထိုအဆက်အစပ်ကို တနေရာရာမှ ဖြတ်တောက်၍ရ/ မရတွင်လည်း နှစ်ယောက်သား အံနည်းနည်းချော်၏။
သူက ကိစ္စတိုင်းအတွက် အဖြေအသင့်ရှိကြောင်းကို သဗ္ဗညုတဉာဏ်တော်ကိုင်ပြောတော့ ကျနော်က ပြုံးပြီး
ခတ်မဆိတ်နေရံမှတပါးအခြားမရှိ။ ဤတွင် ကျနော်တို့ စကားစသတ်ရမည့် အချိန်ဟုထင်ကြပြီးနောက်
“ကျနော့်မွေးနေ့အတွက် အမှတ်တရစကားတခုခုပြောဗျာ”ဟုသူ့အား တောင်းခံ၏။ သည်တော့ သူက
ကြောင်းကျိုးဆက်စပ်မှုတရားတွင် အကန့်အသတ်ရှိ/မရှိနှင့် ထိုအဆက်အစပ်ကို တနေရာရာမှ ဖြတ်တောက်၍ရ/
“ကံ
ကံ၏ အကျိုးပေးကို ခင်ဗျားမသေခင်မှာ ယုံကြည်သွားရင်ကောင်းမယ်ဗျ”ဟုဆိုတော့ ကျနော်က
You must take things as they are ဟုပြောဖြစ်၏။ သူက “ဗမာလိုဘယ်လိုနားလည်တာ အကောင်းဆုံးလဲဗျ”
ဟုမေး၏။ “ယောနိသောမနသီကာရလို့ပြောရင်မမှားလောက်ဘူးဗျ၊ ခင်ဗျားက ပါဠိပါဒ်သားလေးပါမှ ကြိုက်သူဆိုေ တာ့”ဟု ပြန်ဖြေရင်း ရယ်မိကြ၏။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၆ ရက် ၂ဝ၁၃)
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၆ ရက် ၂ဝ၁၃)
0 comments:
Post a Comment