Wednesday, January 23, 2013

ဆိတ်ဖွားလွှတ်တော်နှင့် မုန့်ဟင်းခါးသမ္မတကြီးတို့အကြောင်း(မျိုးမြင့်ချို) ဇန်နဝါရီ ၂၃-၂၀၁၃

0 comments

ဦးသိန်းစိန်(သမ္မတ)နဲ့ဦးရွှေမန်း(လွှတ်တော်)တို့ တခုခုဖြစ်နေတဲ့သဘော မျိုးလေးတွေကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့ အလွှာစုံကြားမှာ အမြင်များ လည်းကွဲပြားကြတယ်။ မျက်စိကြီးနားကြီးဆိုသူတွေကတော့ ပရောဟိတ် လိုလို၊ ပရောဖက်လိုလို၊ ဗေဒင်ဆရာလိုလို၊ ရှေ့ဖြစ်ဟောလိုလို၊ ချဲတွက် သလိုလို၊ ဘောလုံးလောင်းသလိုလို၊ အိပ်မက်ရသလိုလို အကြား အမြင်ပေါက်သလိုလိုတွေပြောဖန်များတော့ မျက်စေ့လည်ချင်စရာပါပဲ။ တမင်လည်အောင်ဝိုင်းလှည့်ပေးကြ၊ အလံရှူးလုပ်ကြတာတွေလည်း ရှိတာကိုး။ ဗမာ့နိုင်ငံရေးအခင်းအကျင်းက ကျနော်တို့ငယ်ငယ်က ကားဂိတ်၊ သင်္ဘောပေါ်နဲ့ လူစည်တဲ့နေရာတွေမှာတွေ့ရတတ်တဲ့ ဖဲသုံးချပ် ကစားပွဲနဲ့များ ဆင်နေသလားလို့တွေးမိပြန်တယ်။  ဖဲသုံးချပ်ဝိုင်းမှာ ဖဲကိုင်ရဲ့ကဏ္ဍအရေးပါသလို အလံရှူးရဲ့ ကဏ္ဍဟာလည်း အလွန်အရေးကြီးပါတယ်။ ခုလည်း ဖဲကိုင်ရောအလံရှူး ဂျက်ကျလက်ကျ နွှဲနေတာေ တွမြင်နေရပါတယ်။ မျက်စေ့လည်တဲ့အထဲ ကျနော်လည်းပါပါသွားတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မျက်စေ့လည်လေ သူတို့ ဆန်ပိုရလေ၊ ကျနော်တို့မျက်ဖြူဆိုက်လေ သူတို့ရဲ့ ဥုံဖွနဲ့အပ်ချလောင်း ပွဲတောင်းခံ ရလေမဟုတ်လားဗျာ။

ခုတလော (ဦးသိန်းစိန်ဒေါ်ခင်ဝင်း)မုန့်ဟင်းခါးဆိုင်လေး အတော်ရောင်းကောင်းနေသံကြားတယ်ဗျ။ တချို့များ ဟင်းရည်တောင် သုံးခါလောက် အဆစ်တောင်းသောက်ကြတယ်ပြောတယ်။ ပြောရရင်တော့ အများသား။ သမ္မတကြီးရဲ့အကိုအိမ်..တဲ့။ နတ်မောက်သားအိမ်နဲ့ယှဉ်ကြည့်ပေါ့.. တက္ကသိုလ်ရိပ်သာလမ်း အိမ်နဲ့နှိုင်းကြည့်ပေါ့..တဲ့။ သမ္မတကြီးဆေးရုံတော်လား မှတ်တမ်း..တဲ့။ ဗိုလ်အောင်ဆန်းကမှ နေမကောင်း အကြောင်းပြပြီး  ဆေးရုံတက်ဖွန်ကြောင်တာ…တဲ့။ ဘုရားဖြစ်မယ့် အုတ်နီခဲကြီးမို့ပါ..တဲ့။ ဘုရားတွေလည်း အများကြီးတည်ခဲ့တာကြည့်ပါလား..တဲ့။ လဘ်လည်းမစားဘူး..တဲ့။ ထမင်းပဲစားတာ..တဲ့။ ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်ရေးကလွဲပြီး ကျန်တာတွေ ခေါင်းထဲမထည့်ဘူး..တဲ့။ ထည့်စရာ ခေါင်း မရှိလို့ပါ..တဲ့။ ပြောကြတယ် အမျိုးမျိုးပဲ။

အဲ့သလိုပဲ ဦးရွှေမန်းလည်း ခုတလော ကရင်ဝတ်စုံကြီးတဖါးဖါးနဲ့ မေမေစုတို့နဲ့တွဲပြီး ဒုံးယိမ်းတွေရင် ထဲရောက်လာတယ်လုပ်နေတာ တွေ့တယ်ဗျ။ အဲ့ဒါ အလကားမဟုတ်ဘူး..တဲ့။ အမျိုးသားပြန်လည် သင့်မြတ်ရေး..တဲ့။ သင့်မှမသင့်မြတ်ကြတာကိုး..တဲ့။သူက ဥပဒေကို လေးစားလိုက်နာကာ ကွယ်စောင့်ရှောက်တာ ခုမှဟုတ်ဘူး..တဲ့။  စစ်ဗိုလ်ဘဝတုန်းကတည်းက..တဲ့။ ဗိုလ်ခင်ညွန့်ကိစ္စတုန်းက ဥပဒေအထက်မှာဘယ်သူမှမရှိလို့ပြောခဲ့တာ..တဲ့။ (သူကလွဲပြီး)ဆိုတာကို စာစီသမားက မေ့ပြီးမထည့်လိုက် မိတာ..တဲ့။ တခြားစစ်ဗိုလ်တွေလိုလည်း ကိုယ်တိုင်စီးပွားရေးမလုပ်ဘူး..တဲ့။ သူ့ကလေးတွေပဲလုပ်တာ ပါ..တဲ့။ သိတတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး..တဲ့။ ရွှေကြီးဆို ခုချိန်ထိသူ့ကိုအားကိုးတုန်း..တဲ့။ ကော်မရှင်ဖွဲ့တဲ့နေရာမှာလည်းချန်ပီယံ..တဲ့။ နိုင်ငံရေးအလုပ်လက်မဲ့တွေကို ကော်မရှင်ဥက္ကဋ္ဌရာထူးတွေ ရက်ရက်ရောရောပေးတာ..တဲ့။ ပြီးတော့ နိုင်ငံတော်အဆင့်တောင်ပေးသေးတာ..တဲ့။ ခုပဲကြည့်…ဆိတ်ဖမ်းကော်မရှင်ထပ်ဖွဲ့ပေးပြန်ပြီ..တဲ့။ တိုင်းပြည်နဲ့ချီပြီးခေါင်းစားရတဲ့ကိစ္စကြီးကို သူမို့ ခေါင်းခြောက်ခံ လုပ်တာ..တဲ့။ ထားပါတော့ဗျာ။ ခု အဲ့ဒီနှစ်ယောက် တယောက်နဲ့တယောက်စိတ်ကောက်နေသလိုလို ဘာလိုလိုကြားတယ်ဗျာ။ နှုတ်ခမ်းတစူစူ ခြေတဆောင့်ဆောင့်နဲ့လို့ပြောတာပဲ။ ငယ်ကျိုးငယ်နာတွေ လည်းဖော်ကြတယ်ဆိုပဲ။ ကျောင်းတော်ကရန်စတွေလို့လည်းပြောတာပဲ။

တချို့က ဒါကို ဗိုလ်လု၊ နယ်လု၊ လူလု တယ်လို့ဆိုတယ်။ တချို့က ရန်ဖြစ်ချင်ယောင်ဆောင်ပြကြတာလို့ ဆိုတယ်။ တချို့ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့အားနည်းချက်နဲ့ပျော့ကွက်ကြောင့်လို့ မြွက်တယ်။ တချို့က စစ်ဗိုလ်ဘဝ တုန်းက စီနီယာအလိုက် အဆင့်အလိုက်နာခံကြရတာမှန်ပေမယ့် ရွှေကြီးကိုအားလုံးသစ္စာခံခဲ့ရတော့ ကျိုးနေတဲ့ခေါက်ရိုး ပြန်ဖြည်နေကြတာလို့ ကလိတယ်။ တချို့က ခုမှ ကိုယ့်လွှတ်ကိုယ်ခုံ၊ ကိုယ့်ဓါးကိုယ့် တရားနဲ့လူစွမ်းလူစပြခွင့်ရကြတာလို့ အဟောရှိတယ်။ တခုမဟုတ်တခုတော့ ဟုတ်မှာပါပဲ။ အားလုံး ဟုတ်နေတာလည်းဖြစ်ရင်ဖြစ်မှာပဲ မပြောတတ်ပါဘူး။ ဘာဖြစ်ဖြစ်ဗျာ တခုခုတော့ဖြစ်နေတယ်ဆိုတဲ့ စိတ်အခံနဲ့ အောက်ကစာနှစ်ပုဒ်ကိုကြည့်ဗျာ။ ကျနော့်စိတ်ထဲ ဘတပြန်ကျားတပြန် လှော်နေတာများလား စီးနေတာများလားလို့ဖြစ်မိတယ်။ သူတို့ဘာသာသူတို့ ငယ်ကျိုးငယ်နာပဲဖော်ဖော်၊ မသူတော်ပဲဖြစ်ဖြစ်၊ ပုတ်သင်ဥပဲတူးတူး၊ အိုးပုတ်ပဲပြန်တောင်တောင်း၊ စစ်ကိုင်းရောက်ရောက်၊ ပဲခူးရောက်ရောက်ဗျာ။ ကျနော် လို ခင်ဗျားလို မျက်စေ့သေးနားသေးတွေအတွက်တော့ အတွင်းရေးတချို့သိရတာပေါ့ဗျာ။ ဟုတ်တာ/မဟုတ် တာ၊ တိကျခိုင်မာမှုရှိတာ/ မရှိတာအပထားဗျာ၊ ငယ်ငယ်တုန်းက ယုံတမ်းပုံပြင်ပြောတမ်း ကစားဖူးတယ် ဟုတ်။ မယုံလည်းပုံပြင်လို့သာသဘောထားဗျာ။ ကြိုပြီးဝန်ခံရမှာရ အဲ့ဒီစာနှစ်ပုဒ်လုံး ကျနော်ပြုစုတာမဟုတ် ဘူးဆိုတာပါ။ ကြိုတင်တောင်းပန်ရမှာက ဖေ့စ်ဘွတ်ခ်ကနေ ဒီစာနှစ်ပုဒါကိုရခဲ့တာဆိုတာကလွဲလို့ ဘယ်သူရေးမှန်း ဘယ်လိပ်စာကရမှန်း မဖော်ပြနိုင်တာကိုပါ။ ဖေ့စ်ဘွတ်ကနေတွေ့တယ်။ ကော်ပီ ပေ့စ်လုပ်ပြီးသာ စက်ထဲသိမ်းလိုက်တယ်။ ရေးသူနဲ့ရတဲ့လင့်(လိပ်စာ)ကို မသိမ်းမိလိုက်ဘူးဗျာ။ အဲ့ဒီတော့ ကြိုပြီးမေတ္တာရပ်ခံစရာပေါ်လာတယ်ဗျာ။ ဖတ်ပြီးကြတဲ့အခါ မူရင်းရေးသားသူကိုသိရင်၊ ရေးသူရဲ့လင့်ခ်ကိုသိ ရင်၊ ဖော်ပြထားတဲ့မူရင်းနေရာတွေကိုသိကြရင် တဆိတ်ကျေးဇူးပြုပြီး ကျနော့်ကိုပြောပါဗျာ။ ကျနော် အပြည့်အစုံကိုပြန်ထည့် ဖော်ပြပေးပါရစေ။ ပထမအပုဒ်ကတော့ ရေးသူဂိုရှယ်လေးလို့ ဖော်ပြထားတာတွေ့ ရမှာပါ။ ဒါပေမယ့် သေချာချင်လို့ မေတ္တာရပ်တာပါ။ (မျိုးမြင့်ချို)


ထိပ်ပြောင်ကိုခေါက်ကြည့်ခြင်း (ဂိုရှယ်လေး)
ထိပ်ပြောင်လို့ပြောလျှင် တပြည်လုံးမျက်စေ့ထဲပြေးမြင်နိုင်သောသူ တယောက်ထဲသာရှိသည်။ သူသည် တခြားလူမဟုတ်။ ပျော့ပြီး တအိအိနှင့်နံလွန်းသော ကြောင်ချေးမှန်းသိကြသည်။ သူသည် ပေါ့သေးသေး မဟုတ်၊ တမြေ့မြေ့လေးလာသော ရေစိုသဲအိတ်ကြီးနှင့်တူသည်။ သူသည် လူထူးဆန်းမဟုတ် တဖြေးဖြေး ချင်း သင့်အားလိမ်ပတ်နေသော စပါးကြီးမြွေကြီးနှင့်တူသည်။ သူသည် လူဖြောင့်ကြီးတဦးမဟုတ် တဆစ်ခြင်း တဆစ်ခြင်း သင့်အားအပိုင်းပိုင်းတစ်တစ် ထုဆစ်ဖြတ်ထုတ်မည့်ယန္တယားစက်သွားကြီးနှင့် တူသည်။ သူသည် အလုယက်တာထွက်ကြပြီး ရာထူးနေရာများအတွက် ရှာဖွေအိမ်မက်ကြသူများအကြား မထင်မှတ်ပဲပေါ်ထွက်လာသော အဆိပ်မြုံမှိုတပွင့် ဖြစ်နေသည်။ ခြေမြန်တပ်ရင်း (ခမရ) ၁ဝ၉ တပ်ကုန်းမြို့လေးမှာ ကုတ်ချောင်းချောင်းနဲ့နေခဲ့တဲ့ သမီး ၂ ယောက် ဖခင်၊ သူသည် ၁၉၈၆ နိုဝင်ဘာလ တလျောက် စီစီဝမ်တာပန်၊ လွယ်ဝိန်း၊ မုံးပေါ်ဒေသ နမ့်မချက်တောင်ကြောတလျောက် လက်သံပြောင်ပြောင်ဖြင့်သတ်ဖြတ်ပြခဲ့သူ၊ သူသည် ရုတ်တရက် ဗိုလ်မှူးဘဝကနေ ဒုတိုင်းမှူး၊ ပြီးတော့ မပခတိုင်းမှူးဘဝသို့ခုန်ကျော်ရောက်ခဲ့တဲ့ မိုင်းယမ်းဒေသမှ ၁၉၈၈ စက်တင်ဘာစစ်ဆင်ရေးမှာ အစုလိုက် အပြုံလိုက်သုတ်သင်ပြခဲ့သူ၊ သူသည် မပခ တိုင်းမှူးဘဝ ၁၉၉၆ မှာ သန်းရွှေအလိုကျ မူးယစ်ဆေးဝါမှန်သမျှ ကိုဒေါ်လာဖြစ်အောင် ကျင်ထုတ်စစ်ထုတ်ပေးခဲ့သူ၊ သူသည် ခွန်ဆာမှအစ ဝေရူးဂမ်းအထိ မဲသဲနေတဲ့ဘိန်း ခင်းလမ်းကို အဖြူရောင်ဖြစ်အောင် ဘိန်းဖြူများကို မြန်မာ့အာဏာရှင်အိမ်တွင်းဘဏ်တိုက်အား ပြည့် ကြပ်အောင်ဖြည့်တတ်သူ၊ သူသည် ဘာသာရေးကိုဘန်းပြ စစ်ရေးနဲ့အနိုင်ရအောင် ဖိုဝင်သားများစား တတ်သူ၊ သူသည် ဗိုလ်ခင်ညွန့်ကိုဆွဲချလှေကားထစ်ထုဆစ်ပြခဲ့သူ၊ သူသည် လက်ဆယ်ဖြာဦးထိပ်မှာတင်ပြ ၂ဝဝ၇ သံဃာများကိုရိုက်နက်ဖမ်းဆီး ထောင်သွင်းချပြသူ၊ သူသည် လုံခြုံရေးနဲ့အမှောင်ချ နာဂစ်ဒုက္ခ သယ်တွေကိုခေါက်ဆွဲချောက်ပြပြီး ၂ဝဝ၈ ဥပဒေကို ရုပ်လုံးကြွလာအောင်လုပ်ပြသူ၊ သူသည် စစ်ဘောင်း ဘီကိုချွတ်ချ ချိတ်ထမီကိုချက်ခြင်းကောက်ဝတ်ပြတတ်သူ၊ သူသည် ၂၀၁ဝမှာ မျှတခြင်းကိုဆောင်ပြ ကြိုတင်မဲနှင့်အနိုင်ရသူ၊ သူသည် အရပ်သားအစိုးရတယောကိုထိုးပြ စစ်အစိုးရမီးရောင်အောက်မှာကပြသူ၊ သူသည် ဒီမိုကရေစီသူရဲကောင်းတွေ၏ဦးခေါင်းနဲ့ဒူးခေါင်းကို နူးညံ့ပျော့ပျောင်းအောင် အနှိပ်အနယ်ကျွမ်း ကျင်သူ၊ သူသည် သန့်ရှင်းသောကောင်းမွန်သောအုပ်ချုပ်ရေးတေးသီချင်းကိုဆိုပြ အဂတိလောကနဲ့ တိုင်းပြည်ကိုရစ်နှောင်ထားသူ၊ သူသည် ဆင်းရဲသားပပျောက်ရေးကိုချယ်မှုံးပြ လူချမ်းသာတွေဘဝကို အကာကွယ်ပေးသူ၊ သူသည် ရိုဟင်ဂျာကိုဘန်းပြ ရခိုင်ဒေသကိုစစ်အုပ်ချုပ်ရေးချမှတ်သူ၊ သူသည် မီးခိုးဗုံး ကိုကိုင်ပြ မီးလောင်ဗုံးနဲ့လက်ပံတောင်းကိုသဂြိင်္ုဟ်သူ၊ သူသည် ရိက္ခာပို့တာကိုအကြောင်းပြ ကချင်ဒေသ ကိုပြာချသူ၊ သူသည် စစ်လေယာဉ်တွေနဲ့ဗုံးချ လိုင်ဇာအလှကိုအကျဉ်းတန်စေခဲ့သူ၊ သူသည် ပစ်ခတ်ရပ် ဆိုင်းကြောင်းကိုအော်ချက်ထုတ် အမြောက်တပ်အုပ်နဲ့ကချင်တောင်တန်းများကို မီးဖုတ်သူ၊ သူသည် ပြည်သူ့ဘဝသာယာရေးကိုဟန်ပြ တရုတ်ကျွန်ဘဝတပြည်လုံးကျရောက်သွားအောင် ဆောင်ကျဉ်းသူ ပင်ဖြစ်တော့သည်။ ယနေ့ ကျနော် ခေါက်မိပြီး နိုင်ငံတော်သမ္မတဦးသိန်စိန်ခေါင်းမှ ပွင့်ထွက်လာသော အတိတ် ပစ္စုပ္ပန် အနာဂတ် ဆက်လက်လည်ပတ်နေသည့်ရလဒ်များ၏ အဖြေပင်ဖြစ်တော့သည်။ ကျေးဇူးတင်ပါသည်။
(ဂိုလ်ရှယ်လေး)
ရေးသားချိန် (၂၁ ရက် ၁လပိုင်း ၂၀၁၃ ခုနှစ် နံနက် ၅ နာရီ ၄၀ မိနစ်

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ...။
၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ(ဦး)ရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော် ပုံကြီးကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းတုန်းက ဗိုလ်မှူးအဆင့်ပဲရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကိုတိုက်ရာမှာအစွမ်းပြနိုင်ခဲ့လို့ သူရဘွဲ့တံဆိပ်ကိုရခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်အထိ ရာထူးဆက်တိုက်တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရးကိုတာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူးဖြစ်လာတယ်။ နောက်တနှစ်အကြာ ဧရာဝတီတိုင်းပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖစစ်ကောင်စီရဲ့ယာယီအဖွဲ့ ၀င်ဖြစ်လာတယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ ဗိုလ်ချုပ်အဖြစ်ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့အမြဲတမ်းအဖွဲ့ ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ(ဦး)ရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးကမျက်စေ့ကျသလို ဇနီးဖြစ်တဲ့ဒေါ်ခင်လေးသက်ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင်ပြုစုတတ်တော့ အရှင်မွေးတော့နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီးမြေးအစဉ်အဆက်ကို ထိန်းပေးခဲ့သလို၊ သမီးတွေရဲ့ဝေယျာဝစ္စတွေနဲ့အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချလုပ်ပေးခဲ့တယ်လို့ အတွင်းသိ တချို့ကတော့ ပြောကြတယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက်အဆင့်နဲ့ လုပ်စရာမလိုတဲ့ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျားတက်လမ်း၊ ဘဝတက်လမ်းအတွက် မောင်တထမ်းမယ်တရွက်ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ်ရွှေမန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော် သမိုင်းမှာတခါမှမရှိဘူးသေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်ထားခြင်းခံရပါ တယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတာ တိတိကျကျမသိရပေမယ့် ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုဗိုလ်ချုပ်မှူး ကြီးတို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော်ကြီးကြပ်ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေလူလို့ အားလုံးကသိကြတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိယုံသလဲဆိုတော့ တပ်အပေါ်သြဇာအရှိ ဆုံးတယောက်ဖြစ်တဲ့ စစ်တပ်ကိုပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက်ဥက္ကဋ္ဌဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ မြောက်ကိုရီးယားကိုစေလွှတ်ခြင်းခံခဲ့ရတယ်။ (ပုံမှာလွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနေစဉ်)

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးရေးနဲ့နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ်မီဖွံ့ဖြိုးလာအောင်လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစုအကျိုးစီး ပွားက ပိုများနေမလားပဲ။ တကယ်တမ်းလည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်း ကတည်းက သားကြီးသြရသအောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံး အတွက်မြေသြဇာရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင်အဖြစ်နဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧကသုံးသောင်းကျော်ကိုကုမ္ပဏီပိုင်လုပ်ခဲ့လို့ လယ်သမားတချို့အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရာထူးလက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ဘင်္ဂလားဒေရှ့် ကို ဆန်တင်ပို့ရောင်းချခွင့်လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့လက်ခွဲကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသော ကုမ္ပဏီတို့နဲ့အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံထုတ်ချေးပြီး နိုင်ငံတော်မှချေးသ လို စာချုပ်ချုပ်ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့လယ်များကို တရားရုံးမှတစ်ဆင့်သိမ်းယူသော အလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သောကုမ္ပဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများတင်သွင်းခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန်စတဲ့ ပစ္စည်းတွေကိုတင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကိုလုပ်ကိုင်နေပါပြီ။ နီးစပ်သူတယောက် ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။ မိုးကုတ်နဲ့ဖားကန့်မှာလည်း ကျောက် တူးဖော်ရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက်အမြားပိုင်ထား တယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့သြစတြေးလျမှာ ကွန်ဒိုတွေဝယ်ထားပြီး အမေရိကန်ရဲ့ဆန်ရှင် ကိုရှောင်ဖို့ မလေးရှားနဲ့ထိုင်းကဘဏ်တွေမှာ ငွေစာရင်းဖွင့်ထားတယ်လို့ အတွင်းသိတွေကဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဥိးအောင်သောင်းသားအပါအ၀င် တခြားလူကြီးသားသမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက်အမြောက်အများရရှိခဲ့ပါတယ်။

တပ်ထဲမှာဆက်ရှိနေတဲ့ သူရ(ဦး)ရွှေမန်းရဲ့သားငယ် တိုးနိုင်မန်းကလည်း စီးပွားရေးအသိုင်းအ၀န်းနဲ့ အဆက် အသွယ်ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ချမ်းသာကြွယ် ဝနေတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့သမီးနဲ့ထိမ်းမြားထားတာ မဟုတ်လား။ ကြားရတဲ့သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေးရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ပုဂ္ဂလိကပိုင်ပြုရေး၊ နိုင်ငံစီးပွားစီမံခန့်ခွဲမှုကို လူတွေကခနဲ့ကြတယ်။ “အဖေနှင့် သားများကုမ္ပဏီ” တွေကြီးစိုးတဲ့ခေတ်..တဲ့။ အာဏာရှိတဲ့အဖေတွေက သားသမီးတွေကိုကုမ္ပဏီထောင် ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီချပေးမှတော့ ဒီမိသားစုတွေမှမကြီးပွားရင် ဘယ်သူကြီး ပွားတော့မှာတုန်းတဲ့။

လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကိုကြေညာတဲ့အခါ“ကျနော့်သားတွေပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက်နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

0 comments:

Post a Comment