Wednesday, April 20, 2011

သြဂတ်စ်တမ်းချင်း (သစ်ကောင်းအိမ်)

0 comments
သြဂတ်စ်တမ်းချင်း
နေဝင်တာစောင့်မကြည့်ချင်ဘူး
နေလုံးကို ဖြုတ်ချပစ်ချင်တယ်။

လမ်းကြိတ်စက်အောက်က
ထွက်လာတိုင်း
လမ်းပြန်ဖြစ်ခဲ့မယ်။


ဆင်ပစ်ဖို့ဆိုပြီး
တောနက်ထဲဝင်ခဲ့တာ
ဘယ်တော့မှ၊
ဒရယ်သေတကောင် ထမ်းမပြန်ဘူး
စိတ်ချ... တဲ့။

ကမ္ဘာပြုမုန်တိုင်းကိုဒုန်းစိုင်းရင်း
အောက်မေ့ဖွယ်တိမ်တိုက်တွေကိုပွေ့ပိုက်
သင်တို့ နှလုံးသားထဲက
သူ့အသိုက်ရှိရာဆီ
သြဂတ်စ်လရဲ့တောင်ပံများ
ပြန်ခဲ့ပြီ။
ဇူလိုင် ၂၂ ။ ၂၀၀၇
သစ်ကောင်းအိမ်

0 comments:

Post a Comment