Tuesday, August 12, 2014

အစိုးရသာ(မျိုးမြင့်ချို)

0 comments
လူမျိုးရေး ဘာသာရေးပဋိပက္ခဆိုတာ
မတူသူတွေစုနေတဲ့လူ့အဖွဲ့အစည်းတိုင်းမှာဖြစ်တတ် တာ ယေဘုယျသဘောပဲ။ 

ပြဿ နာဖန်တီးတတ်တဲ့အထဲမှာ
ဒါမှမဟုတ်
ဖစ်လာတဲ့ပြဿ နာပေါ်ကနေအမြတ်ထုတ်တဲ့အထဲမှာ
(အာဏာရ/အာဏာမရ)နိုင်ငံရေးသမားတင် မဟုတ်ဘူး၊ စီးပွားရေးသမားတွေလည်းပါတယ်။

စီးပွားရေးသမားနဲ့အာဏာလက်မဲ့ နိုင်ငံရေးသမားက
ဒါတွေဖြစ်လာအောင်သာလုပ်တတ်တာ၊ လုပ်ကြတာ။
ဒါတွေ ပိုကြီးထွားကျယ်ပြန့်သွားအောင်ကြတော့
အာဏာရနိုင်ငံရေးသမား
တနည်းပြောရရင်
အစိုးရမပါပဲလုပ်မရဘူး။
အစိုးရခွင့်မပြုပဲ
အစိုးရပယောဂမပါပဲလုပ်မရဘူး။

ပဋိပက္ခတစ်ခုခုဖြစ်လာတယ်
ကြီးထွားကျယ်ပြန့်သွားအောင်ဆို
အစိုးရကပဲလုပ်နိုင်တယ်။
အစိုးရပဲ တတ်နိုင်တယ်။

နောက်တချက်က လူထု။
အတူနေကြသူတွေမှာ
အားကြီးသူကငယ်သူကို၊
အများစုကအနည်းစုကို
နိုင့်ထက်စီးနင်းဖိနှိပ်တတ်တဲ့ ဉာဉ်ဆိုးနဲ့စိတ်မိုက်
အမုန်းတရားနဲ့အာဃာတ စတာတွေမရှိရင်
ဒါမှမဟုတ် နည်းပါးရင်လည်း
အဲ့ဒီပဋိပက္ခတွေဖြစ်ဖို့ အခွင့်အလမ်းနည်းတယ်
အဲ့ဒီစိတ်မိုက်ဉာဉ်ဆိုးဟာ
ချိုးနှိပ်ဖယ်ရှားဖို့မလွယ်သလောက်
ဆွပေးပြီး သွေးမြေကျအောင်လုပ်ဖို့ကြ တယ်လွယ်တာပဲ။

အဲ့ဒီ စိတ်မိုက်ဉာဉ်ဆိုးတွေ
သန္ဓေတည်လာအောင် 
ပေါက်ဖွားလာအောင်
ကြီးထွားလာအောင်
အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုတွေ
ကာယကံမြောက်ကျူးလွန်လာအောင်
သက်ဆိုင်ရာလူ့အစုအစည်းကို
ဘာသာရေးသမားနဲ့လူမျိုးရေးဝါဒီတွေကသာ
စနစ်တကျ သွပ်သွင်းနိုင်စွမ်းတယ်။ 

ရွှေပြည်ကြီးမှာဖြစ်နေတဲ့ကိစ္စက ဒါပဲ။
ဘာသာရေး/လူမျိုးရေးအခြေခံ
အစွန်းရောက်ဝါဒီတွေက
အာဏာရအစိုးရအဆက်ဆက်ရဲ့အကူအညီနဲ့
လူမျိုးရေးဘာသာရေးအမုန်းတရားတွေကို
လူထုခေါင်းထဲလူထုစိတ်ထဲ ဆယ်စုနှစ်ပေါင်းများစွာရိုက်သွင်းပေးတယ်
လူထုကြားထဲမှာ(အတိုင်းအဆတခုအထိ)
ဒီစိတ်မိုက်ဉာဉ်ဆိုးတွေ
ကြောက်စရာကောင်းလောက်အောင်ကို
တစတစဖြစ်တည်ကြီးထွားလာတယ်။ 

နောက်ဆုံး ဘယ်တုန်းကနဲ့မှမတူတဲ့
နိုင့်ထက်စီးနင်းမှု
လုယက်မှု
သတ်ဖြတ်မှု လူမဆန်မှဲု့သွေးမြေကျအကြမ်းဖက်မှုတွေဖြစ်လာတယ်။

ဒါတွေ
ကြီးထွားသထက်ကြီးထွားအောင်
ကျယ်ပြန့်သထက်ကျယ်ပြန့်အောင်
အစိုးရက စနစ်တကျ မူချပြီးကိုလုပ်တာ
ဘယ်သူမှငြင်းမရဘူး။

အစိုးရလက်ချက်မှန်း
ဗူးပေါ်သလိုပေါ်မ
ပြည်တွင်းပြည်ပ နိုင်ငံတကာက ပြစ်တင်ပြောဆိုလာတော့မှ
လူထုအပေါ်အပြစ်တင်တာလိုလို
ဘာသာရေးသမား၊ လူမျိုးရေးဝါဒီနဲ့
နိုင်ငံရေးသမားတွေအပေါ်အပြစ်ဖို့တာလိုလို
ကယ်တင်ရှင်လေသံနဲ့
အာဏာသိမ်းလိုက်မယ်ဆိုကာ
အစိုးရဘက်ကပင်းပြီး
အလံရှူးလေသံနဲ့
ခြိမ်းခြောက်သလိုလို လုပ်တော့တာပဲ။

ဒီနေရာမှာ
ဘာသာရေးလူမျိုးရေးအမုန်းတရားတွေ
(အစိုးရအကူအညီပါပါ/မပါပါ) ဖြန့်ချိနေတဲ့
ဘာသာရေးခေါင်းဆောင်၊
လူမျိးရေးဝါဒီ၊
စီးပွားရေးသမားစတဲ့သူတွေနဲ့အတူ
အရင်းလက်သည်ဖြစ်တဲ့
အရပ်ဝတ်စစ်အာဏာအခြေပြု
ဗိုလ်သိန်းစိန်အစိုးရကိုပါ 
ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ပဲ။

0 comments:

Post a Comment