နိုင်မြန်မာ ဝင်ကစွပ်တဲ့ ကမ္ဘာမကြေဘူးကိုညည်းမိတိုင်း
"သူရဲကောင်းတို့ရေ အာဇာနည်တွေနေတဲ့တိုင်းပြည်" ဆိုတဲ့နေရာရောက်ရင်
ချန်ဆို
ဒါမှမဟုတ် ကျော်ဆိုဖြစ်ခဲ့တာချည်းပဲ။
အာဇာနည်တွေနေတဲ့တိုင်းပြည်မှာ
အာဏာအဝေမတည့်မှုအခြေခံ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု၊ ကမ္ဘာကျော်ပြည်တွင်းစစ်၊ ကြောက်ခမန်းလိလိ လူမျိုးရေးဘာသာရေးနှိပ်ကွပ်မှုနဲ့ 
အာဏာအဝေမတည့်မှုအခြေခံ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု၊ ကမ္ဘာကျော်ပြည်တွင်းစစ်၊ ကြောက်ခမန်းလိလိ လူမျိုးရေးဘာသာရေးနှိပ်ကွပ်မှုနဲ
ပဋိပက္ခစုံနဲ့သတ်ဖြတ်သွေးချောင်းစီးပြည့်နှက် နေတော့တယ်။
နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊
လူမျိုးစုရပိုင်ခွင့်လှုပ်ရှားသူ၊ ဒီမိုကရေစီရေးတန်းတူရေး၊
လူ့အခွင့်အရေးတွေစတာတွေအတွက်
သဏ္ဍန်စုံနဲ့တိုက်ပွဲဝင်ရင်း အာဏာလက်ရှိကသတ်လို့သေရတဲ့သူတြွေ က
ဘယ့်တော့မှ တပြည်လုံးလက္ခဏာဆောင်တဲ့၊ တပြည်လုံးကိုယ်စားပြုတဲ့အာဇာနည်ဖြစ်ခွင့်မသာရ။
တကယ်ဆို စောဘဦးကြီးနဲ့ဖဒိုမန်းရှာတို့လ ည်း ကရင်အမျိုးသားတွေအဖို့ အာဇာနည်တွေပဲမဟုတ်လား။ တမြေတည်းနေချင်းပြန်သတ်ပြီး ပြည်တွင်းဖြစ်အာဇာနည်တွေထဲမှာမှ ဘယ့်နှယ်လို့
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူအသတ်ခံရသူတွေမှကွက်ပြီး အာဇာနည်ရတာလဲ။
ဆန်းသလိုမရှိဘူးလား။
အချင်းချင်းသတ်လို့သေရတဲ့ ပြည်တွင်းဖြစ်အာဇာနည်တွေကို
အလေးပြုပြုနေရတဲ့တိုင်းပြည်မျိုးမှာနေရတာထက်စာရင်
ဘာပြည်တွင်းဖြစ်အာဇာနည်မှမရှိတဲ့ ပြည်မှာနေရတာ ပိုကောင်းတယ်မထင်ဘူးလား။
ဉာဏ်ပညာ၊
အမြော်အမြင်ကြီးမှု၊
တွေးခေါ်မြော်မြင်မှု၊
ဆင်ခြင်တုံတရားဈ
မတူကွဲပြားမှုအပေါ်စိတ်ရှည်သီးခံမှုကြီးတဲ့ပြည်သူတွေနဲ့ခေါင်းဆောင်တွေနေတဲ့ပြည်မျိုးသာ လိုလားအပ်တယ်မို့လား။
0 comments:
Post a Comment