(ဂတုံးပေါ် ထိပ်ကွက်တာ)
ဘယ်သူကမှ ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်အမတ်တွေက အရပ်ဝတ် ဝတ်ပြီး လူထုနဲ့ထွက်တွေ့တယ်။ အဲ့ဒီတွေ့တဲ့မဲဆန္ဒနယ်တွေမှာက လူထုကရွေးကောက်တင်မြှောက်ထားတဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ မီဒီယာတခုက ခုလို ဘာလို့တွေ့တာလဲမေးတော့ တပ်ချုပ်အမိန့်ပေးလို့တဲ့။ တွေ့ပြီး ဘာတွေလုပ်လဲဆိုတော့ လူထုမှာ ဘာတွေလိုအပ်နေတယ်ဆိတာသိဖို့နဲ့ လူထုဘာပြောချင်တယ်ဆိုတာ နားထောင်ကြည့်ဖို့တဲ့။ ဖြေတဲ့အဖြေကတော့ ထိုင်တောင် ဦးချချင်စရာကောင်းတယ်။ လက်တွေ့အရတော့ ခါးတောင်းကျိုက်တခြား ဖင်တခြား။
ဘယ်သူကမှ ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်အမတ်တွေက အရပ်ဝတ် ဝတ်ပြီး လူထုနဲ့ထွက်တွေ့တယ်။ အဲ့ဒီတွေ့တဲ့မဲဆန္ဒနယ်တွေမှာက လူထုကရွေးကောက်တင်မြှောက်ထားတဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ မီဒီယာတခုက ခုလို ဘာလို့တွေ့တာလဲမေးတော့ တပ်ချုပ်အမိန့်ပေးလို့တဲ့။ တွေ့ပြီး ဘာတွေလုပ်လဲဆိုတော့ လူထုမှာ ဘာတွေလိုအပ်နေတယ်ဆိတာသိဖို့နဲ့ လူထုဘာပြောချင်တယ်ဆိုတာ နားထောင်ကြည့်ဖို့တဲ့။ ဖြေတဲ့အဖြေကတော့ ထိုင်တောင် ဦးချချင်စရာကောင်းတယ်။ လက်တွေ့အရတော့ ခါးတောင်းကျိုက်တခြား ဖင်တခြား။
 ကောင်းပြီ ဒါဆို ဒီကိစ္စဟာ လွှတ်တော်တွေနဲ့ဆိုင်တဲ့အတွက် လွှတ်တော်တွေက 
ဘာပြောမလဲ ဘယ်လိုဆုံးဖြတ်ချက်ပေးမလဲ။ တခါ 
ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးကရော ဘာပြောမလဲ။ ခုထိတော့ 
လွှတ်တော်တွေရော ဖွဲ့စည်းပုံတရားရုံးကရော တုံဏှိဘော။ တုတ်တုတ်မှ 
မလှူပ်သေးဘူး။ စစ်အုပ်စု အလစ်အငိုက် ချုံခိုတိုက်တာခံလိုက်ရလို့ 
လူနာကောက်တုန်း ဖွဲ့စည်းပုံပြန်လုပ်တုန်း ဖြစ်နေပုံပဲ။ အဲ့ဒါတွေပြီးလို့ 
"တပ်တည်" နေရာကျပြီးရင်တော့ အသံတခုခုထွက်လာလိမ့်မယ်ထင်ရတယ်။ မာမာချာချာ 
တင်းတင်းရင်းရင်းအသံမျိုးတော့လည်း မမျှော်လင့်အပ်ပါဘူး။ 
 ဒါကိုစောင့်နေတုန်းမှာ ငြမ်းမီဒီယာက ပြည်သူ့လွှတ်တော်အမတ် 
ဦးရည်မွန်(မောင်တင်သစ်)ကို အင်တာဗျူးလုပ်ထားတာတွေ့တော့ သိလိုစိတ်နဲ့ 
သေသေချာချာဖတ်ပါတယ်။ 
 ဘာမှ ထူးထူးခြားခြား မှတ်ချက်ချသွားတာ ထောက်ပြဝေဘန်သွားတာ မတွေ့ရပါ။ 
ဥပဒေကိစ္စဖြစ်တယ်တို၊့ ဖွဲ့စည်းပုံမှာ 
အဲ့လိုမတွေ့ရဘူးလို့ပြဌာန်းမထားဘူးတို့တွေပြောပြီး 
ဆင်ဝှေ့ရန်ရှောင်လုပ်သွားတာ သတိထားမိတယ်။ သူလည်း 
အထက်အမိန့်စောင့်နေပုံပါပဲ။ မိမိမဲဆန္ဒနယ်မြေက 
မိမိကိုမဲပေးရွေးချယ်ခဲ့တဲ့လူထုကိုတောင် မိမိအမြင် မိမိသဘောထား 
ဝံ့ဝံ့စားစားပြောခွင့်ရှိပုံမရဘူး။ ပိုဆိုးတာက မီဒီယာက "အဲ့လိုတွေ့တာ 
ဘာရည်ရွယ်ချက်လို့ထင်လဲ" ဆိုတော့ ကျနော်တို့လည်း 
စဉ်းစားနေတဲ့အချက်ဖြစ်တယ်လို့ ဖြေသွားတာပဲ။ လွှတ်တော်အမတ်တယောက်အနေနဲ့တော့ 
မိမိကိုမဲပေးရွေးချယ်ခဲ့တဲ့လူထုကို မိမိအမြင် မိမိသဘောထားတော့ 
တိတိလင်းလင်းပြောနိုင်မှဖြစ်မယ်ထင်တယ်။ အဲ့လိုမဟုတ်ပဲ ပါတီက 
ဘာမှမပြောသေးလို့၊ လွှတ်တော်ကြီးက ဘာမှမဆိုသေးလို့၊ 
ဖွဲ့စည်းပုံဆိုင်ရာတရားရုံးက တခုခုမဆုံးဖြတ်သေးလို့ လို့ ဆင်ခြေပေးရတယ်ဆို 
အမတ်တယောက်အနေနဲ့လည်း မဲဆန္ဒရှင်တွေကြားမှာ မျက်နှာအထားရခက်မှာပါ။ 
ဦးကျော်ဇေယျပြောသလို “အမတ်တွေဟာ ငပေါကြီးတွေဖြစ်နေတယ်“ဖြစ်နေမှာအသေအချာပါ။ 
ဒါက ကိုယ့်ဘက်ကိုတွေးပြိးပြောတာပါ။
 သူ့ဘက်(စစ်အုပ်စုဘက်)ကိုပြောရရင်တော့ လူထုကရွေးကောက်ထားတဲ့အစိုးရကိုရော 
လွှတ်တော်တွေရောကိုပါ ဂတုံး တုံးလို့ အားမရသေးပဲ ထိပ်ပါ ထပ်ကွက်တာပါ။ လူထုက
 သူတို့ကိုလက်မခံတာသိပြီးသားမို့ လူထုသဘောထား ဆန်းစစ်ဖို့လုပ်တာတော့ 
မဟုတ်ပါ။ ရွေးကောက်ခံအမတ်တွေနဲ့ လူထုနဲ့ကြားက မကြေလည်တဲ့ 
မပြေလည်တဲ့ကိစ္စမျိုးတွေကို ရအောင်အစဆွဲထုတ်ပြီး ပြဿနာဖော်ဖို့၊ 
ခလောက်ဆန်ဖို့၊ လူထုနဲ့အမတ်ကို ရန်စဖော်ပေးဖို့ ရန်တိုက်ပေးဖို့၊ လိုအပ်ရင်
 အမတ်ကိုအညှာကိုင် လည်မြိညှစ်ပြီး လွှတ်တော်ထဲမှာ အသံကောင်းဟစ်ဖို့တွေလည်း 
ပါနိုင်ပါတယ်။ ဒါ့ထက်ပို ဆိုးညစ်တဲ့အကြံအစည်တွေလည်း ရှိနိုင်ပါတယ်။ 
ဒီလုပ်ရပ်ကို ဘာဆင်ခြေပေးပေး၊ ဘယ်လို အကြောင်းပြပြ ဒါဟာ 
နိုင်ငံရေးမသမာမှူဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ သန္ဓေပါဗီဇသဘောနဲ့အညီ 
နိုင်ငံရေးအရ မသာမာတဲ့အစီအစဉ်၊ မရိုးဖြောင့်တဲ့ခြေလှမ်း၊ 
လက်တလုံးခြားလှည့်ဖျားဖို့ကြံစည်ချက် ဖြစ်ပါတယ်။ 
 စစ်အုပ်စုရဲ့ဒီလုပ်ရပ်နဲ့စပ်လျဉ်းပြီး မိမိတို့သဘောထား မိမိတို့အမြင် 
မိမိတို့ရပ်တည်ချက်စတာတွေကို လွှတ်တော်အမတ်တွေအနေနဲ့ အများအနေနဲ့ရော၊ 
တဦးချင်းအနေနဲ့ရော၊ လွှတ်တော်တွေအနေနဲ့ရော တိုင်းပြည်ကို လူထုကို တခုခုတော့
 ရှင်းရှင်းလင်းလင်း တည်တည်ကြည်ကြည် ခိုင်ခိုင်မာမာ 
တင်ပြရှင်းလင်းဖို့လိုပါလိမ့်မယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၇၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၁၇၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment