အစိုးရသစ်က ပြည်တွင်းပြဿနာများဖြေရှင်းဖို့ကြိုးစားနေ ဆဲမှာပင် ပြည်ပပြဿနာများက ထပ်မံဝင်ရောက်လာ သည်။ တော်လှန်ရေးကာလတုန်းကထွက်ပြေးသွားခဲ့ကြသော ပြင်သစ် ပဒေသရာဇ်များသည် သြစတီးရီးယားနှင့်ပရပ်ရှားတိုင်းပြည်များတွင် သွားရောက်ခိုလှုံနေကြသည်။ ထိုတိုင်းပြည်များတွင် သူတို့က ခိုလှုံရုံ သက်သက်နေထိုင်ကြခြင်းမဟုတ်ဘဲ ပြင်သစ်တော်လှန်ရေးကိုဖြိုချပြီး လူဝီဘုရင်ကိုကယ်တင်ဖို့ စည်းရုံးလှုပ်ရှားမှုပြုကြသည်။ ဥရောပတိုက်ရှိ တခြားနိုင်ငံများမှဘုရင်တွေ ကလည်း ပြင်သစ်တော်လှန်ရေးသည် ပြင်သစ်ပြည်တွင်းမှာ မုန်တိုင်းရိုက်ခတ်ရုံသာမက ပြည်ပနိုင်ငံများရှိသူတို့၏တန်ခိုးအာဏာနှင့်ရာဇာပလ္လင်ကိုပါ လှုပ်ခတ်စေသည်ဟုယူဆပြီး တော်လှန်ရေး၏အရှိန်အဟုန်ကို ကြောက်လန့်နေကြသည်။
တော်လှန်ရေးသဘောတရားတွေ သူတို့နိုင်ငံဆီသို့ပျံ့နှံ့ရောက်ရှိလာမည်ကိုလည်း စိုးရိမ်သည်။ ထို့အပြင်
သြစတီးရီးယားကဧကရာဇ် လီယိုပို(၂) (Leopold
-2) သည် ပြင်သစ်ပြည်တွင်မိဖုရားဖြစ်နေသော သူ့နှမ၏အသက်အန္တရာယ်အတွက်လည်း
စိုးရိမ်နေသည်။
ထို့ကြောင့် (၁၇၉၁)ခုနှစ် သြဂုတ်လတွင်
သြစတီးရီးယားဘုရင်သည် ပရပ်ရှားဘုရင်နှင့်ပူးပေါင်းပြီး သူတို့အနေဖြင့်
ပြင်သစ်ပြည်၏ ပြည်တွင်းရေးအခြေအနေကိုထိန်းသိမ်းဖို့ စစ်ရေးအရအရေးယူဆောင်ရွက်သွားမည်ဟု
ကြေညာလိုက်သည်။ သည်အခါ ၎င်းကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြင်သစ်ဥပဒေပြလွှတ်တော်က (၁၇၉၂)ခုနှစ်
ဧပြီလတွင် သြစတီးရီးယားကိုစစ်ကြေညာလိုက်သည်။ ထို့ကြောင့် သြစတီးရီးယားနှင့်
ပရပ်ရှားတပ်များက ပြည်သစ်ပြည်ကိုလာရောက်တိုက်ခိုက်တော့သည်။ စစ်ဖြစ်လာသည့်အတွက်
စစ်တပ်တိုးချဲ့ရေးဥပဒေကို ပြဋ္ဌာန်းရသည်။ သည်အခါ ဘုရင်က ဤဥပဒေကိုပယ်ချလိုက်သည့်အတွက်
ပဲရစ်လူထုကြီးက အကြမ်းဖက်ဆန္ဒပြကြရပြန်သည်။ (၁၇၉၂)ခုနှစ်၊ ဧပြီလ (၁ဝ) ရက်နေ့တွင်
ဓနရှင်တော်လှန်ရေးဂိုဏ်းကခေါင်းဆောင်ပြီး
နိုင်ငံခြားကျူးကျော်မှုကိုဆန့်ကျင်ကြောင်းကြေညာချက်ထုတ်သည်။ ဘုရင်မှာ ခုခံရေးအတွက်မတက်မကြွဖြစ်နေရုံသာမက တိုင်းပြည်၏တဝက်ကိုပင် သြစတီးရီးယားလက်တွင်း
ထိုးအပ်လိုက်ဖို့လုပ်နေသည်။ သူတို့၏စစ်တပ်ဟောင်းက ဗိုလ်ချုပ်တွေ၊
မင်းညီမင်းသားတွေလည်း ထွက်ပြေးကုန်ကြသည်။ ဓနရှင်လူတန်းစားအတွင်းရှိ
ဓနရှင်ကြီးဂိုဏ်းကလည်း အညံ့ခံရေးနှင့်တော်လှန်ရေးကိုသစ္စာဖောက်ရေးတို့အတွက်
ကြံစည်မှုပြုလာသည်။ အခြေအနေမှာလည်း ပြင်သစ်စစ်တပ်သည် တဆင့်ချင်းနောက်ဆုတ်နေရသည်။
ယင်းသို့ ပြင်သစ်တပ်များအရေးနိမ့်နေသဖြင့် လွှတ်တော်အတွင်းရှိဂိုဏ်းအုပ်စုတိုက်ပွဲများသည်
ပိုမို ပြင်းထန်လာသည်။
ဤအခြေအနေအောက်တွင် လူထုကိုလှုံ့ဆော်ပြီး
တော်လှန်ရေးစစ်တပ်ကိုဖွဲ့စည်းသည်။ (၁၇၉၂)ခုနှစ်၊ သြဂုတ်လ (၁ဝ)ရက်နေ့တွင် လူထုကပုန်ကန်ပြီး အာဏာသိမ်းလိုက်သည်။ အလယ်အလတ်ဂိုဏ်းက အာဏာရသွားခြင်းဖြစ်သည်။ ဝန်ကြီး (၆)ဦးအနက်
(၅)ဦးမှာ အလယ်အလတ်ဂိုဏ်းကဖြစ်ပြီး ဂျက်ကိုဘင် (Jacobin)ဂိုဏ်းက တဦးသာပါသည်။
ဤသြဂုတ်လ လူထုပုန်ကန်မှုအတွင်း ပဲရစ်တော်လှန်ရေးကွန်မြွန်း (Paris Revolutionary
Commune)(၁၈၇၁ ပဲရစ်ဘုံအဖွဲ့မဟုတ်ပါ။ သီးခြားဖြစ်ပါသည်) လွှတ်တော်နှင့်ဘုံအဖွဲ့၏ပဋိပက္ခသည်
ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ဤကာလတွင် ဘုံအဖွဲ့ကော်မတီကို (၈၉) ဦးမှ
(၂၈ဝ)ဦးအထိတိုးချဲ့ဖွဲ့စည်းလိုက်သည်။ ဘုံအဖွဲ့သည် ဓနရှင်အစိုးရဝန်ကြီးများကိုဖမ်းဆီးရုံသာမက ၎င်းတို့၏သတင်းစာတိုက်တွေကိုလည်း ပိတ်ပစ်လိုက်သည်။
လက်နက်တွေအကြီးအကျယ်လုပ်ပြီး လူထုကိုတပ်ဆင်သည်။ သြဂုတ်လ (၁၇)ရက်နေ့တွင်
တန်ပြန်တော်လှန်ရေးသမားများကို တရားခွင်သို့တင်ခဲ့သည်။ ဘုရင်၏ရုပ်ပုံကားချပ်များကိုလည်း
ဖျက်ဆီးပစ်ဖို့အမိန့်ထုတ်ခဲ့သည်။ ဘုရင့်အမည်ပေးထားသောလမ်းကိုလည်း
ပြည်သူ့အခွင့်အရေးလမ်းဟူ၍ အမည်ပြောင်းလိုက်ကြသည်။
သြဂုတ်လ (၁၉)ရက်နေ့တွင်
သြစတီးရီးယားနှင့်ပရပ်ရှားတပ်တို့သည် ပြင်သစ်ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ကြသည်။
ဤသည်တွင် (Calona) ၏ဂိုဏ်းအစိုးရသည် ထွက်ပြေးဖို့လုပ်သည်။ ထို့ကြောင့်
လက်ဝဲဂျက်ကိုဘင်ဂိုဏ်းက ကြံ့ကြံ့ခံပြီးတိုက်ခဲ့ရသည်။ စက်တင်ဘာလ (၂ဝ) ရက်နေ့တွင်
ပြင်သစ်တို့ကအောင်ပွဲရလိုက်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးကိုတာဝန်ယူဖို့
ဥပဒေပြုလွှတ်တော်အစား အမျိုးသားညီလာခံ (National Convention)ကို ဖွဲ့စည်းလိုက်သည်။
ကိုယ်စားလှယ် (၇၅ဝ)တက်ရောက်ခဲ့ကြသည်။ (Calonne) ဂိုဏ်းက ကိုယ်စားလှယ် (၁၆၅) ဦး။
အလယ်အလတ်ဓနရှင်ဂိုဏ်းက (၅ဝဝ)ခန့်။ လက်ဝဲဂိုဏ်းကိုယ်စားလှယ်က (၈ဝ)ခန့်ဖြစ်သည်။
အခြေခံဥပဒေကိုလည်း ဒုတိယအကြိမ်အဖြစ် ပြန်လည်ရေးဆွဲသည်။
(၁၇၉၂)ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင်
အမျိုးသားညီလာခံက ဘုရင်စနစ်ကိုဖျက်သိမ်းပြီး ပြင်သစ်သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်သည်။
(၁၇၉၃)ဇန္နဝါရီလတွင် တော်လှန်ရေးခုရုံးကိုဖွဲ့စည်းသည်။ (၁၉၇၃)ခုနှစ် ဇန္နဝါရီလ (၂၁)ရက်နေ့တွင်
အမျိုးသားညီလာခံ၏ဆန္ဒမဲအရ လူဝီ(၁၆)ဘုရင်ကို သေဒဏ်ပေးလိုက်သည်။
•
•
•
ပြင်သစ်ကို သမ္မတနိုင်ငံအဖြစ်ကြေညာပြီးသည့်နောက်တွင်
