(နိုင်ငံရေးစာရိတ္တကောင်းဖို့ဆို)
ဘုန်းကြီးသိန်းစိန်လက်ထက်က ရွေးကောက်ပွဲကော်မရှင်ကို ဗိုလ်တင်အေးကစီးထားတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲနီးတော့ ကော်မရှင်ကနေ (၃၁/၂ဝ၁၅)ဆိုပြီး အမိန့်ညွှန်ကြားချက်တခု ထုတ်တယ်။ အဲ့ဒီအမိန့်ညွှန်ကြားချက်က သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး စတဲ့လူတွေလည်း ရာထူးလက်ကိုင်ကနေပဲ ရွေးကောက်ပွဲမှာ ဝင်မဲဆွယ်ခွင့်ရှိတယ်လို့ဆိုထားတယ်။ အဲ့ဒီတုန်းက ဒီချုပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အကြီးအကျယ်ကန့်ကွက်ခဲ့လို့ ဟိုးလေးတကြော်ဖြစ်ခဲ့တယ်။ ပြတဲ့ဆင်ခြေက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်လို့ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ဘုန်းကြီးသိန်းစိန်ကိုယ်တိုင်ဆင်းပြီး မဲဆွယ်တယ်။ ဒါပေမယ့် ခွက်ခွက်လန်အောင်ရှူံးပြီး လူလုံးမလှဖြစ်သွားတယ်။ ဒီချုပ်က ဝက်ဝက်ကွဲနိုင်ခဲ့တယ်။ ၂ဝ၁၅ နောက်ပိုင်း ဒီချုပ် အာဏာမစို့မပို့ရလာတော့ ဘာတွေဖြစ်ခဲ့တယ် ဖြစ်နေတယ်က လူတိုင်းသိပြီးမို့ ဒီနေရာမှာ ဘာမှမပြောလိုပါ။

ခု ၂ဝ၂ဝမှာ အထွေထွေရွေးကောက်ပွဲတွေ ပြန်လုပ်တော့မယ်။ နီးသထက်နီးနီးလာပြီ။ 
နီးလာတော့ ဘာဖြစ်လဲ။ ဒီချုပ်ခန့် ကော်မရှင်က 
ဗိုလ်တင်အေးကော်မရှင်ထုတ်ခဲ့တဲ့ (၃၁/၂ဝ၁၅)ကိုပြန်သုံးမယ်လို့ 
အတိအလင်းကြေငြာတယ်။ တချိန်တုန်းက သူတို့ ခါးခါးသီးသီး ပြင်းပြင်းထန်ထန် 
ရွံရွံမုန်းမုန်း ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်ဖြစ်တယ်။ 
ဒီအတိုင်းသွားမှာဆိုတော့ ဦးဝင်းမြင့်ရော ဒေါ်စုပါ 
မဲဆွယ်စည်းရုံးရေးလုပ်မယ်ဆိုတာ ဗြောင်ထွက်ပြောတာဖြစ်တယ်။ ဦးဝင်းမြင့်ကတော့ 
ထားပါတော့ ဘာမှမဟုတ်ဘူးလို့ပဲ။ ဒေါ်စု ဒီချုပ်မှာ အခရာပဲ။ သူက ဝိညာဉ်ပဲ။ 
သူရှိနေလို့ ဒီချုပ် ခုလောက် ထောင်ထောင်မတ်မတ်ဖြစ်နေသေးတာ။ 
သူကိုယ်တိုင်မဲဆွယ်မယ်ဆိုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲက ပြည်မဒေသလို့ဆိုတဲ့ 
ဗမာလူမျိုးစုအများစုနေထိုင်ရာ မဲဆန္ဒနယ်တွေမှာ အခြေအနေကောင်းမှာပဲ။ 
သူကိုယ်တိုင် မဲမဆွယ်ပဲ ကားပေါ်ကနေ လက်ပြခြေပြလောက်လုပ်ရင် 
တိုက်အိမ်တအိမ်အိမ်ပေါ်ကနေ မျက်နှာလောက်ထွက်ပြရင်ကိုပဲ ကိစ္စကပြီးနေပြီ။
ဒီနေရာမှာ ထောက်ပြချင်တာက လစ်ဘရယ်လ်ဒီမိုကရေစီမှာ ရွေးကောက်ပွဲဖြစ်စဉ်ဟာ 
