Monday, April 29, 2013

သွေးစည်းကြရမယ့် လက်ပံတောင်းအရေး(တူမောင်ညို)

0 comments
သွေးစည်းကြရမယ့် လက်ပံတောင်းအရေး(တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်)
(ICG) ကပေးတဲ့ “ငြိမ်းချမ်းရေးဆု”ဆိုတာက (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် “ကျားရိုးသွေးတိုက်” လိုက်သလိုပါပဲ။ လက်ပံတောင်းမှာ ဧပြီလ ၂၄ ရက်နေ့က  ဒေသခံပြည်သူတွေကို  ရဲက သေနတ်နဲ့ပစ်တယ်။
မိထ္တီလာမြို့ပေါ်မှာနေ့ခင်းကြောင်တောင် လူသတ်မီးရှို့အကြမ်းဖက်နေတာကို ရဲက လက်ပိုက်ကြည့်နေတယ်။ သေနတ်တစ်ချက်မဖောက်ခဲ့ဘူး။ လက်ပံတောင်းဒေသခံလယ်သမားတွေ သူတို့လယ်မြေယာမြေတွေထဲ ဝင်ရောက်ထွန်ယက်တာကိုတော့ ရဲက သေနတ်နဲ့ပစ်တယ်။
မိတ္တီလာမြို့ကပြည်သူတွေရဲအကျိုးစီးပွားတော့ ပျက်ပြားချင်ပျက်ပြားပါစေ လက်ပိုက်ကြည့်နေမယ်၊ လက်ပံတောင်းဒေသမှာရှိတဲ့“ဦးပိုင်နဲ့ဝမ်ပေါင်”အကျိုးစီးပွားတော့ တစ်လက်မမျှအထိမခံဘူးဆိုတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့သဘောထားကိုအတိအလင်း ထပ်မံပြသလိုက်တာပဲဖြစ်ပါတယ်။
တကယ်တော့(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် နည်းလမ်းက ၂ မျိုးပဲရှိတာဖြစ်ပါတယ်။
            - “၂၀၀၈ အခြေခံဥပဒေ” ဆိုတာနဲ့ အစွမ်းကုန်ချော့မြှူလှည့်စားမယ်။
            -အကြမ်းဖက်ဖိနှိပ်မယ်။
လက်ပံတောင်းအရေးကော်မရှင်ဖွဲ့ပြီးစုံစမ်းစစ်ဆေးတာဟာ လှည့်စားတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်ပြီး အသုံးချတာဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေအကြားကို သပ်လျှိုတာဖြစ်တယ်။ သူတို့အဲဒီရည်ရွယ်ချက် ဘယ်လောက်ပေါက်မြောက်တယ်ဆိုတာ အားလုံးမျက်မြင်ကိုယ်တွေ့ ရှိခဲ့ကြတာပဲမဟုတ်ပါလား။ ဦးဝင်းတင်စကားနဲ့ပြောရလျှင်“လက်ပံတောင်းတာင်မှာ ဒေါ်အောင်ဆန်းစုကြည်ကွဲသွားတယ်”၊ “ပြည်သူတွေဖက်က ရပ်တည်တာ၊ ပြည်သူ့ဖက်ကလိုက်တာမျိုးတွေမှာ နည်းနည်းပွန်းပဲ့တာမျိုးရှိတယ်” အခြားတစ်ဖက်ကနေပြောရလျှင် လက်ပံတောင်းအစီရင်ခံစာဆိုတာ “အကြမ်းဖက်ဖိနှိပ်ရေးအမိန့်” ဖြစ်တယ်။ အစီရင်ခံစာက လက်ပံတောင်းစီမံကိန်းဆက်လက်လုပ်ဆောင်ရန်ထာက်ခံတင်ပြထားချက်ဖြစ်လို့ လက်ပံတောင်းစီမံကိန်းကို (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အ စိုးရအနေနဲ့ပြတ်ပြတ်သားသားဆက်လုပ်မယ်။ တားဆီးကန့်ကွက်ဆန္ဒပြနေသူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ်။ တားဆီးကန့်ကွက်ဆန္ဒပြနေသူတွေဟာ “မင်းမဲ့စရိုက်ဆန်ဆန်ဆူပူလှုံ့ဆော်သူတွေ”ဖြစ်အောင် တမင်ပုံဖေါ်ခဲ့တယ်။ “ကြေးမုံသတင်းစာ” ထဲကနေ အာဘော်ဖန်တီးနပြီဖြစ်တယ်။