နယ်သာလန်နှင့်ဘယ်လ်ဂျီယံနိုင်ငံတို့ကိုသိမ်းပိုက်ပြီး သူတို့ကိုလည်းသမ္မတနိုင်ငံများအဖြစ် တည်ထောင်လိုက်ကြောင်းကြေညာလိုက်ပြန်သည်။ တဆက်တည်း ဥရောပတိုက်ရှိ လွတ်လပ်ရေးလိုလားသောတခြားနိုင်ငံများကိုလည်း ပြင်သစ်ပြည်ကအကူအညီပေးသွားမည်ဖြစ်ကြောင်းကို
ကြေညာလိုက်သည်။ ယင်းအခါ ဥပရောပတိုက်ရှိအခြားနိုင်ငံများသည် ပြင်သစ်တော်လှန်ရေး၏ အန္တရာယ်ကိုစိုးရိမ်ကြောက်ရွံ့လာကြသည်။ ပြင်သစ်ကို တိုက်မှဖြစ်တော့မယ်-ဟု ထင်လာကြသည်။ သြစတီးရီးယားနှင့်ပရပ်ရှားနိုင်ငံတို့က ပြင်သစ်ကိုတိုက်ရေးအတွက် အခိုင်အမာပြင်ဆင်မှုလုပ်လာကြသည်။ အင်္ဂလန်နှင့်ဟော်လန်နိုင်ငံတို့က ထောက်ခံသည်။ ဤတွင် ပြင်သစ်က ဟော်လန်ကိုစစ်ကြေညာပြီးတိုက်ခိုက်သည်။ ထိုအခါ (၁၇၉၃)ခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပမဟာမိတ်နိုင်ငံများပူးပေါင်းပြီး ပြင်သစ်ကိုဝိုင်းတိုက်ကြသည်။
ကြေညာလိုက်သည်။ ယင်းအခါ ဥပရောပတိုက်ရှိအခြားနိုင်ငံများသည် ပြင်သစ်တော်လှန်ရေး၏ အန္တရာယ်ကိုစိုးရိမ်ကြောက်ရွံ့လာကြသည်။ ပြင်သစ်ကို တိုက်မှဖြစ်တော့မယ်-ဟု ထင်လာကြသည်။ သြစတီးရီးယားနှင့်ပရပ်ရှားနိုင်ငံတို့က ပြင်သစ်ကိုတိုက်ရေးအတွက် အခိုင်အမာပြင်ဆင်မှုလုပ်လာကြသည်။ အင်္ဂလန်နှင့်ဟော်လန်နိုင်ငံတို့က ထောက်ခံသည်။ ဤတွင် ပြင်သစ်က ဟော်လန်ကိုစစ်ကြေညာပြီးတိုက်ခိုက်သည်။ ထိုအခါ (၁၇၉၃)ခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပမဟာမိတ်နိုင်ငံများပူးပေါင်းပြီး ပြင်သစ်ကိုဝိုင်းတိုက်ကြသည်။
ပြင်သစ်စစ်ရှုံးသွားသည်။
သူတို့သိမ်းပိုက်ထားသော ဘယ်လ်ဂျီယံနိုင်ငံမှ ပြန်လည်ဆုတ်ခွာပေးရသည်။ သည်တခါမှာလည်း
အစိုးရတွင်းမှ (Calonne)၏ ဓနရှင်ဂိုဏ်းသည် ရန်သူကိုအညံ့ခံရေးလုပ်လာပြန်သည်။
ထို့ကြောင့် မေလ (၃၁)ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက အာဏာသိမ်းလိုက်သည်။
ဂျက်ကိုဘင်ဂိုဏ်း အာဏာရလာပြီးသည့် (၁၇၉၃)ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် မြေယာတော်လှန်ရေးဥပဒေကို
သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ လယ်သမားတချို့ မြေယာရရှိကြသည်။ သို့ရာတွင်
ချမ်းသာလယ်သမားတွေသာ အကျိုးခံစားခွင့်ရှိပြီး လယ်ကူလီတွေကတော့အကျိုးခံစားခွင့်သိပ်မရှိလှပါ။
သူတို့က ဤသို့ မြေယာပြဿနာဖြေရှင်းနေဆဲတွင် ပြည်ပနိုင်ငံတို့၏တိုက်ခိုက်မှုကလည်း
ပိုမိုကြီးလာသည်။
အင်္ဂလိပ်၊ ဂျာမဏီနှင့်သြစတီးရီးယားတို့က
အရှေ့မြောက်ဘက်ကနေဝင်လာသည်။ အနောက်တောင်ဘက်မှ ဝင်ရောက်လာသူတို့က စပိန်များ။
အရှေ့တောင်ဘက်မှဝင်လာသူက အီတလီ။ ဂျက်ကိုဘင်ဂိုဏ်းသည် ပြင်သစ်တပ်မတော်ကိုပုံစံသစ်ဖြင့်ဖွဲ့စည်းလိုက်သည်။ ခေါင်းဆောင်မှာ ဂျက်ကိုဘင်ဂိုဏ်းက ကာနိုး
(Carnot) ဖြစ်သည်။ အသက် (၁၈)နှစ်နှင့် (၂၅)နှစ်အကြားက အမျိုးသားတိုင်းစစ်ထဲဝင်ရမည်ဟုသတ်မှတ်လိုက်သည်။ ၎င်းတပ်သည် ရုပ်ဝတ္ထုအခက်အခဲ မပြည့်မစုံဖြစ်နေသောတပ်ဖြစ်သည်။
စစ်မှုထမ်းအမိန့်ကိုမကျေနပ်သည့်အတွက် ခရိုင်ပေါင်း (၈၃) ခုအနက် ခရိုင်(၆ဝ)လောက်က ဂျက်ကိုဘင်ဂိုဏ်းကို
ဆူဆူပူပူဆန့်ကျင်လာသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဤဆန့်ကျင်မှုကို
နှိမ်နင်းရန်အတွက် အမျိုးသားလုံခြုံရေးကောင်စီကိုအာဏာအပ်နှင်းလိုက်သည်။ လုံခြုံရေးကောင်စီ၏ခေါင်းဆောင်ဆိုသူများမှာ
ဒန်တွန်၊ ရိုဗက်စပီးယဲနှင့် ကာနိုးတို့ဖြစ်သည်။
၎င်းတပ်သည် (၁၇၉၄)ခုနှစ်ရောက်သောအခါ
စစ်သည်အင်အား (၈)သိန်းရှိသောတပ်ကြီး ဖြစ်လာသည်။ ဥရောပတိုက်တွင်အကြီးဆုံးတပ်ကြီး
ဖြစ်သွားသည်။ ပဲရစ်မြို့တွင်လည်း သိန်းသန်းချီသောလူထုကြီးသည် ပန်းပဲသမားများအဖြစ်
အမိုးအကာမဲ့ကွင်းပြင်ကြီးများတွင် လက်နက်များထုလုပ်နေကြသည်။ (၁၇၉၄)ခုနှစ်
ဇူလိုင်လတွင် နိုင်ငံခြားတပ်များအရေးနိမ့်သွားပြီး စစ်ပြေငြိမ်းရေးလုပ်ကာ
အတိုက်အခိုက်ရပ်စဲခဲ့ကြသည်။
စစ်ပြီးသွားသောအခါတွင်
ဂိုဏ်းအသီးသီးတို့သည် ခေါင်းဆောင်နေရာလုကြ၊ အာဏာလုကြနှင့်
ရှုပ်ထွေးမှုတွေဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ တန်ပြန်တော်လှန်ရေးသမားများကိုနှိမ်နင်းရခြင်း၊
ပြည်တွင်းဆူပူမှုကိုနှိမ်နင်းရခြင်း၊ ဂိုဏ်းအသီးသီး အာဏာလုခြင်း စသည့်တိုက်ပွဲတွေနှင့် ပြည်သစ်ပြည်သည်သွေးချောင်းစီးခဲ့ရလေသည်။ ဒန်တွန်က သတ်ဖြတ်မှုတွေ
ရပ်တန်းကရပ်ကြဖို့တင်ပြလိုက်သည့်အခါ သူ့ကို သစ္စာဖောက်ဆိုပြီး သေဒဏ်ပေးလိုက်ကြသည်။
မာရတ်ကတော့ (၁၇၉၃)ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ကတည်းက အသတ်ခံသွားခဲ့ရသည်။
အမျိုးသားညီလာခံက
အခြေအနေကိုစိုးရိမ်ပြီး လုံခြုံရေးကောင်စီ၏အာဏာကိုပြန်လည်သိမ်းယူ လိုက်သည်။ (၁၉၇၄)ခုနှစ်
ဇူလိုင်လ (၂၇) ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက ခေါင်းဆောင်ရိုဗက်စပီးယဲကသေဒဏ်ပေးပြီး
ဂျက်ကိုဘင်ဂိုဏ်းကိုပါ ဖျက်သိမ်းပစ်လိုက်သည်။ အမျိုးသားညီလာခံ၏အုပ်ချုပ်မှုကာလသည် (၁၇၉၂)ခုနှစ်မှ
(၁၇၉၅)ခုနှစ်အထိသာ တည်တံ့ခဲ့သည်။ (၁၇၉၅)ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို တတိယအကြိမ်အဖြစ်ရေးဆွဲပြန်သည်။ ၎င်းအခြေခံဥပဒေအရ ပြင်သစ်ပြည်တွင်
ဒါရိုက်တာအစိုးရသစ်ဆိုသည်ကို ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်မြောက်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ
အထက်လွှတ်တော်နှင့်အောက်လွှတ်တော်တို့ ကို ဖွဲ့စည်းသည်။ ၎င်းလွှတ်တော် (၂)ရပ်က ဒါရိုက်တာ
(၅)ဦးအဖွဲ့ကိုရွေးချယ်ပြီး အုပ်ချုပ်ရေးအာဏာအပ်နှင်းပေးလိုက်သည်။ (၁၇၉၅)အခြေခံဥပဒေအရ
ဓနရှင်များသာ မဲပေးနိုင်ခွင့်နှင့်အရွေးခံနိုင်ခွင့်ရှိသည်။ အလုပ်သမားလယ်သမားတွေ
မဲပေးခွင့်ပင်မရှိသည့်အတွက် မကျေမနပ်ဖြစ်ပြီး (၁၇၉၅)မေလတွင် အကြမ်းဖက်အုံကြွမှုကြီးတရပ်
ဖြစ်ပွားလာသည်။ သို့ရာတွင် ယင်းအုံကြွမှုသည် အောင်မြင်ခြင်းမရှိခဲ့ပေ။ ဤနေရာတွင် ထူးထူးခြားခြားဖော်ပြရမည့်
ပုဂ္ဂိုလ်တဦးအကြောင်းတင်ပြဖို့လိုလာသည်။ သူသည်ကား (F. Noel Babeaf) (၁၇၆၆-၁၇၉၇)
ဖြစ်သည်။ ဘာဖက်သည် ဆင်းရဲသားအိမ်ထောင်မှမွေးဖွားလာသူဖြစ်ပြီး တော်လှန်ရေးထဲသို့ (၁၅)နှစ်သားအရွယ်မှာ
စတင်ဝင်ရောက်လာသူ။ “တန်းတူရေးလှုပ်ရှားမှု”ကို ဦးဆောင်ပြီး
အခြေခံလူထုအကျိုးစီးပွားဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။ သူသည် သူခေတ်ကာလ၏အခြေအနေအရ
စိတ်ကူးယဉ်ကွန်မြူနစ်တဦးသာ ဖြစ်ခဲ့သည်။ သူ့အတွေးအခေါ်များကို ပဲရစ်မြို့ဆင်ခြေဖုံးနှင့်ကျေးလက်ကာကွယ်ရေးတပ်ဖွဲ့များသို့ သွားရောက်ဝါဒဖြန့်ခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှု
စနစ်ဆန့်ကျင်ရေး၊ မြေယာဘုံလုပ်ရေး၊ အကြမ်းဖက်တော်လှန်ရေးတို့ကို ဝါဒဖြန့်သည်။ (၁၇၉၅)ခုနှစ်၊
လူထုအုံကြွမှုအတွင်းမှာ သူထောင်ကျခဲ့သည်။ ထောင်ကလွတ်အပြီး နောက်တခါ ပုန်ကန်မှုတွင်ထပ်မံပါဝင်သဖြင့်
(၁၇၉၆)မေလ (၁၁)ရက်နေ့မှာ ထပ်မံအဖမ်းခံရပြီး ငါးဦးဒါရိုက်တာ အစိုးရလက်ထက်တွင်
သေဒဏ်အပေးခံရ၍အသက်ဆုံးရှုံးခဲ့ရသည်။
ကားလ်မာ့က်စ်က သူ့အပေါ်ကြီးမားစွာတန်ဖိုးဖြတ်ခဲ့သည်။
ကွန်မြူနစ်ကြေညာစာတမ်းထဲမှာပင် ‘ဘာဖက် ၏ ရေးသားချက်များသည် ပစ္စည်းမဲ့လူတန်းစား၏တောင်းဆိုချက်များကို
ဖော်ထုတ်သည့် စာပေများဖြစ်သည်’ဟူ၍ အကဲဖြတ်ရေးသားခဲ့သည်။ ယင်းအချိန်တွင်
ပြည်ပနိုင်ငံများ နှင့် ပြင်သစ်ပြည်တို့၏စစ်ပွဲများ ထပ်မံပေါ်ပေါက်လာပြန်သည်။ ရုရှား၊
ဂျာမဏီနှင့်သြစတီးရီးယားတို့သည် ပိုလန်နိုင်ငံကိုခွဲဝေရယူရေးကိစ္စ
တွင်အလုပ်များနေကြဆဲအချိန်။ ဤသည်ကိုအခွင့်ကောင်းယူပြီး
စစ်တပ်အင်အားကြီးမားနေသောပြင်သစ်က အီတလီကိုဝင်တိုက်သည်။
ဗိုလ်ချုပ်နပိုလီယံဘိုနာပတ် (Napoleon Bonaparte)ဦးစီးပြီးတိုက်ခဲ့ရာတွင် အောင်မြင်မှုကြီးခဲ့သည်။
(၁၇၉၈)ခုနှစ်တွင် နပိုလီယံသည် တပ်အင်အား (၃)သောင်းနှင့် တူရကီပိုင်အီဂျစ်ကိုဝင်သိမ်းသည်။ ဆီးရီးယားကိုသိမ်းပိုက်ခဲ့သေးသော်လည်း သြဂုတ်လတွင် အင်္ဂလိပ်က ရေတပ်နှင့်ပြန်တိုက်သဖြင့်ဆုတ်ခွာလာခဲ့ရသည်။ (၁၇၉၉)ခုနှစ်တွင်မူ
ပြင်သစ်ပြည်၏ပြည်တွင်းရေးအခြေအနေများကလည်း မငြိမ်မသက်ပြန်ဖြစ်လာပြန်ပြီ။ ပြည်ပတွင်လည်း
အင်္ဂလိပ်ဘက်မှ ရုရှားကဝင်ကူလာပြီ။ သည်အခါ အစိုးရသည် မတတ်သာတော့သည့်အလျောက်
အီဂျစ်မှရှိသော နပိုလ်ီယံအားပြန်လည်ခေါ်ယူပြီး ပြင်သစ်ပြည်၏နိုင်ငံရေးဇာတ်ခုံပေါ်သို့
ထိုးတင်ပေးလိုက်သည်။ နပိုလီယံသည် စီးပွားပျက်ပဒေသရာဇ်အိမ်ထောင်မှဆင်းသက်လာသူ။
ဉာဏ်သစ်လောင်းလှုပ်ရှားမှုတွင်လည်း သူ ပါဝင်ခဲ့ဖူးသည်။ သူ့အပေါ် ရူဆိုး၏အတွေးအခေါ်များက
များစွာ သြဇာသက်ရောက်ခဲ့သည်၊ ဂျက်ကိုဘင်၏တပ်ဖွဲ့တွင်လည်း ဗိုလ်ကြီးလုပ်ခဲ့ဖူးသည်၊
အမြောက်တပ် ဗိုလ်ကြီးဖြစ်၏။ သူက (၁၇၉၉)ခုနှစ်၊ နိုဝင် ဘာလ (၉)ရက်နေ့တွင်
စစ်တပ်နှင့်အာဏာသိမ်းပြီး လွှတ်တော်ကိုဖျက်သိမ်းလိုက်သည်၊ သူ့ကိုယ်သူ နံပါတ်(၁)
ကောင်ဆယ် (အာဏာရှင်) အဖြစ်ကြေညာခဲ့သည်၊ ယင်းနှစ်တွင်ပင်
စစ်ပွဲများတိုက်ခိုက်အောင်မြင်ပြီး ဗြိတိန်နှင့်စစ်ပြေငြိမ်းရေးလုပ်ခဲ့သည်။
(၁၈ဝ၂)ခုနှစ်မှစပြီး
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ (၁၈ဝ၄)ခုနှစ်တွင်
ဧကရာဇ်ဘွဲ့ကိုခံယူသည်။ ပြင်သစ်နိုင်ငံကိုလည်း သမ္မတနိုင်ငံအဖြစ်မှ
ဧကရာဇ်နိုင်ငံအဖြစ်ပြောင်းလဲကြောင်း ကြေညာလိုက်ပါတော့သည်။
•
•
•
ပဒေသရာဇ်အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးသည့်ဘုရင်စနစ်ကို
တော်လှန်တိုက်ခိုက်ခဲ့သော
ပြင်သစ်တော်လှန်ရေးသည် နပိုလီယံ၏ အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ ပြန်လည်ဆိုက်ရောက် သွားခဲ့လေပြီ။
ပြင်သစ်တော်လှန်ရေးသည် နပိုလီယံ၏ အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ ပြန်လည်ဆိုက်ရောက် သွားခဲ့လေပြီ။
သို့ရာတွင် ထိုဓနရှင်တော်လှန်ရေးသည်
အကျိုးကျေးဇူးများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။
ပထမဆုံးအချက်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို
တော်လှန်ရေးကဖြိုလှဲပစ်နိုင်ခဲ့ခြင်းဖြစ်သည်၊ နပိုလီယံကျဆုံးသွားပြီးသည်၏နောက်ပိုင်းတွင်လည်း
ဘော်ဘွန် (Bourbon)မင်းဆက်ပြန်တက်လာခဲ့သေးသည်။ ၎င်းအပြင် နပိုလီယံကဲ့သို့ပင်
သူ၏တူတော်သူဘိုနာပတ်ကလည်း ဧကရာဇ်အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးခဲ့သေးသည်။
သို့သော်လည်း သက်ဦးဆံပိုင်စနစ်ဟောင်းအုပ်စိုးမှုကို ပြန်လည်အသက်သွင်း၍ကားမရနိုင်တော့ချေ။
နောက်တချက်မှာဘာသာရေးအဖွဲ့အစည်းများနှင့်နိုင်ငံရေးအဖွဲ့အစည်းများ
ရောထွေးယှက်တင်ဖြစ်မနေတော့ဘဲ သီးခြားအဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေအောင်ဖန်တီးပေးလိုက်နိုင်သည်။
ရောထွေးယှက်တင်ဖြစ်မနေတော့ဘဲ သီးခြားအဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေအောင်ဖန်တီးပေးလိုက်နိုင်သည်။
(၁၇၈၉)ပြင်သစ်တော်လှန်ရေးသည်
ဓနရှင်တော်လှန်ရေးဖြစ်သည့်အတိုင်း သဘာဝကျစွာပင် အကြီးမားဆုံးအကျိုးရလဒ်ကို
ဓနရှင်လူတန်းစားက ခံစားကြရသည်။ ထိုတော်လှန်ရေး၏အဆင့်တိုင်းတွင် အမျိုးသားလွှတ်တော်ကာလ
ဖြစ်စေ၊ အမျိုးသားညီလာခံကာလ ဖြစ်စေ၊ ဂျက်ကိုဘင်တို့လွှမ်းမိုးခဲ့သည့်ကာလမှာပဲ
ဖြစ်စေ ကာလအားလုံးတွင် ဓနရှင်လူတန်းစားတို့ကသာ အခွင့်နေရာရခဲ့သည်၊ ၎င်းတော်လှန်ရေး၏အကျိုးဆက်အဖြစ် နပိုလီယံခေတ်တွင် ဓနရှင်တို့၏အခြေအနေ တည်တံ့ခိုင်မြဲလာခဲ့သည်၊
နပိုလီယံသည်
အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးသည်ဆိုသော်လည်း
ဓနရှင်လူတန်းစား၏ အကျိုးစီးပွားကိုကား သူလုပ်မပေးဘဲနေမဖြစ်၊ စီးပွားရေးအပိုင်းမှာ
ဓနရှင်များလိုလားသောပြုပြင်ပြောင်းလဲရေးများကို သူ လုပ်ပေးခဲ့ရသည်။ အိန်ဂယ်ပြောခဲ့သည့်အတိုင်း
(၁၇၈၉)ခုနှစ်ကစပြီး ပြင်သစ်တော်လှန်ရေး၏အတွေ့အကြုံများသည်
ဥရောပသမိုင်းတခုလုံးအပေါ်တွင် လွှမ်းမိုးခဲ့သည်။ နပိုလီယံက အင်ပါယာချဲ့ထွင်ရေးစစ်ပွဲများတိုက်ခဲ့ရာမှာ သူ့စစ်တပ်ကြီးနှင့်အတူ ပြင်သစ်ဓနရှင်တော်လှန်ရေးအတွေ့အကြုံများ
ပါသွားခဲ့လေသည်။ ဓနရှင်လူတန်းစားက အနှစ်သာရအရ တော်လှန်ရေးကို
သူတို့အကျိုးစီးပွားအတွက် အသုံးချခဲ့သော်လည်း တော်လှန်ရေး၏ကြွေးကြော်သံ (၃)ရပ်ဖြစ်သော
လွတ်လပ်ရေး၊ တန်းတူရေးနှင့်ချစ်ကြည်ရေးဟူသောအချက်တို့သည် ဥရောပတဝန်း
ရိုက်ခတ်သွားခဲ့သည်၊ တခြားဥရောပနိုင်ငံတို့၏ အကြွင်းမဲ့အာဏာပိုင်ဘုရင်စနစ်ဆန့်ကျင်ရေးကို
တွန်းဆော်ပေးနိုင်ခဲ့သည်၊
(၁၇၈၉)ပြင်သစ်တော်လှန်ရေးသည်
အဖိနှိပ်ခံလူတန်းစားတို့၏ ဖိနှိပ်မှုကိုတွန်းလှန်လိုသောစိတ်ဓာတ်ကို အခြေခံပြီးတိုက်ခဲ့ခြင်းဖြစ်သည်၊
လွတ်လပ်ရေးနှင့်တန်းတူရေးကိုအခြေခံပြီးတိုက်ခဲ့ခြင်းပါ။ ဤစိတ်ဓာတ်သည်
အခြားနိုင်ငံများရှိ အဖိနှိပ်ခံလူတန်းစားကို နိုးကြားစေလိုက် သည်။ ကိုလိုနီနိုင်ငံများတွင်
ကျွန်ရောင်းဝယ်ရေးစနစ်ကိုဖျက်သိမ်းသည့်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ရခြင်းသည် (၁၇၈၉)ခုနှစ်
တော်လှန်ရေးအတွင်းမှာပင်ဖြစ်သည်။ ဤသည်မှာလည်း ကြီးမားသောတိုးတက်မှုမှတ်တိုင် တခုပဲဖြစ်သည်။ ပဒေသရာဇ်စနစ်ကိုတွန်းလှန်တိုက်ခိုက်ရသော ယင်းဓနရှင်တော်လှန်ရေးကြောင့်
လယ်သမားများသည် ပဒေသရာဇ်များကိုအလုပ်အကျွေးပြုရသောထမ်းပိုးအောက်မှလွတ်မြောက် ခဲ့ရသည်။
တောင်သူလယ်သမားတွေ မြေပိုင်ခွင့်ရလာကြသည်။ ဤသည်မှာလည်း အကျိုးကျေးဇူးတရပ်ပင်။ တော်လှန်ရေးကြောင့်
တိုက်ရိုက်အကျိုးကျေးဇူးခံစားခွင့်မရရှိသူမှာ အလုပ်သမားလူတန်းစားဖြစ်သည်။
ထိုမျှသာမက အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ကိုပင်ပိတ်ပင်သောဥပဒေ ထုတ်ပြန်လိုက်ကြသေးသည်။
လုပ်ခတိုးပေးရေး အရေးဆိုသည့်အခါတွင်လည်း အစိုးရကဥပဒေအရဆိုပြီး နှိမ်နင်းပါသည်။ ၎င်းတော်လှန်ရေးအတွင်းတွင် အဖိနှိပ်ခံလူတန်းစားအားလုံး တို့သည် အုပ်စိုးသူဆန့်ကျင်ရေးဟူသော
ဘုံရည်မှန်းချက်အတွက်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြရသည်။ သို့ရာတွင် တော်လှန်ရေး၏အောင်သီးအောင်ပွင့်များကိုသိမ်းပိုက်သွားသူများမှာကား
ဓနရှင်လူတန်းစားပါ။ တော်လှန်ရေးအောင်မြင်ပြီးစအချိန်အတွင်းမှာပဲ လူတန်းစားအသီးသီးတို့သည်
ကိုယ့်လူတန်းစားအကျိုးစီးပွားအတွက် ဆက်လက်ရုန်းကန်မှုပြုကြသောမြင်ကွင်းကို
တွေ့မြင်ရလေသည်။ ၎င်းတို့အနက်မှ အာဏာကိုဖက်တွယ်ရယူထားနိုင်သူမှာကား ဓနရှင်လူတန်းစားဖြစ်၏။
သို့ရာတွင် သူ့ လူတန်းစားအတွင်းမှာလည်း ဂိုဏ်းကွဲမှုများဖြစ်လာခဲ့လေသည်၊
သွေးချောင်းစီးကာလတရပ်သည်လည်း
ဓနရှင်လူတန်းစားအာဏာရထားသောအချိန် ကာလအတွင်း ဖြစ်ပွားလာခဲ့ရသည်- ဆိုသည်ကိုလည်း
သတိပြုဖို့လိုပေသည်။ အိန်ဂယ်၏အမြင်အရဆိုလျှင်…“ပထမဆုံးအကြိမ်
ကြီးမားသောအောင်မြင်မှုရရှိပြီးသည့်အခါ အောင်ပွဲရလူနည်းစု လူတန်းစားထဲတွင်
ကွဲပြဲမှုများ ယေဘုယျဖြစ်လေ့ရှိသည်။ သူ့လူတန်းစားထဲမှတစိတ်တပိုင်း(အစိတ်အပိုင်းအချို့)က
သူရရှိထားသည့်အောင်မြင်မှုရလဒ်တွေကိုကျေနပ်မှုရှိသည်။ သူ့လူတန်းစားထဲမှ နောက်တစိတ်တပိုင်းကတော့
ရှေ့သို့ဆက်လက်ချီတက်လိုသေးသည်။
တောင်းဆိုချက်အသစ်တွေ ဆက်တင်ချင်သေးသည်၊ သူ့တောင်းဆိုချက်များသည် အစစ်အမှန်ဖြစ်ကောင်းမှဖြစ်မည်။ သို့မဟုတ် ဟန်ပြအတုအယောင် ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် အများစုလူထုအကျိုးစီးပွားအတွက်ဆိုပြီး သူက တောင်းဆိုချက်တွေဆက်လက်တင်လိုသောစိတ်ကား ရှိနေသည်”
တောင်းဆိုချက်အသစ်တွေ ဆက်တင်ချင်သေးသည်၊ သူ့တောင်းဆိုချက်များသည် အစစ်အမှန်ဖြစ်ကောင်းမှဖြစ်မည်။ သို့မဟုတ် ဟန်ပြအတုအယောင် ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် အများစုလူထုအကျိုးစီးပွားအတွက်ဆိုပြီး သူက တောင်းဆိုချက်တွေဆက်လက်တင်လိုသောစိတ်ကား ရှိနေသည်”
ပြင်သစ်ဓနရှင်လူတန်းစားအတွင်းမှာလည်း
အိန်ဂယ်ပြောသည့် ထိုသဘောထားမျိုးကိုတွေ့ရသည်။
(၁၇၈၉)ခုနှစ်တော်လှန်ရေးကတော့
ပြီးဆုံးသွားခဲ့ပါပြီ။
တိုက်ပွဲကတော့မပြီးဆုံးသေးပါ။ ဆက်လက်တိုက်ပွဲဝင်သွားကြရဦးမှာပါ။
ဆက်လက်တိုက်ပွဲဝင်ရေးသည်
ဓနရှင်လူတန်းစားအတွက်လိုအပ်ဆဲဖြစ်နေသလို….
ဆက်လက်တိုက်ပွဲဝင်ရေးသည် ပစ္စည်းမဲ့တို့အတွက်လည်း
မုချသဘောဖြစ်နေပါသည်။
0 comments:
Post a Comment