Monday, October 27, 2014

ကိုပါကြီးနဲ့ပတ်သက်လို့ပြောခဲ့တာတွေ-၂(မျိုးမြင့်ချို)

0 comments
ကိုပါကြီးနဲ့ပတ်သက်လို့ပြောခဲ့တာတွေ-၂(မျိုးမြင့်ချို)
(ပါကြီး သေတာ မဟုတ်ဘူး)
ပါကြီး
သေဆုံးတာမဟုတ်ဘူး။
အသတ်....ခံရတာ။
အသတ်ခံ....ရတာ။
အသတ်ခံရတာ။

ကျနော်ပြောနေတာမှာ ကိုပါကြီးချီးမွမ်းခန်းတစိုးတစေ့မျှမပါသလို
လူချင်း ရင်း/မရင်းတွေလည်းမပါပါ။
ပုဂ္ဂလသူ့ဘဝအကြောင်း မပါပါ။
ပါစရာလည်းမလိုပါ။

သူ့အကြောင်း
ကျနော်သိသလောက်ပြောရရင်
ကိုပါကြီးဟာ
ခင်ဗျားလို
ကျနော့်လို လူပါ
လူတစ်ယောက်ဖြစ်တဲ့ကိုပါကြီးဟာ
လူတစ်ယောက်ထက်ပိုပြီး မမြင့်မြတ် မယုတ်ညံ့ပါ။
လူတစ်ယောက်ထက်ပို မဖြူစင် မညစ်နွမ်းပါ။
လူတစ်ယောက်ထက်ပို မတော်ပါ မညံ့ပါ။
လူတစ်ယောက်ထက်ပို အထက်တန်းမကျ အောက်တန်းမကျပါ။
လူတစ်ယောက်ထက်ပို မမှန်ပါ မမှားပါ။
လူတစ်ယောက်ထက်ပို မကောင်းပါ မဆိုးပါ။
လူတစ်ယောက်ထက်ပို မကောက်ကျစ်ပါ မဖြောင့်မတ်ပါ။
လူတစ်ယောက်ထက်ပို မရိုးသားပါ မဖြူစင်ပါ။
လူတစ်ယောက်ထက် ပိုတာလိုတာ ဘာမှမရှိတဲ့လူပါ။

တခုပဲ
နိုင်ငံရေးနောက်ခံရှိတဲ့
စစ်ပွဲဆီကိုယ်တိုင်သွားသတင်းယူတဲ့
ဘယ်သူမှမခန့်တဲ့
လူထုသတင်းသမားပဲ။

(ကိုပါကြီးနိုင်ငံရေး)
ကိုပါကြီးကိစ္စတောင်းဆိုကြတာမှာ စစ်တပ်ကကျူးလွန်တဲ့အမှုကို စီရင်ပိုင်ခွင့်အာဏာဟာ ကာချုပ်လက်ထဲမှာ(တနည်းပြောရရင် စစ်တပ်လက်ထဲမှာ)ဆိုတာ သတိရှိကြမှာပါ။ ဘယ်လိုအမှုမျိုး(ရာဇဝတ်မှုအကြီးအသေး)ကို အရပ်ဘက်တရားရုံး (နယ်ဘက်တရားစီရင်ခွင့်)အောက်ထည့်ထားသလဲ လွှဲပေးသလဲဆိုတာလည်း သေချာသိမှဖြစ်မယ်။ ဒါကလည်း နိုင်ငံရေးသမားတွေကတရားမျှတမှုတို့ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူပေးဖို့တို့ ဥပဒေကြောင်းအရတို့ တရားဥပဒေစိုမိုးရေးတို့စတဲ့စကားတွေပြောနေလို့သာ ဝင်ပြောရတာပါ။
တကယ်က ဒါဟာ နိုင်ငံရေးပါ။ နိုင်ငံရေးအရ နိုင်ငံရေးစကားပဲ ပြောရမယ်မြင်ပါတယ်။ ဒါ လူသတ်အလောင်းဖျောက်တဲ့ သာမန်ရာဇဝတ်မှုအကြီးစားတခုအဖြစ်လောက်ပဲကွက်မြင်တယ်ဆို စစ်အုပ်စုနှစ်ခြိုက်မှာပါ။ သူတို့အကြိုက် ကြိုက်လုံးပစ်သလိုနေမှာပါ။ ဗိုလ်သိန်းစိန်အစိုးရကလည်း အဲ့ဒီဂွင်ထဲပဲဝင်သွားစေချင်မှာပါ။ ရာဇဝတ်မှုလောက်လို့မြင်တာကို သူတို့သိတ်ကြိုက်မှာသေချာပါတယ်။ ဥပဒေသမား (ရှေ့နေရှေ့ရပ်)စတာတွေက ဥပဒေစကားပြောပြီး ဥပဒေတွင်းကသွားတာ သူတို့အလုပ်ပါ သူတို့ကိစ္စပါ။
နိုင်ငံရေးသမားက လူထုဘက်ကရပ်ပြီး နိုင်ငံရေးအရ မူရှိရှိ ရပ်ခံချက်ရှိရှိ ရှင်းရှင်းလင်းလင်းပြောမှရပါမယ်။ အဲ့သလိုမဟုတ်ပဲ ရာဇဝတ်မှုနဲ့နိုင်ငံရေးပြသနာကို ပြည်သူတွေကြား ဘူးလုံးနားမထွင်းဖြစ်အောင်လုပ်ကြတယ်ဆို ဘာနဲ့တူသလဲဆိုတော့ (ကျနော်တို့အမှုတွဲထဲကတယောက် ထောင်ချခါနီး စစ်ခုံရုံးက စစ်ဗိုလ်ကမေးတယ် အပြစ်ရှိလား မရှိဘူးလားဆိုပြီး။ ဒီတော့ အမှုတွဲကဖြေတယ် ဥပဒေအရအပြစ်ရှိပါတယ်။ နိုင်ငံရေးအရတော့ အပြစ်မရှိပါ)ဆိုပြီး။
ခုလည်း ဒီကိစ္စကို လူသတ်အလောင်းဖျောက်တဲ့ရာဇဝတ်မှုအထိပဲမြင်ပြတာဆိုဥပဒေအရအပြစ်ရှိပါတယ် နိုင်ငံရေးအရတော့ မရှိဆိုတာမှာ အဆုံးသတ်သွားမှာပါ။ နောင်တော့ ဖြည်ဖြည်ဖြန့်ဖြန့်လေးရေးပါဦးမယ်။

(ကိုပါကြီးအကြောင်း ဘာ့ကြောင့်ပြော
ကိုပါကြီးကိစ္စကြ တရစပ်ပြောပြီး
ဆရာအောင်သင်းသေတာကြ
ပါးစပ်မဟပါလားဆိုလို့။
ဦးအောင်သင်းကဘဝကိုဝအောင်နေပြီးသဘာဝအရသေသွားတာ
ပါကြီးက
ဘဝ မဝရေစာနဲ့
အသတ်ခံရတာ
သေတာနဲ့အသတ်ခံရတာ
အဲ့ဒါခြားနားတယ်
ယောက်လုံး
လောကချမ်းသာရှိစေချင်တာမှာ တူမယ်
တန်ဖိုးရှိတာမှာ တူမယ်
ကျနော့်ကရုဏာက

အသတ်ခံရသူအပေါ် ပိုတယ်

0 comments:

Post a Comment