ဘာသာလူမျိုးအစွဲကြီးသူတွေမှာ ခုနပြောတဲ့”လူ”တွေထက် ပိုတဲ့ဒုက္ခကြီးတစ်ခုကတော့ လူမျိုးဘာသာအစွဲအလမ်းကြောင့်ဖြစ်ရတဲ့ပဋိပက္ခတွေနဲ့ ထွေးလုံးရစ်ပတ်နေရတာပဲ။ မျိုးမြင့်ချို ဇူလိုင် ၂၁။ ၂ဝ၁၃
လူ့ဗာလတွေများလေလေ
(မျိုးမြင့်ချို) ဇူလိုင် ၂၃၊ ၂ဝ၁၃
လူတဦးကို
ရိုင်းတယ်ရမ်းတယ်မြင်ကြတဲ့အခါမျိုးမှာ
”ရိုင်းလှချည်လား ဗမာလူမျိုးဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား” လို့
ပြောလေ့ရှိကြတာ သတိပြုမိကြမယ်ထင်ပါတယ်။ အခြားလူ့အဖွဲ့အစည်းတွေမှာ အဲ့သလို
လူမျိုးနဲ့ဘာသာကိုထပ်တူပြုပြီး
”ဒီလူမျိုး ဒီဘာသာဆို မရိုင်းဘူး”ဆိုတဲ့သဘောနဲ့ပြောတဲ့ အစွဲအလမ်းကြီးမှု
ရှိ/မရှိမပြောတတ်ပါ။
ဒီအကောက်အယူဟာ Discrimination ဆိုတဲ့ လူမျိုးရေး
ခွဲခြားစိတ်အခံ ကနေပေါက်ဖွားတာဖြစ်ပြီး
ကျဉ်းမြောင်းတဲ့လူမျိုး/ဘာသာစွဲနဲ့တွဲကာ ဘဝင်စိတ်နဲ့အငုံ့စိတ် ၂
မျိုးလုံးရဲ့
ဖော်ပြချက်လည်းဖြစ်တယ်ထင်ပါတယ်။ ကျဉ်းမြောင်းတဲ့လူမျိုး/ဘာသာစွဲ
စိတ်ပဲဖြစ်ဖြစ် အစွန်းရောက်မဟာလူမျိုးကြီး/ဘာသာကြီးစိတ်ပဲဖြစ်ဖြစ်
ဘဝင်စိတ်နဲ့အငုံ့စိတ်တွဲမိပြီဆိုရင်
အခြားလူမျိုး/ဘာသာဝင်တွေဟာ ဒို့လောက်မယဉ်ကျေးဘူးတို့ ဒို့လောက်မသိမ်မွေ့ဘူးတို့ ဒို့လောက် ဟီရိသြတ္တပ္ဗတရားမရှိဘူးတို့
စသည်ဖြင့် အလွဲတွေတွေးတော့တာပါပဲ။ ကိုယ်နဲ့ လူမျိုးတူတွေ/ဘာသာတူတွေ
များတာ/နည်းတာမှာ
ဝမ်းသာဝမ်းနည်းဖြစ်ပြီဆိုရင် အဲ့ဒီလူမျိုးဟာ
လူသားအမျိုးအနွယ်ကြီးတခုလုံးရဲ့အရေး ကမ္ဘာမြေရဲ့အရေးတွေအပေါ်
လေးနက်မြတ်နိုး ချစ်ခင်စောင့်ရှောက်တတ်ဖို့မပြောနဲ့
လူသားဆန်ဆန်တွေးခေါ်မြော်မြင်နိုင်သူလို့ခေါ်ဖို့တောင် ခက်သွားပြီလို့မြင်တယ်။ အဲ့သလိုလူတွေရဲ့နှလုံးသားမှာ
စာနာထောက်ထားမှုနဲ့
အကြင်နာတရားဆိုတာတွေ မရှိသလို ဦးနှောက်ရဲ့ဆင်ခြင်နိုင်စွမ်းမှာလည်း
လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊
လူ့အခွင့်အရေးဆိုတာတွေကို ကိုယ်တိုင်လည်းနားမလည် တပါးသူအတွက်လည်း
မပေးတတ်မမြင်တတ်နဲ့
လူ့အန္ဓ လူ့ဗာလသာဖြစ်တော့ တယ်။ ကျော်စွာ (၁ဝဝ) မှာ နံပတ်(၁)ဖြစ်လို့
ဝမ်းသာအဲလဲဖြစ်ပြီဆိုရင်
ကိုးကွယ်သူနည်းလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီဆိုရင် အဲ့လူမျိုးကို
ကြပ်ကြပ်သာသတိထားစေချင်။
(မျိုးမြင့်ချို)
ဆူးပုံမနင်းတဲ့
ကံယုံသူတွေ(မျိုးမြင့်ချို) ဇူလိုင် ၂၁။ ၂၀၁၃
ထောင်ထဲမှာ
နက္ခဗေဒင်-လက္ခဏာဆရာတွေနဲ့ ကာလတခုအတူနေဖူးသလို လေးလေးနက်နက် ထဲထဲဝင်ဝင် လေ့လာလိုက်စားသူတွေနဲ့လည်း
ဆုံခဲ့ဖူးပါတယ်။ ကျနော့်လက်ဖဝါးပေါ်က အမှတ်ကလေး တခုကို(၄)ဦးဟောတာ (၄)မျိုးဖြစ်နေတာနဲ့
”ဘာလို့ အဲ့သလိုဖြစ်ရသလဲ”လို့ (၄)ဦးလုံးကို မေးကြည့်မိတယ်။ ဆည်းပူးခဲ့ရတဲ့ဆရာ၊ ပညာနဲ့ကျမ်းစာအုပ်တွေမှာ
ကွဲလွဲလို့ဖြစ်နိုင်တယ်လို့ (၄)ဦးလုံးကဖြေတယ်။ ဒါနဲ့ နည်းနည်းထပ်ကွန့်ပြီး ”ဒါဆို ခင်ဗျားဟောတာမှန်ပြီး
အခြား(၃)ဦးမှားတယ်လို့ပြောရင် ရမလား”လို့ (၄)ဦးလုံးကို မေးပြန်တယ်။ ”အဲ့သလိုပြောလို့တော့
မရဘူးနဲ့တူတယ်ဗျ”လို့ (၄)ဦးလုံးအဖြေ တူတာ တွေ့တယ်။ ထပ်ပြီး ”ဗေဒင်လက္ခဏာစတာတွေဟာ သိပ္ဗံနည်းကျစမ်းသပ်လို့ရတဲ့
ခိုင်ခံ့တဲ့ပညာတရပ်လို့ ပြောလို့ရမလားဗျ”ဆိုတော့ သိပ္ပံပညာမှမဟုတ်တာဗျာ။ သိပ္ပံနည်းကျစရာ
မလိုပါဘူး။ နှစ်ထောင်ချီပြီး လူအဆက်ဆက် လက်ဆင့်ကမ်းလာလို့ ခိုင်မြဲနေတဲ့ပညာရပ်တစ်ခု ဆိုတာတော့ငြင်းမရဘူးဗျ”လို့ (၄)ဦးလုံးဆိုပါတယ်။ ဒါနဲ့ ”လူတစ်ယောက်ရဲ့ လက်ဖဝါးပေါ်ကအရေးအကြောင်းတွေကိုကြည့်ပြီး
အဲ့လူရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကိုပြောလို့ ရတယ်ဆိုရင် မျောက်တစ်ကောင်ရဲ့လက်ဖဝါးပေါ်ကအရေးအကြောင်းတွေကိုကြည့်ပြီး အဲ့မျောက်ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေဘာတွေကိုရော ဟောလို့ရမလားဗျ”
ဆိုတော့ (၄)ဦးလုံးက ”မျောက်က လူစကားနားလည်ရင် ဒါမှမဟုတ် လူက မျောက်စကားနားလည်ရင် ဟောလို့ရမယ်နဲ့တူတယ်ဗျ”
လို့ပြန်ဖြေပြီး ကျနော်တို့ ပေါ့ပေါ့ပါးပါးရီမောခဲ့ကြတာ အမှတ်ရမိတယ်။ အဲ့ဒီဆရာ(၄)ဦးနဲ့
ထောင်(၃)ထောင်မှာ (၄)နေရာခွဲပြီး သတ်သတ်စီတွေ့ကြတာဖြစ်သလို မေးတာဖြေတာတွေကလည်း သတ်သတ်ဆီဖြစ်ပါတယ်။
ဖြေရာမှာတစ်ဦးနဲ့တစ်ဦး စကားလုံးတွေ တသဝေမတိမ်း ထပ်တူထပ်မျှဖြစ်တယ်လို့တော့မဆိုလိုပါဘူး။
သဘောသွားနဲ့အနှစ်သာရက တူနေတာပါ။ ဆရာတွေလို့ ကျနော်ပြောတာကလည်း ကျနော်မတတ်တဲ့ပညာရပ်တစ်ခုကို
တတ်မြောက်သူတွေဖြစ်လို့ပါ။ သူတို့ ဗေဒင်လက္ခဏာဆရာတွေပါ။ သူတို့ ကံကို ယုံကြပါတယ်။ အဆောင်လက်ဖွဲ့
စတာတွေလည်းယုံပါတယ်။ လူကို ကံကောင်းအောင်လုပ်လို့ရတယ်၊ ကံအဆိုးတွေကနေပယ်အောင် ယတြာချေလို့ရတယ်လို့လည်း
ယုံကြတယ်။ သူတို့ဟာ မတရားမှုကို လူထုနဲ့အတူ ဆန့်ကျင်ခဲ့ကြတယ်။ လူထုကို ကိုယ့်နေရာကနေ
ကိုယ့်နည်းနဲ့ကိုယ် ဦးဆောင်ခဲ့ကြတယ်။ သူတို့ တိုင်းပြည်နဲ့လူထုရဲ့ကြမ္မာကိုပြောင်းဖို့
ကြိုးပမ်းအားထုတ်သူတွေဖြစ်တယ်။ ဒါပေမယ့် ဗေဒင်နဲ့မဟုတ်။ ယတြာနည်းနဲ့မဟုတ်။ ဆန်အကုန်ခံခဲ့ကြတာမဟုတ်။
ဆူးပုံနင်းခဲ့ကြတာမဟုတ်။ သားရဲတွင်းထဲကို သိစိတ်ရှိရှိနဲ့ ရဲရဲကြီးခုန်ဆင်းခဲ့ကြသူတွေပဲ။
တစ်ဦးတော့ ဆုံးရှာပြီ။
0 comments:
Post a Comment