(စိတ်နှောင့်ဗျာပွေ)
ဇော်ဂျီနဲ့ယူနီကုဒ်လည်း ခုလိုပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ ဘယ်လောက်ကြာနေဦးမလဲမသိဘူး။ Users တွေကတော့ ဖောင့်ပြောင်းရ ဆက်တင်ပြောင်းရနဲ့ အချိန်တွေကုန်လှပြီ။
ဇော်ဂျီနဲ့ယူနီကုဒ်လည်း ခုလိုပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ ဘယ်လောက်ကြာနေဦးမလဲမသိဘူး။ Users တွေကတော့ ဖောင့်ပြောင်းရ ဆက်တင်ပြောင်းရနဲ့ အချိန်တွေကုန်လှပြီ။
 Apple ကွန်ပြူတာမှာ ယူနီကုဒ်စနစ်နဲ့ရေးထားတာဖတ်ရဖို့ Font Book ထဲဝင်လိုက်
 မြန်မာဖောင့် ၂ ခုကို Able လုပ်လိုက်၊ ဇော်ဂျီမြင်ရဖို့ Disable 
လုပ်လိုက်ကလည်း လက်တော့မဝင်ပေမယ့် ကုန်လိုက်ရတဲ့အချိန်တွေအတွက် 
သမြောမိတာပါပဲ။ တခါတလေ အဲ့ဒါတွေလုပ်မနေချင်တော့ ဖောင့်ပြောင်း Converter 
နဲ့ ပြောင်းပြောင်း ဖတ်နေရတော့လည်း အလုပ်ကရှူပ်ရတာပါပဲ။
 Windows မှာတော့ ဖောင့်တွေလည်းစုံအောင်သွင်းထား၊ Converter လည်း 
အင်စတော်လ်လုပ်ထား၊ MUA Add on Extension လည်း ချိတ်ထားဆိုတော့ 
နည်းနည်းတော့ တော်သေးတယ်။ ဒါတောင် စိတ် ကသိကအောက်တော့ ဖြစ်ရပါတယ်။ 
 ကျနော်က စာတိုပေစလေးလည်း ရေးတဲ့သူဆိုတော့ တယ်လီဖုန်းနဲ့သုံးတာထက် 
ကွန်ပြူတာနဲ့သုံးတာက ပိုပါတယ်။ ဖုန်းသမားတွေအတွက်တော့ သိတ်မထောင်းတာပေမယ့် 
ကွန်ပြူတာသမားအတွက်တော့ ကိစ္စကမသေးပါ။
 ဇော်ဂျီကလည်း ယူနီကုဒ်စနစ်နဲ့ပြန်လာမယ်လို့ ပြောသံဆိုသံတွေကြားပေမယ့် 
တယ်တော့မထင်လှပါဘူး။ တကယ်ပြန်လာမယ်ဆိုရင်တော့ ဇော်ဂျီပဲပြန်သုံးဖြစ်မယ် 
တွေးမိပါတယ်။ ဇော်ဂျီ့ကျေးဇူးနဲ့ ကျနော် တော်တော်လေးရေးဖြစ်ခဲ့တာမို့ 
ဇော်ဂျီလုံးဝကွယ်ပျောက်သွားတောင် ကျေးဇူးတင်ခြင်းနဲ့အတူ 
အောက်မေ့သတိရနေမှာပါ။ 
 ယူနီကုဒ်စနစ်ဟာ မရှိမဖြစ်လိုအပ်မှန်း လူတိုင်းသိသလို အဲ့ဒီစနစ်ထဲဝင်ဖို့ 
ကျနော်တို့တိုင်းပြည် အများကြီး နောက်ကျကျန်ခဲ့တယ်ဆိုတာလည်း လူတိုင်း 
သိမြင်နားလည်ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်လက်ချက်ကြောင့်လည်းလဲ လူတွေသိပါတယ်။
 နောက်ကျနေလို့ တွန်းလိုက်ရတာ ကောင်းတယ်ဆိုပေမယ့် လိုအပ်တဲ့သက်လုံနဲ့ 
လုံလောက်တဲ့အချိန်ယူပြီး စနစ်တကျပြင်ဆင်မှူမရှိရင်တော့ အမီလိုက်ရင်း 
လမ်းတဝက်မှာ ခါးပြတ်တတ်ပါတယ်။ ခုက အစိုးရကိုယ်တိုင်ကဝင်ပါတာဖြစ်နေတော့ 
ခါးပြတ်ပြိး လမ်းတဝက်မှာ ပွဲကနေထွက်သွားဖို့တော့ အကြောင်းမမြင်ပါဘူး။ 
အာဏာရော ငွေကြေးရော လုပ်နိုင်စွမ်းရော လက်ဝယ်ရှိနေတာဆိုတော့ တပမ်းတင်မက 
အပမ်းပေါင်းများစွာ အသာရနေတာပါ။ 
 ခု ကျနော်တို့တွေ အဆင်မပြေကြတာ စိတ်ကသိကအောက်ဖြစ်ရတာ အချိန်တွေ 
အလသဟကုန်နေရတာတွေဟာ မြန်မြန်ဆန်ဆန် တွန်းတွန်းထိုးထိုးနဲ့ 
လုပ်စရာရှိတာတော့လုပ်ပါရဲ့၊ လုံလောက်တဲ့အချိန်လည်း ယူတော့ယူပါရဲ့၊ ဒါပေမယ့်
 ဖိဖိစီးစီးမရှိခဲ့တာနဲ့  User Friendly ဖြစ်အောင်ပျိုးမယူပဲ အလောတကြီးထ 
လုပ်ချလိုက်တာရဲ့အကျိုးဆက်ဒဏ် ခံနေရတာပါ။
 ကျနော်တို့တင်မဟုတ်ပါဘူး နည်းပညာလုပ်ငန်းတွေပါ ဒရောသောပါးဖြစ်ကုန်တာပါ။ 
ဖေ့စ်ဘွတ်ဆို အလိုအလျှောက်ဖောင့်ပြောင်းတဲ့စနစ်သုံးပြီး ဖြေရှင်းပေးပေမယ့် 
ဒါကလည်း ယာယီသဘောဖြစ်မယ်ထင်ပါတယ်။ သစ်မရှိခင်စပ်ကြား ဝါးကူသဘောလည်းမဟုတ်ပါ။
 ကိုင်းကူးကိုင်း ဆက်လုပ်ပေးတာလို့ ပြောရမလားမသိပါ။ 
 ထားပါတော့လေ ခုထိတော့ ဇော်ဂျီနဲ့ ယူနီကုဒ်ကလည်း လိမ်ဖယ်လိမ်ဖယ်ဖြစ်နေသလို 
ကျနော်တို့လည်း  ဒီ ၂ ခုကြား လူးကာလိမ့်ကာနဲ့ သာခွေယိုင်ဖြစ်နေရဆဲပါပဲ။ 
ဗျာများနေရဆဲပါပဲ။ တခုခုကို စိတ်ရှင်းရှင်းနဲ့ ကြည်ကြည်လင်လင်သုံးရမယ့်နေ 
မြန်မြန်ရောက်စေ့ချင်တာပါပဲ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၉၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၁၉၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment