(ကညွှတ်ကွင်းအိမ်ပြေး
၁၄) ခနနေတော့ အမေခက ဒယ်အိုးအဖုံးကိုဖွင့် ဆားမြည်းပါသည်။
အနေတော်ဘဲပြောပြီး ဒယ်အိုးကိုင်း ၂ ဘက်ကို လက် ၂ ဘက်နှင့်ကိုင်ကာ
လှုပ်ပေးလှည့်ပေးပါသည်။ မမွှေပါ။ ဒယ်အိုးကိုပြန်အုပ်ရင်း နင့်အဖေက
ဒန်အိုးနဲ့ချက်တဲ့ထမင်းဆို ဘယ်တော့မှ မစားဘူး။
မြေအိုးနဲ့ချက်တာဘဲစားတယ်ဟုပြောကာ မြေအိုးထဲဆန်ထည့်၊ ဆန်ဆေးပြီး
မြေအိုးအဖုံးလေးပိတ်ကာ ငါးနုသန်းဟင်း ဆီအပြန်ကိုစောင့်နေပါသည်။
ပြီးတော့မှ လူလေး အဖေအမေတွေက ဘာလုပ်ကြလဲ။ လူလေးမှာ
ညီအကိုမောင်နှမတွေရှိလားဟု မေးပါသည်။ ကျနော်လည်း အမှန်တဝက် မုသားတဝက်နှင့်...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2017
(92)
-
▼
July
(17)
- ကညွှတ်ကွင်းအိမ်ပြေး၁၄(မျိုးမြင့်ချို)
- (ကညွှတ်ကွင်းအိမ်ပြေး ၁၃) မျိုးမြင့်ချို
- (ကညွှတ်ကွင်းအိမ်ပြေး ၁၂) မျိုးမြင့်ချို
- ကညွှတ်ကွင်းအိမ်ပြေး ၁၁(မျိုးမြင့်ချို)
- ကညွှတ်ကွင်းအိမ်ပြေး ၁၀(မျိုးမြင့်ချို)
- န.က.သ မျက်နှာဖုံးကိုခွာချခြင်း။ ကိုမော်(ရန်ကုန်တက္က...
- ဗကသ အမှတ်အသား ကိုဗဟိန်း (၀င်းအောင်ကြီး)
- ရဲဘော်ဘဟိန်းအကြေင်း(ဗိုလ်ကြင်မောင်)
- ကညွှတ်ကွင်းအိမ်ပြေး ၉(မျိုးမြင့်ချို)
- ကညွှတ်ကွင်းအိမ်ပြေး ၈(မျိုးမြင့်ချို)
- ကညွှတ်ကွင်းအိမ်ပြေး ၇(မျိုးမြင့်ချို)
- ခြေခွင်ဘားလားစန်းမင်း(မျိုးမြင့်ချို)
- မျောက်လိုလိုအကောင်(မျိုးမြင့်ချို)
- ကညွှတ်ကွင်းအိမ်ပြေး ၆ (မျိုးမြင့်ချို)
- စစ်သားချင်းမှားတာ(မျိုးမြင့်ချို)
- မယုံရမနေနိုင်(မျိုးမြင့်ချို)
- ဖြစ်ချစ်တိုင်း....(မျိုးမြင့်ချို)
-
▼
July
(17)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Tuesday, July 18, 2017
(ကညွှတ်ကွင်းအိမ်ပြေး ၁၃) မျိုးမြင့်ချို


(ကညွှတ်ကွင်းအိမ်ပြေး
၁၃) အဖေ ကိုဖိုးထောင်ကို သစ်သားကုတင်ကြမ်းကြီးပေါ်မတင် ခေါင်းအုံးခုပေး
စောင်လွှမ်းပေး ခြင်ထောင်ချပေးတွေကိုလုပ်နေသည့် အမေခမျက်နှာသည်
ကြေနပ်ကြည်နူးနေသလိုဟု ကျနော်ထင်ပါသည်။
ပြီးမှ လာသား
မီးဖိုခန်းသွားရအောင်ဟုပြောကာ ကျနော့်လက်ကိုဆွဲပြီး
ကြမ်းပြင်ပေါ်ထိုင်စားရသည့် ထမင်းစား စားပွဲဝိုင်းတွင်ထိုင်ခိုင်းပါသည်။
ဖင်ထိုင်ခုံလေးတလုံးလည်း ဖင်အောက်ခုထိုင်ပေးပါသည်။
မီးဖိုပေါ်မှ
အဖေကိုဖိုးထောင်ချက်ခဲ့သည့်လယ်ပုဇွန်လုံးဟင်းမှာ
အရည်ခမ်းသလောက်ဖြစ်နေပါသည်။ အိုးအဖုံးဖွင့် ခပ်မြည်းကြည့်ပြီး၊...
(ကညွှတ်ကွင်းအိမ်ပြေး ၁၂) မျိုးမြင့်ချို


(ကညွှတ်ကွင်းအိမ်ပြေး ၁၂) ခနနေတော့ အမေရေချိုးပြီးပြန်လာပါသည်း။
သူ့အခန်းထဲဝင်သွားပြီး ဆယ်မိနစ်လောက်ကြာတော့ပြန်ထွက်လာပါသည်။ လူလေး
ဘာစားမလဲဟုမေးရင်း ကဖိုးထောင် ကဖိုးထောင်ဟုခေါ်ကာ အဖေ့အနားသွားပါသည်။
ထိုအချိန်တွင် အဖေ ကိုဖိုးထောင်သည် ခေါင်းမထူနိုင်တော့ပါ။ အမေခက သားကြီး
နင့်အဖေကို အခန်းထဲသွင်းရအောင်ဆိုသဖြင့် အမေခနှင့်အတူ အဖေကိုဖိုးထောင်၏
မူးပြီးသတိလစ်နေသောကိုယ်အား အပုတ်ကောင်လင်းဒဆွဲသလို ဆွဲသွင်းရပါသည်။ အဖေကား
နတ်ပြည်ရောက်နေပါပြီ။ သို့သော် ပါးစပ်မှ မိခ မိခ ဟုအော်နေပါသည်။ အမေခကလည်း
ထိုသို့အော်နေသည်ကို...
ကညွှတ်ကွင်းအိမ်ပြေး ၁၁(မျိုးမြင့်ချို)


