Wednesday, April 20, 2011

စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး (သစ်ကောင်းအိမ်)

0 comments
Tuesday, October 30, 2007


ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်

သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်

ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး

ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ

နောက်ကျောက ဓားနဲ့
ကျောခိုင်း ရပ်ခဲ့တယ်

အနီးကြီး နီးဖို့
အဝေးကြီး အဝေးကြီး ဝေးခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

0 comments:

Post a Comment