(နဂိုရှိမှ အဂိုင်းထွက်တာပါ)
ကိုယ်ကျိုးစီးပွားသမားဆိုတာ သိုက်သမားတွေလို အရထူးရင် ဘနဖူးတောင် သိုက်တူးပါတယ်၊ ဗမာပြည်က လှေသမားတွေက သိုက်ဆရာတွေလှေပေါ်တင်ခေါ်ဖို့ကြီုးစားပေမယ့် အရသိတ်မထူးတော့ သိုက်ဆရာတွေစိတ်ပါလက်ပါမရှိကြပါ။ အင်းချထားဖို့သဘော အစီအမံလုပ်ထားဖို့သဘော မြေဦးထားဖို့သဘောနဲ့ စည်းသားကြ ရာဇမတ်ကာကြလောက်ကို FDI တွေလာနေပြီလို့ပြောနေရတာလည်း ပြည့်သိက္ခာပွန်းပါတယ်။ စက်မှူလုပ်ငန်းတွေ ကုန်ထုတ်လုပ်မှူတွေမှာ ရင်းနှီးမြှုပ်နှံကြတာထက် အရင်းနည်း အမြတ်လွယ်ပြီး ရှူံှူးလည်းမမှူလောက်တဲ့ ခရီးသွားလုပ်ငန်းတို့ ဟော်တယ်တို့ ပင်လယ်ငါးဖမ်းလုပ်ငန်းတို့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတို့ စတိုးဆိုင်ကြီးတွေလာဆောက်ပြီး ဈေးဆိုင်တည်ဈေးလာရောင်းတာတို့ အရောင်းပြခန်းတို့ဆိုတာတွေက လက်ခံနိုင်ငံအတွက်အကျိုးရှိတာထက် လာလုပ်သူကအမြတ်ပိုများပါတယ်။ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးဖို့ဆိုတာ စက်မှူလုပ်ငန်းတွေ နည်းပညာနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှ ကိုယ့်တွက်ကျန်မှာပါ။ အဲ့ဒါတွေရဖို့ ဖြစ်ဖို့ဆိုတာကလည်း ကိုယ့်ဆီမှာ အခံရှိမှပါ။

အလုပ်သမားဈေးပေါလို့ တရုတ်ပြည်မှာ ဥရောပနဲ့ အမေရိကန်က
သွားရင်းနှီးမြုပ်နှံတာမဟုတ်ပါ။ အလုပ်သမားဈေးပေါတိုင်း မြှုပ်နှံကြကြေးဆို
တရုတ်ထက်ဈေးပေါတဲ့ဗမာပြည်လို ပြည်တွေမှာ ဘာလို့ မမြှုပ်နှံတာလဲက
ထောက်ချင့်စရာပါ။ နိုင်ငံရေးတည်ငြိမ်တာတွေ ပြည်တွင်းစစ်မရှိတာတွေ
သယံဇာတ(ကုန်ကြမ်း)လွယ်လွယ်ရနိုင်တာတွေ ဘာတွေညာတွေ ခနထားပါ။
စက်မှူနဲ့နည်းပညာလုပ်ငန်းတွေလိုအပ်မယ့် ပညာတတ်အလုပ်သမား၊ ဝန်ထမ်း၊
အခြေခံအဆောက်အဦ၊ စွမ်းအင် စတာတွေ ကုံလုံနေလို့ပါ။ အဲ့ဒါတွေ ကုံလုံနေဖို့
တရုတ်ဟာ ဈေးကွက်တံခါးမဖွင့်ခင်ကတည်းက နှစ်သုံးဆယ်လောက်
အချိန်ယူပြင်ဆင်နေလာခဲ့တာပါ။ နောက်တချက်က တံခါးဖွင့်ဖွင့်ချင်းမှာပဲ
ပြည်နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတဲ့ တရုတ်လူမျိုးတွေကို
ပြန်လာနိုင်ဖို့ အတားအဆီးတွေဖယ်ပေးရုပ်ပေးလိုက်တာပါ။ ဒီတော့
ပြည်ပရောက်နေတဲ့ တရုတ်ပညာတတ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေ ပြန်လာကြပါတယ်။
ဦးနှောက်နဲ့အရင်းအနှီးတွေ စီးဝင်လာခဲ့တာပါ။
ကျနော်တို့ဟာ
လက်ရှိတရုတ်သွားနေတဲ့လမ်းကြောင်း(ဆိုရှယ်လစ်စီးပွားရေးပဏမအဆင့်)ဆိုတာကိုကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ လက်ခံနေရတာပါ။ တရုတ်လုပ်တာမှန်ရင်ကောင်းရင် နမူနာယူပြီး
မှားရင်ဆိုးရင် သင်္ခန်းစာယူရမှာပါ။ ကျနော်တို့တိုင်းပြည်
ပြန်တည်ဆောက်တာမှာ တရုတ်ဆီကနေ အတွေ့အကြုံရော သင်္ခန်းစာပါယူရမှာပါ။
အတွေ့အကြုံဆိုတာက ကောင်းမွန်မှန်ကန်တဲ့ရလာဒ်
ထွက်အောင်လုပ်ခဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သင်္ခန်းစာဆိုတာက သူမှားသလို
ကိုယ်မမှားဖို့ ဆင်ခြင်ချိန်ဆမှူပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉
0 comments:
Post a Comment