Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2011
(235)
-
▼
April
(48)
- "ကျနော်တို့ မပြောချင်တဲ့ကိစ္စ” (စိုးနေလင်း)
- ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်...
- မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန်တ...
- “စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၈)မျိုးမြင့်ချို
- ကိုယ်တို့ကဗျာရေးနေတယ်ဆိုတာအလကားပါ (ခင်အောင်အေး)
- ကမာပုလဲနှင့်ဂျီတော့ပေါ်မှာစကားပြောခြင်း (သစ်ကောင်းအ...
- သက်ကယ်ရိတ်ဖို့သွားခဲ့တယ်(သစ်ကောင်းအိမ်)
- ပိတောက်တွေဖွင့်မယ့်သော့(သစ်ကောင်းအိမ်)
- ကေခိုင်မရှိတဲ့ကမ္ဘာ (သစ်ကောင်းအိမ်)
- ရင်ခွင်ပိုက်ကောင်းကင်(သစ်ကောင်းအိမ်)
- ဆူရှီသမားလိပ်တဲ့ကဗျာ(၂) (သစ်ကောင်းအိမ်)
- ဆူရှီသမားလိပ်တဲ့ကဗျာ(သစ်ကောင်းအိမ်)
- အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်(သစ်ကောင်းအိမ်)
- အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်(သစ်ကောင်းအိမ်)
- ခင်ခင်ပျိုရေ ... ညနေခင်းဆို လေတွေပြို(သစ်ကောင်းအိမ်)
- အပျင်းပြေဆိုပြီးမောင်လွမ်းဏီကို သတိတရ(သစ်ကောင်းအိမ်)
- အိုင်ပက်သူ(သစ်ကောင်းအိမ်)
- ၀ဏ္ဏပဘာ(သစ်ကောင်းအိမ်)
- ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်....ဒေလီယာ(သစ်...
- မင်္ဂလာပါနှစ်သစ်(သစ်ကောင်းအိမ်)
- ညပျက်(သစ်ကောင်းအိမ်)
- သားချော့တေး(သစ်ကောင်းအိမ်)
- နေထိုင်ကောင်းအောင်သာနေပါ(သစ်ကောင်းအိမ်)
- ဂိုးခေါင်ခြင်း(သစ်ကောင်းအိမ်)
- ဆောင်းသစ်ပင်(သစ်ကောင်းအိမ်)
- တစ္ဆေနှစ်ကောင်ရဲ့အမှောင် (မိုဒီလျာနီနဲ့ဂျင်းနီသို့)...
- အိပ်မက်မြစ်(သစ်ကောင်းအိမ်)
- ရေတံခွန်(သစ်ကောင်းအိမ်)
- ကျွန်းရွက်များအကြောင်း အောက့်မေ့မှု(သစ်ကောင်းအိမ်)
- ငွေကြာယံ (သစ်ကောင်းအိမ်)
- သြဂတ်စ်တမ်းချင်း (သစ်ကောင်းအိမ်)
- သေစာရှင်စာ (သစ်ကောင်းအိမ်)
- ရွှေဝါရောင် ဥဒါန်း (သစ်ကောင်းအိမ်)
- ရွှေဝါရောင်စပါးတွေ ရင့်မှည့်နေပြီ ညီမလေး (သစ်ကောင်း...
- စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး (သစ်ေ...
- မဲဆောက်တောင်ခြေ (သစ်ကောင်းအိမ်)
- သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက် (သစ်...
- ဗျာဒိတ် (သစ်ကောင်းအိမ်)
- “စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၆)မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၅)မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၄) မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃)မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂) မျိုးမြင့်ချို
- “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၁)မျိုးမြင့်ချို
- “တောင်းပွဲတိုက်ပွဲနှင့်ခြင်းထဲကကြက်များ” (ဧပြီ ၈။ ...
- ဗိုလ်ဥတ္တမမှသည်ရွှေဝါရောင်ဆီသို့(၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၇)...
- ယူဖရေးတီးစ်နဲ့တိုက်ဂရစ်ကြားက ညပ်နေတဲ့ဖိနပ်တစ်ရံ(၁၂...
-
▼
April
(48)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Friday, April 8, 2011
ဗိုလ်ဥတ္တမမှသည်ရွှေဝါရောင်ဆီသို့(၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၇)မျိုးမြင့်ချို
at
6:04 AM
Posted by
myo
0
comments
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့်နိုင်ငံဖြစ်သည်။ ရဟန်းဦးရေမှာလည်း သိန်းနှင့်ချီ၍ရှိသည်။ ဘုရားစေတီ ပုထိုးကျောင်းကန်များမှာလည်း လက်ညှိုးထိုးမလွဲအောင်ပင်ဖြစ်ပေသည်။ အခြားဗုဒ္ဓဘာသာဝင်များနည်းတူ ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ရာတွင်လည်း မြန်မာလူမျိုးတို့သည် ကိုင်းရှိုင်းလှပေသည်။ လှူရေးတန်းရေးကိစ္စများ ဆိုလျှင်လည်း တမူးရလို့ တပဲလှူဆိုသည့် ဆောင်ပုဒ်ထဲကလိုပင်။ ထိုသို့သောနိုင်ငံတွင် ရဟန်းနှင့်ဒကာ တနည်းဆိုသော် သံဃာနှင့်ပြည်သူတို့၏ အပြန် အလှန်ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်အကျိုးစီးပွားဆောင်ရွက်ပေးမှုတို့ရှိရမည်မှာ ဓမ္မတာပင်ဖြစ်ရလိမ့်မည်။
နိုင်ငံ၏အချုပ်အခြာအာဏာကို စစ်တပ်မှမတရားသိမ်းပိုက်၍ လက်နက်ဖြင့်ဗိုလ်ကျစိုးမိုးအုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျင် အနှစ်လေးဆယ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အခြေအမြစ်မရှိ၊ မဟုတ်မှန်သည့်အကြောင်းများကို ကလိန်စေ့ငြမ်းဆင်ကာ အာဏာ တည်မြဲရေးတခုတည်းအတွက် လုပ်ဆောင်လာခဲ့ခြင်း၏ရလဒ်ကား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းသွတ်သွင်းခံယူ လိုက်ရခြင်း ပင်ဖြစ်တော့သည်။ ပြည်သူတို့ဘဝများ ဆင်းရဲတွင်းနက်သထက်နက်လာနေချိန်ဝယ် စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့်နီးစပ် သည့်အဝန်းဝိုင်းများမှပုဂ္ဂိုလ်များကား တိုင်းပြည်ဘဏ္ဍာများ သယံဇာတများကို ထုတ်ငင်သုံးစွဲရင်း ထားစရာမရှိအောင်ပင် ကျိကျိ တက်ချမ်းသာနေကြသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။
ပြည်သူပြည်သားတို့စီးပွားဥစ္စာချောင်လည်လျင် ရဟန်းသံဃာတို့ ဆွမ်းကွမ်းဖူလုံရုံမျှမက မရှိဆင်းရဲသားတို့ကိုပင် ပြန်လည်ပေး ကမ်းစွန့်ကြဲတတ်ကြသည်မှာလည်း ကြည်ညိုဖွယ်အစဉ်အလာတရပ်ပင်ဖြစ်ပေသည်။ သံဃာတော်များအေးချမ်းစွာ တရားဓမ္မ ရှာဖွေကျင့်ကြံ အားထုတ်နိုင်သဖြင့်လည်း ဘာသာသာသနာအတွက်ကြီးစွာသော အကျိုးဖြစ်ထွန်းမှုများရရှိကြပေသည်။ သို့သော် ပြည်သူပြည်သားများ ဆင်းရဲနွမ်းပါးလာပြီဆိုပါမူ လှူချင်တန်းချင်ပါလျက်က စိတ်ရှိသလောက် မလှူနိုင်မတန်းနိုင်တော့ သဖြင့် ဒကာဒကာမတို့မှာကြီးစွာသော စိတ်ဆင်းရဲမှုမျိုးနှင့်ကြုံရတော့သည်။ ရဟန်းသံဃာတို့လည်း ဆွမ်းကွမ်းပါးရှားနွမ်းပါး ရတော့သည်။ ရသမျှလေးဖြင့် ခြိုးခြံနေရတော့သည်။ ရဟန်းသံဃာတို့လည်း ပြည်သူပြည်သားတို့၏ ဘဝကိုကြည့်ကာ နှလုံး စိတ်ဝမ်းမချမ်းမြေ့နိုင်တော့။ သာသနာတော်အတွက်မကောင်းလှ။ ထိုအခါမျိုးတွင် ပြည်သူတို့၏အရေးသည် ရဟန်းတို့အရေး၊ သံဃာ့အရေး၊ သာသနာ့အရေးဖြစ်လာတော့သည်။
အာဏာလက်ဝယ်ရှိသူတို့က ရဟန်းတို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် မည်သို့ပင်တားမြစ်ကန့် သတ်စေကာမူ မြန်မာနိုင်ငံတွင် ပြည်သူတို့၏အရေးအရာကိစ္စရပ်များ၌ ရဟန်းတော်တို့ပါဝင်ခဲ့ကြသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါချေ။ သမဏိ ရှည်လျားလှသည့် သမိုင်းကြောင်းနောက်ခံများ အထင်အရှားရှိပါသည်။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စလင်းနယ်မှ ဦးဥတ္တမဆိုသည့် ရဟန်းလူထွက်တဦးက လူ(၃ဝဝဝ) ခန့် စုဆောင်းပြီး နယ်ချဲ့တို့ အား တော်လှန်ပုန်ကန်ရန် မန္တလေးသို့ချီတက်ခဲ့သည်။ သို့သော် ထိုပုန်ကန်မှုမှာအရေးနိမ့်ခဲ့ရပြီး ဗိုလ်ဥတ္တမလည်း ကြိုးပေးကွပ် မျက်ခြင်းခံခဲ့ရသည်။ ရဟန်းတော်တို့တွင် သူ့အသက်မသတ်ရဟူသည့်(ပါဏာတိပါတာ) ကံကို စောင့်ထိန်းရသည့်အတွက် လက်နက်ကိုင်တော်လှန်ပုန်ကန်မည်ဆိုလျှင် လူဝတ်လဲပြီးမှသာ ဆောင်ရွက်ကြရပါသည်။ မြန်မာနိုင်ငံနယ်ချဲ့သမားတို့ လက်အောက်တွင်ရှိစဉ် ဗြိတိသျှတို့အား မြန်မာတို့အလေးအမြတ်ပြုရာအရပ်များဖြစ်သည့် ဘုရားစေတီ၊ ကျောင်းကန်များသို့ ဝင်ရောက်သည့်အခါ ဖိနပ်မချွတ်ဘဲတက်ရောက်ခြင်းကို ကန့်ကွက်ဆန့်ကျင်မှုများဖြစ်ခဲ့ကြ၏။
၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ဘုရားပေါ်သို့ ဖိနပ်မချွတ်ဘဲတက်လာကြသည့် ဗြိတိသျှလူမျိုးအချို့အား ရဟန်းတော်တို့ က မောင်းနှင်ထုတ်ရန်ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုတခုဖြစ်ခဲ့၏။ ထို သံဃာစု၏ခေါင်းဆောင်မှာ နောင်တွင် အာဇာနည် ဆရာတော်ဦးဝိစာရအဖြစ် တိုင်းပြည်ကအသိအမှတ်ပြုရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်အား ဗြိတိသျှတို့ကဖမ်းဆီးပြီးနောက် လူသတ်ရန် ကြံစည်သည်ဟုဆိုကာ ထောင်ဒဏ်တသက်တကျွန်းချပစ်လိုက်၏။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ မြန်မာပြည်တဝှမ်း လူထုစည်းဝေးပွဲကြီးများဖြစ်ခဲ့သည်။ လူထု၏ နိုင်ငံရေးအမြင်ကိုနှိုးဆွပေးလိုက် သကဲ့သို့ဖြစ်သွားစေ၏။ ထောင်သွင်းအကျဉ်းချခံ လိုက်ရသည့် ဆရာတော်အား ထောင်တွင်း၌သင်္ကန်းဝတ်ခွင့်မပြု။ ထို့ကြောင့် ဆရာတော်သည် သင်္ကန်းဝတ်ခွင့်ရရေးအတွက် (၁၁၆) ရက်ကြာ တဦးတည်း အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အာဇာနည်ပီသစွာ သက်တော်ကိုစွန့်လွှတ်ခဲ့ သည်။ လွတ်လပ်ရေးရပြီးနောက် အာဇာနည်ဆရာတော်၏ ဂုဏ်ကျေးဇူးကို နှောင်းလူတို့သတိရစေရန် ရည်ရွယ်၍ ကျောက် တိုင်ပေါ်တွင် ရုပ်တုကိုထွင်းထုကာ ထိုကျောက်တိုင်ရှိရာလမ်းကိုလည်း ဦးဝိစာရလမ်းဟု ခေါ်တွင်စေခဲ့၏။ အလားတူပင် ရခိုင်ပြည်နယ်မှ လူအများကြည်ညိုကိုးကွယ်သည့် နိုင်ငံတကာအတွေ့အကြုံများစွာရှိသည့် ဆရာတော်ဦးဥတ္တမ ကိုယ်တော်မှာ လည်း သူ၏ ကိုလိုနီဆန့်ကျင်ရေး ရဲရဲတောက်မိန့်ခွန်းများကြောင့် အကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပြန်သည်။ ဆရာတော်က ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်အား “ဆာရက်ဂျီနယ်ကရက်ဒေါက်ပြန်သွား”ဟု မိန့်ခွန်းပြောကာ ဘုရင်ခံအား မောင်းထုတ်ဝံ့ခဲ့သူ ဖြစ်သည်။
ဗိုလ်ဥတ္တမ၊ ဦးဝိစာရ၊ ဦးဥတ္တမစသည့် ဆရာတော်များကဲ့သို့ပင် အခြားသော ရဟန်းတော်ပေါင်းများစွာတို့သည် နယ်ချဲ့ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်တွင် ပြည်သူတို့ဘက်မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ထိုရဟန်းတော်တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရေးစရာ အကြောင်းအရာ အချက်အလက်ပေါင်း မြောက်မြားစွာရှိမည်ဖြစ်ပါသည်။ ထို့အတူ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမို ကရေစီရေး လူထုလှုပ်ရှားမှုကြီးတွင်လည်း ရဟန်းတော်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့ကြသည်မှာ အထင်အရှားဖြစ် သည်။ သွေးမြေကျ သက်တော်စွန့်ခဲ့ရသည့် ရဟန်းတော်များမှာလည်း များလှသည်။ ထိုလှုပ်ရှားမှုထဲတွင် ပါဝင်ခဲ့သဖြင့် ယခုတိုင် ထောင်သွင်းအကျဉ်းချခံနေရဆဲ သံဃာတော်ဦးရေမှာ မနည်းလှချေ။
လောကဓာတ်ကျောင်း (အစိုးရစာသင်ကျောင်း) များမပေါ်ခင်ကတည်းကပင် မြန်မာဘုန်းတော်ကြီးကျောင်းများမှာ မြန်မာတို့ အတွက် လောကီလောကုတ္တရာ စာပေပရိယတ္တိ လေ့လာဆည်းပူးရာနေရာဖြစ်ခဲ့သည်မှာ ပြောစရာပင်လိုမည်မထင်ပါ။ စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့်အမိန့်အမျိုးမျိုးသုံးကာ အချို့အချို့သော နိုင်ငံရေးအဖွဲ့အစည်းတို့အား ဥပဒေဘောင်တွင်းမှ လွင့်စဉ်ထွက်သွားအောင်လုပ်ပစ်ခဲ့သည်။ ဥပဒေဘောင်တွင်း နိုင်ငံရေးလုပ်ခွင့်မရကြရှာသည့် အဖွဲ့အစည်းတို့သည် မလွှဲ မရှောင်သာ လျှို့ဝှက်နိုင်ငံရေး (မြေအောက်လုပ်ငန်း) အသွင်ပြောင်းလိုက်ကြရတော့သည်။ ထိုရောအခါ သက်ဆိုင်ရာ ရဟန်းတော်တို့၏ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့ အတွက် လျှို့ဝှက်လှုပ်ရှားသူများအဖို့ လုံခြုံစွာယာယီပုန်းခိုရာနေရာများလည်းဖြစ်နေပြန်သည်။ ကျေးဇူးကြီးလှ၏။
ယခု များမကြာမီက သံဃာတော်များဦဆောင်ကာ မေတ္တာသုတ် မောရသုတ်များရွတ်ဆိုလျက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ များ ဖြစ်ခဲ့သည်။ လူထုသိန်းနှင့်ချီကာ ထောက်ခံပါဝင်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် သမိုင်းတွင်မည့်ထူးခြားချက်တရပ်အဖြစ် မှတ်တမ်းတင်ရပေလိမ့်မည်မှာမလွဲပေ။ စစ်အစိုးက အကြမ်းဖက်ဖြိုခွဲခဲ့သော်လည်း ထိုလှုပ်ရှားမှုကား အကင်းသေသွားမည့်အနာ မဟုတ်။ ပြည်သူတို့ရင်ထဲမှအနာကား သည်းသထက်သည်းသွားလေပြီ။ တိုင်းတပါးသား ဘာသာခြားတို့အုပ်ချုပ်စဉ်ကပင် ယခုလောက်ကြမ်း ကြုတ်ရက်စက်စွာမပြုမူခဲ့။ ရဟန်းကို၊ သံဃာကို၊ သာသနာကိုစော်ကားလိုက်ခြင်း။ လူထု၏ဆင်းရဲဒုက္ခကိုမျက်ကွယ်ပြု လျစ်လျူရှူမနေနိုင်အားသည့် ရဟန်းတော်တို့၏ကျေးဇူးကား အတိုင်းအဆမရှိကြီးလှ၏။
ဗုဒ္ဓဘုရားသခင်သည် သူ့အားရန်မက်ပြုတိုက်ခိုက်လာသူအပေါင်းအား အနန္တမေတ္တာတရားဖြင့် နှိမ်နင်းအောင်မြင်နိုင်ခဲ့၏။ ထိုမေတ္တာရှင်ဗုဒ္ဓက လူသားအားလုံးအကျိုးအလို့ငှာထားရစ်ခဲ့သော ဓမ္မနှင့် သာသနာတော်တည်တံ့ပြန့်ပွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိစေရန် ရဟန်းတော်များ၏အစုအစည်းအဖြစ် သံဃာကိုထူထောင်ခဲ့၏။ သံဃာ့အစည်းအရုံးဝင် ရဟန်းတော်များက ထိုဓမ္မနှင့် သာသနာကို အစဉ်အဆက်စောင့်ရှောက်ထိန်းသိမ်းနေကြ၏။ ယခုကား သာသနာကိုစော်ကား၊ သံဃာကိုသင်းခွဲသည့် စစ်အာဏာရှင်တို့၏ အဓမ္မဓားသွားအောက်တွင် ဓမ္မသည်၊ သံဃာသည်၊ ရဟန်းသည် သွေးစွန်းပွက်အံနှိမ်နင်းခံရလေပြီ။ မည်သို့ပင်ဆိုစေ မေတ္တာတရားသည် အမုန်းတရားအားအောင်ပွဲခံရ ပေလိမ့်မည်။ ဓမ္မသည် အဓမ္မအား အောင်ပွဲခံရပေလိမ့်မည်။
ဤဆောင်းပါးဖြင့် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ ပေးဆပ်ခဲ့ကြသော ပေးဆပ်နေကြဆဲဖြစ်သော သံဃာတော်အပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
သံဃံသရဏံ ဂစ္ဆာမိပါဘုရား။
မျိုးမြင့်ချို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment