Wednesday, December 5, 2012

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း အပိုင်း-၈ (မောင်လှဝင်း-မြင်းခြံ)

0 comments
၁၈၄၈ ဖေဖော်ဝါရီတော်လှန်ရေးနှင့် ၁၈၄၈ ဂျွန်လအရေးနိမ့်မှု
၁၈၄၈ -ဖေဖော်ဝါရီတော်လှန်ရေး (၁၈၄၈)ခုနှစ်မှာ ဧကရာဇ်ဘွဲ့ကို ခံယူလိုက်သည့်နပိုလီယံသည် အကြွင်းမဲ့အာဏာရဧကရာဇ်အဖြစ် ပီပီပြင်ပြင်လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် တဖက်မှာမူ သူသည် အပြောကောင်းသူတယောက်လည်း ဖြစ်နေပြန်သည်။
“လွတ်လပ်ရေးနှင့်တန်းတူရေး”ဆိုတာတို့
“အမြင့်ဆုံးအာဏာဆိုတာ ပြည်သူထံမှာရှိတယ်”ဆိုတာတို့ကိုနေ့စဉ်ပြောပြီး အာဏာရှင်လုပ်ခဲ့သူပါ။
သူက ဂျက်ကိုဘင်၏ပေါ်လစီတွေအတိုင်းလုပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် တဖက်ကလည်း ဂျက်ကိုဘင်ဂိုဏ်းကို အကြီးအကျယ်နှိပ်ကွပ်ခဲ့သည်။ ထိုမျှသာမက သူသည် တိုးတက်သောအဖွဲ့အစည်းမှန်သမျှကိုလည်း ဖျက်ဆီးခဲ့သူဖြစ်သည်။ ထိုအချိန်က ပြင်သစ်ပြည်တွင် ထုတ်ဝေသာသတင်းစာအစောင်(၇ဝ)ကျော်ရှိသည့်အနက် (၆ဝ)ကို ပိတ်ပင်ပစ်လိုက်သည်။ နပိုလီယံ၏ပည်တွင်းပေါ်လစီဟူသည်မှာ အဓိကအားဖင့် စုစည်းချုပ်ကိုင်မှုစနစ်ကိုတောင့်တင်းအောင် လုပ်ခြင်းပင်ဖြစ်သည်။ ဒေသအာဏာပိုင်များအား ရွေးချယ်တင်မြှောက်သည့်စနစ်ကိုဖျက်သိမ်းပြီး ဗဟိုကတိုက်ရိုက်ခန့်ထားသည့်စနစ်ကိုကျင့်သုံးသည်။ ဝန်ကြီးဌာနများကိုလည်း (၁၂)ဌာနအထိ တိုးချဲ့ခဲ့သည်။ သူက ကိုယ်ရံတော်တပ်၊ ပုလိပ်တပ်နှင့်ထောက်လှမ်းရေးတပ်တို့ကို ကိုယ်တိုင်ကိုင်သည်။ သတင်းပေးစနစ်ကွန်ရက်ကို တည်ဆောက်သည်။ သူသည် (၁၈ဝ၄) ခုနှစ်မှာပဲ “ပြည်သူ့ဥပဒေ”ဆိုသည်ကို ထုတ်ပြန်လိုက်သည်။ “နပိုလီယံကိုဓဥပဒေ”ဆိုသည်မှာလည်း သည်ဥပဒေပဲဖြစ်သည်။ (၁၈ဝ၇)ခုနှစ် ကျမှ နာမည်ပြောင်းလိုက်ခြင်းဖြစ်သည်။ ယင်း ကိုဓဥပဒေတွင် ပုဒ်မ (၂၂၈၁)ခု ပါဝင်ပါသည်။
(၁၈ဝ၇)ခုနှစ်တွင် ကုန်သွယ်ရေးဥပဒေကို ထုတ်ပြန်သည်။
(၁၈၁ဝ)ခုနှစ်တွင်မူ “အရေးယူမှုဥပဒေ”ဆိုသည်ကိုထုတ်ပြန်သည်။ လယ်သမားကလေးတို့၏စီးပွားရေးကို ခိုင်မာအောင်လုပ်ပေးခြင်းသည် ဂျက်ကိုဘင်တို့ပေါ်လစီ၏အောင်မြင်မှုတရပ်ဖစ်သည်။ ဤအချက်ကို နပိုလီယံကမြင်သည်။ ထိုကြောင့် သူက ဒီပေါ်လစီကို ပြတ်ပြတ်သားသားထောက်ခံလိုက်သည့်အတွက် လယ်သမားထုကလည်း သူ့ကို ပြန်လည်ထောက်ခံမှုပြုလာကြသည်။ နပိုလီယံကိုဓဥပဒေထဲတွင် လူမှုစနစ်ဟာင်း၏အခွင့်ထူးများကိုဖျက်သိမ်းပြီး လယ်သမားများကိုလွတ်လပ်မှုပေးခဲ့သည်။ အစိုးရသိမ်းထားသောမြေများကိုပန်လည်ရောင်းချခဲ့သည့်အတွက် မြေအများစုကိုဓနရှင်တွေကဝယ်ယူ ပိုင်ဆိုင်လိုက်ကြသည်။ လယ်သမားအများအပြားသည်လည်း လယ်မြေပိုင်ဆိုင်ခွင့်ရရှိလာကြသည်။
နပိုလီယံသည် တော်လှန်ရေး၏အသီးအပွင့်များကိုကာကွယ်သည့် လုပ်ဆောင်ချက်များကိုလည်းပြုလုပ် ခဲ့သည်။ သို့ရာတွင် အနှစ်သာရကိုကြည့်လျှင်မူ ဓနရှင်တော်လှန်ရေး၏အသီးအပွင့်ကို ကာကွယ်ခြင်းသာဖစ်သည်၊ ဓနရှင်တို့၏အကျိုးစီးပွားကိုဆက်လုပ်ပေးခဲ့ခြင်းသာ ဖြစသည်။ ၎င်းအပြင် သူ၏အခြားလုပ်ဆောင်ချက်များမှာ….
ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့သည်။ အခွန်တော်ပေါ်လစီပြုပြင်မှုများ လုပ်ခဲ့သည်။ ပြင်သစ်ဘဏ်ကို တည်ထောင်ခဲ့သည်။ အတတ်ပညာတော်လှန်ရေးကိုအားပေးသည်။
နိုင်ငံတော် အဝယ်တော်စနစ်ကိုကျင့်သုံးသည်။
သူလုပ်ဆောင်ခဲ့သော စစ်ရေးစက်မှုလုပ်ငန်းတိုးချဲ့ခြင်း၊ ရေကြောင်းလမ်းဖွင့်ခြင်း၊ ကုန်းလမ်းဖောက်ခြင်း…. စသည်တို့သည် အရင်းရှင်စနစ်တိုးပွားစေရေးအတွက်များစွာအကျိုးရှိစေခဲ့သည်။
စနစ်သစ်ကိုကိုယ်စားပြုနိုင်ခဲ့သည့်အတွက် နပိုလီယံသည်အောင်မြင်မှုတွေရရှိခဲ့ခြင်းဖစ်သည်၊ ထို့ကြာင့် ဓနရှင်နှင့်လယ်သမားများ၏ထာက်ခံမှုကို သူ ရရှိသည်။ သူသည် သူကိုယ်တိုင်အတွက်လည်း ဘုရင်စနစ်နှင့်နန်းတွင်းအဆောင်အယောင်များကို ပြန်လည်ဖ်ာထုတ်သည်၊ သူ့အား ထောက်ခံသူများကို သူကောင်းပြုပြီး “သူကောင်းမျိုး-အမျိုးအစားသစ်”ကို ဖန်တီးပေးခဲ့သည်။ ဘာသာရေးနှင့်ပတ်သက်လျှင် လည်း နပိုလီယံသည် စေ့စပ်ရေးလမ်းလိုက်ခဲ့သည်။ (၁၈ဝဝ)ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးနှင့်ကွန်ဂိုဒတ် (Concordat) စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဂိုဏ်းချုပ်ဂိုဏ်းအုပ်တို့ကို အစိုးရကရွေးချယ်ပြီး ပုပ်ရဟန်းမင်းကြီးကခန့်အပ်ပေးရသည်။ သာသနာရေးဝန်ထမ်းများကို ပုံသေလစာပေးသာစနစ်ကို ကျင့်သုံးသည်၊ ဘာသာကွဲဂိုဏ်းများကိုလည်း တပြေးညီထောက်ပံ့ခဲ့သည်။ နပိုလီယံ၏ပည်ပပေါ်လစီမှာမူ ရှုပ်ထွေးမှုရှိသည်၊အစပိုင်းတွင် တော်လှန်ရေးအသီးအပွင့်များကိုကာကွယ်သောလက္ခဏာဆောင်ခဲ့သော်လည်း ကျူးကျော်မှုလက္ခဏာကို ဆက်တိုက်ဖော်ပြခဲ့သည်။ ဥပမာ- ပြည်တွင်းစွက်ဖက်မှုကိုတွန်းလှန်ခြင်းသည် တရားသောလက္ခဏာပါဝင်သော်လည်း ဂျာမဏီအပေါ် စာချုပ်အရ အနိုင်ကျင့်ခြင်းကမူ မတရားမှုလက္ခဏာဆောင်သည်။ အင်္ဂလိပ်နှင့်တိုက်ခိုက်သည့်စစ်ပွဲသည် တွန်းလှန်ရေးလက္ခဏာပါသကဲ့သို့ ဗိုလ်လုရေးလက္ခဏာလည်းပါရှိနေသည်။ နပိုလီယံ၏လုပ်ဆောင်ချက်တချို့သည် ဥရောပတိုက်တွင် အရင်းရှင်စနစ်လမ်းပွင့်စေရေးအတွက် အတော်ပင်အထောက်အကူပြုခဲ့သည်။ သို့သော် သူ့တွင် အင်ပါယာထူထောင်လိုသောရည်ရွယ်ချက် ရှိနေသည်။ နယ်ချဲ့လုယက်လိုသော ဤရည်ရွယ်ချက်ကြောင့် သူကျဆုံးခဲ့ရခြင်းဖြစ်သည်။ နပိုလီယံခေတ် ပြင်သစ်အင်ပါယာသည် အင်္ဂလန်၊ ရုရှား၊ တူရကီတို့ကလွဲလျှင် ကျန်ဥရောပနိုင်ငံ အားလုံးပါဝင်ခဲ့သည်။ (၁၈၁၃)ခုနှစ်သို့ရောက်ရှိသည့်အခါ ဥရောပတိုက်တွင် ပြင်သစ်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့သစ်တခုဖစ်တည်လာသည်။ အောက်တိုဘာလတွင် ဘာလင်မြို့အနီးတိုက်ပွဲကြီး ဖြစ်ခဲ့သည်။ (၂)ဘက်အင်အား (၆)သိန်းကျော်စီရှိခဲ့သည်။ နပိုလီယံရှုံးနိမ့်ပြီး ပဲရစ်မြို့အထိပင် မဟာမိတ်တပ်များရောက်ရှိလာခဲ့ကြသည်။ ထိုသို့ ဝင်ရောက်လာသည့်တပ်များအား မင်းမျိုးမင်းနွယ်များနှင့်ဘာသာရေးဂိုဏ်းများက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြ၏။ (၁၈၁၄)ခုနှစ်တွင် နပိုလီယံနန်းစွန့်ရပြီး အယ်လဗာကျွန်းသို့အပို့ခံခဲ့ရသည်။ သည့်နောက် လူဝီ -၁၈ (၁၈၁၄-၁၈၁၅) နန်းတက်လာသည်။ (၁၈၁၅)ခုနှစ်တွင် လူထုမကျေမနပ်ဖြစ်လာသည်ကိုအခွင့်ကောင်းယူပြီး နပိုလီယံက လူ (၁ဝဝဝ)နှင့် ပြင်သစ်ကိုပန်လာခဲ့သည်၊ လယ်သမားတွေလယ်ရရေး၊ လွှတ်တော်စနစ်ကျင့်သုံးသည့်နိုင်ငံထူထောင်ရေးကိုကြွေးကြော်ပြီး သူက လူထုကို လှုံ့ဆော်ကာအင်အားစုသည်။
ဤသို့ဖြင့် နပိုလီယံက လူဝီ (၁၈)ကို မောင်းထုတ်လိုက်ပြန်သည်၊ ပြင်သစ်တွင် (၃)ရောင်ခြယ်အလံတော် ပြန်တင်လိုက်သည်။ (နပိုလီယံ၏အလံတော်ပါ) “နပိုလီယံနန်းသက်- ရက် ၁ဝဝ”ဟု အမည်တွင်ခဲ့သည့်ကာလပါ။ (၁၈၁၅)ခုနှစ်၊ ဂျွန်လ (၁၈)ရက်နေ့မှာ မဟာမိတ်တပ်များပြန် ဝင်လာသည်။ (၁၈၁၅)ခုနှစ်အတွင်းမှာပဲ ဝါတာလူးစစ်ပွဲတွင် ဗြိတိသျှနှင့်ပရပ်ရှားတပ်တို့က ပြင်သစ်တပ်များကိုချေမှုန်းပစ်လိုက်သည်။
နပိုလီယံတိုက်ခဲ့သောစစ်ပွဲများအတွင်း ပြင်သစ်စစ်သား (၄)သိန်းခန့်သေသည်။ နိုင်ငံခြားတပ်များက သေဆုံးသူစုစုပေါင်းမှာ (၆)သိန်းခန့် ရှိသည်၊ နပိုလီယံမှာမူ ဒုတိယအကြိမ် တကျွန်းသို့အပို့ခံရပြန်သည်။ ဇူလိုင်လ (၈)ရက်နေ့တွင် လူဝီဘုရင်ပြန်ရောက်လာပြန်သည်။ နပိုလီယံသည် (၁၈၂၁)ခုနှစ်တွင် စိန့်ဟယ်လီနာကျွန်း၌ သေဆုံးသွားခဲ့သည်။ နပိုလီယံခေတ်ကာလတွင် နပိုလီယံ ပြတ်ပြတ်သားသားလုပ်ခဲ့သောအလုပ်တခုရှိခဲ့သည်။ ၎င်းမှာ….
“အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားခြင်း”ပင် ဖြစ်သည်။
• • • • • •
ပြင်သစ်ပြည်၏ (၁၇၈၉)ခုနှစ်၊ ဓနရှင်တော်လှန်ရေးတွင် အလုပ်သမားတို့ပါဝင်ခဲ့ကြသည်မှန်သော်လည်း အလုပ်သမားတို့၏လိုလား တောင်း ဆိုချက်များ ဘာတခုမှ မရခဲ့ပါ။ (၁၇၉၁)ခုနှစ်ဥပဒေအရ အလုပ်သမားအသင်းအပင်းများဖွဲ့စည်းခွင့် ဆန္ဒပြခွင့်များကိုပိတ်ပင်တားမြစ်ခဲ့သည့်အတွက် အလုပ်သမားလှုပ်ရှားမှုကျဆင်းသွားခဲ့ရသည်။ (၁၈၁၅)ခုနှစ်ကစပြီး နိုင်ငံရေးဦးတည်ချက်ရှိသော ဓနသဟာယအသင်းအဖွဲ့အများ ပေါ်ပေါက်လာသည်၊ ၎င်းအသင်းများမှာ ဓနရှင်အသင်းများသာဖြစ်သည်။ သို့သော် အလုပ်သမားအခွင့်အရေး ရနိုင်သလောက်ရဖို့ အလုပ်သမားများ ထိုအသင်းအဖွဲ့များထဲ ပါဝင်ခဲ့ကြသည်၊ (၁၇၈၉)ခုနှစ် ပြင်သစ်တော်လှန်ရေးသည် ပြင်သစ်စက်မှုတော်လှန်ရေးဖြစ်ပေါ်လာစေရန် အထောက်အကူပြုပေးခဲ့သည်။ (၁၈ဝ၄)ခုနှစ်တွင် Jacquard က အကွက်ဖော်နိုင်သော စက်ယက်ကန်းကိုတီထွင်ခဲ့သည်။ (၁၈ဝ)ခုနှစ်ရောက်တာ့ ၎င်းစက်ယက်ကန်းအတွက် ဗိုင်းငင်စက်ကိုလည်းတီထွင်ခဲ့ပြန်သည်။ ချည်ထည်လုပ်ငန်းနှင့်သတ္ထုလုပ်ငန်းတို့သည် ကြီးမားသော အတိုင်းအတာဖြင့်တိုးတက်ဖြစ်ထွန်းလာခဲ့ကြသည်။ သို့ရာတွင် ပြင်သစ်၏စက်မှုလုပ်ငန်းတိုးတက်မှုသည် အင်္ဂလန်နှင့်နှိုင်းစာလျှင် နှေးကွေးသည်။ အကြောင်းရင်းမှာ လယ်ယာမြေပြောင်းလဲမှုမလုပ်နိုင်သည့် အတွက် အင်္ဂလန်ကဲ့သို့ဈးချို(လုပ်ခပေါလုပ်အား) သည့်လုပ်အားကို မရရှိနိုင်၍ဖြစ်သည်။
ဥရောပတိုက်တွင် (၁၈၂ဝ)ခုနှစ်မှ (၃ဝ)ခုနှစ်အတွင်း တော်လှန်ရေးများဖြစ်ပွားခဲ့သည်။
- စပိန်တော်လှန်ရေး
- အီတလီတော်လှန်ရေး
- ရုရှား ဒီဇင်္ဘာ ပါတီပုန်ကန်မှု
- ဂရိ လွတ်လပ်ရေးတိုက်ပွဲ
ယင်းအရှိန်ကြောင့် ပြင်သစ်တော်လှန်ရေးများ ခေတ်ထလာပြန်သည်။
(၁၈၁၅)ခုနှစ်၊ သြဂုတ်လအထိ လူဝီဘုရင်က ဖမ်းဆီးထားသူ (၇)သောင်းကျော်ရှိခဲ့သည်။ ရွာကြီးတိုင်းတွင် ရွာတရွာအနည်းဆုံး လူ (၇)ဦး သေဒဏ်ကျခံနေရသည့်ကာလပင်ဖြစ်သည်။
(၁၈၂၁)ခုနှစ်တွင် ပြင်သစ်ပြည်အနှံ့ လျှို့ဝှက်အသင်းအဖွဲ့အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ (၁၈၂၇) ခုနှစ်တွင် ဘုရင်ဆန့်ကျင်ရေဆန္ဒပြပွဲတခု ပေါ်ပေါက်ခဲ့သေးသည်။ (၁၈၃ဝ)ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ဘုရင်က မြေယာကန့်သတ်မှုဥပဒေကိုထုတ်ပြန်လိုက်သည်။ ထိုမျှသာမက ရွေးကောက်ပွဲတွင်လည်း ဖရန့်ဒင်္ဂါးတကုဋေအခွန်ထမ်းဆောင်နိုင်သူသာ မဲပေးခွရှိသည်ဟူ၍သတ်မှတ်လိုက်ပြန်သည်။ စုရုံးခွင့်၊ စည်းဝေးခွင့်များကိုလည်း ပိတ်ပင်တားဆီးလိုက်သည်။

ဤသည်တွင် တော်လှန်ရေးမီးတောက် တဖန်တာက်လောင်လာပြန်တော့သည်၊ ဤတော်လှန်ရေးကြောင့် ဘုရင်သည် အင်္ဂလ်ရောက်သည်အထိ ထွက်ပြေးရတော့သည်။
မြို့စား လူဝီဖိလစ် နန်းတက်လာသည်။ သူက ဘုရင်အဖြစ်(၁၈၃ဝ မှ ၁၈၄၈)အထိ (၁၈) နှစ်ကြာအုပ်စိုးခဲ့သည်။ (၁၈၃ဝ)ဇူလိုင်တော်လှန်ရေးမှန၍  နန်းတက်လာသူဖြစ်သည့်အတွက် သူ့ကို ဇူလိုင်မင်းဆက်ဟုခေါ်ကြသည်။ ထို့အပြင် အော်လီယွန်မင်းဆက်ဟုလည်း ခေါ်ကြသေးသည်။ လူဝီဖိလစ်သည် ပဒေသရာဇ်စနစ်ကိုဆန့်ကျင်သောဓနရှင်ကိုယ်စားလှယ်တဦးသာဖစ်သည်။ စည်းမျဉ်းခံဘုရင်စနစ်အစိုးရဟု ဆိုနိုင်သည်။ ၎င်း (၁၈၃ဝ)ဇူလိုင်တော်လှန်ရေးသည်လည်း ဥရောပတိုက်တွင် ဂယက်ကြီးခဲ့သည်။ ၎င်းတော်လှန်ရေးသည် ဘယ်လ်ဂျီယံသို့ကူးစက်သွားပြီး ဒတ်ခ်ျဘုရင်လက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ တော်လှန်ရေးသည် ပိုလန်သို့လည်း ကူးစက်သွားသည်။ သို့ရာတွင် ပိုလန်တော်လှန်ရေးသည် မအောင်မြင်ခဲ့။ ရုရှားကပုန်ကန်သူများကို နှိမ်နင်းနိုင်ခဲ့သည်။
ဂျာမဏီပြည်တွင်လည်း တော်လှန်ရေးများကူးစက်ဖြစ်ပွားခဲ့ပါသေးသည်။
သို့ရာတွင် (၁၈၃ဝ)ဇူလိုင်တော်လှန်ရေးသည် ဓနရှင်တော်လှန်ရေးသာဖြစ်သည်။ အလုပ်သမားလူတန်းစားအတွက် အကျိုးကျေးဇူးမရှိခဲ့ပေ။
(၁၈၃၁)ခုနှစ်တွင် ပိုးထည်လုပ်ငန်း၏အချက်အချာမြို့ဖြစ်သော လီယွန် Lyons မြို့မှာ အလုပ်သမားတွေ သပိတ်မှောက်သည်။ အလုပ်ရှင်က လုပ်အားခတွေလျှာ့ချပစ်လိုက်သည့်အတွက် သပိတ်မှောက်ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများကို ရဲက သေနတ်နှင့်ပစ်၍ အလုပ်သမား (၈)ဦး သေဆုံးခဲ့ရသည်။ ဤသည်တွင် အလုပ်သမားထုကြီးမခံမရပ်နိုင်ဖြစ်လာကာ အုံကြွမှုကြီးပေါ်ပေါက်လာပြီး လီယွန်မြို့ကိုသိမ်းပိုက်လိုက်သည်။ လူဝီဖိလစ်၏အစိုးရက စစ်တပ်စေလွှတ်ပြီးနှိမ်နင်းပစ်ခဲ့သည်၊
(၁၈၃၄)ခုနှစ်တွင်လည်း လီယွန်မြို့တွင် အလုပ်သမားတွေ နောက်တကြိမ် သပိတ်မှောက်ဆန္ဒပြကြပြန်သည်။ အစိုးရက အလုပ်သမားခါင်းဆာင် (၆)ဦးကို ဖမ်းဆီးလိုက်သည်။ အလုပ်သမားတွေပုန်ကန်ပြီး လီယွန်မြို့ကိုသိမ်းပိုက်လိုက်ပြန်သည်။ ဤတကြိမ်တွင်လည်း အစိုးရစစ် တပ်က လာရောက်နှိမ်နင်းလိုက်ပြန်သည်။ လီယွန်မြို့မှ အလုပ်သမားပုန်ကန်မှုသည် ပဲရစ်မြို့အထိရိုက်ခတ်လာပြီး ပဲရစ်မြို့ကအလုပ်သမားတွပုန်ကန်ကြပြန်သည်။
ပဲရစ်အလုပ်သမားလှုပ်ရှားမှုကိုလည်း အစိုးရက ရက်ရက်စက်စက်နှိမ်နင်းပစ်လိုက်သည်။