ပိုပြီးဝမ်းနည်းစရာကောင်းတဲ့အချက်က“ရန်ကုန်ကလူတွေမပြောနဲ့ဒေသခံတွေပဲပြော”ဆိုတဲ့စကားကိုနင်းပြီး လက်ပံတောင်းအရေးအခင်းမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ လက်ပံတောင်းဒေသခံမဟုတ်တဲ့သူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးဖိနှိပ်လာတဲ့ကိစ္စပဲဖစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးကို ရှမ်းပြည်နယ်ကပည်သူတွေကလည်း ပါဝင်ပြောဆိုရမှာပေါ့။ ပါဝင်လုပ်ကိုင်ရမှာပေါ့။ အားပေးကူညီထောက်ခံကြရမှာပေါ့။ မိတ္တီလာအရေးမှာဆုံးရှုံးနစ်နာခဲ့ရမှုတွေကို ပြည်သူတွေကစာနာ၊ ထောက်ထား၊ ဖေးမပြီး၊ အကြမ်းဖက် သမားတွေကိုဝေဖန်ရှုတ်ချရမှာပေါ့။   ထိုနည်းတူပါပဲ  ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်က စစ်မီးအန္တရာယ်ကိုတပြည်လုံးက ပြည်သူတွေကစိုးရိမ်ပူပန်ကြရမှာပေါ့။ 
စစ်ရပ်ဆိုင်းဖို့ ဆန္ဒဖေါ်ထုတ်ကြရမှာပေါ့။ကာ့မှူးမြို့နယ်ထဲကပြည်သူ့အရေးကို ရန်ကုန်မြို့ပေါ်က လူတွေကလည်း ကိုယ်စားပြုပြီးပြောဆို လုပ်ကိုင်ကြရမှာပါပဲ။မန်မာနိုင်ငံဆိုတာ လူမျိုးပေါင်းစုံပြည်သူတွေနေထိုင်ပြီး လူမျိုးပေါင်းစုံပည်သူများကပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ “အကျေနဲ့အညာ”၊  “တောင်ပေါ်နဲ့မြေပြန့်”ခွဲခြားနေတာ မဖြစ်စကောင်းပါဘူး။ အရေးကြီးလျှင်ျသွေးနီးပြီးသွးစည်းကြရမယ်မဟုတ်ပါလား။
လက်ပံတောင်းအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ လိုင်ဇာအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ ရခိုင်ပြည်နယ်အရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ မိထ္ထီလာအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ အင်းလေးကန်အရေးကို လက်ပိုက်ကြည့်နမယ်ဆိုရင်၊ ဧရာဝတီမြစ်ဆုံအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်/အသစ်ရေးဆွဲရေးကိုလက်ပိုက် ကြည့်နေမယ်ဆိုရင်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊  
အဲဒီလို လက်ပိုက်ကြည့်နေသူဟာ ပြည်သူ့အရေး/ပြည်သူ့တာဝန် ပျက်ကွက်သူသာဖြစ်လိမ်မယ်။ အဲဒီလိုလူကို ပြည်သူများက မုန်းတီးသွားမှာပဲ။
နောက်တစ်ခုကလက်ပံတောင်းအရေးအခင်းမှာလိုတာင်သူလယ်သမားတွေလယ်မြေ၊
ယာမြေလက်လွတ်ဆုံးရှုံးမှုတွေ/အဓမ္မသိမ်းဆီးခံရမှုတွေ ဖြစ်ပွားနေတဲ့ဖြစ်ရပ်ဟာ
မြန်မာပြည်တဝှမ်းပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် လက်ပံတောင်းမှာဖြစ်နေတာပဲ ကိုယ်နဲ့အဝေးကြီး၊ အနေသာကြီးဆိုပြီးမျက်နှာလွှဲနေကြမယ်ဆိုရင် ကိုယ်ရေးကြုံလာတဲ့အခါ ကူသူ၊ ကယ်သူမဲ့ပြီး အုပ်စိုးသူတွေစိတ်ကြိုက် လက်ဝါးကြီးအုပ်ဖိနှိပ်ချယ်လှယ်တာကို ခံကြရပါလိမ့်မယ်။
ဒါကြောင့်လက်ပံတောင်းအရေးကို တစ်တိုင်းတစ်ပြည်လုံးက အားနဲ့အင်နဲ့ပါဝင်ကြရပါလိမ့်မယ်။ လက်ပံတောင်းကိုမျက်နှာမူ ကြရပါလိမ့်မယ်။ လက်ပံတောင်းကိုအလေးထားကြရပါလိမ့်မယ်။ လက်ပံတောင်းအရေးကိုထာက်ခံကြရပါလိမ့်မယ်။
ညွန်း
- အတိုက်အခံလုပ်စရာမလိုတော့ဘူးတဲ့လား( ဦးဝင်းတင်နဲ့မေးခွန်းများ) မိုးမခ၊ ၁၅ ဧပြီ ၂၀၁၃
- ကြေးမုံသတင်းစာ၊အယ်ဒီတာ့အာဘော် ၂၆ ဧပြီ ၂၀၁၃

0 comments:

Post a Comment