Thursday, December 6, 2012

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း အပိုင်း-၉ (မောင်လှဝင်း-မြင်းခြံ)

0 comments

ဥပမာ- စာပို့လုပ်ငန်းပြုပြင်ပြောင်းလဲရေး။ ဇူလိုင်မင်းဆက်အစိုးရဆိုသည် မှာ ပြင်သစ်အမျိုးသားတို့၏ဥစ္စာဓနများကိုသွေးစုပ်နေသော အစုစပ်ကုမ္ပဏီ သဘောထက်ဘာမှမပို။ အမျိုးသားဥစ္စာဓနများကို ဝန်ကြီးများ၊ လွှတ်တော် အဖွဲ့ဝင်များနှင့်မဲပေးခွင့်ရသူ(၂၄ဝ, ဝဝဝ)ဦးတို့က ခွဲဝေယူနေကြခြင်းဖြစ် သည်၊ လူဝီဖိလစ်က ကုမ္ပဏီ၏ဒါရိုက်တာတယောက်မျှသာ။ ယင်းအချိန်က ပြင်သစ်တပြည်လုံး လူဦးရေ (၃၆)သန်းရှိသည့်အနက် မဲပေးခွင့်ရသူသည် အထက်မှာaဖ်ာပြထားသည့်အတိုင်း (၂၄ဝ,ဝဝဝ)သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် အုပ်ချုပ်သူလူတန်းစားအတွင်းမပါဝင်ကြရသော ကျန်ဓနရှင်ဂိုဏ်းအသီးသီးကမကျေမနပ်ဖြစ်နေကြသလို တပြည်လုံးကလည်းမကျေနပ်ကြ။ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ သင်္ဘောလုပ်ငန်းနှင့် စက်မှုဓနရှင်တို့၏အကျိုးစီးပွားတို့သည် အဆက်မပြတ် အန္တရာယ်ကျရောက်လျက်ရှိနေသည်။ ဒုက္ခတွေ့နေကြသည်။ မရိုးသားသောနည်းလမ်းများဖြင့် အမြတ်ထုတ်သည့်အစိုးရသည် (၁၈၃ဝ)ဇူလိုင်နေ့ရက်များတုန်းက သူတို့ရေးဆွဲဖော်ပြခဲ့သော ဂတိပေးခဲ့သောတော်လှန်ရေးလက္ခဏာများအနက်က ယခုအခါ ဘာများကျန်ရှိနေပါသေးသလဲ။ ဘာများ သူတို့လုပ်ဆောင်ပေးနေကြပါသလဲ။ ဘဏ္ဍာဘုရင်အုပ်စုသည် အစကတည်းက နိုင်ငံတော်၏ဦးစီးကွပ်ကဲ မှုနေရာကိုယူထားရုံမျှမက သတင်းစာများနှင့်လူထုထင်မြင်ချက်များအပေါ် စိုးမိုးချုပ်ကိုင်ထားသည်။ ယင်းသို့ တင်းတင်းကျပ်ကျပ်ကိုင်ထားပြီးမှ ပြည့်တန်ဆာကဲ့သို့အရှက်မဲ့စွာ မတရားနည်းဖြင့် ပိုက်ဆံရှာသည်။ ထုတ်လုပ်ရေးနည်းနှင့်ကွယ်ဝလာစေရန်ကြိုးပမ်းခြင်းမဟုတ်ဘဲ သူတပါးရှာထားသည့်ငွေကို ဓားပြတိုက်လုယက်သကဲ့သို့သော လုပ်နည်းကိုကျင့်သုံးသည်။ သည်တာ့ ဓနရှင်လူတန်းစားထဲမှ တခြားအုပ်စုတွေ၊ ဂိုဏ်းတွေက “စာရိတ္တပျက်ပြားကုန်ကြပြီ”ဟူ၍ အော်ဟစ် လာကြတော့သည်၊ ပြည်သူတွေကလည်း “သူခိုးကြီးတွေ ကျဆုံးပါစေ” ဟူ၍ ကြွေးကြော်လာသည်။ (၁၈၄၇)ခုနှစ်တွင် အစိုးရအပေါ် ဤသို့သောမကျေနပ်ချက်များသည် ပို၍ ကြီးထွားသထက် ကြီးထွားလာသည်။ (၁၈၄၈)ခုနှစ်အရောက်တွင် အထွေထွေမကျေနပ်မှုသည် အရှိန်အဟုန်ပြင်းထန်ပြီး အထွဋ်အထိပ်သို့ ရောက်ရှိလာတော့သည်။

• • • •
“၁၈၄၇ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအကျပ်အတည်းသည် (၁၈၄၈)ခုနှစ် ဖေဖော်ဝါရီတော်လှန်ရေးနှင့် မတ်လတော်လှန်ရေးတို့၏ မိခင်အစစ် အမှန်ဖြစ်ပေသည်”ဟူ၍ မာ့က်စ်နှင့်အိန်ဂယ်တို့က ခွဲခြမ်းစိတ်ဖြာခဲ့လေသည်။
ပြည်တွင်းတွင် ပြည်သူလူထု၏တော်လှန်လိုသောဆန္ဒများသည် ရင့်မှည့်စပြုလာနေပြီ။ ကမ္ဘာ့စီးပွားရေးအကြောင်းအချက် (၂)ခုတို့ကြောင့်လည်း တော်လှန်ရေးလိုလားသောခံစားချက်များ ပိုမိုရင့်မှည့်လာခဲ့ခြင်းဖြစ်သည်။

ပထမအကြောင်းအချက်။ ။ ၎င်းသည် (၁၈၄၅)ခုနှစ်နှင့် (၁၈၄၆)ခုနှစ်အကြားတွင် ဖြစ်ပျက်ခဲ့သည်။ ဥရောပတတိုက်လုံးမှာပင်(၁၈၄၅)ခုနှစ်နှင့် (၁၈၄၆)ခုနှစ်တို့တွင် သီးနှံထွက်ညံ့ဖျင်းဆိုးဝါးခဲ့လေသည်။ အာလူးရောဂါကျမှုနှင့်သီးနှံဆုံးရှုံးမှုများကြောင့် လူထုအတွင်း အထွေထွေမကျေနပ်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ ထို့အပြင် ဥရောပတိုက်၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုကလည်း ကျရောက်ဖိစီးသဖြင့် အခြေအနေမှာ ဆိုးသထက်ဆိုးလာသည်။ (၁၈၄၇)ခုနှစ် ရိက္ခာပြတ်လပ်မှုကြောင့် ဥရောပတိုက်ရှိတခြားနေရာများမှာကဲ့သို့ပင် ပြင်သစ်ပြည်တွင်လည်း သွေးအလူးလူးပဋိပက္ခများပေါ်ပေါက် လာသည်။ ငတ်လို့ဆူပူကြသူတွေကို အစားအသောက်မပေးဘဲ ကျည်ဆန်သာပေးခဲ့ကြသည်။ လူဝီဖိလစ် လက်ထက်တွင် ပြင်သစ်လယ်သမားများ စီးပွားပျက်ခဲ့ကြသည်။ လယ်သမား (၁၆)သန်းတအနက် (၄)သန်းကျော်တို့သည် မြေယာများ လက် လွတ်ဆုံးရှုံးကုန်ပြီး (၅)သန်းကျော်တို့စီးပွားပျက်ကြရသည်။

ဒုတိယအကြောင်းအချက်။ ။ တော်လှန်ရေးပေါက်ကွဲမှုကို ပိုမိုမြန်ဆန်စေခဲ့သောစီးပွားရေး အကြောင်းအချက်မှာ အင်္ဂလန်ပြည်ဖြစ်ပွားခဲ့သော အထွေထွေကုန်သွယ်မှုအကျပ်အတည်းနှင့် စက်မှုလုပ်ငန်းအကျပ်အတည်းပင်ဖြစ်သည်။ ဒီစီးပွားရေးကပ်ကြောင့် ပြင်သစ်ပြည်တွင် စီးပွားရးပြောင်းလဲမှုများ ဖြစ်လာရသည်။ (၁၈၄၅)ခုနှစ်ကစပြီး မီးရထားလမ်းလုပ်ငန်းအစုရှယ်ယာတွေ လက်ပြောင်းလက်လွှဲရောင်းဝယ်ကြခြင်းသည် ထပ်ဖန်တလဲလဲဖြစ်ပေါ်လာသည်။ (၁၈၄၆)ခုနှစ်အတွင်းတွင် ရိက္ခာသီးနှံတာဝန်ကျေပွန်အောင်ပေးသွင်းမှုများ ရပ်ဆိုင်းသွားသည်။ ၎င်း အဖြစ်အပျက်မျိုးတွေ အများကြီးဖြစ်ပေါ်လာသည်။ (၁၈၄၇)ခုနှစ်အရောက်တွင် အကျပ်အတည်းကပ်သည် နောက်ဆုံးအဆင့်ပါက်ကွဲထွက်လာသည်။ လန်ဒန်တွင် ရိက္ခာနှင့်အိမ်သုံးပစ္စည်းရောင်းဝယ်သူတွေ ဒေဝါလီခံကြရတော့သည်။ သည့်နောက် ဆက်တိုက်ဆိုသလို ကံဆိုးမိုးမှာင်ကြီးကျလာသည်မှာ မြေယာဘဏ်များတွင် အကြွေးများလာမဆပ်နိုင်တော့ခြင်းဖြစ်သည်။ အင်္ဂလိပ်စက်မှုလုပ်ငန်းမြို့များ၊ ခရိုင်များတွင် စက်ရုံတွေပိတ်ကုန်သည်။ ထို့ကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ ဖေဖော်ဝါရီတော်လှန်ရေး ပေါ်ပေါက်လာချိန်အထိ ဥရောပတိုက်၏စီးပွားရေးကပ်သည် ပြီးဆုံးသွားခြင်းမရှိဘဲ သူ့အရှိန်နှင့်သူဆက်သွားဆဲဖြစ်နေသည်။ သည့်မတိုင်မီက ပြည်သစ်ပြည် စက်မှုတ်ာလှန်ရေးကြောင့် (၁၈၄ဝ)ခုနှစ်ကစပြီး ပြင်သစ်ပြည်သည် စက်မှုလုပ်ငန်းများအကြီးအကျယ်တိုးများလာခဲ့သည်။ မီးရထားသံလမ်းလုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ကျောက်မီးသွေးလုပ်ငန်းတို့တွင်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ပြင်သစ်ဖရန့်ငွေ ကုဋေ (၄၅ဝဝ)အထိရှိခဲ့သည်။ လယ်သမားများစီးပွားပျက်လာကြသည့်အခါ ၎င်းအပြင် လက်မှုလုပ်ခင်းတွေ ပျက်စီးကုန်သည့်အခါ ပစ္စည်းမဲ့တပ်မတော်သည် လျင်မြန်စွာကြီးထွားလာခဲ့သည်။ သို့ရာတွင် အလုပ်သမားတို့၏အလုပ်ချိန်မှာ တနေ့ (၁၂)နာရီမှ(၁၅)နာရီအထိရှိနေသည်။

ဥရောပတိုက်စီးပွားရေးကပ်နှင့်အတူ ပြင်သစ်ပြည်တွင်လည်း လယ်ယာနှင့်စက်မှုလုပ်ငန်း ကပ်ဆိုက်လာသည်။

ရိက္ခာ ရှားပါးလာသည်။
ကုန်ဈေးနှုန်း ကြီးလာသည်။
စက်ရုံတွေ ပိတ်ကုန်သည်။
အလုပ်လက်မဲ့များလာသည်။
လုပ်ခ ကျဆင်းလာသည်။
အင်္ဂလန်စီးပွားရေးကပ် ပြင်သစ်သို့ကူးစက်လာမှုကြောင့် ပြင်သစ်ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းပျက်စီးလာသည်တွင် ဘဏ္ဍာဘုရင်အုပ်စု ဆက်လက်တည်ရှိရန်မဖြစ်နိုင်တော့သည့်အခြေအနေသို့ ရောက်လာ သည်။ ပြင်သစ်အတိုက်အခံ ဓနရှင်နိုင်ငံရေးဂိုဏ်းအားလုံးတို့သည် ထမင်းစားပွဲများကျင်းပပြီး မတရားသည့်ရွေးကောက်ပွဲစနစ်ကိုပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားလာကြသည်။ ရွေးကောက်ပွဲစနစ်ပြောင်းမှ သူတို့ လွှတ်တော်မှာအမတ်နေရာများရရှိလာနိုင်မည်ဖြစ်သည်။ အာဏာကြီးစိုးထားသောလက်ရှိဝန်ကြီး အဖွဲ့ကို ဖြုတ်ချပစ်မည်ဆိုသည့်စိတ်ကူးနှင်ဖစ်သည်။ ပဲရစ်မြို့မှာဖစ်ပေါ်ခဲ့သည့် စက်မှုအကျပ်အတည်းကပ် ၏ရလဒ်သည် ထိုမျှသာမကသေးပါ။ ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်များနှင့် ကုန်သွယ်ရေးလုပ်ငန်းပိုင်ရှင် အမြောက်အမြားကို ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ဘာလုပ်ငန်းမှဆက်လုပ်လို့ မရတော့သည်အထိဖြစ်သွားစေခဲ့သည်။ သူတို့က လုပ်ငန်းကြီးကြီးကျယ်ကျယ်တွေထူထောင်ပြီး အပြိုင်အဆိုင်လုပ်ကြည့်ကြပြန်သည်။ ဈေးဆိုင်သေးသေးလးတွေ၊ လုပ်ငန်းသေးသေးတွေ အကုန် ပျက်စီးကုန်သည်။ ဤနည်းဖြင့် ပဲရစ်၏ဓနရှင်လူတန်းစားအစိတ်အပိုင်းအတွင်းတွင် ဒေဝါလီခံကြ ရသူတွေတပုံတပင်ဖြစ်လာသည်။

၎င်းအပြင် (၁၈၄၈)ဇန်နဝါရီလ (၁၂)ရက်နေ့က ပါလီမို Parlemo ပေါ်ပေါက်ခဲ့သည့် အလုပ်သမားနှင့် လူထုကြီး၏သွေးစွန်းခဲ့ရသောအုံကြွမှုက အကြောသေသကဲ့သို့ဖြစ်နေသောပြင်သစ်လူထုကြီးကို လျှပ်စစ်ဓာတ်နှင့်တို့ထိပြီးနှိုးလိုက်သကဲ့သို့ လူထုကြီးသည် တော်လှန်ရေးစိတ်ဓာတ်များနိုးထလာကြသည်။

(မှတ်ချက်။ ။ ထိုအချိန်မတိုင်မီက ပြင်သစ်အလုပ်သမားလှုပ်ရှားမှုကို ဘလန်ကွီး (၁၈ဝ၅-၁၈၈၁)က ခေါင်းဆောင်ခဲ့သည်။ သူက ပုဂ္ဂလိကပိုင်ပစ္စည်းဖျက်သိမ်းရေးနှင့် စုပေါင်းစနစ်တည်ဆောက်ရေး ကိုတင်ပြခဲ့သည်။ သို့ရာတွင် သူ့နည်းလမ်းက လူနည်းစုလျှို့ဝှက်ပုန်ကန်ရေးနည်းလမ်းသာဖြစ်၏။ လီနင်က “ဘလန်ကွီးဝါဒသည် လူတန်းစားတိုက်ပွဲသဘောတရားကိုဆန့်ကျင်သည်။ ပစ္စည်းမဲ့များကို လုပ်ခစားကျွန်စနစ်မှ လွတ်မြောက်စေဖို့အတွက် ပစ္စည်းမဲ့လူတန်းစား၏ လူတန်းစားတိုက်ပွဲနည်းလမ်းမှ သွားရေးမဟုတ်ဘဲ လူနည်းစုပညာတတ်များ၏လျှို့ဝှက်ကြံစည်မှု၊ လုပ်ကြံမှုနည်းလမ်းမှသွားရေး သာ ဖြစ်သည်”ဟူ၍ ညွှန်ပြခဲ့သည်)

(၁၈၄၈)ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပဲရစ်မြို့မှတော်လှန်သောလူထုကြီး၏အုံကြွမှုကို စတင် လိုက်သည်။
လွှတ်တော်တွင်းမှာလည်း သဘောကွဲလွဲမှုတွေဖြစ်နေခဲ့သည်။
ဝန်ကြီးအဖွဲ့အတွင်းမှာလည်း ဆန့်ကျင်မှုတွေပေါ်ခဲ့သည်။
သို့ရာတွင် လှုပ်ရှားမှု၏အဓိကအင်အားမှာ ပဲရစ်မြို့ကလမ်းတွေပေါ်မှာစစ်တပ်နှင့်လက်တကမ်းအကွာရှိ ခံကတုတ်အတားအဆီးများနောက်မှာရှိနေကြသော တော်လှန်သောလူထုကြီးပင်ဖြစ်သည်။ လူထုလူတန်းစားအသီးသီး၏မကျေနပ်မှုသည် (အုပ်စိုးသူလူတန်းစားမှအပ) အမျိုးသားကာကွယ်ရေးတပ် အတွင်းအထိ ဂယက်ရိုက်ထင်ဟပ်ခဲ့သည်။ သည့်အတွက် အမျိုးသားကာကွယ်ရေးတပ်သည် လူထုကို ဖိနှိပ်သည့်အင်အားအတွင်းမပါတော့ဘဲ ခေါင်းရှောင်လိုက်သည်။ ထို့ကြောင့် လူထုကိုရင်ဆိုင်ထားသည့် စစ်တပ်မှာလက်နက်အဖြုတ်ခံလိုက်ရသည်။ အမျိုးသားကာကွယ်ရေးတပ်က လူထုဆန့်ကျင်ရေးမှာ မပါတော့သည့်အတွက် ကျန်စစ်တပ်မှာလူထုကိုအရှုံးးပေးလိုက်ရခြင်းဖစ်သည်။ ဖေဖော်ဝါရီလ (၂၄)ရက်နေ့သို့ရာက်သည့်အခါ တပ်စခန်းအားလုံးကို လူထုကသိမ်းပိုက်ထားလိုက်ပါပြီ။ ဘုရင်ဖြစ်သူ လူးဝစ်ဖိလစ်သည်လည်း အင်္ဂလန်သို့ထွက်ပြေးသွားတော့သည်။ ၎င်းညမှာပင် ဂိုဏ်းအသီးသီးပူးပေါင်းပြီး ယာယီအစိုးရကိုတည်ထောင်လိုက်ကြသည်။

• • • •

ယာယီအစိုးရဆိုတာ ဘာလဲ။
ယာယီအစိုးရဆိုတာ ဖေဖော်ဝါရီလ လမ်းပေါ်တိုက်ပွဲကနေပေါ်ထွက်လာတဲ့ အောင်သီးအောင်ပွင့်ပါ။ ဒီအောင်သီးအောင်ပွင့်အပေါ်မှာဝစုခွဲယူကြဖို့ မတူခြားနားသည့်ပါတီအဖွဲ့အစည်းများ လာရောက် စုစည်းကြမှုသည် ယာယီအစိုးရဆိုသောကြေးမုံပြင်တွင် လာရောက်ထင်ဟပ်နေသည်။

ယာယီအစိုးရသည် ဇူလိုင်မင်းဆက်ရာဇာပလ္လင်ကို အတူတကွမှောက်လှန်ဖြိုဖျက်ခဲ့ကြသော မတူသည့်လူတန်းစားများအကြား စေ့စပ်မှုလုပ်ထားခြင်းကလွဲ၍ တခြားဘာမျှမဟုတ်ခဲ့ချေ။ သို့ရာတွင် ဤမတူညီသောလူတန်းစားတို့၏အကျိုးစီးပွားများသည် အပြန်အလှန်အတိုက်အခံ ဖြစ်နေကြလေသည်။ ရီပတ်ဘလစ်ကင် (သမ္မတဂိုဏ်းသား)ဓနရှင်ပေါက်စလူတန်းစားကို လီဒရူးရိုလင်း Ledru Rollin နှင့် ဖလိုကွန် Flocon တို့က ကိုယ်စားပြုသည်။ သမ္မတနိုင်ငံလိုလားသူများဖြစ်ကြသော်လည်း ဓနရှင်ပေါက်စ မဟုတ်သည့် ဓနရှင်လူတန်းစားကို (၁၈၃ဝ)ခုနှစ်မှသည် (၁၈၅၁)ခုနှစ်အတွင်းပေါ်ပေါက်ခဲ့သည့် (နေရှင်နယ်) ဂျာနယ်အုပ်စုကကိုယ်စားပြုသည်။ (၁၈၃ဝခုနှစ်ကစပြီး ဓနရှင်သမ္မတဂိုဏ်းသည် သူတို့၏ စာရေးဆရာများ၊ ပြောရေးဆိုခွင့်ရှိသူများ၊ ပညာတတ်များ၊ ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်များ၊ ဘဏ်ပိုင်ရှင်များ၊ ရှေ့နေများ စသည်တို့နှင့်အတူ သူတို့ကိုယ်တိုင်သည် ပဲရစ်မြို့က ဤ “နေရှင်နယ်” ဂျာနယ်ပတ်လည်မှာ ဝန်းရံစုစည်းခဲ့ကြသည်။ ထိုဂျာနယ်က ပြည်နယ်တွေမှာ သူ့ရဲ့ အကိုင်းအခက်ဌာနခွဲတွေအဖြစ် “နေရှင်နယ်သတင်းစာ”များကို ထုတ်ဝေခဲ့သည်။ ထိုအဖွဲ့၏အမြင့်ဆုံးအာဏာပိုင်အဖြစ်ရပ်တည်နေသူမှာ ဗိုလ်ချုပ်တဦးဖြစ်သူ Cavaigrac ။ ဂျာနယ်၏အယ်ဒီတာချုပ်က မားရတ်စ် Marrast ။ အလုပ်သမားလူတန်းစားရဲ့ကိုယ်စားလှယ်ကတော့ (၂)ဦးထဲသာ။ လူဝီဘလန့် Louis Blance (၁၈၁၁-၁၈၈၂) နှင့်အဲလ်ဘတ် Albert (၁၈၁၅-၁၈၉၅) တို့ဖြစ်သည်။ နောက်ဆုံးကျတော့ ယာယီအစိုးရကို လာမာတင်း Lamartine (၁၇၉ဝ-၁၈၆၉)က ခေါင်းဆောင်သည်။ (သူက ဓနရှင်လစ်ဘရယ်ဝါဒီ ကဗျာဆရာတဦးပါ။ ယာယီအစိုးရကို သူ ဦးဆောင်ခဲ့သည်။ ဒီမိုကရေစီအင်အားစုများ၏အကျိုးစီးပွားကိုသစ္စာဖောက်ခဲ့သည်) ဖေဖော်ဝါရီ
တော်လှန်ရေးသည် ဤသည်ကလွဲ၍ တကယ့်အကျိုးစီးပွားမရှိ။ လူတန်းစားအကျိုးစီးပွား အတိအကျမရှိ။ ဖေဖော်ဝါရီတော်လှန်ရေးကိုယ်တိုင်က ထိုမျှသာပဲဖြစ်၏။ ဖေဖော်ဝါရီတော်လှန်ရေး၏ ပြောရေးဆိုခွင့်ရှိသူ၊ အဆင့်နေရာရရှိသူနှင့် သူ၏အမြင်ကိုဖော်ထုတ်နိုင်သူမှာ ဓနရှင်လူတန်းစားသာဖြစ်သည်-ဟူ၍တော့ နောက်ဆုံးသတ္ထု ချနိုင်သည်။ နိုင်ငံရေးဗဟိုစုစည်းမှု၏ရလဒ်အဖြစ်နှင့် ပဲရစ်မြို့က ပြင်သစ်ပြည်ကိုချုပ်ကိုင်ခဲ့သည်ဆိုလျှင် အလုပ်သမားများသည် တော်လှန်ရေး လျင်လှုပ်ခါစ တခဏတာအချိန်အတွင်းမှာသာ ပဲရစ်မြို့ကို ချုပ်ကိုင်အုပ်ချုပ်ခဲ့ရခြင်းပဲဖြစ်၏။ သည့်နောက်မှာတော့ ယာယီအစိုးရတက်လာပြီး သူ့ဘဝတွင် ပထမဆုံးထုတ်ပြန်လိုက်သောအမိန့်မှာ တော်လှန်ရေးအရှိန်အဟုန်နှင့် မူးယစ်ရီဝေနေသောပဲရစ်ကို မမူးယစ်မရီဝေတဲ့ ပြင်သစ်ပြည် ပြန်ဖြစ်အောင်လုပ်လိုက်ခြင်းသာဖစ်သည်။ တော်လှန်သော၊ တွန်းလှန်ဖြိုဖျက်သောသြဇာအရှိန်အဟုန်ကိုရပ်တံ့သွားအောင် လုပ်လိုက်ခြင်းသာ ဖြစ်သည်။
လမ်းပေါ်ထွက်တိုက်ပွဲဝင်နေသူများ၏အခွင့်အရေးအတွက် အငြင်းအခုန်ဖြစ်လာသည့်အခါ 
လာမာတင်းက သည်သို့ရပ်ခံသည်။
“ပြည်သူပြည်သားအများစု မဲပေးခွင့်ရရှိရေးဆိုတဲ့အချက်အပေါ်မှာအခြေခံပြီး သမ္မတနိုင်ငံအဖြစ်ကြေ ညာပေးမယ်”
“မဲပေးခွင့်ကို အားလုံးစောင့်ဆိုင်းကြရမယ်”
“ပဲရစ်ပစ္စည်းမဲ့တွေက အင်အားသုံးတဲ့နည်းနဲ့ အောင်ပွဲကိုအန္တရာယ်မပြုကြပါနဲ့”
သို့ရာတွင် ဓနရှင်လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားအား အင်အားသုံးရေးနည်းလမ်းတခုကိုတော့ ခွင့်ပြုပေးခဲ့သည်။ ၎င်းမှာ “ကိုယ့်ဘာသာ တိုက်ယူကြပေရော့”ဆိုတာပဲဖြစ်သည်။
ဖေဖော်ဝါရီလ (၂၅)ရက်နေ့ မွန်းတည့်ချိန်အထိ သမ္မတနိုင်ငံကိုကြေညာပေးခြင်း မပြုသေး။ တဘက်တွင်မူ  ဝန်ကြီးရာထူးနေရာများကို ယာယီအစိုးရထဲမှဓနရှင်လူတန်းစားများအကြား၊ ဗိုလ်ချုပ်တွေ…. ဘဏ်သူဌေးတွေနှင့်နေရှင်နယ်သတင်းစာ ဂိုဏ်းသားတွေအကြားခွဲဝေယူကြဖို့ ကြိတ်ပြီးပြင်နေကြပြီ။ သို့ရာတွင်….
အလုပ်သမားများအနေဖြင့်လည်း (၁၈၃ဝ)ခုနှစ် ဇူလိုင်တော်လှန်ရေး၏သင်ခန်းစာအရ ဘယ်လိုထောင်ချောက်ဆင်မှုမျိုး၊ ဘယ်လို လှည့်ဖျားမှုမျိုးကိုမှမခံကြဘူးလို့ ဆုံးဖြတ်ချက်ချထားကြပြီးသား။

တိုက်ပွဲကိုအသစ်က ပြန်စချင်လည်း စရပါစေ။
သမ္မတနိုင်ငံတခုကို လက်နက်ကိုင်အင်အားနဲ့ယူမှရမယ်ဆိုရင်လည်း အဲဒီနည်းနဲ့အရယူမယ်။
သူတို့က ဆုံးဖြတ်ချက်ချပြီးသား။
ဤဆုံးဖြတ်ချက်ကိုသယ်ဆောင်ပြီး “ရက်စ်ပီး”ဟာ သူကိုယ်တိုင်တယောက်တည်း မြို့တော်ခန်းမသို့ သွားခဲ့သည်။ ပဲရစ်လူတန်းစားရဲ့နာမည်ကိုသုံးပြီး သူက ကိုယ်စားလှယ်အဖြစ်နဲ့ ယာယီအစိုးရကို အမိန့်ပေးခဲ့သည်။
“ယာယီအစိုးရအနေနဲ့ ဆိုရှယ်လစ်သမ္မတနိုင်ငံကိုကြေညာပါ။ ပြည်သူရဲ့ဒီအမိန့်ကို နောက် (၂)နာရီ အတွင်းဖြည့်စွမ်းမပေးဘူးဆိုရင် လူ ၂ဝဝ, ဝဝဝ(၂-သိန်း)ကို ခေါင်းဆောင်ပြီး ဒီကို ပြန်လာမယ်”
ကျဆုံးသွားသူတွေ၏အလောင်းများပင်လျှင် အေးစက်တောင့်တင်းမသွားသေးမီအချိန်။
လမ်းတွေပေါ်က ခံကတုတ်အတားအဆီးတွေကိုတောင် မရှင်းလင်းရသေး။
အလုပ်သမားတွေ လက်နက်ကိုင်ဆောင်ထားဆဲရှိနေသေးသည့်အချိန်…။
ထိုအလုပ်သမားတွေကိုရင်ဆိုင်နိုင်သည့်အင်အားဆို၍ အမျိုးသားကာကွယ်ရေးတပ်သာရှိသည်။ အမျိုးသားကာကွယ်ရေးတပ်ကကော ဘယ်လိုလဲ။ လူထုဘက်ပါမှာလား။ သူတို့ဘက်ပါမှာလား။ ဒါကလည်း မသေချာ။ ဤသို့သော အခြေအနေအောက်တွင် ယာယီအစိုးရသည်တွန့်ဆုတ်တွေဝေနေ၍ မရတော့။ သူ့စိတ်ဓာတ်ကို ချက်ချင်းပြောင်းရတော့သည်။
ထို့ကြောင့် (၂)နာရီ မပြည့်မီမှာပဲ ပဲရစ်မြို့၏တံတိုင်းနံရံအားလုံးတွင် သမိုင်းဝင်စာတန်းများပေါ်လာသည်။

Republique francaise
သမ္မတနိုင်ငံ အဓွန့်ရှည်ပါစေ။

Libertyie, Eaqalite, Franterite
လွတ်လပ်ရေး၊ တန်းတူရေးနဲ့ချစ်ကြည်ရေး။

လူတိုင်းမဲဆန္ဒပေးခွင့်ရှိသည့်အခြေခံပေါ်မှ သမ္မတနိုင်ငံတည်ထောင်လိုက်ကြောင်း ကြေညာလိုက်ရ သည်။ ဖေဖော်ဝါရီ တော်လှန်ရေးအတွင်းဝင်လာပြီး သူတို့အတွက်သာအကန့်အသတ်ထားသော ရည်ရွယ်ချက်၊ သူတို့အတွက်သာအကန့်အသတ်ထားသောလုပ်ဆောင်မှုများ ပျက်ပြားကုန်သည်။ သည်အတိုင်းသာဆိုလျှင် ဓနရှင်လူတန်းစားအနည်းငယ် သို့မဟုတ် တစိတ်တပိုင်းလောက် သာ နိုင်ငံရေးအာဏာရကြမှာမဟုတ်တာ့။ ပြင်သစ်လူ့အဖွဲ့အစည်း၏လူတန်းစားအားလုံးသည်
နိုင်ငံရေးမျှော်လင့်ချက်အတွင်းသို့ အားလုံးဆွဲသွင်းခြင်းခံလိုက်ရသည်။ လှုပ်ရှားလာသူများတွင် ဓနရှင်လူတန်းစား၏ကျန်အစိတ်အပိုင်းတို့၏လှုပ်ရှားမှုက ပိုမိုပေါ်လွင်သည်။ သူတို့က သေတ္တာတွေသော့ခတ်၊  ဈေးဆိုင်ကန္နားတွေအရောင်းပစ္စည်းတွေအားလုံးပိတ်၊ လူချည်းသက်သက် နိုင်ငံရေးဇာတ်ခုံပေါ်တက်လာကြသည်။ ဇာတ်ခုံပေါ်တွင် ကပြကြသည်။ သူတို့လည်း မျှော်လင့်နိုင်ပြီလေ။

ချုပ်ကြည့်လိုက်လျှင် သည်သို့ မြင်ရသည်။
ဖေဖော်ဝါရီတော်လှန်ရေးက ပထမဆုံးလုပ်လိုက်ရသည့်အလုပ်မှာ ဘဏ္ဍာဘုရင်အုပ်စု၏နေရာတွင် ဓနရှင်လူတန်းစား၏အုပ်ချုပ်မှုကို အပြည့်အဝဖြစ်အောင်လုပ်ပေးလိုက်ရခြင်းဖြစ်သည်၊ သည့်နောက်မှာတော့ အာဏာရ ‘နေရှင်နယ်ဂျာနယ်’ ဓနရှင်ဂိုဏ်းသားများသာမက ပိုင်ဆိုင်သူ လူတန်းစားအားလုံး နိုင်ငံရေးအာဏာသြဇာအရိပ်အောက်ရာက်ရှိလာသည်။ မြေရှင်ကြီးများနှင့်
ဥပဒေပညာရှင်အများစုတို့သည် ဇူလိုင်မင်းဆက်တုန်းက နိုင်ငံရေးအရပိတ်ပင်ခြင်းခံထားခဲ့ရာမှ 
ယခုတော့ လွတ်လပ်လာကြပြီ။

0 comments:

Post a Comment