Tuesday, October 15, 2019

(ဇာတိမြေ)

0 comments
(ဇာတိမြေ)
ကျနော် ဗမာပြည်ကို အမိမြေလို့ တခါမှမသုံးစွဲဖူးပါ။ သုံးသူတွေသုံးတာ ဘာမှပြောစရာမရှိပေမယ့် ကိုယ်တိုင်သုံးဖို့ကြ စိတ်ထဲမသိုးမသန့်ဖြစ်လို့ပါ။ အမိမြေကတော်ပါသေးတယ်၊ အမျိုး ဘာသာ သာသနာလောက်နဲ့ ပြည်တွင်းဖြစ်ဖက်ဆစ်ပုံစံနဲ့ ပြည်တွင်းတင် လုယက်သတ်ဖြတ် မီးရှိူံအကြမ်းဖက်တာလောက်မို့ပါ။ အဖနိုင်ငံတော်ကတော့ ပြည်ပအထိ နိုင်ငံတကာအထိပါ လုယက်သတ်ဖြတ် စစ်မီးကြီးနဲ့ ကမ္ဘာမြေကို လောင်တိုက်သွင်းတာပါ။ အဖနိုင်ငံတော်တို့ဆိုတဲ့အသုံးကြားရင်း ကျောရိုးထဲကစိမ့်တက်လာပြီး သွေးတွေချောင်းစီး မြိ့ုကြီးတွေမီးလောင်နေတာ မြင်ယောင်လာပါတယ်။ ကျနော် အမေရိကန်နိုင်ငံသားမဖြစ်ခင်တုန်းက လိုအပ်လို့ပြောရရင် ဗမာပြည်ကို My Country လို့ပြောတဲ့အခါပြော The country i loved and served လို့ ပြောတဲ့အခါပြောပါတယ်။ တခါမှ အမိမြေတို့ အဖနိုင်ငံတော်တို့ဆိုပြီး ဗမာလိုရော အင်္ဂလိပ်လိုပါမပြောဖူးပါ။ အမေရိကန်နိုင်ငံသားဖြစ်ပြီးတဲ့နောက်တော့ United States of America ကို My country လို့ပြောပြီး ဗမာပြည်ကိုတော့ My native land or the country where i was born and raised လို့ပဲပြောပါတော့တယ်။ မွေးရပ်မြေကို အခင်အတွယ်နည်းတာလို့ ထင်မယ်ဆိုလည်း ခုခံချေပစရာတော့ဖြင့်မရှိပါ။ အဲ့ဒီတိုင်းပြည်ကို ဘယ်လောက်တွယ်တာခဲ့၊ အဲ့ဒီတိုင်းပြည်အတွက် ဘယ်လောက်ပင်ပမ်းဆင်းရဲခံခဲ့ကိုလည်း သီးသီးသန့်သန့် ဂုဏ်တခုလိုဖော်ပြီးပြောမယ်ဆိုလည်း မိမိထက်မက အဆင်းရဲအပင်ပမ်းခံ ရုန်းကန်ကြိုးပမ်းခဲ့သူတွေ ကြိုးပမ်းနေသူတွေကို မျက်နှာထောက်ရပါတယ်။ ခုထိတော့ ဗမာပြည်ဆိုတဲ့ ချက်မြုပ်မြေကို အကြောင်းတိုက်ဆိုင်တဲ့အခါတိုင်း လွမ်းကောင်းတုန်း အောက်မေ့ကောင်းတုန်း သတိရကောင်းတုန်းပါ။ ချက်မြုပ်မြေမှာ ခေါင်းချခွင့်ကြုံရကောင်းစေလို့တော့ တခါတခါ တောင့်တမိတာတော့အမှန်ပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment