Wednesday, April 20, 2011

သေစာရှင်စာ (သစ်ကောင်းအိမ်)

0 comments
သေစာရှင်စာ
သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)
နိုင်ငံကူးလက်မှတ် မရှိဘူး
ဘဝကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေး တစွဲပါပဲ
သီတင်းကျွတ်လပြည့်ည ကောင်းကင်မှာ
မီးပုံးပျံတွေမြင်မှ
ဘယ်တုံးကမှ မှိုင်းမဝဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့
ပီကာဆို လွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့
တရား...တရားဆိုလား
ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်
ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ
ဟဲလို.....
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။
သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)

0 comments:

Post a Comment