အမေခ ရေချိုးနေတုန်း မီးဖိုပေါ်ကရေနွေးအိုးမှာ
ကျွက်ကျွက်ဆူပါသည်။ ကျနော်လည်လည်း ဘာလုပ်ရမှန်းမသိသဖြင့် အဖေ
ကိုဖိုးထောင်အား အဖေ့ ထကြည့်ပါဦး ရေနွေးတွေဆူနေပြီဟု နှိုးရင်းပြောပါသည်။
အဖေက အိပ်မှုံစုံမွှား အမူးတရူးနှင့်ထပြီး အိုကေအိုကေဟုပြောကာ သူ ခုနှင့်က
ထုထောင်းထားသည့် ဂဏန်းတွေ ငရုပ်သီးတွေကိုရေနွေးထဲထည့်ပါသည်။ ပြီးတော့
ဆနွင်းမှုန့်တွေ ဆားတွေ အချိုမှုန့်တွေပါထပ်ထည့်ပါသည်။ ပြီးတော့ ဆီနည်းနည်း
လောင်းထည့်ပြီး ဒါ စားလို့သိတ်ကောင်းတာကွ သားကြီးရဟုပြောကာ အရက်တွေ
တခွက်ပြီး တခွက်သောက်ပါသည်။
သားကြီး မင်း ရည်းစားထားဖူးလားဟု...
ကညွှတ်ကွင်းအိမ်ပြေး ၁၀(မျိုးမြင့်ချို)


အဖေ ဒီမှာ အရက်ဟုပြောလိုက်တော့ အေးဟုဆိုကာ
ရေနွေးကြမ်းပန်းကန်လုံးထဲ အပြည့်နီးနီး ငှဲ့ချကာ တမော့တည်းမော့ပါသည်။
ပြီးတော့ အဖေ ပင်ပမ်းတယ်ကွာ ဟုပြောပါသည်။ အဖေ ရေချိုးလိုက်လေဟု
ကျနော်ကပြောတော့ ခုနေရေချိုးရင် အပူရှပ်တတ်တယ်ကွဟုပြောပါသည်။
အပူရှပ်တတ်တယ်ဆိုသည်မှာ ဘာမှန်း ကျနော်မသိသော်လည်း
မကောင်းသည့်ကိစ္စဟုတော့ထင်ပါသည်။
ထိုအချိန်တွင် အမေပြန်လာပါသည်။ အဖေ
ကိုဖိုးထောင် မူးနေပါပြီ။ ကွန်ထိုးတော့မပျက်ပါ။ သားကြီး
ဂဏန်းလုံးကင်ကွာဟုပြောရင်း ဂဏန်းအရှင်လတ်လတ်တွေကို ကျောမှဆွဲဆွဲခွာပါသည်။
ကျနော် မကြည့်ရက်သဖြင့်...
န.က.သ မျက်နှာဖုံးကိုခွာချခြင်း။ ကိုမော်(ရန်ကုန်တက္ကသိုလ်)


မိုးကျရွှေကိုယ်တွေ ခေတ်စား လက်ဝါးကြီးအုပ်နေတဲ့ကာလထဲမှာ မကြာခင်သေးမှီကပဲ န.က.သ ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းပေါ်လာတာတွေ့ရတယ်။ သူတို့လည်း မိုးကျရွှေကိုယ်ပဲ။ အချိန်တိုအတွင်းမှာ
သိန်းပေါင်းများစွာအကုန်ကျခံတဲ့ပွဲကြီးတွေ ကျင်းပခဲ့တယ်။
အချိန်တိုအတွင်းမှာ အစိုးရက ချက်ချင်းခေါ်တွေ့ ချက်ချင်းဆိုသလို
အကူအညီတွေပေးနဲ့။ သူတို့ မြစ်ဖျားခံရာကလည်း အင်မတန်မှ အစဉ်အလာကြီးမားတဲ့
လူတွေဆီကပဲ။ ဘယ်နေရာမှာ အစဉ်အလာကြီးမားတာလည်း မေးရင်
သူမတူအာင်ဖောက်ပြန်တဲ့နေရာမှာ အစဉ်အလာကြီးမားတာပဲ။ ဥပမာ-စည်သူမောင်၊
ရှစ်ပူးက ကိုကိုကြီး။...
ဗကသ အမှတ်အသား ကိုဗဟိန်း (၀င်းအောင်ကြီး)


ကျနော်တွေးမိသလို ရေးပါမည် (၂၇၀)
အာဏာနှင့်ပုဂ္ဂိုလ်ရေးရှုပ်ထွေး အငြိုးကြီးအာဃာတထား မြန်မာ့နိုင်ရေးသမားများကြား ရှားရှားပါးပါး သူသာအရှင်နေပါလျှင်---ဟူသောအတွေးနှင့်-- (၁)
၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာပြီးနောက် တကသမှခင်မင်ရင်းနှီးသော ရဲဘော်တို့အကြောင်း ရေးသောအခါ၊ ယနေ့လူငယ်စာဖတ်သူများ
နားလည်သဘောပေါက်စေရန် နောက်ခံသမိုင်းကိုလည်း ထည့်သွင်းရေးသားပေးရ၏။ ထိုအခါ
လူအကြောင်းမည်ရွေ့ နောက်ခံသမိုင်းကမည်မျှဆိုသည်ကို ချိန်ဆရသည်မှာ
ခပ်ခက်ခက်။ ကျွန်တော်သည် Professional Writer ဖြစ်သည်နှင့်အညီ
အကျိုးသင့်အကြောင်းသင့်...
ရဲဘော်ဘဟိန်းအကြေင်း(ဗိုလ်ကြင်မောင်)


ရဲဘော်ဗဟိန်းအကြောင်း
ရဲဘော်ကြင်မောင် ရှင်းလင်းချက်
စစ်ကိုင်းရဲ့ပထဝီအနေအထား
စစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။
ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့
စစ်ကိုင်း အရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။
စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက် မျက်နှာချင်းဆိုင်။
အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်မာင်လေး (ဗိုလ်ခင်မောင်လေး) နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းက ကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က...
ကညွှတ်ကွင်းအိမ်ပြေး ၉(မျိုးမြင့်ချို)


(ကညွှတ်ကွင်းအိမ်ပြေး ၉) ထိုအချိန်တွင် အဖေ ကဖိုးထောင်
အိမ်ပြန်ရောက်လာပါသည်၊ သားကြီး မင်းအမေရောဟုမေးရာ
နွားနို့သွားသွင်းမယ်ပြောတယ်အဖေဟုဆိုတော့ အဖေ ငမြွေထိုးတွေရော
ငါးမြွေနဂါးတွေရော ရခဲ့တယ်။
ငါးမြွေနဂါးဆိုသည်မှာ
ဘေးတွင်အစင်းကြားကြီးတွေပါ၍ ငါးမြွေထိုးထက် ကြီးလည်းပိုကြီး
ဆူလည်းပိုဆူဖြိုးသည့် ငါးမြွေထိုးအကြီးစားကြီးများဖြစ်ပါသည်။ သူတို့အသားကို
ကိုက်စားလျင် ပါးစပ်ထဲ ကပ်စေး၍နေပါသည်။ ချိုလည်းအလွန်ချိုပါသည်။
စေးစေးပိုင်ပိုင်လည်းရှိပါသည်။ ကျန်တာတွေတော့ မင့်အမေပြန်လာမှ
လုပ်လိမ့်မယ်။ ခုလောလောဆယ် တို့သားအဖ...
ကညွှတ်ကွင်းအိမ်ပြေး ၈(မျိုးမြင့်ချို)


(ကညွှတ်ကွင်းအိမ်ပြေး ၈) ထိုနေ့က တနေ့လုံး အမေခနှင့် အိမ်မှာနေရပါသည်။
အမေခသည် နွားနို့ညှစ်တတ်ပါသည်။ ကျနော့်ဘဝတွင် နွားနို့ညှစ်သည်ကို တခါမှ
ခုလောက် စေ့ငုသေချာ အနီးကပ်မကြည့်ဖူးပါ။ ဒူးနှစ်လုံးကြားတွင်
ဘာလီပုံးကိုခံလျက် လက်ကို ရေဆွတ်ဆွတ်ပြီး နွားမကြီး၏နို့အုံကို ဗြတ်ဗြတ်
ဗြတ်ဗြတ်နှင့်ရိုက်လျက် နို့သီးတံတွေကို ဆွဲဆွဲချလျက် ဗြူးကနဲဗြူးကနဲ
နွားနို့တွေ့ထွက်ကျလာအောင် လုပ်သည်မှာ အံ့စရာကြီးဖြစ်နေပါသည်။
နို့ညှစ်နေရင်းက လူလေး အမေပြီးရင် ကျိုတိုက်မယ်သိလား။ ဒါ နွားနို့အစစ်ဘဲ။
ရေမရောဘူးဟုပြောပါသည်။ ရေသည် ဘယ်ထဲသွားရောမှန်း...
ကညွှတ်ကွင်းအိမ်ပြေး ၇(မျိုးမြင့်ချို)


(ကညွှတ်ကွင်းအိမ်ပြေး ၇) ကျနော် အိပ်မက်ထဲတွင် ရှူးရှူးပေါက်ပေါက်ပါသည်။
အပြင်တွင်တကယ်မပေါက်ပါ။ ဆီးအိမ်တင်းပြီး ရှူရှူးပေါက်ချင်တာမျိုးဖြစ်ပါသည်။
ရန်ကုန်က ကျနော့်အိမ်တွင် ရှူရှူး ဘယ်နေရာပေါက်မည်မှန်းသိသော်လည်း အမေခတို့
အဖေ ကဖိုးထောင်တို့အိမ်တွင် ဘယ်နားပေါက်ရမည်မှန်းမသိပါ။
သို့နှင့်ငုတ်တုတ်ထိုင်မိသော်လည်း ဘယ်နားသွားပေါက်ရမှန်းမသိပါ။
ထိုအချိန်တွင် အမေခလည်း လွန့်ပြီးနိုးလာလျက် လူလေး အိပ်လေ
မအိပ်ဘူးလားဟုမေးပါသည် အမေ ကျနော် သေးပေါက်ချင်လို့ဟုဆိုတော့ သြော်
သားရယ်ဟုရေရွတ်ကာ လာ ထ အမေလိုက်တည်မယ်ဟုပြောပြီး...
ခြေခွင်ဘားလားစန်းမင်း(မျိုးမြင့်ချို)


တောင်ငူထောင်နေတုန်းက စန်းမင်းဆိုတဲ့ စစ်ပြေးလေးတယောက်နဲ့သိခဲ့ဖူးတယ်။
အသားမဲမဲ အရပ်ပုပု ခြေကလေးကခွင်ခွင်ပေမယ့် ဖင်ပေါ့တယ် ယဉ်ကျေးတယ်။ ဘယ်သူ
ဘာခိုင်းခိုင်း မညည်းမညူ လုပ်ပေးရှာတော့ လူတွေက သူ့ကို ငါးပိကြော်
ငါးခြောက်ကြော်လေးတွေပေးရုံမက ထောင်ဝင်စာလာာတဲ့နေ့ဆို ဟင်းစိုလို့ ခေါ်တဲ့
အိမ်ကချက်ပေးလိုက်တဲ့ အသားဟင်းငါးဟင်းတွေပါ ခေါ်ကျွေးတတ်ကြတယ်။ ကျနော်လည်း
ပါတယ် ဒီကောင့်ကို သနားတဲ့ ခင်တဲ့လူတွေထဲမှာ။
ကျနော့်ကို ကိုကြီးမျိုးက
သူများတွေလို သိတ်မလှုပ်ရှားတော့ ညောင်းမှာပေါ့ ကျနော် နှိပ်ပေးမယ် ဇက်တွေဘာတွေချိုးပေးမယ်ဆိုကာ
...
မျောက်လိုလိုအကောင်(မျိုးမြင့်ချို)


ကျနော်သည် စကားကို ပြေပြေပြစ်ပြစ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သူမဟုတ်ပါ။
တုတ်ထိုးအိုးပေါက်ကောင်ဖြစ်ပါသည်။ စာရေးလျင်လည်း
လိုရင်းအသားပါလျင်ပြီးရောဟုဆိုကာ အနုရသ မပါတာတွေများပါသည်။
သတင်းသမားလိုလားဆိုတော့လည်း မဟုတ်ပါ။ ရသစာပေဖန်တီးသူလားဆိုတော့လည်း
မဟုတ်ပါ။ လအော့လအယ် စာအဖွဲ့အနွဲ့မျိုးဖြစ်ပါသည်။
တခါတလေ စိတ်ထဲရှိတာတွေကို
လက်ကစီးဆင်းသွားရင်း ကီးဘုတ်ခလုပ်တွေကို လျှောက်နှိပ်နေတာမျိုးဖြစ်ပါသည်။
သူ့ဟာသူ ထွက်ချင်တာတွေ ထွက်ကုန်ပါသည်။
တော်သင့်ပြီဟုထင်သည့်အချိန်ရပ်လိုက်ပြီး တိုင်မ်းလိုင်ပေါ်တင်လိုက်ပါသည်။ ထိုရောအခါ...
ကညွှတ်ကွင်းအိမ်ပြေး ၆ (မျိုးမြင့်ချို)


(ကညွှတ်ကွင်းအိမ်ပြေး ၆) ဟဲ့သား နင့်အဖေနိုးပြီနဲ့တူတယ်ဟုပြောရင်း
အမေခသည် အဖေ့ရင်ဘတ်ကိုဖိရင်းပြောပါသည်။ အဖေက မိခ မိခ ဟုသာ ရွတ်နေသော်လည်း
ဘာမှသိပုံမပေါ်ပါ။ ကဖိုးထောင် အခန်းထဲသွားမလား ဒီမှာဘဲအိပ်မလားဟုမေးတော့
ဟင်းဟင်း ဟင်းဟင်းဟုဘဲဖြေပါသည်။ ဒါနှင့်အမေက သားဒီမှာခနနေ
အမေပြန်လာမယ်ဆိုကာ အိပ်ခန်းဘက်ထွက်သွားပါသည်။ ပြန်လာတော့ ခေါင်းအုံး ၂ လုံး
စောင် ၂ ထည်ပိုက်လာပါသည်။ အခင်းစောင်တထည်လည်း ပါလာပါသည်။ အခင်းစောင်ကို
အဖေ ကဖိုးထောင်နားတွင်ဖြန့်ပြီး ဟို့သားအမိက ဒီမှာအိပ်မယ်ဟုပြောရင်း
ကျနော့်ကိုထွေးပွေ့ရင်း သားဗိုက်ဆာသေးလား...
စစ်သားချင်းမှားတာ(မျိုးမြင့်ချို)


အပြင်ထွက်ခါနီး အေးသဖြင့် စစ်ဂျင်းဂျက်ကက်ဝတ်ပါသည်။ ခွေးလေး ၂
ကောင်ကလည်း မလိုက်ရလျှင် အိမ်မီးတင်ရှို့မည့်အတိုင်း လုပ်နေပါသည်။ ဒါနှင့်
ဂျင်းဘောင်းဘီ စစ်ဂျာကင်နှင့် ခွေး ၂ ကောင်တင်ပြီး အရက်ဆိုင်သွားကြပါသည်။
အရက်ဆိုင်ရှေ့ကားရပ်တော့ ဘေးကားက အဖြူမကြီးက ဆင်းချလာပြီး နင့်ခွေးတွေလား
ဘာညာမေးပြီး တံခါးဖွင့်ခိုင်းပြီး ခွေးနမ်းပွဲကြီး ဝှဲချီးကျင်းပပါသည်။
ထို့နောက် ကျနော့်အား ခနလေးဆိုသည့်အထာပြပြီး ဆိုင်ထဲ ဝင်သွားပါသည်။
ကျနော်လည်း ဂျိုင်းထောက်ထုတ် ပိုက်ဆံအိပ်ထုတ် ကားတံခါးသော့ပြန်ပိတ်နှင့်
အလုပ်ရှုပ်နေပါသည်။...
မယုံရမနေနိုင်(မျိုးမြင့်ချို)


ကျနော်တို့သည် မိမိတောင်းဆိုမှု အလိုဆန္ဒ သဘောတူညီမှု ဘာတခုမှမပါဘဲ
လူလာဖြစ်ကြရပါသည်။
ငယ်နုစဉ်က မိဘတို့ဘက်မှ ဝတ္တရားရှိသည့်အတိုင်း
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်တွေနှင့် လူမဖြစ်ဖြစ်အောင် လုပ်ပေးကြသည်မှာ
ချစ်တာလည်းပါသလို မေတ္တာလည်းပါသလို ငါတို့အသက်ကြီးရင်ဆိုသည့်
မျှော်လင့်အားကိုးလိုစိတ်လည်းပါပါသည်။
ကျနော်တို့လူလားမြောက်သည့်အခါ
ကိုယ့်ဘဝကိုယ် ရုန်းရပါတော့သည်။ သူဌေးသားသမီးတွေကတော့ တမျိုးဖြစ်ပါမည်။
ကျနော်တို့ကား ဘဝကိုယ်စီကို လောကထဲပစ်ချရင်း နစ်မွန်းမသေအောင်
အားကုန်ထုတ်ကာ ကူးခပ်ရပါသည်။
ထိုအခါ
အတွေးဝင်ပါသည်။...
ဖြစ်ချစ်တိုင်း....(မျိုးမြင့်ချို)


ဘဝဆိုသည်မှာ သူဖြစ်ချင်သလို ဖြစ်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့်
ကိုဉာဏ်လင်းမှာ စာရေးဆရာနှင့်အယ်ဒီတာဖြစ်နေပါသည်။
ဆူးပုတ် ကင်ပွန်းနှင့်
ကွမ်းခြံလေးစိုက်ကာနေချင်သူမြင့်လွင်မှာ အလှကုန်ဆိုင်ဖွင့်ထားရပါသည်။
စံပယ်တွေ နှင်းဆီတွေ ဒေစီတွေ သစ်ခွတွေချည်းပဲစိုက်ပြီး
ဖေါက်သည်အိမ်လာအဝယ်ကိုစောင့်မယ် အဝီစိတွင်းလေးတတွင်းလည်း
တူးထားမယ်ဟုပြောသော မြတ်သူလည်း အထည်ချုပ်စက်ရုံတွင်
စူပါဗိုက်ဇာဖြစ်နေပါပြီ။
မဟုတ်တာမှန်သမျှ အကုန်လုပ်ကြည့်ချင်သည်ဆိုသည့်
စာရေးဆရာဖြစ်ချင်သည်ဆိုသည့်ကျနော်လည်း စစ်ထဲဝင် ထောင်လေး ၁၅
နှစ်လောက်ကျကာ...
Wednesday, June 14, 2017
လူများ (၁) မျိုးမြင့်ချို


လူများ (၁) ကျနော့်ကို ကျောင်းပြေးတတ်အောင် ပထမဆုံးဆွယ်သူမှာ ပူစူးဖြစ်ပါသည်။
တနေ့သား သူနှင့်ကျနော်ကျောင်းအတူလာရင်း ဟေ့ကောင် ဒီနေ့
ကျောင်းပြေးရအောင်ဟု ဆိုပါသည်။ ကျနော်က ဘာပြန်ဖြေရမှန်းမသိသေးသဖြင့်
ပြေးတော့ပြေးကြည့်ချင်တယ်ကွ။ အေးလေပြေးလေကွာဟု မရေမရာ
ကျနော်ပြောလိုက်ပါသည်။ ကျနော် ကျောင်းလည်း တခါမှမပြေးဖူးပါ။ ထိုအချိန်တွင်
ပြည်အေးကလည်း ကျနော်တို့ရှေ့နားလေးက လျှောက်နေပါသည်။ ဟေ့ကောင် ပြည်အေး
ခနခနဆိုတော့ ငါနဲ့ချစ်တူးကျောင်းပြေးမလို့ မင်းလိုက်မလားဟုမေးပါသည်။
ပြည်အေးသည် တချက်တွေသွားပြီး အေးလိုက်မယ်...
ကညွှတ်ကွင်းအိမ်ပြေး (၅)


ကညွှတ်ကွင်းအိမ်ပြေး (၅) အဖေ ကဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည်
စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ
ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး
ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာနားတွင် ချပေးပါသည်။ ကျနော်က အမေ
အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင်
အန်လို့ရအောင်ပေါ့ဟုပြောပါသည်။
ပြီးတော့မှ အမေထမင်းစားဦးမယ်
သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့အန်ရင် ထူပေးပြီးကျောကို
မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျနော်စားပြီး ဆေးထားသည့်ဇလုံထဲ
ထမင်းကြမ်းခဲသုံးလေးခဲထည့်...
မှုံကြီး (မျိုးမြင့်ချို)


မှုံကြီးတင်ညွန်ု့သည် ဒုတပ်ကြပ်ဖြစ်ပါသည်။ ဂျုတီ ရှိရှိ
မရှိရှိမူးနေတတ်ပါသည်။ ရှေ့တန်းဆိုလည်းကြိုက်သည့်အတန်းပို့ပို့
အေးဆေးသွားပါသည်။ သတ္တိကောင်းသည့် စစ်သားကောင်းတယောက်ဖြစ်ပါသည်။
နောက်တန်းပြန်ရောက်လျင်လည်း တပ်မှူးကစ ဘယ်မအေလိုးမှ လူမထင်သူဖြစ်ပါသည်။
တရက်ကျနော့်ကို ဟေ့ကောင် ငမျိုး ငါ့အခန်းထဲ ညနေကြလာခဲ့ အရက်တလုံးတော့
ဆွဲလာခဲ့ဟု ခေါ်ပါသည်။ ကျနော်တို့လူပျိုရိပ်သာတွင် ခန်းခွဲလေးများမရှိပါ။
သူတို့နေသည် မယ်ဇယ်ပင်ကြီးအောက်က တပ်ကြပ်ကြီးစာရေးတွေနေသည့် အဆောင်တွင်
ခန်းခွဲလေးများရှိပါသည်။ သူသည် တပ်ကြပ်ကြီးစာရေး
...
ကညွှတ်ကွင်းအိမ်ပြေး (၄) မျိုးမြင့်ချို


ကညွှတ်ကွင်းအိမ်ပြေး (၄)
ကျနော်လည်း အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း
ဘာလုပ်ရမှန်းမသိဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ
ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့
ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကိုဆွဲကာ
ထမင်းအိုးထဲကထမင်းတွေခူးခပ် သူပြောသည့် လယ်ပုဇွန်လုံးချက်တွေကော်ထည့်
ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး ဖေကြီးငါးပိထောင်း
ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့်ပြောပါသည်။
ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး...
ကညွှတ်ကွင်းအိမ်ပြေး (၃)


ကညွှတ်ကွင်းအိမ်ပြေး (၃) တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင်
သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက
ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှတ်တတ်နေပြီ လူပျိုပေါက်လေ
ကဖိုးထောင်ဟု ပြောပြီး ကျနော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ်
အမေလဲပေးမယ်ဟုပြောကာ တဲနောက်ခန်းထဲခေါ်ကာ လဲပေးပါသည်။
ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့်ဖြစ်ပါသည်။ ကျနော်
တခါမှမဝတ်ဖူးသည့် အဝတ်အစားများဖြစ်ပါသည်။ အနံ့တွေ့ကလည်း
လူကြီးစော်နံသလိုဖြစ်နေပါသည်။ ဘယ်တုန်းထဲကရထားမှန်းမသိသည့် ဝိုင်အိုလက်ပေါင်ဒါတွေလည်း...
ကညွှတ်ကွင်အိမ်ပြေး (၂) မျိုးမြင့်ချို


ကညွှတ်ကွင်အိမ်ပြေး (၂) ကျနော်လည်း ဒေါ်ခနောက်မှ
ခတ်ရိုရို့လေးအထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်တလုံးဝယ်လာတယ်
သားတယောက်လည်း ရလာတယ်ဟုပြောပြီး အရက်ပုလင်းကိုချပေးရင် ကျနော့်ကို
မေးနှစ်ချက် ဆတ်ပြပါသည်။ သဘောက သူသင်ထားသလိုအဖေလို့ခေါ်လိုက်ခေါ်လိုက်
ဟူသည့်အနက်ပင်ဖြစ်ပါသည်။ ကွန်ကို သဲကြီးမဲကြီးထိုးနေသည့် ဦးဖိုးထောင်က
သည်တော့မှ တချက်မော့ကြည့်ပြီး ဟား ငါ့ကောင်က လူချောဘဲ။ နံမည်ဘယ်လိုခေါ်လဲ၊
ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲတွေမေးရင်း ကျနော်ဘာမှပြန်မဖြေရသေးခင် မိခရေ
ကြောင်အိမ်ထဲမှာ ကြွက်ကြော်ပန်းကန်ရှိတယ်ဟ...
ကညွှတ်ကွင်းအိမ်ပြေး (၁) မျိုးမြင့်ချို


ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည်
သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း
ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှမတော်စပ်ပါ။
သို့သော် ကျနော် အိမ်ပြေးဘဝနှင့် ယောင်လည်လည်ဖြစ်နေချိန်တွင်
ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ်
အသီးအရွက်စုံရှင့်ဟုအော်ရင်း ကျနော့်နားရောက်လာတော့ ငါ့သားကကျောင်းသားလား
ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။
ထိုအချိန်က ကျနော့်လက်ထဲ
ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း
ပြတ်နေပါသည်။...
Thursday, April 13, 2017
ဆု(မျိုးမြင့်ချို)


အရာရာသည် သူ့ဇယားကျအတိုင်း သွားရပါသည်။ ကမ္ဘာလည်း သူ့ကို ဘယ်သူ့မှ
သွားမလှည့်ပဲ ခုထိ လည်နေမြဲပါသည်။ ဤနေရာတွင် သိတ်မသေချာသည်မှာ ကမ္ဘာလည်တာလား
ကျနော်တို့ အလှည့်ခံထားရတာဆိုတာပင်ဖြစ်ပါသည်။ ထားပါတော့ ကမ္ဘာလည်လည်
ကျနော်တို့လည်လည် ပြဿနာတော့သိတ်မရှိပါ။ လည်တော့ လည်နေမှဖြစ်ပါမည်။
အလည်ရပ်နေလျှင် သို့မဟုတ် အလည်ရပ်သွားလျှင် ရှုပ်ထွေးမှုတွေများကာ
ကိစ္စတွေရှိလာပါလိမ့်မည်။ ထိုအခါ လူ့ဆရာတွေက ငါတို့ အစောကြီးထဲကမပြောဘူးလား
ကမ္ဘာပျက်မယ်ဆိုတာကိုဟုဆိုက လက်ခမောင်းတွေခတ်ကြပါလိမ့်မည်။ ထိုလူတွေ
နားမထွင်းဖြစ်နေသည်မှာ ကမ္ဘာပျက်လျှင်...
ကြက်ဆင်ဒုက္ခ(မျိုးမြင့်ချို)


ဒီမနက် အလုပ်သွားတော့ ကားကို အတော်သတိထားမောင်းရပါသည်။ ခုရာသီသည်
ကြက်ဆင်များ အုပ်လိုက်အုပ်လိုက် ထွက်တတ်သလို ငန်းညိုရိုင်းကြီးများလည်း
မိတ်လိုက်ရန် သားပေါက်ရန်ပြန်လာသည့်ကာလဖြစ်ပါသည်။ သမင်တွေလည်း
အထွက်များပါသည်။ ရက်ခွန်းဆိုသည့် ရှည့်အကြီးလိုလို ဝက်ဝံပေါက်စငယ်လိုလို
မျက်ကွင်းညိုကြီးများနှင့်အကောင်လေးတွေလည်း လမ်းပေါ်အလွန်ထွက်သည့်
သမယဖြစ်ပါသည်။ ဒေါင်းတွေလည်း တွန်ကြတောက်ကြပါပြီ။ ရာသီလေးနွေးစပြုလာသဖြင့်
အကောင်ဗလောင်စုံ တောလည်ကြ မျိုးဆက်ရင်သွေးတွေမွေးမြူ ပေါက်ဖွားရင်း
လောကကိုသစ်ဖို့ အသက်ဆက်ကြဖို့...
ပေါက်စီ ငရုပ်ဆီ(မျိုးမြင့်ချို)


ကက်သားပေါက်စီ ၂ လုံးရှိပါသည်။ အမှန်က ခြောက်လုံးပါ လေးလုံးက
စားလို့ကုန်သဖြင့် ၂ လုံးကြွင်းတာဖြစ်ပါသည်။ ပေါက်စီသည် ငြုပ်ဆီနှင့်စားမှ
အရသာပြည့်ပါသည်။ ဒီက ငြုတ်ဆီတွေသည် အက်ဖ်ဒီအေခေါ် အစားအစာဆေးဝါးဌာနက
မီးစိမ်းပြမှထုတ်ရဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်ပြောရပါမည်။ ဗမာပြည်က
ငြုတ်ဆီသည် သူ့ဟာသူ ကျန်းမာရေးနှင့် ညီညွတ်ညွတ်မညွတ်ညွတ် စားလို့အတော်
ခံတွင်းလိုက်ပါသည်။ ဒန်ပန်းကန်ပြားလေးနှင့် မဟုတ်ဘဲ ထုတ်ထိုးကို
တုတ်နှင့်ဘဲထိုးစားရတာကြိုက်သည့် ဝက်သားတုတ်ထိုးစွဲသူတချို့ဆိုလျှင်
ခြင်းတောင်းဘေးက အချဉ်ရည်ပုလင်းလေးထဲ...
နံနံပင်နိုင်ငံရေး(မျိုးမြင့်ချို)


ကျနော်တို့ နိုင်ငံရေးအကြောင်းပြောကြသည့်အခါ နိုင်ငံရေးဆိုတာ
နိုင်ငံရေးဆိုတာတွေနှင့်စကြပါသည်။ အမှန်က ကျနော်တို့ နိုင်ငံရေးဆိုတာကို
နံနံပင်အကြောင်းလောက်ပင် မသိ၍ဖြစ်နိုင်ပါသည်။
နိုင်ငံရေးဘာမှန်းသိသည့်လူများ အာဏာရပြီး ကျနော်တို့အပေါ်
အစိုးတရလုပ်တော့လည်း ကျနော်တို့ခံရပါသည်။ သို့သော် ကျနော်တို့သည်
အောက်ကလည်းနေသေး ဟာဒီးတော့မလျှော့ဆိုသည့်အထာနှင့် နိုင်ငံရေးဆိုတာ
နိုင်ငံရေးဆိုတာတွေ လုပ်နေကြရပါသည်။ ကံကောင်းလျှင် လုပ်ဖော်ကိုင်ဘက်
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး၏ မျက်စေ့အောက်ရောက် သွားနိုင်သေးသည်။
မျက်စေ့အောက်ရောက်သည်ဆိုသည်မှာ...
ဆေးလိပ်အပြတ်(မျိုးမြင့်ချို)


ကျနော် ဆေးလိပ်ဖြတ်သည့်အကြောင်းများတွင် ကရိကထများလွန်းသည့်ဒဏ်
မခံနိုင်တာပါပါသည်။ ကျနော်လုပ်သည့်အလုပ်တွေမှာ
ရုံးခန်းတွေနှင့်အဆက်အစပ်ဖြစ်ပါသည်။ မည်သည့်ရုံးခန်းထဲတွင်မှ
ဆေးလိပ်သောက်ခွင့်မရှိပါ။ သောက်ချင်လျှင် အပြင်ထွက် အဆောက်အဦးနှင့် ပေ ၂ဝ
အကွာမှာ သောက်ရပါသည်။ ကား ဂရပ်ခ်ျများတွင်လည်း သောက်မရပါ။
ကိုယ့်အိမ်ဆိုပြီးလည်း အိမ်ထဲလည်းသောက်မဖြစ်ပါ။ ဒီကအိမ်တွေသည်
အလုံပိတ်တွေဖြစ်ပါသည်။ ဆေးလိပ်နံ့စွဲသွားလျှင် ပျောက်ဖို့အတော်ခက်ပါသည်။
အိမ်လာလည်သည့် ဧည့်သည်များတွင် ဆေးလိပ်မသောက်သူလူကြီးများ၊ ကလေးငယ်များပါလာလျှင်
...
နွေဦးပေါက်(မျိုးမြင့်ချို)


ကျနော် ချစ်ခင်ရင်းနှီးရသည် မိတ်ဆွေတိုင်းကို ခုလို နွေဦးလေးပေါက်ပလားဆို
အိမ်လာလည်စေချင်ပါသည်။ ထင်းမီးဖြင့် ဖုတ်သောကင်သော
အသားငါးအသီးအရွက်များနှင့် ဧည့်ခံချင်ပါသည်။ ဟို့ ခြံအနောက်က တောစပ်ထဲက
ကေဘင်န်လေးထဲလည်း ရေနံဆီမီးအိမ်လေးတွေနှင့် လူကြီးတွေစာဖတ် ကလေးတွေ
အထပ်ခိုးလေးတက်လိုက်ဆင်းလိုက် နေနေကြတာကို ပျော်ပါသည်။ ငါးတွေလည်း
အစာကြွေးကြပါမည်။ ကြက်ဥတွေလည်း အတူကောက်ကြပါမည်။ ခွေးလေးတွေနှင့်လည်း
ပြေးလွှားကစားကြပါသည်။ မှိုတွေလည်း ပွင့်တော့ပါမည်။ ကညွှတ်တွေတော့
အစို့ထွက်လာနေပါပြီ။ ကြက်သွန်ဖြူတွေလည်း
လက်...
လက်ပံ(မျိုးမြင့်ချို)


ကျနော် ကျောက်ဆည်နေတုန်းက ကျနော်တို့တပ်ကနေ မြင်းလှည်းဖြင့်
တနာရီမရှိတတ်ရှိတတ်မောင်းရသည့်နေရာတွင် လက်ပံဟုခေါ်သော ရွာကြီးရှိပါသည်။
ထိုရွာကြီးတွင် အားလုံးလိုလိုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။
ကျောက်ဆည်နှင့်အနီးမြို့များ၏ အမဲသားလိုအပ်ချက်ကို သူတို့
ဖြည့်ဆည်းပေးနေတာဖြစ်ပါသည်။ ရွာထဲဝင်လိုက်လျှင်ပင် ဖုန့်နံ့ ဆိတ်ချေးနံ့
နွာချေးနံ့များနှင့်သင်းနေပါသည်။ လတ်လတ်ဆတ်ဆတ်ပေါ်ထားသည့်
အမဲသားဝမ်းတွင်းသားကို တောအရက်နှင့် အဆီမခဲခင် ပူပူနွေးနွေးချက်မြည်းကြရင်း
ပျော်ခဲ့ရပါသည်။ တခါတလေ ကျနော်တို့က အာမီရမ်လေးဘာလေးများ...
ကွေ့တယိုသူဌေးမ(မျိုးမြင့်ချို)


ကျနော်
မဲဆောက်နေတုန်းက တနေ့ဈေးထဲသွားရင်း ဂျင်းဘောင်းဘီနှင့် တီရှပ်လေးနှင့်
အသက်သုံးဆယ်ခန့် ကောင်မလေးတယောက်ကို မျက်နှာချင်းဆိုင် ဆုံမိပါသည်။ စိတ်ထဲ
ထူးထူးဆန်းဆန်း ဒီကောင်မလေးဟာ တယောက်ယောက်နဲ့ တူလိုက်တာဟုဖြစ်ပြီး
လွန်သွားမှ နောက်ကနေ ပြန်လှည့်ခေါ်ပြီး ဦးလေးနံမည် ဘယ်သူဘယ်ဝါဟုမိတ်ဆက်ရင်း
နင့်ကို ငါသိတဲ့လူတယောက်ယောက်နဲ့ ရုပ်ခြင်းချွပ်စွပ်တူသလိုထင်မိလို့ပါ။
နင့်အဖေနံမည် ဘယ်သူလဲ၊ ဗမာပြည် ဘယ်နယ်မှာနေကြသလဲဆိုတော့
သူ့အဖေနံမည်ပြောပြပါသည်။ လက်ပံတန်းဘက်ကဖြစ်ပါသည်။
ကျနော်တို့
နိုင်ငံရေးအကျဉ်းသားတွေကို...
Saturday, March 25, 2017
သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)


သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)သူ ဝင်လာချိန်တွင် စကားတစ်ခွန်းမျှ မပြော။ ကျွန်တော်က ကျွန်တော်၏
သင်တုန်းဓားတွေထဲက အကောင်းဆုံး တစ်ချောင်းကို သားရေပြားပေါ်တွင် အပြန်အလှန်
ခတ်နေသည်။ ဝင်လာသူသည် သူမှန်း သိလိုက်သည်နှင့် ကျွန်တော် စိတ်လှုပ်ရှားမှုကို
ဖုံးကွယ်နိုင်မလား ဆိုပြီး သင်တုန်းဓားကို ဆက်ခတ်နေလိုက်၏။ ဓားသွားကို
လက်မဖြင့် စမ်းကြည့်သည်။ ပြီးတော့ အလင်းရောင်ထဲတွင် ထောင်ကြည့်သည်။
ထိုအခိုက်တွင် သူက ကျည်ဆန်တွေ တန်းစီထည့်ထားပြီး သေနတ်အိတ်
တွဲလောင်းကျနေသည့် ခါးပတ်ကို ချွတ်သည်။ နံရံပေါ်ရှိ ချိတ်တွင် ချိတ်သည်။...
Subscribe to:
Posts (Atom)