(၁၈၃၄)ခုနှစ်မှစပြီး အစိုးရက အလုပ်သမားအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်တားမြစ်ပိတ်ပင်သော ဥပဒေပြဌာန်းခဲ့သည့်အတွက် အလုပ်သမားများသည် အသင်းအဖွဲ့များကိုလျှို့ဝှက်ဖွဲ့စည်းကြရသည်။ အလုပ်သမားအဖွဲ့အစည်းက (၁၈၃၉)ခုနှစ်တွင် တော်လှန်ပုန်ကန်ပြီး ပဲရစ်မြို့ကို အာဏာသိမ်းလိုက်သည့်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်၊ နောက်ဆုံးတွင်မူ အစိုးရစစ်တပ်က ဖြိုခွဲနှိမ်နင်းပစ်နိုင်ခဲ့သည်၊ အလုပ်သမားလူတန်းစားနှင့်ဓနရှင်လူတန်းစားအကြားကတိုက်ပွဲများသည် ဤနည်းဖြင့် တစတစ ပိုမိုသည်းသန်ပြင်းထန်လာခဲ့လေသည်၊ အလုပ်သမားလူတန်းစား၏လှုပ်ရှားမှုများကို ဓနရှင်အစိုးရက သွေးအိုင်ထဲနှစ်မြှုပ်ပစ်ခဲ့သည့်ဖြစ်ရပ်များပင် ဖြစ်သည်။ ဤသို့ဖြင့် ပြင်သစ်တော်လှန်ရေးသည် အချိန်ကာလ ရွှေ့ဆိုင်းခဲ့ရသည်။ (၁၈၄၈)ခုနှစ်အထိ အချိန်ကာလရွှေ့ဆိုင်းလိုက်ရသည်ဟု ဆိုနိုင်သည်။
• • • •
(၁၈၃ဝ)ဇူလိုင်တော်လှန်ရေးအပြီး-
ဘဏ်အရင်းရှင် လာဖစ် Laffitte သည် သူ့အပေါင်းအသင်းဖြစ်သူ အော်လီယန်မြို့စား(Duke of Orleans)လူးဝစ်ဖိလစ်နှင့်အတူ ဒေသဆိုင်ရာအစိုးရရုံးစိုက်ရာမြို့တော်ခန်းမကို အောင်မြင်စွာသိမ်းပိုက်လိုက်ပြီးသည့်နောက် သူ့ပါးစပ်မှထွက်ပေါ်လာသည့် စကားတခွန်းမှာ….
“ခုအချိန်ကစပြီး ဘဏ်အရင်းရှင်တွေက စတင်အုပ်ချုပ်သွားတော့မယ်”တဲ့။ လာဖစ်က ဓနရှင်တော်လှန်ရေး၏လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ခင်းပင်တည်း။ ဇူလိုင်မင်းဆက်ဖြစ်သည့် လူဝစ်ဖိလစ်အစိုးရသည် အမှန်က စည်းမျဉ်းခံဘုရင်စနစ်ပင်ဖြစ်သည်၊ လူဝီဖိလစ်၏နောက်ကွယ်မှ ပြင်သစ်ပြည်ကိုအုပ်ချုပ်ခဲ့သူမှာ ပြင်သစ်ဓနရှင်လူတန်းစားတခုလုံးတော့ မဟုတ်ပါ။ ဓနရှင်လူတန်းစား၏ဂိုဏ်းအုပ်စုတခုသာဖြစ်သည်။ သူတို့ အုပ်စုတွင် ဘဏ်အရင်းရှင်များ၊ စတော့ငွေဖလှယ်လဲလှယ်ရေးဘက်မှထိပ်သီးရာဇာ(ဘုရင်)များ၊ မီးရထားလုပ်ငန်းဘက်တွင် ရာဇာဖြစ်နေ သူများ၊ သံ၊ ကျောက်မီးသွေး စသည့်သတ္ထုတွင်းပိုင်ရှင်များနှင့်သစ်တောပိုင်ရှင်များတို့ ပါဝင်ခဲ့ကြသည်၊ မြေပိုင်ရှင်တစိတ်တပိုင်းကလည်း သူတို့နှင့်ပူးပေါင်းသည်။ သူတို့အုပ်စုကို “ဘဏ္ဍာအရင်းရှင် မင်းညီမင်းသားအုပ်စု”ဟု ခေါ်ဆိုလေ့ရှိသည်။ (ဆက်လက်ဖော်ပြရာတွင် သူတို့ကို အတိုကောက် ဘဏ္ဍာဘုရင်အုပ်စုဟုသုံးစွဲသွားပါမည်)
သူတို့က အာဏာပလ္လင်ပေါ်မှာတက်ထိုင်လိုက်ကြသည်။ လွှတ်တော်တွင် ဥပဒေရေးဆွဲရေးနှင့်ပတ်သက်ပြီး ညွှန်ကြားနေသည်မှာလည်း သူတို့။ ကက်ဘိနက်ဝန်ကြီးနေရာကအစ အောက်ဆုံးက အသေးအမွှားနေရာအဆုံး ရာထူးနေရာပေးရေးကိုစီမံခန့်ခွဲနေကြသည်မှာလည်း သူတို့။
