Friday, December 2, 2016

အမည်မဖော်အရက်စွဲသူများ (မျိုးမြင့်ချို)

0 comments
အမည်မဖော်အရက်စွဲသူများ (မျိုးမြင့်ချို)
သမ္မတလုပ်နေတုန်း သေတဲ့၊ အသတ်ခံရတဲ့ အမေရိကန် ၈ ယောက် အကြောင်း ပြောနေရင်းတန်းလန်း ဖေဖေဒေါ်များ နဝမမြောက်ဖြစ်သွားရင် ခက်ရချည်ရဲ့လိုတွေးပြီး စိတ်လက်မချမ်းသာတာနဲ့ အရက်ခွက်ဘက် လက်ရောက်မိတော့မလိုလိုဖြစ်သွားတာနဲ့ ဟာ မဖြစ်သေးပါဘူးလေဆိုပြီး ဒီစာအုပ်ကောက်ဖတ်မိတာပဲ။ ဒါနဲ့ ကြားဖြတ်လေး လက်တည့်စမ်းလိုက်မိတာပဲ။ ဟို ၈ ယောက်အကြောင်းလည်း ဆက်ပြန်ဖြစ်မှာပါ။ ဒီထဲက အရက်သမား အမှားတရာ ဘာညာသရကာဇာတ်လမ်းတွေလည်း ထုံ့ပိုင်းထုံ့ပိုင်းလေးပြန်မယ်တွေးတာပဲ။ တက်ကျမ်းလိုလို၊ လူငယ်ကြီးပွားရေးလိုလို၊ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့တို့လေလေ ဆရာတွေဖတ်မိပြီး မျိုးမြင့်ကြီး ဘာအရူးထနေတာလဲလို့ ထင်မှာလည်း စီုးရသေး။
Preface of the Fourth Edition of Big Book, the Basic Text for Alcoholics Anonymous
စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေသည့် အမည်မဖော်အရက်စွဲသူများစာအုပ်၏ စကားဦး
ဒီ အမည်မဖော်အရက်စွဲသူများ Alcoholics Anonymous- A.A စာအုပ်ဟာ စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်းဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ် ဧပြီလထဲမှာ ပထမဆုံးအကြိမ်ပုံနှိပ်စာအုပ်ထွက်ပေါ်ခဲ့ပြီး ၁၆ နှစ်အတွင်း အုပ်ရေသုံးသိန်းကျော်(၃ဝဝဝဝဝ)အထိ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေတော့ အုပ်ရေ တသန်းတသိန်းငါးသောင်းငါးထောင်(၁၁၅ဝ၅ဝဝ)ကျော်အထိ ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် တတိယအကြိမ်တည်းဖြတ် ထုတ်ဝေတဲ့အခါမှာ သုံးကြိမ်ပေါင်းအုပ်ရေစုစုပေါင်း ဆယ့်ကိုးကုဋေငါးသိန်းငါးထောင်(၁၉၅၅ဝဝဝဝ)ထိ ရောက်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းမှာ ဒီစာအုပ်ဟာ အခြေခံသင်ရိုးညွှန်းတမ်းဖြစ်လာခဲ့တာအပြင် ကျား/မအရက်သမားတပုံတခေါင်းကြီး လူတလုံးသူတလုံးနဲ့ ပုံမှန်ဘဝ ပြန်ရောက်ရေးအတွက် အထောက်အကူလည်း အကြီးအကျယ်ပေးခဲ့ပါပြီ။ ဘယ်လောက်ခက်ခဲ့တဲ့အပြောင်းအလဲကိုမဆို အောင်အောင်မြင်မြင် လုပ်ပြလိုက်မဟဲ့ဆိုတဲ့ ခိုင်မာတဲ့သံန္နိဌာန်ကြောင့် ဒီစာအုပ်ဟာ ခုတိုင်တည်ရှိနေတာဖြစ်ပါတယ်။ အရက်သမားကနေ ပုံမှန်ဘဝပြန်ရောက်ရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့ ဒီစာအုပ်ရဲ့ အစပိုင်းမှာဖော်ပြထားတဲ့ A.A Recovery လို့ဆိုတဲ့ ပုံမှန်ဘဝပြန်ရောက်ရေးအစီအစဉ်ကို တည်းဖြတ် မွမ်းမံတဲ့အခါ သိတ်အများကြီး တို့တာထိတာ သုတ်သင်တာမလုပ်ပဲ ရှေ့ကထုတ်ခဲ့တဲ့ ပထမ၊ ဒုတိယ၊ တတိယအကြိမ်ထုတ်တွေထဲကအတိုင်း ချန်ထားခဲ့ရပါတယ်။ သမားတော်ရဲ့အမြင် The Doctor’s Opinion ဆိုတဲ့ကဏ္ဍကိုဆိုရင် မူလခြေရာလက်ရာမပျက်ကို ထားခဲ့ပါတယ်။ ဒီကဏ္ဍကိုရေးခဲ့သူဟာ လူ့အဖွဲ့အစည်းအပေါ် ဧရာမကျေးဇူးပြုခဲ့ပြီး ဆုံးပါးရှာပြီဖြစ်တဲ့သမားတော်ကြီး ဒေါက်တာ ဝီလျံ ဒီ ဆစ်လ်ဝေါ့သ် Dr. William D. Silkworth ဖြစ်ပါတယ်။ သူက ဒီကဏ္ဍကို ၁၉၃၉ ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်တည်းဖြတ်တဲ့စာအုပ်ကို ဒုတိယမြောက်ပုံနှိပ်ဖြန့်ချိတဲ့အခါ ဝိဉာဉ်ဆိုင်ရာအတွေ့အကြုံ Spiritual Experience ကို နောက်ဆက်တွဲအဖြစ် ပေါင်းထည့်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်တည်းဖြတ်ထုတ်ဝေတဲ့အခါ အမည်မဖော်အရက်စွဲသူများအစဉ်အလာ နောက်ဆက်တွဲ the Appendices on A.A Tradition, အမည်မဖော်အရက်စွဲသူများ၏ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအမြင် the medical view and the religious view of A.A, လက်စကာဆုချီးမြှင့်ခံရခြင်းနှင့် အမည်မဖော်အရက်စွဲသူများနှင့်ဆက်သွယ်ရမည့် သတင်းအချက်အလက် the Lasker Award and information on how to contact A.A စတာတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး အရက်သမားများဖောင်ဒေးရှင်း Alcoholic Foundation ကိုတော့ ဖြုတ်ချထားခဲ့ပါတယ်။ အဓိက အပြောင်းအလဲကတော့ ပုဂ္ဂိုလ်ရေးဇာတ်လမ်းများ Personal Stories များကဏ္ဍဖြစ်ပါတယ်။ ပထမအကြိမ်တည်းဖြတ်ထုတ်ဝေခြင်းမှာပါတဲ့ ပုဂ္ဂိုလ်လိက ရာဇဝင် Personal History, ဒေါက်တာဘော့ဘ်၏ခြောက်အိပ်မက် Doctor Bobs Nightmare, ဘီလ်ရဲ့ဇာတ်လမ်း Bill’s Story စတာတွေကို လက်ရာမပျက် ထားခဲ့ပေမယ့် နောက်လိုက်နောက်ပါများ ဖွံ့ထွားမြင့်မားရေးကိုထင်ဟပ်မိစေဖို့ ဒီကဏ္ဍကိုထပ်ချဲ့ထွင်ခဲ့ပါတယ်။ ချဲ့ထွင်ရာမှာ သုံးပုဒ်ကိုတည်းဖြတ်တာလုပ်ပြီး အဲ့ဒီ သုံးပုဒ်ထဲကတပုဒ်ကို နံမည်ပြန်ပေးခဲ့ပါတယ်။ ဇာတ်လမ်းတွေထဲက ၂ ပုဒ်ကိုတော့ သဏ္ဍန်သစ်နဲ့ပြင်ရေးခဲ့ပါတယ်။ တပုဒ်ကို နံမည်ပါ အသစ်ပေးလိုက် ပါတယ်။ အားလုံး ဇာတ်လမ်းအပြည့်အစုံအပုဒ်သုံးဆယ် ထည့်ဖြည့်ထည့်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကဏ္ဍကိုလည်း သုံးပိုင်း ပိုင်းလိုက်ပါတယ်။ ကဏ္ဍတူ အောက်မှာ အပိုင်း သုံးပိုင်း ပိုင်းလိုက်တာဖြစ်ပါတယ်။
တတိယအကြိမ်တည်းဖြတ်စာအုပ်ရဲ့အပိုင်းတစ်ဖြစ်တဲ့ ကနဦး အမည်မဖော်အရက်စွဲသူများ Pioneers of A.A, ကို ဒုတိယအကြိမ်တည်းဖြတ်စာအုပ်ထဲက အတိုင်း ဘာအပြောင်းအလဲမှမလုပ်ပဲ ထားခဲ့ပါတယ်။ အပိုင်းနှစ်ဖြစ်တဲ့ သူတို့ အချိန်မီရပ်လိုက်ကြပြီ They Stopped, ထဲက ကိုးပုဒ်က ဒုတိယအကြိမ် တည်းဖြတ်စာအုပ်ထဲကနေ ဆက်ယူထားတာဖြစ်ပြီး အသစ်ရှစ်ပုဒ် ထပ်ဖြည့်ထားပါတယ်။ တတိယပိုင်းဖြစ်တဲ့ သူတို့ အားလုံးနီးပါးဆုံးရှူံးရလေပြီ They lost Nearly All, မှာ ဇာတ်လမ်းရှစ်ပုဒ်က မူလဟာတွေဖြစ်ပြီး အသစ်ငါးပုဒ် ထပ်ဖြည့်ထားပါတယ်။
ခု စတုတ္တအကြိမ်တည်းဖြတ်ထုတ်ဝေစာအုပ်မှာ ကမ္ဘာ့ဝန်ဆောင်မှု အယူအဆ ၁၂ ချက် Twelve Concepts for World Service, နဲ့ ပုဂ္ဂိုလ်ရေးဇာတ်လမ်း များကဏ္ဍထဲကသုံးခုကို ပြန်သုံးသပ်ပြုပြင်ထားပါတယ်။ ဇာတ်လမ်းသစ်တခုကို အပိုင်းတစ်ထဲပေါင်းထည့်လိုက်ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် အပိုင်းသုံးမှာဖော်ပြခဲ့တဲ့ ၂ ပုဒ်ကို ဒီစာအုပ်အပိုင်းသုံးမှာပဲ ရှေ့နောက်နေရာပြန်ချထားပြီး ၆ ပုဒ်ကိုတော့ ဖြုတ်ချခဲ့ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် အပိုင်းနှစ်ထဲက ၆ ပုဒ်ကို ဒီစာအုပ်အပိုင်းနှစ်မှာ ဆက်လက်ဖော်ပြထားပြီး ဇာတ်လမ်းအသစ် ၁၁ ပုဒ် ထပ်ဖြည့်ထားသလို ဇာတ်လမ်းဟောင်း ၁၁ ပုဒ်ကိုလည်း ဖယ်ထုတ်ခဲ့ပါတယ်။ ခုစာအုပ်ရဲ့ ပုဂ္ဂိုလ်ရေးဇာတ်လမ်းများအပိုင်းသုံးမှာ ဇာတ်လမ်းသစ် ၁၂ ပုဒ်ပါဝင်ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် ပုဂ္ဂိုလ်ရေး ဇာတ်လမ်းများကဏ္ဍ အပိုင်းသုံးထဲက ၈ ပုဒ်ကို ဖယ်ထုတ်ခဲ့တဲ့အပြင် ၂ ပုဒ်ကို အပိုင်းတစ်ထဲ ရွှေ့ပစ်လိုက်ပါတယ်။
ဒီစာအုပ်ကို စာအုပ်ကြီး Big Book လို့ အမည်ပြောင်သဘောပေးတာကို အသင်းသားတွေနှစ်ခြိုက်ကြပါတယ်။ နှစ်ပေါင်းများစွာ ဒီစာအုပ်ကြီး Big Book ထဲမှာ အပြောင်းအလဲများလုပ်ခဲ့ရခြင်းရဲ့ တူညီတဲ့ရည်ရွယ်ချက်ကတော့ အမည်မဖော်အရက်စွဲသူများ Alcoholics Anonymous A.A တွေကို ပိုပြီး တိကျသေချာ သိစေ့ချင်တာရယ်၊ အဲ့သလို သိသိလာမှ အမည်မဖော်အရက်စွဲသူများ လက်လှမ်းမီလာစေချင်တာရယ်ကြောင့်ဖြစ်ပါတယ်။ သင့်မှာ အရက်သောက်လို့ ပြဿနာတခုခုရှိလာပြီဆိုရင် ပုဂ္ဂိုလ်ရေးဇာတ်လမ်း ၄၂ ပုဒ်ထဲက တပုဒ်ပုဒ်ကိုဖတ်မိပြီး အသောက်ခနရပ်သွားလိမ့်မယ်၊ ပြီးရင် နဖူးပေါ်လက်တင်ပြီး အင်း ဒီအဖြစ်မျိုး ငါလည်းဖြစ်ခဲ့တာပါလားလို့ အတွေးဝင်လာနိုင်လိမ့်မယ်၊ ဒါမှမဟုတ်လည်း အင်း ငါလည်း ဒီဇာတ်လမ်းထဲကလို ခံစားခဲ့ရပါလားလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်၊ ဒါအရေးကြီးပါတယ်၊ အရေးအကြီးဆုံးကတော့ ဒီပရိုဂရမ်ဟာ သူများနည်းတူ ငါ့အတွက်လည်း အကျိုးရှိနိုင် အလုပ်ဖြစ်နိုင်တယ်လို့ အတွေးဝင်သွားတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ မိမိတို့အနေနဲ့မျှော်လင့်မိပါတယ်။
။ီဇင်ဘာ ၁၊ ၂ဝ၁၆

0 comments:

Post a Comment