မဖြစ်မနေကို ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲနည်းမှတပါး အခြားလမ်းနဲ့ 
အာဏာရဖို့ဆိုတာက စိတ်ကူးယဉ်တဲ့သဘော ဒြပ်မဲ့သဘောအထိ ယုံကြည်ယူဆသူတွေရှိတယ်။ 
ဒီတော့ ပါတီတွေထောင်ကြ၊ ရွေးကောက်ပွဲဝင်ကြ၊ အပြိုင်အဆိုင် မဲမြှူကြ 
မဲဆွယ်ကြရတာပဲ။ မဲဆွယ်တဲ့နေရာတွေ မဲပေးဖို့စည်းရုံးရေးဆင်းတဲ့အခါတွေမှာ 
ငွေဘယ်လောက်သုံးနိုင်သလဲက အလွန်စကားပြောပါတယ်။ ငွေများတိုင်း 
မဲနိုင်တာမဟုတ်ပေမယ့် လူကြိုက်များတာချင်းတူရင် ငွေပိုသုံးနိုင်တဲ့လူ 
စင်ပေါ်ရောက်သွားတာတွေက အနမတဂ္ဂပါ။ ဆိုတော့ မိမိ အတိုက်အခံဘဝတုန်းက 
မတရားဘူး မမျှတဘူး ဒီမိုကရေီကျင့်စဉ်နဲ့မညီညွတ်ဘူး 
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့(တကယ်လည်း မညီညွတ်ပုံရပါတယ်) 
ကိုယ်တိုင်ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်တရပ်ကို 
ကိုယ်တိုင်ကပြန်သုံးမယ်ဆိုတော့ ဒီချုပ်ရဲ့ နိုင်ငံရေးသိက္ခာ၊ 
နိုင်ငံရေးသမာဓိ၊ နိုင်ငံရေးသီလတွေ စင်ကြယ်မကြယ်ကို ခနထားပါဦး 
နိုင်ငံရေးစာရိတ္တကောင်းမကောင်းဆိုတာအထိ ပြန်ဆန်းစစ်ကြည့်ကြဖို့လိုလာပါပြီ။
သူတို့တောင်လုပ်သေးတာပဲ ကိုယ်လည်းလုပ်မယ်ဆိုပြီး 
နိုင်ငံတော်အတိုင်ပင်ခံရာထူး တီထွင်ခဲ့တာလည်း 
အိုးရွဲ့ကိုစလောင်းရွဲ့နဲ့ဖုံးတာလားဆိုပြီးစွပ်စွဲခံရတာကို 
ပြန်ဖြေရှင်းဖို့ ခုထိခက်နေတယ်။ မပြေးသော်လည်း ကန်ရာရှိနေတယ်။ ခုလည်း တခါ 
သူတောင် ကလိန်ကျသေးတာပဲ ငါလည်းကလိန်ခြုံမှာပေါ့ဆိုတဲ့ သဘောဖြစ်နေတယ်။ 
ဘာပဲဖြစ်ဖြစ် ဒီချုပ်နိုင်ဖို့လိုတယ်၊ အခြားပါတီတွေမနိုင်ဖို့ 
အရေးကြီးတယ်ဆိုတဲ့အမြင်နဲ့ ရပ်ခံပြီး ဒီလုပ်ရပ်ကို ဗြောင်ပဲထောက်ခံခံ 
ကြိတ်ပဲထောက်ခံခံ ထောက်ခံတယ် သဘောတူတယ်ဆိုရင် လူဟာ မိမိရဲ့နိုင်ငံရေးသီလနဲ့
 နိုင်ငံရေးစာရိတ္တကိုပြန်ဆန်းစစ်ဖို့လိုနေတာတော့ အမှန်ပဲ။
(ဒီစာကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥဒေကို လက်ခံသိမှတ်ပြီး အဲ့ဒီအောက်ကနေပဲ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့ရပ်ခံချက်ရှိသူတွေ ပိုမြင်တွေ့စေချင်ပါတယ်)
(ဒီစာကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥဒေကို လက်ခံသိမှတ်ပြီး အဲ့ဒီအောက်ကနေပဲ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့ရပ်ခံချက်ရှိသူတွေ ပိုမြင်တွေ့စေချင်ပါတယ်)
 မျိုးမြင့်ချို
အောက်တိုဘာ ၂၅၊ ၂ဝ၁၉
အောက်တိုဘာ ၂၅၊ ၂ဝ၁၉

0 comments:
Post a Comment