ဓနရှင်လူတန်းစား၏ အစိတ်အပိုင်းတခုဖြစ်သည့် စက်မှုအရင်းရှင်လူတန်းစားကမူ တရားဝင် အတိုက်အခံအဖွဲ့အစည်းအတွင်းပါဝင်သောအစိတ်အပိုင်းတခုအဖြစ် သီးခြားရပ်တည်နေသည်။ လွှတ်တော်တွင်းမှာ သူတို့က လူနည်းစုကိုသာကိုယ်စားပြုနေရခြင်းဖြစ်သည်၊ သူတို့က လူနည်းစုသာလျှင်ဖြစ်သည်။ သူတို့က အတိုက်အခံအဖြစ် ပြတ်ပြတ်သားသားဖော်ပြလေလေ သို့မဟုတ် အတိုက်အခံအဖြစ်တိုက်ခိုက်လေလ ဘဏ္ဍာဘုရင်အုပ်စု၏အာဏာကို ပိုပြီးသီးသန့်ဖြစ်စေလေလေ သို့မဟုတ် ခိုင်မာလေလေဖြစ်လာတော့သည်။ ဘဏ္ဍာဘုရင်အုပ်စုကိုယ်တိုင်၏ အလုပ်သမားလူတန်းစားအပေါ်လွှမ်းမိုးအုပ်ချုပ်နိုင်မှုသည်(၁၈၃၂၊ ၁၈၃၄ နှင့် ၁၈၃၉)ခုနှစ်များအတွင်း အလုပ်သမားလှုပ်ရှားများအား သွေးအိုင်ထဲနှစ်မြှုပ်နိုင်လိုက်ပြီးသည့်နောက်တွင် ပိုမိုခိုင်မာလာသည်-ဟု သူတို့ဘာသာသူတို့ ထင်မြင်ယူဆနကြသည်။
အမျိုးမျိုးအစားစားသောဓနရှင်ပေါက်စလူတန်းစားနှင့်လယ်သမားများသည်လည်း နိုင်ငံရေးအာဏာတွင်ပါဝင်ခွင့်မရဘဲ လုံးဝ ဘေးဖယ်ထားခင်းခံနေရသည်။ အဆုံးစွန်ပြောရလျှင် အာဏာမရဘဲကျန်ရှိနေသောလူတန်းစားများကို ကိုယ်စားပြုထားသူများပင်တည်း။ သူတို့အတွက် စကားပြောဆိုခွင့်ရှိသူများ၊ အမှုထမ်း၊ ရှေ့နေ၊ ဆရာဝန်များ တခွန်းတည်းပြောရလျှင် အသိပညာရှင်ပုဂ္ဂိုလ်များတို့သည် တရားဝင်အတိုက်အခံနရာ သို့မဟုတ် မဲပေးနိုင်ခွင့်မရှိသည့်လူများထဲတွင်သာ ပါဝင်နေကြရသည်။ အာဏာရထားကြသော ဘဏ္ဍာဘုရင်အုပ်စုဘက်ကိုကည့်လျှင် သူတို့၏ဘဏ်တိုက်များသည် သူတို့၏ဝတ်ပြုကျောင်းတော်များဖြစ်နေကြသည်။ အာဏာရအစိုးရအတွင်း ဘဏ္ဍာဘုရင်အုပ်စုနရာရနေခင်းတွင် ဤသို့ဖြစ်စေသောအကြောင်းရင်းများရှိနေသည်၊
ဇူလိုင်မင်းဆက်အစိုးရသည် အစကတည်းက ဓနရှင်ကြီးလူတန်းစားကိုမှီခိုအားထားခဲ့ရသည်။ သူ၏ ဓနရှင်ကြီးလူတန်းစားအပေါ် မှီခိုနေရခင်း၏ရသောက်မြစ်မှာ အဆက်မပြတ်တိုးတက်ကြီးထွားလာနေသော ဘဏ္ဍာရေးအကျပ်အတည်းပင် ဖြစ်သည်။ အစိုးရ၏စီမံခန့်ခွဲမှုကို အမျိုးသားထုတ်လုပ်ရေးအကျိုးစီးပွားနှင့်ပေါင်းစပ်ရာတွင် ဘတ်ဂျက်စီမံကိန်းများကိုထိန်းချုပ်မှုမရှိဘဲ၊ နောက်တချက်- နိုင်ငံတော်၏ဝင်ငွေနှင့် သုံးစွဲငွေအကြားထိန်းချုပ်မှုမလုပ်ဘဲ မဖြစ်နိုင်ချေ။ နိုင်ငံတော်ကအသုံးပြုရန်အတွက် လိုအပ်သောငွေကြေးပမာဏကြီးမားလာခြင်းသည် အာဏာရဓနရှင်လူတန်းစားအတွက် စီးပွားရေးအမြတ်ထုတ်ရန်နှင့် ပိုမိုချမ်းသာကြွယ်ဝလာစေရန်အတွက်အခွင့်အလမ်း ရေသောက်မြစ် တခု ဖြစ်လာသည်။ နှစ်တနှစ်၏အဆုံးသတ်ချိန်တိုင်းတွင် အသစ်အသစ်သောလိုငွေများ ပေါ်ထွက်လာသည်။ (၄ နှစ် ၅)နှစ်ဆက်တိုက် ဤအခြေအနေမျိုးဖြစ်ပေါ် ခဲ့ရာတွင် လိုငွေသည် ကြီးမားသောအလုံးအရင်း၊ ကြီးမားသောအတိုင်းအတာနှင့် ဖြစ်လာသည်။ ယင်းသို့ အလုံးအရင်းနှင့် လိုငွေအသစ်ဖြစ်လာတိုင်း ဘဏ္ဍာဘုရင်အုပ်စုသည် ၎င်းငွေအပေါ်ကအခွင့်ကောင်းယူ အမြတ်ထုတ်ဖို့နည်းလမ်းသစ်ရှာကြံလုပ်ဆောင်ခဲ့ကြသည်။ ယင်းအခါ သဘာဝကျစွာပင် အစိုးရသည် ဒေဝါလီခံရဖို့နီးစပ်လာသောအခြေအနေဖြစ်လာသည်။ ၎င်းအခါ သည်သို့သောအခွင့်မသာ သည့်အခြေအနေအောက်တွင် အစိုးရသည် ဘဏ်အရင်းရှင်များနှင့် စေ့စပ်ရမည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤသည်၏အကျိုးဆက်အဖြစ် အစိုးရက ဘဏ်အရင်းရှင်များနှင့်လွှတ်တော်တွင်းရှိ သူတို့၏အပေါင်းအသင်းများကို အာဏာပလ္လင်ပေါ်သို့တင်ပေးလိုက်ရတော့သည်၊
ဤနည်းဖြင့် ဘဏ္ဍာဘုရင်အုပ်စု အာဏာပလ္လင်ပေါ်တက်လာခဲ့ကြခြင်းဖြစ်သည်။ ဤသည်၏အကျိုးဆက်အဖြစ် အရင်းရှင်ကလေးများ အစုလိုက်အပြုံလိုက်ပျက်သုဉ်းကုန်ကြရတော့သည်။ စွန့်စားပြီး စီးပွားရေးအရလောင်းကစားနည်းကျင့်သုံးသူများ အကြီးအကျယ်ချမ်းသာလာကြသည်။ အစိုးရ၏လိုငွေသည် ဓနရှင်လူတန်းစားအတွင်းက အုပ်စိုးသူဓနရှင်လူတန်းစားဂိုဏ်း၏ တိုက်ရိုက်အကျိုးစီးပွားဖြစ်နေသောကြောင့် (ထိုငွေအပေါ်မှ သူတို့ကအမြတ်ထုတ်နေသောကြောင့်) လူဝီဖိလစ်အုပ်စိုးမှုကာလ နောက်ဆုံးနှစ်များတွင် နိုင်ငံတော်၏အထူးသုံးငွေ(အရေးပ်ါလိုငွေ) သည် နပိုလီယံခေတ်အထူးသုံးငွေထက် ပမာဏအားဖြင့်အများကြီးပိုမိုနေသည်မှာ ဘာမှ မထူးဆန်းချေ။ ယင်းငွေသည် တနှစ် တနှစ်တွင် ပြင်သစ်ဖရန့်ငွေ (၄ဝဝ, ဝဝဝ, ဝဝဝ)နီးပါးခန့် ရှိလေသည်။ ဤသို့သော ကြီးမားသည့်ငွေလုံးငွေရင်းကို မတရားသော၊ ညစ်ပတ်သာနည်းလမ်းများကိုအသုံးပြုပြီး ရှာဖွေခဲ့ကြသည်။ အုပ်စိုးသူလူတန်းစားသည် မီးရထားလမ်းတည်ဆောက်ရေးဘက်တွင်လည်း မရိုးသားသာနည်းလမ်းများဖြင့် သွေးစုပ်သည်။ နိုင်ငံတော်၏အထွေထွေသုံးငွေနှင့်ရင်းနှီးငွေထဲမှလည်း
သွေးစုပ်သည်။ လွှတ်တော်၏ဝန်ထုပ်ဝန်ပိုးများကိုလည်း နိုင်ငံတော်အပေါ်သို့ပုံချသည်။ ဘဏ္ဍာဘုရင်အုပ်စုသည် ထိုသို့သောနည်းလမ်းမျိုးဖြင့် အမြတ်ရှာစီးပွားရေး၏ ရွှေသစ်တော်သီးများကို ကာကွယ်စောင့်ရှောက်ခြင်းပြုသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှ ဝန်ကြီးများအပါအဝင်အမတ်အများစုသည် မီးရထားလမ်းတည်ဆောက်ရေးလုပ်ငန်းအပေါ် စိတ်ဝင်စားမှုကြီးကြသည်။ သည်လုပ်ငန်းက သူတို့အတွက် ငွေရှာလို့ကောင်းပေသကိုး။ အခြားတဘက်တွင်မူ အသေးဆုံးဘဏ္ဍာရေးဆိုင်ရာပုပြင်ရးလုပ်ငန်းများသည် ဘဏ်အရင်းရှင်တို့၏သြဇာအရှိန်အဝါအောက်တွင် ပျက်စီးနေရသည်။

0 comments:

Post a Comment