Tuesday, January 31, 2023

ကညွှတ်ကွင်းအိမ်ပြေး ၈

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၈) ကျွန်တော်လည်း အဖေ့ဘေးဝင်၍ ခေါင်းချလိုက်ပါသည်။ အဖေမှာ တခေါခေါနှင့်အိပ်ပျော်နေပါသည်။ အဖေ့အရက်နံ့မှာ အလွန်ဆိုးပါသည်။ ခံရခက်ပါသည်။ ပထမတော့ ကျွန်တော် နှာခေါင်းပိတ်မိပြီး နောက်တော့ တဘက်လှည့်ကာ အိပ်လိုက်ပါသည်။ နည်းနည်းတော့ အနံ့သက်သာသွားပါသည်။ ကောက်ရိုးမွေ့ယာမှာ နွေးသော်လည်း ကြမ်းပါသည်။ လှုပ်လိုက်တိုင်းလည်း အသံမြည်ပါသည်။ ထိုအချိန်တွင် အမေရောက်လာပြီး ကျွန်တော့်ဘေးတွင် ဝင်လှဲပါသည်။ ကျောတွေခါးတွေ အင်းအဲနှင့်ဆန့်ရင်း သား ဒီဘက် နည်းနည်းတိုး၊ နင့်အဖေအရက်နံ့က နံတယ်ဟုပြောပါပြီး...

ကညွှတ်ကွင်းအိမ်ပြေး ၇

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၇) ကျွန်တော်အပြင်ရောက်တော့ မျက်စေ့တဆုံးလယ်ကွင်းပြင်ကြီးကို တွေ့ရပါသည်။ ကျွန်တော် လယ်ကွင်းစပ်အထိ လျှောက်သွားပါသည်။ အချိန်မှာ တိမ်တောက်ချိန်ဆိုရမလား မပြောတတ်ပါ။ တိမ်တွေမှာ နေရောင်ဖြင့် လှချင်တိုင်း လှနေပါသည်။ တိမ်မျှင်တိမ်တန်းများ တိမ်ဆိုင်တိမ်အုပ်များ တရွေ့ရွေ့ရွေ့နေကြပါသည်။  ထိုမျှအပြန့်ကျယ်သည့် လယ်ကွင်းပြင်ကြီးကို လာတုန်းက သတိမထားမိခဲ့ပါ။ လယ်ကွင်းပြင်ကြီးအဝေး ဟိုး တနေရာများတွင် တောအုပ်လိုလို အရိပ်ညို့ညို့တွေ အုပ်အုပ်အုပ်အုပ်နှင့် တွေ့ရပါသည်။ မီးခိုးအူအူများလည်း...

Monday, January 30, 2023

ကညွှတ်ကွင်းအိမ်ပြေး ၆

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၆)အမေက နေစောင်းပြီသားရဲ့ နွားမီးထည့်လိုက်ဦးမည်ဆိုကာ နွားတွေရှိရာဘက်သွားပါသည်။ နွားမီးထည့်တာ ဘာများလဲဟုသိချင်သဖြင့် ကျွန်တော် အနောက်ကအသာလိုက်သွားပါသည်။ ထိုနေရာတွင် နွားချေးနံ့သေးနံ့များ အလွန်နံပါသည်။ အမေသည် ထင်းတုံး မခြောက်တခြောက်များနှင့် ထင်းတုံးအခြောက်များကို အပြင် ထင်းစင်မှ သွားသယ်ရာ ကျွန်တော်လည်း မနေနိုင်သဖြင့် ထင်းတုံး နှစ်တုံးကို တဘက်တတုံးပခုံးပေါ်တင် လက်ဖြင့်ထိန်း၍ ကူသယ်ပေးပါသည်။ အမေက မလုပ်နဲ့ငါ့သား မတော် လွတ်ကျရင် ခြေထောက်နာနေမယ်ဟုပြောပါသည်။ အမေသည် မီးဖိုလိုနေရာတွင်  ထင်းတုံးအခြောက်များကိုအောက်ကခံ...

ကညွှတ်ကွင်းအိမ်ပြေး ၅

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၅)အမေ ဦးဖိုးထောင်ဆီသွားပြီး အိပ်တော့မလား ကဖိုးထောင်ဟု နှိုးပြီးမေးပါသည်။ အေးအေး ငါအိပ်တော့မယ် အိပ်ယာထဲ လိုက်ပို့ဦးဟု ဗလုံးဗထွေးပြောပါသည်။ သား အဲ့ဘက်က နည်းနည်းတွဲပေး သူ့ကို အိပ်ယာထဲ ပို့ရအောင်ဟုပြောသဖြင့် ကျွန်တော့် အဖေ့လက်ကိုဆွဲယူကာ သူ့ချိုင်းအောက်တွင် ကျွန်တော့်ပခုံးကိုထည့်ပြီး နှစ်ယောက်သား မနိုင့်တနိုင်နှင့် အိပ်ယာထဲပို့ကြပါသည်။ အဖေတို့အိပ်ယာဆိုသည်မှာ နွားချေးကျံထားသည့်ကြမ်းပြင်မှ အထက် ၂ ပေခန့်တွင် ဝါးကြမ်းခင်းနှင့် ကွပ်ပျစ်လို စင်အကြီးကြီး ထိုးထားခြင်း ဖြစ်ပါသည်။ ထိုဝါးကြမ်းခင်းပေါ်တွင်...

ကညွှတ်ကွင်းအိမ်ပြေး (၄)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၄) အဖေ ဦးဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာ နားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ဟုပြောပါသည်။ ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့ အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျွန်တော်စားပြီး ဆေးထားသည့်ဇလုံထဲ...

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၃) တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှက်တတ်တဲ့အရွယ်၊ လူပျိူပေါက်လေ၊ ကဖိုးထောင်ဟုပြောပြီး ကျွန်တော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ်၊ အမေလဲပေးမယ်ဟုပြောကာ တဲနောက်ထဲ၌ အဝတ်လဲ ပေးပါသည်။  ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့် ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများ ဖြစ်ပါသည်။ ဖို့ရိုးဖားယားကြီးဖြစ်နေပါသည်။ အနံ့တွေ့ကလည်း...

Saturday, January 28, 2023

ကညွှတ်ကွင်းအိမ်ပြေး(၂)

0 comments
ကညွှတ်ကွင်းအိမ်ပြေး(၂)ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရို့ရို့လေး အထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်ဝယ်လာတယ်၊ သားတယောက်လည်း ကောက်ရခဲ့တယ်ဟုပြောရင်း အရက်ပုလင်းကိုပေးကာ ကျွန်တော့်အား မေးဆတ်ပြပြီး မီးဖိုဘက်သို့သွားပါသည်။  မေးဆတ်ပြသည့် သဘောက သူသင်ထားသလို အဖေဟု ခေါ်လိုက်ခေါ်လိုက်ဟူသည့်အနက်ပင် ဖြစ်ပါသည်။ ကွန်ကိုသဲကြီးမဲကြီးငုံ့ထိုးနေသည့် ဦးဖိုးထောင်မှာ သည့်တော့မှ တချက်မော့ကြည့်ပြီး ဟာ..ငါ့ကောင်က လူချောပဲ နံမည်က ဘာတဲ့တုန်း၊ ဒီကို ဘယ်လိုရောက်လာတာတုန်းဟုမေးရင်း...

ကညွှတ်ကွင်းအိမ်ပြေး (၁)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှ မတော်စပ်ပါ။ ဒေါ်ခဆိုသည်မှာလည်း သူပြောလို့သိရသည့် သူ့နံမည်ဖြစ်ပါသည်။ နားပေါင်ဟောင်းလောင်းနှင့် ဒေါ်ခမှာ ပါးချိုင့်ချိုင့် မေးရိုးပေါ်ပေါ်  နှာတံစင်းစင်း မျက်လုံးမျက်ခုံးကောင်းကောင်းနှင့်ဆိုသော်လည်း ရုပ်မှာ အိုစနာကျသလိုဖြစ်နေပါသည်။ အသက် ၆၀ ခန့်ရှိမည့်ပုံ ပေါ်နေပါသည်။ ဒေါခနှင့်ကျွန်တော် တွေ့ပုံမှာ ဤသို့ဖြစ်ပါသည်။ တရက် ကျနော်...

Wednesday, January 25, 2023

လူများ(၂)

0 comments
“လူများ(၂)”ကျွန်တော့်ကို ဘိန်းရှူဖူးအောင် နည်းပေးလမ်းပြလုပ်သူမှာ မိုးမိတ်မြို့အထွက် ရဲဂိတ်မှ ရဲတပ်ကြပ်ကြီး မြင့်အောင် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ မိုးမိတ်တွင် စခန်းထိုင်နေချိန်ဖြစ်ပါသည်။ ကျွန်တော့်အသက်မှာ ၂၀ ခန့်ရှိပါပြီ။ အားလျှင် အရပ်ဝတ်ဝတ်ပြီး ရဲကင်းသို့သွားကာ ရဲများနှင့် စကားပြောပါသည်။ ရဲကင်းမှနေ၍ ရွာများမှ ဈေးလာရောင်းသည့် ရှမ်း၊ ပလောင်၊ လီဆူးစသည့် ကောင်မလေးများကို ငေးပါသည်။ဤတွင် တပ်ကြပ်ကြီးမြင့်အောင်နှင့် သိကျွမ်းသွားရပါသည်။ ကျွန်တော်က သူ့သားအရွယ်မို့ ကျွန်တော့်အား ဘီအီးလေး ငါ့သားလေးဟုခေါ်ပါသည်။...