Wednesday, December 28, 2016

(သတင်းနဲ့မှတ်ချက်) အရေးတော်ပုံဂျာနယ်မှ

0 comments
(သတင်းနဲ့မှတ်ချက်)၂၅-၁၂-၂၀၁၆ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုး နောက်မရတော့ဘူးလို့ သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က အစိုးရသစ်က အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုးစားဆောင်ရွက်နေတဲ့အချိန် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသေးတဲ့လက်နက်ကိုင်များနဲ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေတာနဲ့စပ်လျဉ်းပြီး ဒီလို ပြောဆိုလိုက်တယ်လို့ဆိုပါတယ်။ ...သူ့လက်ထက်မှာ မဆွေးနွေးဘူးဆိုရင် နောက်ဘယ်သူနဲ့ဆွေးနွေးချင်လဲ။...

ဖြစ်နိုင်တာတွေဖြစ်ကြပါစေ(မျိုးမြင့်ချို)

0 comments
ဒီနေ့ ဒီမှာ ခရစ္စမတ်စ်နေ့ပါ။ လွန်လေပြီးတဲ့ နှစ်ထောင်ဂဏန်း ခုလိုအချိန် ခုလိုနေ့မယ် ယေရှုခရစ် တကယ်မွေးခဲ့မမွေးခဲ့တို့၊ အပျိုစင်က ဘယ်သူနဲ့မှ လိင်မစပ်ယှက်ပဲကိုယ်ဝန်ဆောင်ပြီး ကလေးရတယ်ဆိုတာ မဖြစ်နိုင်ဘူးတို့ဘာတို့နဲ့ ပုတ်ခတ်နေမယ့်အစား ကိုယ့်ဘာသာ ကိုယ်ယုံကြည်ရာက စူပါစတီးရှင်န်းတွေကို စိစစ်ကြည့်ကြတာ ပိုမကောင်းဘူးလား။ မစိစစ်ခင် မသေမချင်းမှတ်ထားရမှာက ဘာသာယုံကြည်မှုမှာ အကုန်ဖြစ်နိုင်တာချည်းပဲ၊ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပဲ။ နတ်ပြည်တက်တရားဟောတာလည်း ဖြစ်နိုင်တယ်။ ပြန်လည်ရှင်သန်ထမြောက်တာလည်း ဖြစ်နိုင်တယ်။ ကောင်းကပင်ဘုံခရီးလည်း...

၈၈ မျိုးဆက်ဆိုတာတော့ တော်လောက်ပြီ(မျိုးမြင့်ချို)

0 comments
“၈၈ မျိုးဆက်“ဆိုတာတော့ ပါတီအမည်ရှေ့မှာ မတပ်ပါနဲ့) ငြိမ်းပွင့်တွေ ပါတီထောင်မယ်ဆို ထောင်ပါ။ မထောင်လည်း ၂ဝဝ၈ အောက်ကသွားနေရတာမို့ ထမ်းပိုးနဲ့လှည်းတုတ်ရွေးရတဲ့ သဘောပါပဲ။ ဗုံမဟုတ်ပတ်မဟုတ်အဖြစ်က ကိုယ့်ဘာသာချွတ်မှ ကျွတ်တမ်းဝင်မှာပါ။ နို့မိုဆို ခေါစာပဲပစ်ရမှာလိုလို ဘုရားစင်နားပဲထားရတော့မလိုလိုပါ။ ပါတီထောင်ထောင် မထောင်ထောင် နိုင်ငံရေးပီပီလုပ်ကြမယ်လို့ မျှော်လင့်ချက်နဲ့အတူ“အဘိယာစက“လုပ်ဖူးပါတယ်။ ပါတီထောင်တာမလွယ်ကြောင်း၊ ရေရှည်နိုင်ငံရေးအရရပ်တည်ဖို့ ပိုခက်ခဲကြောင်း၊ လူထုထောက်ခံမှုအနိမ့်အမြင့်၊ နိုင်ငံရေးစည်းရုံးရေးရေချိန်အတက်အကျတွေ...

မျက်ရည်ခံလေးထိုးပေးပါ သမ္မတခင်ဗျာ(မျိုးမြင့်ချို)

0 comments
ဦးထင်ကျော်ရယ် စစ်ဗိုလ်တွေကို ပြောလို့ရရင် ပြောပေးပါလားဗျာ။ ကျနော့်အတွက်မဟုတ်ပါဘူး။ ကျနော့်အတွက်လည်း ကျနော် ဘယ်တော့မှမပြောသလို ဘယ်တုန်းကမှလည်း မပြောဖူးပါဘူး။ ခုဟာက ကျနော်တို့တွေအတွက်မို့လို့ပါ။ ဒီလိုပါ ကိုမိုးသီးဇွန်အပါအဝင် ပြန်ချင်သူတွေကို ပြန်ဝင်ခွင့်ပေးဖို့လေးပါ။ အဲ့ဒါသူတို့အတွက် ကျနော်တို့ကပါ ကြားကဝင်ပြီးမေတ္တာရပ်ခံတာပါ။ ကျနော်တို့အတွက်လည်း ကျနော်တို့ မေတ္တာရပ်ခံပါရစေ။ အဲ့လူတွေကို ဝင်ခွင့်ပေးပြီးရင် ပြန်ထွက်ခွင့်လည်း မပေးပါနဲတော့ဗျာ။ တခါတည်း အပြီးသာသိမ်းထားလိုက်ပါတော့ဗျာ။ ဒီမှာ နားတွေ...

မကြောက်ကြနဲ့ဆိုပဲ(မျိုးမြင့်ချို)

0 comments
ပြည်သူတွေကြောက်ရင် ခင်ဗျားတို့ ခုလို မဖြစ်စလောက်အာဏာ၊ မသဓာရေစာဒီမိုကရေစီနဲ့ ထမင်းတလုပ်တုတ်တချက်လွှတ်တော်ထဲတောင် ရောက်မလာဘူး။ အာဏာပြခြိမ်းခြောက်မှု၊ မက်လုံးပေးမြှူဆွယ်မှု၊ အခွင့်အရေးပေး ဖျားယောင်းသွေးဆောင်မှုအမျိုးမျိုးကြားက မျှော်လင့်ကိုးစား ယုံကြည်မှုတွေပိုက်ပြီးလက်သန်းမင်ပြာဆွတ်မဲရုံတွေထဲဝင် ထောက်ခံမဲပေးခဲ့ကြလို့ “မယ့်တမျက်နှာ“နဲ့ ခင်ဗျားတို့ ပန်းပုဆရာအမည်ခံ သူကောင်းအပြုခံ နေ့ခြင်းကြီး နိုင်ငံရေးနတ်ရေကန်ထဲ အချခံကြရတယ်ဆိုတာ မမေ့ပါနဲ့။ “ပြည်သူ“တွေ ခေတ်အဆက်ဆက်မှာ တာဝန်ကျေရုံမက ခေါင်းဆောင်“ဆိုသူ“တွေရဲ့...

ဝါဒဖြန့်သချိုံင်း(မျိုးမြင့်ချို)

0 comments
အိန္ဒိယက သီပေါသချိုံင်းသွားတာရော ရန်ကုန်က ဇဖါးရှားအုတ်ဂူသွားတာရောက သူတို့ကိုယ်သူတို့ မျိုးချစ်တွေနယ်ချဲ့ဆန့်ကျင်ရေးသမားတွေလို့ ပုံဖော်နေတာဟ။ သီပေါဟာ ဗမာပြည်ရဲ့ကျန်ဖြတ်ပဒေသရာဇ်ဖြစ်သလိ ဇဖါးရှားဟာ အိန္ဒိယရဲ့နောက်ဆုံး ဧကရာဇ်ပဲ။ နယ်ချဲ့သမားက ဒီကတယောက်ကို ဟိုပို့၊ ဟိုကတယောက်ကို ဒီပို့ပြီး သူ့လူတွေနဲ့ သူတို့ဥသျှောင်ကို အဆက်ဖြတ်တာ။ တကယ့်လက်တွေ့မှာ အဲ့ဒီနယ်ချဲ့တွေဆီကနေ လက်ဝါးဖြန်တောင်ရမ်းစားသောက်ရင်း ကြီးပွားနေတာ၊ တိုင်းပြည်ကို နယ်ချဲ့လက် တဘက်လှည့်နဲ့ရောင်းစားနေတာဟ။ သူတို့တောင်းရတာနဲ့တင် ဗိုက်မဝသေးတော့...

စောက်ကျိုးနည်း(မျိုးမြင့်ချို)

0 comments
အရွယ်ရောက်ပြီးသား စိတ်ပုံမှန်အခြေအနေ ကျန်းမာရေးလည်းကောင်း နှစ်ဦးလည်းသဘောမျှတယ်ဆိုရင် ယောက်ျားနဲ့မိန်းမပဲ လက်မထပ်ပဲအတူနေတာ မနေတာက သူတို့ရွေးချယ်ပိုင်ခွင့် သူတို့အခွင့်အရေး သူတို့ခန္ဓာနဲ့သူတို့ဘဝကိစ္စပဲ။ အစိုးရက ဘာကိစ္စ လူ့ပေါင်ခြံကြားထဲအထိ လိုက်ဆင်းရသတုန်း။ အစိုးရမှာ လူတွေကို နတ်ပြည်တို့နိဗ္ဗန်တို့ရောက်ရေး ရရေးအလုပ်မပါသလို လိင်အင်္ဂါကြားထဲလည်းဝင်ပြဌာန်းဖို့ အခွင့်မရှိဘူး။ စောက်ကျိုးနည်းကွာ လက်မထပ်ပဲအတူနေရင် ထောင်ချရမယ်လို့။ တိုင်းပြည်ကို ဥရောပအမှောင်ခေတ်ဆီ ပြန်တွန်းထည့်နေတာပဲ။ မျိုးစောင့်ဥပဒေဆိုတာနဲ့...

(သတင်းနဲ့ မှတ်ချက်)

0 comments
(သတင်းနဲ့ မှတ်ချက်)၂၈-၁၂- ၂ဝ၁၆) ဘတ်စ်ကားများမှ ရမ်းကားတဲ့ယာဉ်မောင်း ယာဉ်လိုက်ဆိုးများကို ဆုံးမနှိပ်ကွပ်ရေးလူထုအဖွဲ့အစည်းများ ဖွဲ့နေကြပြီ။ ဒီကိစ္စဟာ အလုပ်သမားနဲ့ဝန်ထမ်းတွေအပါအဝင် သိန်းသန်းချီရှိတဲ့ ရန်ကုန်ပြည်သူလူထုရဲ့ နေ့စဉ်အကျိုးစီးပွားတွေနဲ့ဆက်စပ်နေတာမို့ လျစ်လျူရှုလို့ မရဘူး။ မထသ ယာဉ်လိုင်းမှ တချို့သောယာဉ်မောင်း၊ ယာဉ်လိုက်ဆိုးများ သောင်းကျန်းနေခဲ့တာတော့ ကြာပါပြီ။ ကားပေါ်မှာ တုတ်တွေ၊ သံတုတ်တွေနဲ့ လက်နက်တွေဆောင်လာတယ်။ သူတို့ စိတ်မထင်ရင် မထင်သလို ကားစီးခရီးသည်တွေပဲဖြစ်ဖြစ် တခြားယာဉ်လိုင်း၊...

Tuesday, December 20, 2016

ရုရှားသံအမတ်အလုပ်ကြံခံရရုံနဲ့....(မျိုးမြင့်ချို)

0 comments
(ရုရှားသံအမတ်အလုပ်ကြံခံရရုံနဲ့....) တူရကီ၊ အီရန်နဲ့ရုရှားတို့ ဆီးရီးယားအရေး ဝိုင်းဖြေရှင်းကြဖို့ ကြိုးပမ်းနေချိန်မှာ တူရကီဆိုင်ရာ ရုရှားသံအမတ် အလုပ်ကြံခံလိုက်ရတယ်။ ရုရှားလေယဉ်တစီးကို တူရကီဘက်က ပစ်ချလိုက်ပြီးနောက် လေကြောင်းမပျံသန်းရဇုံကိစ္စနဲ့ တူရကီကို ရုရှားကသတိပေးခဲ့တာ သိတ်မကြာသေးဘူး။ တူရကီဘက်က ဖြေဖြေလျှော့လျှော့လုပ်ပေးလို့ ပြန်ပြေလည်သယောင်ဖြစ်သွားတယ်။ ဒါကို မရှုစိမ့်ဖြစ်တဲ့ ဒေသတွင်းနဲ့အဝေးနိုင်ငံတွေရှိတယ်။ ရုရှားနဲ့ တူရကီ ငြိကြစေချင်တယ်။ ယာလည်းညက် ကြက်လည်းမောမှ ဆီးရီးယားကိစ္စကို စိတ်ကြိုက်ကိုင်တွယ်နိုင်ဖို့အကြံနဲ့သဘောထားတွေ...

လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ (စိုင်းထွန်းအောင်လွင်)

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ...

Monday, December 19, 2016

ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင် (ရဲဘော်အောင်ထက်)

0 comments
Normal 0 false false false EN-US X-NONE X-NONE ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင် ကျူးဘားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးဖီဒယ်လ်ကာစထရို ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာ ကျွန်တော်တို့ဟာ အဖြစ်မှန်မို့သာ လက်ခံလိုက်ရတယ်ဆိုတဲ့ နှမြောတသ၊ ယူကျုံးမရမှုမျိုး လွှမ်းမိုးတာခံစားလိုက်ရပါတယ်။ အမေရိကတိုက် (မြောက်ပိုင်း+တောင်ပိုင်း)မှာ ပထမဆုံးသောဆိုရှယ်လစ်နိုင်ငံထူထောင်သူ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ...

သတင်းနဲ့မှတ်ချက်(၁၉-၁၂-၂၀၁၆) စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့အဖြစ်

0 comments
သတင်းနဲ့ မှတ်ချက်(၁၉-၁၂-၂၀၁၆) စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့ အဖြစ် နှစ်ပေါင်း ၁၀၀ ကြာတော့မှ “ ရတနာဂီရိအကျဉ်းသား” ကွယ်လွန်ခြင်းအတွက် အခုလို ကောက်ကာငင်ကာ ရေးကြီးခွင်ကျယ်ထလုပ်ကြတာ ဘာကြောင့်လဲ။ အကြောင်းတော့ ရှိကို ရှိလိမ့်မယ်။  ရတဲ့အချက်အလက်တွေအပေါ်ကနေ ထင်မြင်ယူဆချက်ကို ဖော်ထုတ်ကြည့်ကြရအောင်။ အဆင့်နေရာဘက်ကပြောရင် ဒုတိယသမ္မတအဆင့်နဲ့ စစ်တပ်ထိပ်သီးကာချုပ် တက်တဲ့ပွဲဖြစ်တယ်။ အစိုးရဘက်က ဒုတိယသမ္မတ(၁) ဦး(ဗိုလ်)မြင့်ဆွေ၊ စစ်တပ်ဘက်က “ကာချုပ်”ကိုယ်တိုင်တက်တယ်။ ကာချုပ်အနေနဲ့ စစ်ဝတ်စုံ ဝတ်ပြီးတက်လို့တော့...

Sunday, December 18, 2016

နောင်ကျော်၊ ရန်မျိုးသိမ်းနဲ့ တစ္ဆေခြောက်သူများ(မျိုးမြင့်ချို)

0 comments
ကိုဌေးသိန်း(နောင်ကျော်)နဲ့ (ရန်ကြီး)ရန်မျိုးသိမ်းတို့ကို စာတမ်းတင်ဖို့ဖတ်ဖို့ တရားဝင်ဖိတ်တယ်။ တင်တဲ့စာတမ်းကို ပယ်တယ်။ ဖတ်ခွင့်မပေးဘူး။ အဲ့ဒီကိစ္စက ပြန်ဝန် ဒေါက်တာဖေဖြင့်(ကြက်စွပ်ပြုတ်)က ခေါင်းရင်းပေးရတာ၊ ဗိုက်အငှားလိုက်ရတာ။ ဒေါက်တာဖေမြင့်မှာ ဘာအာဏာမှမရှိသလို ဒေါ်စုတို့ ဦးထင်ကျော်တို့ဆိုတာလည်း မင်းအောင်လှိုင်ပြုသမျှ နုရတဲ့အခြေအနေတွေနဲ့ နိုင်ငံရေးလုပ်နေရတာ။ စစ်တပ်ကစိတ်ကြိုက်ခင်းပေးထားတဲ့လမ်းကို မယိမ်းမယိုင် မသွေမဖည်ပဲလျှောက်လှမ်းနေကြရတာ။ မီးစင်ကြည့်ကနေရတာဆိုတာထက် ကြိုးစင်ကြည့်“လှုပ်“နေကြရတာဖြစ်ပါတယ်။ ဒီစာတမ်းတွေကိုဖတ်ခွင့်မပေးတာက...