Sunday, December 9, 2012

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း အပိုင်း-၁ဝ (မောင်လှဝင်း-မြင်းခြံ)

0 comments
အလုပ်သမားလူတန်းစား၏အနေအထား ကို ကြည့်ကြပါဦးစို့။
သူက ယာယီအစိုးရကို ဆိုရှယ်လစ်သမ္မတနိုင်ငံထူထောင်ဖို့ အမိန့်ပေးနိုင်ခဲ့သည်။ ယာယီအစိုးရမှတဆင့် တပြည်လုံးကို ညွှန်ကြားနိုင်သည့်အဆင့်ရောက်လိုက်ခြင်းပင်ဖစ်သည်။ ပစ္စည်းမဲ့လူတန်းစားသည် အမှီခိုကင်းသည့်ပါတီတရပ်အနေဖြင့် ရှေ့သို့ ချီတက်လာနေပြီ။ သို့ရာတွင် တချိန်တည်းတွင် သူက ပြင်သစ်ဓနရှင် လူတန်းစားတရပ်လုံးကို သူ့အားဆန့်ကျင်ဖို့စာရင်းပေးသွင်းလှည့်ရန် ဖိတ်ခေါ်လိုက်ရသည့်အဖြစ်မျိုးသို့လည်း ဆိုက်ရောက်သွားသည်။ သူက ပြင်သစ်ဓနရှင်လူတန်းစား တရပ်လုံးကို စိန်ခေါ်လိုက်ရသလိုမျိုးဖြစ်သွားခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် အလုပ်သမားများသည် (၁၈၃ဝ)ခုနှစ်၊ ဇူလိုင်နေ့ရက်များတုန်းက ဓနရှင်ဘုရင်အုပ်စိုးမှုအတွက်တိုက်ပေးခဲ့ရသည်။ အောင် လည်းအာငခဲ့သည်။
(၁၈၄၈)ခုနှစ်၊ ဖေဖော်ဝါရီနေ့ရက်များမှာကျတော့ သူတို့က ဓနရှင်သမ္မတနိုင်ငံအတွက်တိုက်ပေးခဲ့ရပြန် သည်။ အောင်လည်း အောင်ခဲ့ပြန်သည်။
(၁၈၃ဝ)ဇူလိုင်ဘုရင်စနစ်အစိုးရက သူ့ကိုယ်သကြေညာခဲ့တာကတော့ “သမ္မတနိုင်ငံကို ဦးတည်(ရှေးရှူ) သည့်ဘုရင်စနစ်”တဲ့။
(၁၈၄၈)ဖေဖော်ဝါရီသမ္မတနိုင်ငံကတော့ တွန်းအားဖိအားအပေးခံခဲ့ရလို့ သူ့ကိုယ်သူကြေညာလိုက်တာက “ဆိုရှယ်လစ်စနစ်ကိုဦးတည်(ရှေးရှူ)တဲ့ သမ္မတနိုင်ငံပါ”တဲ့။

ပဲရစ်ပစ္စည်းမဲ့လူတန်းစားသည် သည်သို့လိုက်လျောမှုပြုလာအောင် တွန်းဆော်ဖိအားပေးသည့်အခန်းမှ ပါခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သည့်ယာယီအစိုးရအနေဖြင့် အလုပ်လုပ်ကိုင်ကြရသည့် အလုပ်သမားများ၏နေထိုင်မှုဘဝကိုအာမခံချက်ပေးဖို့နှင့် ပြည်သူပြည်သားများကို အလုပ်အကိုင်အညီအမျှခွဲဝေပေးဖို့ အစိုးရကိုယ်တိုင်ဥပဒေထုတ်ပြန်ပြီးကတိပေးဖို့လိုကြောင်း မာ့ခ်ျ Marche ဆိုသူအလုပ်သမားက အဆိုပြုညွှန်ပြခဲ့သည်။ ရက်အနည်းငယ်အကြာတွင် အစိုးရက သည်လိုကတိပြုဖို့ဆိုသည့်အချက်ကို မေ့ပစ်လိုက်သည်။ ပစ္စည်းမဲ့လူတန်းစားဆိုတာ အစိုးရမျက်စိထဲမှာ မရှိတော့။ အလုပ်သမား ၂-သောင်းသည် မြို့တော်ခန်းမဆီချီတက်ပြီး ကြွေးကြော်ကြသည်။

“အလုပ်အကိုင်အတွက် စည်းရုံးဖွဲ့စည်းပေးပါ”
“အလုပ်အကိုင်ဆိုင်ရာ အထူးဝန်ကြီးဌာနတခုကို ဖွဲ့စည်းထူထောင်ပါ” သည်ကိစ္စအတွက် အချိန်အကြာကြီးယူကာ ငြင်းခုံဆွေးနွေးကြသည်။
ဆွးနွေးပွဲအပြီး အလုပ်သမားလူတန်းစားကို မြှင့်တင်ပေးရေးအတွက်နည်းလမ်းရှာဖွေရန် အထူးကော်မရှင်တရပ်အမြဲတမ်းထားဖို့ ခွင့်ပြုပေးလိုက်သည်။ ကော်မရှင်ထဲတွင် ပဲရစ်က ကျွမ်းကျင်သူအလုပ်သမားအဖွဲ့အစည်းအတွင်းမှကိုယ်စားလှယ်တွေပါဝင်စေပြီး လူဝီဘလန့်နှင့် အဲလ်ဘတ်တို့ကို ဦးဆောင်စေသည်။ သည်ကော်မရှင် အစည်းအဝေးထိုင်ဖို့နရာထိုင်ခင်းအဖြစ် Luxembourg လူဇင်ဘတ်နန်းတော်ကို သတ်မှတ်ပေးလိုက်သည်။

ဤနည်းဖြင့် အလုပ်သမားလူတန်းစား၏ကိုယ်စားလှယ်တို့မှာ ယာယီအစိုးရထဲတွင် ထိုင်ခုံပျောက်သွားသည့်အဖြစ် ဆိုက်ရောက်ခဲ့သည်။ ယာယီအစိုးရထဲမှာ ဓနရှင်လူတန်းစားကသာ နိုင်ငံတော်၏တကယ့်အာဏာကိုရသွားသည်။ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် လူထုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာနတွေက ဘဏ်တွေနှင့်အတူတွဲလျက်သား၊ ယှဉ်လျက်သား။ ၎င်းနှင့် စင်ပြိုင်တည်ရှိနေသည့် လူဇင်ဘတ်နန်းတော်မှာမူ ဆိုရှယ်လစ်ဝတ်ပြုကျောင်းတော်အဖြစ်သာ ရှိနေခဲ့သည်။ သည်ကျောင်းတော်၏ဘုန်းတော်ကြီးမျာထဲတွင် လူဝီဘလန့်နှင့်အဲလ်ဘတ်တို့ကို ဆရာတ်ာကြီးများအဖြစ် တွေ့မြင်ကြရလိမ့်မည်။ တခြားတခြားသောအစိုးရဌာနတွေနှင့် ကွဲပြားခြားနားချက်ကတော့ လူဇင်ဘတ်နန်းတော်ကသူတို့တတွေမှာ စီမံကိန်းအသုံးငွေ မရှိ။ အဆုံးအဖြတ်ပြုနိုင်သောအာဏာ မရှိ။ ဓနရှင်လူ့အဖွဲ့အစည်းကို ပင့်မြှောက်ထားသောတိုင်လုံးများအား သူတို့ခေါင်းနှင့်ပြေးဝင်ဆောင့်လိုက်ရုံဖြင့် ပြိုပျက်သွားလိမ့်မည်ဟူ၍ သူတို့တွေးထင်ထားခဲ့ပုံရသည်။ သူတို့သည် လူဇင်ဘတ်နန်းတော်တွင် အဘိဓမ္မာ၏အနှစ်၊ အမြုတေဖြစ်သော ပြဒါးရှင်လုံးကို ရှာဖွေနေစဉ်….မြို့တော်ခန်းမတွင်မူကား အာဏာပိုင်တို့က နောက်ဆုံးပေါ်ငွဒင်္ဂါးကို သွန်းထုနေကြလေသည်။

အလုပ်သမားများသည် ဓနရှင်လူတန်းစားနှင့်ပူးပေါင်းပြီး ဖေဖော်ဝါရီတော်လှန်ရေးကိုလုပ်ခဲ့ကြသည်။ ဓနရှင်လူတန်းစား၏ဘေးကနေပြီး သူတို့အတွက်အကျိုးစီးပွားကိုသူတို့ရှာဖွေဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။

သို့ရာတွင်…..ယာယီအစိုးရထဲမှာက ဓနရှင်ကအများစု။ အလုပ်သမားက တယောက်ထဲ။
“အလုပ်အကိုင်အတွက် စည်းရုံးဖွဲ့စည်းပေးပါ”တဲ့။ အခစားအလုပ်ဆိုတာက ရှိနေပြီးသားပဲလေ။ ဓနရှင်တွေရဲ့အလုပ်ဖွဲ့စည်းမှုပဲပေါ့။ ဒီလိုဖွဲ့စည်းမှုမရှိဘဲ “အရင်း”ဆိုတာမရှိ။ ဓနရှင်လည်းမရှိ။ ဓနရှင်လူ့အဖွဲ့အစည်းဆိုတာလည်း မရှိ။
“အလုပ်အကိုင်ဆိုင်ရာဝန်ကြီးဌာနတခုဖွဲ့ပေးပါ”တဲ့။ ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနတွေဆိုတာကလည်း အလုပ်အကိုင်ဆိုင်ရာဝန်ကြီးဌာနတွေပဲ မဟုတ်လား။ ဓနရှင်လူတန်းစားရဲ့ဝန်ကြီးဌာနတွေဖြစ်နေတဲ့အချက်တော့ ရှိတာပေါ့လေ

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၇)
၁၈၄၈ ဇွန်လ အရေးနိမ့်မ
ဖေဖော်ဝါရီတော်လှန်ရေးကြောင့် ပဲရစ်တွင် စစ်တပ်မျိုးဆက်ပြုတ်သွားသည်။ ယာယီအစိုးရတွင် အမျိုးသားကာကွယ်ရေးတပ်သာရှိတော့သည်။ သည်တခုတည်ရှိနေရုံဖြင့် ပစ္စည်းမဲ့လူတန်းစား၏ရန်ကို စိတ်ချထားလို့မရ။ ဒါ့အပြင် အမျိုးသားကာကွယ်ရေးတပ်ထဲ ပစ္စည်းမဲ့များ ဝင်ရောက်မလာနိုင်အောင် အတားအဆီးအမျိုးမျိုးတွေ မရေမတွက်နိုင်အောင်လုပ်ထားသည့်ကြားက လက်နက်ကိုင်ထားသည့်ပစ္စည်းမဲ့များ တပ်ထဲဝင်လာသည်ကို မတားမဆီးနိုင်ဖြစ်နေသည်။
သည်တော့ လမ်းတလမ်းပဲ ကျန်တော့သည်။ ဤကား ပစ္စည်းမဲ့လူတန်းစား၏အစိတ်အပိုင်းတခုက အခြားအစိတ်အပိုင်းတခုကို ဆန့်ကျင်တိုက်ခိုက်နေစေရေးသာဖြစ်သည်။ အိမ်ကြက်ချင်း အိုးမဲသုတ်အခွပ်ခိုင်းရေးပဲဖြစ်သည်။

ဤသည်မှာ ဓနရှင်လူတန်းစား၏ရည်ရွယ်ချက်။ ယာယီအစိုးရ၏ရည်ရွယ်ချက်။
ဤရည်ရွယ်ချက်အရ ယာယီအစိုးရက ကာကွယ်ရေးလှုပ်ရှားမှုတပ်များကို တပ်ရင်းကြီး(၂၄)ရင်း ဖွဲ့လိုက်သည်။ တပ်ရင်းတခုစီတွင် အသက် (၁၅)နှစ်မှ အနှစ် (၂ဝ)အကြားလူတန်းစားပျက်တွေ တထောင်စီပါသည်။ အများစုက လေလွင့်ပစ္စည်းမဲ့တွေ။ မြို့ပေါ်မှာနေထိုင်ကြသူတွေ။ စက်မှုပစ္စည်းမဲ့များနှင့် သူတို့က သိသိသာသာကြီးခြားနားသည်။ သူခိုးများ၊ ရာဇဝတ်မှုကျူးလွန်သူများပေါ်ပေါက် လာစေရေးအတွက် သူတို့က ရေခံမြေခံဖြစ်သည်။ သူတို့တွင် တိကျသည့်အရောင်းအဝယ်လုပ်ငန်းဟူ၍ ဘာမျှမရှိ။ ကလေကချေ လှည့်လည်လေလွင့်နေကြသူတွေ။ အိုးမဲ့ အိမ်မဲ့စားဖိုမဲ့နေသူတွေ။ အစိုးရများက တန်ပြန်တော်လှန်ရေးရည်ရွယ်ချက်နှင့် အသုံးချလေ့ရှိတတ်သောသူများပင်ဖြစ်သည်။ ယာယီအစိုးရက သူတို့ကို တရက်လျှင် ပြင်သစ်ငွေတဖရန့်နှင့်ဆင့်ငါးဆယ်စီပေးသည်။ ဤနည်းဖြင့် သူတို့ကို ဝယ်ထားလိုက်ခြင်းဖြစ်သည်။ သူတို့ကို ယူနီဖောင်းပးသည်။ အလုပ်သမားဝတ်စုံများဝတ်ထားကြသော ပစ္စည်းမဲ့များနှင့်ကွဲပြားခြားနားစေရန်ဖြစ်သည်။ အမြဲတမ်းတပ်ထဲက အရာရှိတွကိုခေါ်ပြီး သူတို့ထဲမှာခေါင်းဆောင်ခန့်သည်။ ဓနရှင်လူတန်းစားတို့၏သားများထဲမှ နိုင်ငံတော်အတွက် အသက်စွန့်လိုသူဟုထင်ရသူများ၊ သမ္မတနိုင်ငံကိုအလုပ်အကျွေးပြုလိမ့်မည်ဟုထင်ရသူများကို သူတို့ကိုယ်တိုင်ရွေးချယ်ပြီး ခေါင်းဆောင်ခန့်သည်။ ယင်းအတွက် ပစ္စည်းမဲ့လူတန်းစားအနေဖြင့် သူတို့အနီးပတ်ဝန်းကျင်ကနေ အစိုးရကခေါ်ထုတ်သွားသော ငယ်ရွယ်နုပျိုပြီးကျန်းမာသန်စွမ်းသည့် မိုက်ရူးရဲလူငယ် (၂၄, ဝဝဝ) ပါရှိသည့်စစ်တပ်တခုနှင့်ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ပဲရစ်ကို ဒိုးယိုပေါက်ဖြတ်သန်းထားသောလမ်းအတိုင်း စစ်ချီတက်မှုလုပ်ကြသည့်ထိုတပ်ကို သြဘာပေးကြိုဆိုတာတောင်လုပ်လိုက်ကြရသေး၏။

ပစ္စည်းမဲ့လူတန်းစားက ဒီတပ်သားများသည် သူတို့၏လမ်းပေါ်တိုက်ပွဲတွေမှာ ရှေ့တန်းအရောက်ဆုံး တိုက်ခိုက်ရေးသမားတွေဖြစ်လာလိမ့်မည်-ဟုပင်ယုံမှတ်မှားခဲ့ကြသေးသည်။ သူတို့က ဤတပ်ကို ဓနရှင်အမျိုးသားကာကွယ်ရေးတပ်အား ဆန့်ကျင်ယှဉ်ပြိုင်မည့်တပ်ဟူ၍ပင် သဘောထားခဲ့ကြသေးသည်။ ပစ္စည်းမဲ့လူတန်းစား၏ဤအမှားကိုတော့ နားလည်ခွင့်လွှတ်ပေးရမှာပါ။ ဤသို့ ကာကွယ်ရေးလှုပ်ရှားတပ်အပြင် အစိုးရက သူ့(အလုပ်သမားတို့)ပတ်လည်ဝန်းကျင်အနီးမှာ ပစ္စည်းမဲ့အလုပ်သမားတပ်တတပ်ရှိနေအောင် နေရာချထားပေးဖို့ဆုံးဖြတ်လိုက်ပန်သည်။ အမျိုးသားအလုပ်စခန်းတပ်-တဲ့။ နာမည်ကတော့ ဟိန်းနေသည်။ အလုပ်သမားတသိန်းလောက်သည် စီးပွားရေးကပ်ကာလနှင့်တ်ာလှန်ရေးကာလတွေတုန်းက လမ်းတွေပေါ်ပွင့်အန်ကျလာခဲ့ကြသည်။ ယခုအခါတွင်မူ သူတို့သည် အမျိုးသားအလုပ်စခန်းတပ်အတွင်းသို့ လှိမ့်ဝင်လာကြသည်။ အမျိုးသားအလုပ်စခန်းတပ်ဖွဲ့ဆိုသော်လည်း ထိုတပ်က ထုတ်လုပ်ရေးအလုပ် လုပ်ရသည်လည်းမဟုတ်။ တကြိုးတည်း ပျင်းရိငြီးငွေ့စရာ။ ထိုတပ်သည် ‘မြေကြီးအလုပ်’လုပ်ဖို့ အလုပ်သမားတွေကိုလခပေးပြီး အလုပ်ခန့်လိုက်တာကလွဲလို့ တခြားဘာမျှမဟုတ်။

(အင်္ဂလိပ်အလုပ်စခန်းဆိုတာမျိုး ရှိခဲ့ဖူးသည်။ ၁၈၃၄ ခုနှစ်တုန်းက အင်္ဂလန်တွင် ‘ဆင်းရဲသားများဆိုင်ရာ ဥပဒေ’ဆိုသည်ကို ထုတ်ခဲ့ဖူးသည်။ ထိုဥပဒေအရ ဆင်းရဲသားများအား ကယ်ဆယ်ရေးငွေကြေးထောက် ပံ့ပေးမည့်အစား ဆင်းရဲသားများအတွက် အလုပ်စခန်းဆိုသည်များဆာက်ပေးလိုက်သည်။ အလုပ်စခန်းများအား Bastilles for the poor ဆင်းရဲသားများအတွက် ဘာစတီးလ်အကျဉ်းထောင်ဟု လည်းခ်ါသည်။ ဆင်းရဲသားများက အစိုးရကိုဒုက္ခမပေးအောင် ကာကွယ်ထားလိုက်ခြင်းသာဖြစ်သည်) ယာယီအစိုးရ၏တွက်ကိန်းက ဤအမျိုးသားအလုပ်စခန်းတပ်ဖွဲ့ကိုဖွဲ့ပေးလိုက်ပြီး အလုပ်သမားများအား အိမ်ကြက်ချင်းအိုးမဲသုတ်အခွပ်ခိုင်းရာတွင် ဒုတိယမြောက်တပ်အဖြစ်အသုံးချဖို့ ဖြစ်သည်။ သို့ရာတွင် ဤတကြိမ် အစိုးရက အမျိုးသားအလုပ်စခန်းဆပ်ဖွဲ့ ဖွဲ့ပေးလိုက်ခြင်းသည် ကိုယ့်ဖာသာ ကိုယ်ကျိုးနည်းအောင်လုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ အလုပ်သမားများက ကာကွယ်ရေးတပ်အပေါ်အကဲဖြတ်ချက်လွဲခဲ့သလိုမျိုး အစိုးရသည်လည်း အလုပ်စခန်းတပ်ဖွဲ့အပေါ် အကဲဖြတ်ချက်လွဲမှားသွားခြင်းဖြစ်သည်။ (နောင်တွင် ဒီတပ်က တပ်တွင်းပုန်ကန်မှုဖြစ်လာခဲ့သည်) အမျိုးသားအလုပ်စခန်းတပ်ဖွဲ့ဆိုတာ လူဇင်ဘတ်နန်းတော်တွင် လူဝီဘလန့်ဟောပြောပို့ချမှုပြုခဲ့ စဉ်က ပြည်သူ့အလုပ်စခန်းများအတွက်ရည်ညွှန်းပြီးပေးလိုက်သောနာမည်ဖြစ်သည်။ ဤအမျိုးသားအလုပ်စခန်းတပ်ဖွဲ့ကို ဖွဲ့လိုက်ခြင်း၏ တကယ့်ရည်ရွယ်ချက်ကတော့ လူဇင်ဘတ်နန်းတော်ကိုဆန့်ကျင်ရေးဖစ်သည်။ ‘အမျိုးသားအလုပ်စခန်းတပ်ဖွဲ့’ဆိုသည်မှာ လူဝီဘလန့်၏ရှာဖွေတွေ့ရှိထားမှုသာဖြစ်သည်-ဟူ၍ အစိုးရက တိတ်တိတ်ပုန်းဝါဒဖြန့်ထားသည်။ လူဝီဘလန့်က ယာယီအစိုးရအဖွဲ့ဝင်တဦးလည်းဖြစ်၊ လူဇင်ဘတ်နန်းတော်နှင့်အမျိုးသားအလုပ်စခန်း တပ်ဖွဲ့၏ ပညာရှိပရောဟိတ်တဦးလည်းဖြစ်နေ၍ ဤသို့ဝါဒဖြန့်ထားလိုက်ခြင်းအားဖြင့် ပိုမိုကျိုးကြောင်းဆီလျော်ကာ အလုပ်သမားများယုံကြည်မှုပိုမိုရှိလာလိမ့်မည်ဟု အစိုးရကတွက်ဆ ထားခဲ့သည်။ အမျိုးသားအလုပ်စခန်းတပ်ဖွဲ့ဆိုသည်မှာ အနှစ်သာရအားဖြင့်ဘာမှမဟုတ်သော်လည်း အပြင်ဘန်းနာမည်အရတော့ ဓနရှင်သမ္မတနိုင်ငံကိုဆန့်ကျင်ပြီး ပစ္စည်းမဲ့လူတန်းစားကိုအကာအကွယ်ပေး မည့်တပ်ဟုထင်စရာရှိနေသည်။ ဤတွင် ဓနရှင်လူတန်းစားတရပ်လုံး၏မုန်းတီးမှုသည် ဒီတပ်ဖွဲ့အပေါ် သို့မြားဦးလှည့်သွားသည်။ ဒီတပ်သာ ဒါ့ထက်အင်အားတောင့်တင်းသွားရင် မလွယ်တော့ဘူးဆိုပြီး ဓနရှင်လူတန်းစားက ဒီတပ်ကိုပစ်မှတ်ထားလာခြင်းဖြစ်သည်။ ဓနရှင်ပေါက်စတွေကလည်း ဒီတပ်ကို မလိုလားနိုင်ကြ။ သည်အခါ အမျိုးသားအလုပ်စခန်းတပ်ဖွဲ့သည် ဓနရှင်များအတွက်ဘုံရန်သူကဲ့သို့ဖြစ် လာသည်။ ဓနရှင်လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားအတွက်သုံးစွဲခြင်းပြုရသည့်ငွေကြေးပမာဏကို တွက်ချက်လာကြသည်။ နိုင်ငံတော်ကလစာငွေဆိုတာ ဒီလို ဟန်ပြအလုပ်မျိုးအတွက် ပေးနေရတာလား၊ ဒါလား ဆိုရှယ်လစ်စနစ်…. စသဖြင့် ဓနရှင်လူတန်းစားက ညည်းညူမြည်တမ်းလာကြသည်။ အမျိုးသားအလုပ်စခန်းတပ်ဖွဲ့ကို ဝန်တိုငြိုငြင်မှုနှင့်အပြစ်ရှာလာကြသည်။ လူဇင်ဘတ်နန်းတော် ၏ကြေညာချက်များအပေါ်၊ ပဲရစ်မြို့ပေါ်မှာ အလုပ်သမားတွေပိုင်ဆိုင်ထားမှုအပေါ် အဆိုးမြင်လာကြသည်။

ဤသို့ဖြင့် ပစ္စည်းမဲ့လူတန်းစားနှင့်ဓနရှင်လူတန်းစားတို့၏ ရှုပ်ထွေးပြင်းထန်သည့်တိုက်ပွဲရက်သည် နီးကပ်သထက်နီးကပ်လာချေပြီ။ တိုးတက်မှုတွေအားလုံးက ဓနရှင်လူတန်းစား၏လက်တွင်းမှာ။

အဆုံးအဖြတ်ကျတဲ့နေရာဌာနတွေအားလုံး ဓနရှင်လူတန်းစား၏လက်တွင်းမှာ။
ဤသည်နှင့်တချိန်တည်းတွင် ဖေဖော်ဝါရီတော်လှန်ရေး၏လှိုင်းဂယက်တို့သည် ဥရောပတိုက်တခုလုံးတွင် ရိုက်ခတ်မြည်ဟည်းလျက်ရှိသည်။ နေရာတခုစီကနေ ကြေညာချက်အသစ်တခုစီ ထွက်လာနေသည်။ အီတလီက ယခုထွက်လာလိုက်။ တော်ကြာ ဂျာမဏီကပေါ်လာလိုက်။ ဥရောပအရှေ့တောင်ပိုင်း ဝေးလံလှတဲ့နေရာတခုဆီက နောက်တခုကြားရလိုက်နှင့်။ သည်အသံတွေက အလုပ်သမားထုကို ရွှင်လန်းအားတက်စေခဲ့သည်။

မတ်လ (၁၇)ရက်နေ့။ နောက်ပြီး ဧပြီ ၉၁၆)ရက်နေ့။ ထိုရက်တွေမှာ ကြီးမားသည့်လူတန်းစားတိုက်ပွဲကြီးရဲ့ အကြိုတိုက်ပွဲများဖစ်လာခဲ့သည်။ ဓနရှင်သမ္မတနိုင်ငံသည် သူ့တောင်ပံကြားမှာပဲ သူ့ဘာသာ ခေါင်းထိုးပုန်းအောင်းနေရသောတိုက်ပွဲကြီးဖြစ်မလာသေးမီ အကြိုတိုက်ပွဲတွေပါ။

မတ်လ (၁၇)ရက်။
ပစ္စည်းမဲ့လူတန်းစားက သူ့၏ပြတ်သားသောလုပ်ဆောင်ချက်တွေ လုပ်သေးတာတော့မဟုတ်ပါ။ ပစ္စည်းမဲ့လူတန်းစား၏နဂိုရည်ရွယ်ချက်မှာ ယာယီအစိုးရက တော်လှန်ရေးလမ်းပေါ်ပြန်လျှောက် လာစေရန်တွန်းအားပေးရုံမျှသာ ဖြစ်သည်။ အမျိုးသားညီလာခံနှင့်အမျိုးသားကာကွယ်ရးတပ်တို့၏ ရွေးကောက်ပွဲများကို အချိန်ရွှေ့ဆိုင်းထားအောင်ဖိအားပေးဖို့နှင့် ယာယီအစိုးရအဖွဲ့တွင်းမှာ ဓနရှင်များအဖွဲ့ဝင်အဖြစ်မပါရှိနိုင်တာ့ရန် တွန်းအားပေးဖို့လောက်သာရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မတ်လ (၁၆)ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အတွင်းမှ ဓနရှင်ကိုယ်စားလှယ်တို့သည် ယာယီအစိုးရကိုဆန္ဒပြသော လူထုလှုပ်ရှားမှုကို ရမ်းရမ်းကားကားတုံ့ပြန်လိုက်သည်။ ထိုသတင်းက အစိုးရုံးစိုက်ရာမြို့တော်ခန်းမအထိ လှိုင်းဂယက်ရိုက်ခတ်သွားသည်။ သည့်နောက်တွင်မူ လူထုသည် မတ်လ (၁၇)ရက်နေ့တွင် ယာယီအစိုးရကိုထောက်ခံသောကြွေးကြော်သံများဟစ်ကြွေးဖို့ ဖိအားပေးခြင်းခံရသည်။ ဓနရှင်လူတန်းစားကိုဆန့်ကျင်ဖို့(လူထုလှုပ်ရှားမှုကို ရမ်းကားစွာတုံ့ပြန်ခဲ့သည်မှာ ဓနရှင်လူတန်းစားကိုယ်စားလှယ်များဖြစ်သည်ကိုသတိပြု) ဓနရှင်သမ္မတနိုင်ငံ (ယာယီအစိုးရကိုယ်စားပြုထားသည်ကိုသတိပြု)ကို ကာကွယ်ခဲ့ရသည့်အဖြစ်ပါ။ လူထုသည် ယာယီအစိုးရကိုဖီဆန်ရမည့်အချိန်တွင် ယာယီအစိုးရကိုအားဖြည့်ထောက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

သို့ရာတွင် မတ်လ (၁၇)ရက်နေ့တွင် စိတ်လှုပ်ရှားစရာကောင်းသည့်ကိစ္စတခုပေါ်ခဲ့သည်။
၎င်းနေ့က ဖိအားအပေးခံခဲ့ရသောကြောင့် ယာယီအစိုးရကိုထောက်ခံဆန္ဒပြခဲ့ရသော ပဲရစ်ပစ္စည်းမဲ့တို့သည် သူတို့၏ကြီးမားလှသောအင်အားကို အလုံးအထည်နှင့်ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွားသည်။ သည်အခါတွင် သည်အင်အားကိုတွေ့မြင်ပြီးကြောက်လန့်သွားကြသော ယာယီအစိုးရ၏အတွင်းနှင့် အပြင်မှဓနရှင်လူတန်းစားတို့သည် သည်အင်အားကိုဖြိုဖျက်ပစ်ရန် အားလုံးကပိုင်းဖြတ်လိုက်ကြခြင်း ပင်ဖြစ်သည်။

ဧပြီလ (၁၆)ရက်နေ့။
ယာယီအစိုးရသည် ဓနရှင်လူတန်းစားနှင့်အတူ လွဲမှားစွာကပြတင်ဆက်လိုက်သော ဇာတ်ကွက်ပြကွင်း တခုကို တွေ့မြင်ရသည်။ ၎င်းနေ့တွင် အလုပ်သမားများသည် Field of Mars နှင့် Hippodrome နေရာဌာန များတွင် အင်အားများစွာဖြင့်စုဝေးရောက်ရှိလာခဲ့ကြသည်။ အမျိုးသားကာကွယ်ရေးတပ်၏ အထွေထွေရုံး ဌာနဆိုင်ရာရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် သူတို့ကျရာတာဝန်၊ ကျရာအလုပ်ကိုပြင်ဆင်လုပ်ကိုင်ရန် ရည်ရွယ်ချက်နှင့်ရာက်ရှိလာကြခြင်းသာဖြစ်သည်။ သို့ရာတွင် အကျိုးရလဒ်ကတော့ ဤသည်နှင့်ပြောင်းပြန်။ ရုတ်တရက်ဆိုသလို ပဲရစ်မြို့အနှံ့ ထုတ်ချင်းပေါက်အောင် ကောလာဟလသတင်းတွေပျံ့ထွက်လာသည်။ သတင်းပျံ့နှံ့ပုံကလည်း နေရောင်ခြည်ဖျတ်ခနဲ လင်းချင်းလာပြီး အလင်းရောင်များဖြာဝေသွားသကဲ့သို့။

(Field of  Mars)ကွင်းထဲမှာ သေနတ်ကိုင်အလုပ်သမားတွေ တွေ့ခဲ့ရသတဲ့။ လူဝီဘလန့်၊ ဘလန်ကွီး၊ ကာဘက်နဲ့ရက်စ်ပီးလ်တို့က ခေါင်းဆောင်လာကြတာ-တဲ့။

မြို့တော်ခန်းမဆီချီတက်ပြီး ယာယီအစိုးရကိုဖြုတ်ချမလို့-တဲ့။

ကွန်မြူနစ်အစိုးရဆိုတာကို ကြေညာမလို့-တဲ့)

ဤသို့လျှင် အထွေထွေထိတ်လန့်မှုကြီးတွေဖြစ်ကုန်ကြသည်။
(နောက်ပိုင်းကျမှ ၎င်းသတင်းမှားကို လီဒရူး၊ ရိုလင်၊ မားရတ်စ်နှင့်လာမာတင်းတို့ကဖန်တီးခဲ့ကြောင်း အတည်ပြုချက်ရရှိခဲ့သည်) အစိုးရက တနာရီအတွင်းမှာပင် လူ (၁ဝဝ, ဝဝဝ)လောက်ကိုလက်နက် တပ်ဆင်လိုက်သည်။ မြို့တော်ခန်းမတွင်လည်း နေရာလပ်မရှိအောင် အမျိုးသားကာကွယ်ရေးတပ်တွေ ချထားလိုက်သည်။ တပ်ဖြင့် မြို့တော်ခန်းမကိုစောင့်ကြပ်ထားလိုက်သည်။ လက်နက်တပ်ဆင်ထားသူများကို ကြွေးကြာ်သံတွေ အော်ဟစ်စေသည်။

(ကွန်မြူနစ်တွေ ကျဆုံးပါစေ-

လူဝီဘလန့် ကျဆုံးပါစေ-

ဘလန်ကွီး ကျဆုံးပါစေ-

ရက်စ်ပီးလ် ကျဆုံးပါစေ-

ကာဘက် ကျဆုံးပါစေ-)

ဒီကြွေးကြာ်သံတွေက မိုးခြိမ်းသံတွေလို ပဲရစ်တမြို့လုံးညံသွားခဲ့သည်။ ယာယီအစိုးရကိုသစ္စာခံကြောင်းဖော်ပြသူများနှင့် အဖနိုင်ငံတော်အတွက်၊ လူ့အဖွဲ့အစည်းကိုကယ်တင်ဖို့အတွက်အသင့်ရှိပါသည်ဟုဆိုလာသူများသည် ရိုက်သတ်၍ကုန်နိုင်ဖွယ်မရှိအောင် အရေအတွက်များပြားစွာရှိလာသည်။ သည်အချိန်တွင်…..
နောက်ဆုံး၌အလုပ်သမားများသည် မြို့တော်ခန်းမဆီသို့ရောက်ရှိလာကြသည်။ နိုင်ငံအတွက်သစ္စာခံ အလုပ်လုပ်မည့်ပြည်ချစ်တပ်ဖွဲ့ကို Field of Mars ကွင်းပြင်မှာ သူတို့ရွေးကောက်လာခဲ့ပြီး ယာယီအစိုးရထံလွှဲအပ်ပေးမည်ဆိုသောရည်ရွယ်ချက်နှင့်သာ။ မြို့တော်ခန်းမဆီရာက်သွားမှ အလုပ်သမားများ အံအားအသင့်ကြီးသင့်သွားရသည်။ ပဲရစ်ကဓနရှင်လူတန်းစားသည် ကိုယ်အရိပ်ကိုပင်ကိုယ်ပြန်၍ လန့်နေကြသူများပါလား။ တကယ်တိုက်ရမည်မဟုတ်သည့်တိုက်ပွဲအတွက် အကွက်ချတွက်ချက်ပြင်ဆင်ထားကြတာပါကလား။

မတ်လ (၄)ရက်နေ့။ အမျိုးသားညီလာခံ။
အထွေထွေရွေးကောက်ပွဲ၏ တိုက်ရိုက်ရလဒ်အဖြစ် ထိုညီလာခံကိုကျင်းပခဲ့သည်။ ဓနရှင်ဂိုဏ်းသားတို့ အသာစီးရလိုက်သည့်ပွဲပါ။ အကယ်စင်စစ်တွင် သမ္မတနိုင်ငံ၏နေ့စွဲသည် မေလ (၄)ရက်နေ့က စတင် ရမည်ဖြစ်သည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ မဟုတ်။ ဤသို့သာလျှင် ပြည်သူကယုံကြည်သည်။ အသိအမှတ်ပြုသည်။ ယခုပေါ်လာသည့် သမ္မတနိုင်ငံကမူ ပစ္စည်းမဲ့တွေက ယာယီအစိုးရအပေါ် ယုံကြည်ထားချက်များနှင့် မကိုက်ညီ။ သူတို့ယုံကြည်မျှော်လင့်ထားသည့်သမ္မတနိုင်ငံမျိုးမဟုတ်။ ဆိုရှယ်လစ်ဖွဲ့စည်းပုံအရဖွဲ့စည်းသည့်သမ္မတနိုင်ငံမျိုးမဟုတ်။ ယခု အမျိုးသားညီလာခံကကြေညာ လိုက်သောသမ္မတနိုင်ငံသည် ဓနရှင်အစီအစဉ်များ စနစ်များကိုတိုက်ဖျက်ပစ်ရေးအတွက် တော်လှန်ရေး၏လက်နက်သဖွယ်အားထားရမည့်သမ္မတနိုင်ငံမျိုး မဟုတ်။

တခွန်းတည်းပြောရလျှင်တော့ ဓနရှင်လူတန်းစား၏သမ္မတနိုင်ငံသာဖြစ်သည်။

အမျိုးသားညီလာခံအတွင်းတွင် (ပြင်သစ်ပြည်သူပြည်သားများသာဖြစ်သော) တက်ရောက်သူအားလုံးတို့သည် ပဲရစ်ပစ္စည်းမဲ့လူတန်းစားကိုတရားစီရင်ဖို့အတွက် အစည်းအဝေးထိုင်လိုက်ကြသည်။ သူတို့သည် ပစ္စည်းမဲ့လူတန်းစားကိုယ်စားလှယ်များဖြစ်ကြသော လူဝီဘလန့်နှင့် အဲလ်ဘတ်တို့ကိုထုတ်ပစ်လိုက်ကြသည်။ အထူးအလုပ်သမားဝန်ကြီးဌာနဆိုသည်ကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။ အစိုးရဝန်ကြီးတဦးက ကြေညာချက်ထုတ်လိုက်သည်။

“လက်ငင်းပြဿနာကတော့ အလုပ်ကို သူ့နဂိုနေရာဟောင်းဆီပြန်ခေါ်သွားဖို့ပဲ။”တဲ့။

0 comments:

Post a Comment