ကျနော်ပြောတာတွေမနှစ်မြို့ရင်
ကျနော့်ကို "မပြောနဲ့"လို့ ဆိုမယ့်အစား ပြန်ပြော ပြန်ရေးပါဗျာ။ ကျနော်ကလည်း
လူမကြိုက်မှာ လူကြိုက်မှာတွေးပြီးရေးတာမှ မဟုတ်ပဲလေ။ ကျနော်တွေးမိ မြင်မိတာတွေကို ပြန်ပြောတဲ့ သဘောပါ။
လူတိုင်းနဲ့ အကြိုက်ညီလိမ့်မယ်၊ လူတိုင်းစိတ်အခံနဲ့အစပ်တည့်လိမ့် မည်လို့ ဘယ်တုန်းကမှ
မမျှော်လင့်မိခဲ့ပါဘူး။ မိမိစိတ်အခံနဲ့မတည့်ရင် ကျော်လွှားသွားပါဗျာ။ မဖတ်ပါနဲ့ဗျာ။
နောက်ဆုံး မတော်တဆဖတ်မိပြီး စိတ်မနိုင်ရင်
ကွန်မင်န့်နဲ့ဝင်ဆဲသွားလည်း ရတာပဲဟာ။ အကန့်အသတ်အလွန်များလှတဲ့ လူ့လွတ်လပ်ခွင့်ကို ကိုယ်လည်းပြည့်ပြည့်ဝဝသုံး
သူတပါးလည်း ယူငင်သုံးစွဲပါစေ။ သေချာတာတခုကတော့ လောကမှာ သူတပါးကိုမထိခိုက်စေပဲ ဒါမှမဟုတ်
သူတပါးအလိုတူခြင်း/မတူခြင်း၊ ကြိုက်ခြင်း/ မကြိုက်ခြင်းကို မေးနေစောင့်နေစရာမလိုပဲ
လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ကိစ္စဆိုလို့ ကိုယ့်ကိုယ်ကိုသတ်သေတာတခုပဲ ရှိမယ်ထင်တာပဲ။
ဆိုတော့ သိတ်မလွတ်လပ်တဲ့လွတ်လပ်မှုလေးကို တော့ သူတပါးအတွက် လွှတ်ပေးထားလိုက်ပါလား။
ကိုယ်လည်း လွတ်လပ်တာပေါ့။ (ဟိုဟာမရေးနဲ့ဆိုသူတွေ)
ဒေါ်စုမိုက်ကယ်လ်နဲ့ယူတာကို ကျနော်နားလည်သလောက်က ချစ်လို့မေတ္တာရှိလို့ လူသားခြင်းတူတူဖြစ်လို့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တာလို့ပဲမြင်တယ်။ သူ့ပုဂ္ဂလဘဝအရေး
သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရေ
ခေါင်းဆောင်ရဲ့စံနမူဟာ အလွန်အရေးကြီးပါတယ်။ ခုချိန်မှာ အဲ့ဒီနမူနာကိုပြမယ်ဆို (ပြချင်တယ်ဆို)ပြလို့ အကောင်းဆုံးပြယုဂ်ပါပဲ။ အိမ်ထောင်ရေးဘဝတခုလေး မီးမောင်းထိုးပြလိုက်ရုံနဲ့တင် ခရီးကအတော်ပေါက်နေပါပြီ။ ”အညာမှာနေရင် အညာသားနဲ့ညားမှာပေါ့”ဆိုတဲ့ အပြောဟာ ”ဘာလို့နိုင်ငံခြားသားနဲ့ယူရတာလ
"ဘာသာတရားတွေမရှိရင် ဘာဖြစ်မလဲ"ဆိုတဲ့အမေးအတွက် အရင် ရေးလည်းရေး ပြောလည်းပြောခဲ့ပြီးသားပါခင်ဗျာ
ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ
ယုံကြည်ရပ်ခံချက်ကို ဟိုဟာနဲ့လဲစား..ဒါနဲ့လဲစားခဲ့ပြ
ကျနော်
ဒီရောက်စ နူးယော့ခ်စီးကို ပထမဆုံးအကြိမ်ရောက်ဖူးတော့ လမ်းတွေပေါ်မှာ လူတစ်ယောက်တည်းက
လက်တဘက်စီမှာ ခွေးချည်ကြိုးနဲ့တွဲထားတဲ့ခွေး ၄/ ၅ကောင်ကို မနိုင့်တနိုင်ဆွဲရင်း
သွားသွားနေတာတွေ ခနခနမြင်တော့ အဖော်ကိုမေးပြောလေးပြောတယ်။ ဒီလူတွေ ဒီလောက် ခွေးအများကြီးမွေးပြီး
ဒုက္ခတော်တော်များကြပုံပဲနော်ဆိုပြီး။ အဖော်က မဟုတ်ကြောင်း ဒီလူတွေဟာ အခယူပြီးခွေးထိမ်းပေး
ခွေးအညောင်းပြေ လမ်းလျှောက်ပေးတဲ့ခွေးကျောင်းသားတွေ Dog Walkers
ဖြစ်ကြောင်းပြောပြတယ်။ တခြား ခွေးထရိန်နာတွေ ခွေးနေ့ကလေးထိန်းတွေ ခွေးအလှပြုပြင်ရေးတွေ
ခွေးနဲ့ပတ်သက်တာတွေအတော်များများပြောပြလို့ ခွေးဗဟုသုတတိုးရပါတယ်။
ခွေးကျောင်းသားဆိုတော့ တချို့အထင်သေးချင်မယ်။ နှာခေါင်းရှူံ့ချင်မယ်။ မသေးစေချင်မရှူံ့စေချင်ပါ။ အလုပ်ပါ။ အသက်မွေးဝမ်းကျောင်းပါ။ ဂုဏ်မငယ်ပါ။ ခွေးချစ်သူအစစ်တွေမှ လုပ်ကြတဲ့အလုပ်ပါ။
ရွှေပြည်ကြီးက ခွေးအချစ်ပြသူအချို့နဲ့တော့ မိုးနဲ့မြေလောက် ကွာပါတယ်။ ရွှေပြည်ကြီးမှာလည်း လူကြီးကဘာချစ် လိုက်ချစ် လူကြီးကဘာကြိုက် လိုက်ကြိုက်နဲ့ လူကြီးလည်းကြောက်ရ လူကြီးခွေးလည်းကြောက်ရ။ ကျားလည်းကြောက် ကျားချီးလည်းကြောက်ရ အဖြစ်မျိုးတွေရှိပါတယ်။ ဒီမှာလည်း ရှိပါတယ်။ မြင်သာတာနဲ့ မမြင်ရတာလောက်ပါ။ ဒီကလူကြီးတွေက သူတို့ကို လူတွေကြောက်တာကြိုက်ပေမယ့် လူအမြင်မခံရအောင်တော့နေတတ်တယ်။ ဗမာပြည်မှာက လူကြောက်တာကို အရသာခံပြတတ်ကြတာမျိုးလည်းရှိတော့ 
ဗြောင်ကို အကြောက်ခံကြတာကိုး။ ထားပါတော့လေ အဲ့ဒါ။ ပြောချင်တာက လူကြီးခွေးကို လူကြီးကြိုက်အောင်ချစ်ပြရင်း
လူကြီးခွေးကိုက်တာကို မနာပြရတာမျိုး၊ လူကြီးခွေး သေးနဲ့ပန်းတာကို မနံပြရတာမျိုးတွေ
ဒီနေ့ ဗမာပြည်မှာ တကယ်ရှိနေတာဆို ဘာပြောမလဲ။ တချို့များ လူကြီးရှေ့မှာ သူ့ခွေး သေးနဲ့အပန်းမခံရမှာတောင်
စိုးကြတယ်ဆိုပဲ။ သေးနံ့ မနံပြရမှာစိုးကြလို့ဆိုပဲ။ အင်း..ခွေးသေးအပန်းခံရဖို့တောင်
တန်းစီရမလိုပါလား အရပ်ကတို့ရေ။ (ခွေးသေးပန်းနိုင်ငံရေး)
ခွေးနဲ့ပတ်သက်တာတွေအတော်များမျာ
ခွေးကျောင်းသားဆိုတော့ တချို့အထင်သေးချင်မယ်။ နှာခေါင်းရှူံ့ချင်မယ်။ မသေးစေချင်မရှူံ့စေချင်ပါ။ အလုပ်ပါ။ အသက်မွေးဝမ်းကျောင်းပါ။ ဂုဏ်မငယ်ပါ။ ခွေးချစ်သူအစစ်တွေမှ လုပ်ကြတဲ့အလုပ်ပါ။
ရွှေပြည်ကြီးက ခွေးအချစ်ပြသူအချို့နဲ့တော့ မိုးနဲ့မြေလောက် ကွာပါတယ်။ ရွှေပြည်ကြီးမှာလည်း လူကြီးကဘာချစ် လိုက်ချစ် လူကြီးကဘာကြိုက် လိုက်ကြိုက်နဲ့ လူကြီးလည်းကြောက်ရ လူကြီးခွေးလည်းကြောက်ရ။ ကျားလည်းကြောက် ကျားချီးလည်းကြောက်ရ အဖြစ်မျိုးတွေရှိပါတယ်။ ဒီမှာလည်း ရှိပါတယ်။ မြင်သာတာနဲ့ မမြင်ရတာလောက်ပါ။ ဒီကလူကြီးတွေက သူတို့ကို လူတွေကြောက်တာကြိုက်ပေမယ့် လူအမြင်မခံရအောင်တော့နေတတ်တယ်။ ဗမာပြည်မှာက လူကြောက်တာကို အရသာခံပြတတ်ကြတာမျိုးလည်းရှိတော
မိဘပြည်သူများခင်ဗျာ
ကျနော် ခုနပြောသလို
ဒေါသထွက်နေတဲ့လူအုပ်ကြီး
အမျိုး ဘာသာ သာသနာ
သမ္မတဖြစ်ချင်တယ်
မိုးစက်ဝိုင်နဲ့နန်းခင်ဇေယျာ
အမျိုးသားရေးအမျိုးသမီးလေးများ
ဆီးဂိမ်းကမြင်းအလှစီး
ဘယ်သူအုပ်ချုပ်အုပ်ချုပ်
ဒါမျိုးသာများများလုပ်အင်န်အယ်လ
မိကျောင်းကန်လက်ပန်းတောင်း
ကားပါမစ်နဲ့အရက်ခွဲတမ်း
ငြိမ်းချမ်းရေးစင်န်တာ
၂ဝ၁၄ မြင်းနှစ်နဲ့
၂ဝ၁၅ မြင်းလောင်းပွဲလိုင်စင်ကျသွားချ
ဂျော်ကီတွေ
ဘွတ်ကီဘုတ်ကိုင်တွေကြားမှာ
မြင်းထိန်း ငတာတွေလည်း
ခြေချင်းလိမ်လို့
ခြေထိုးလို့
ခွက်စောင်းခုတ်ကြ
မနည်းလှ (အမတ်မရဲ့အစိုးရ)
ပုဂ္ဂိုလ်ရေးထိုးနှက်ကြစို့။ လူသတ်ချင်တိုင်းသတ် နှိပ်စက်ညှဉ်းပမ်းချင်တိုင်း ညှဉ်းပမ်း ဖမ်းချင်တိုင်းဖမ်း ထင်တိုင်းရမ်းကားတဲ့အကျင့်ပျက်အ
တကယ့်လက်တွေ့မပါပဲ လေတစ်လုံးမိုးတစ်လုံးပြောပလားဆိ
သူများတွေ မင်န်ဒဲလားဆို ဒဲလားလိုက်။
သူများတွေ မာတင်လူသာကင်းဆို ကင်းလိုက်။
သူများတွေ ဂန္ဒီဆို ဒီလိုက်။
သူများတွေ မယ်လ်ကွန်အိက်စ်ဆို အိက်စ်လိုက်။
သူများတွေ ချေဂွေဗားရားဆို ဗားရားလိုက်။
သူများတွေ နော်မန်ဗက်သွန်းဆို သွန်းလိုက်။
သူများတွေ လီနင်ဆို နင်လိုက်။
သူများတွေ မော်စီတုန်းဆို တုန်းလိုက်။
သူများတွေ မာသာထရီဆာဆို ဆာလိုက်။
သူများတွေ လင်ကွန်းဆို ကွန်းလိုက်။
သူများတွေ လီကွမ်ယုဆို ယုလိုက်။
သူများတွေ ဒေါ်စုဆို စုလိုက်။
သူများတွေ...သူများတွေ...
သူများတွေရင်း ကိုယ့်ကိုယ်လည်းပြန်ကြည့်ဦး
သူများလို့ ထင်တုန်းလား (ကိုယ့်ကိုယ်ကို သူများလို့ထင်နေသူ)
ပြီးခဲ့တဲ့အဖြစ်သနစ်တွေမှာ(သမို
ကျနော့်မှာ ငယ်ငယ်ကတည်းက ချွန်ချွန်တက်တက် ပြိုးပြိုးပြက်ပြက်ကြီးတွေဆို မနှစ်မြို့တာရှိတယ်။ အထူးသဖြင့် အငြိမ့်တို့ ဇာတ်တို့ ရာဇဝင်နောက်ခံရုပ်ရှင်တို့ ပန်းချီစသည်ဖြင့်ဟာတွေမှာ နန်းဝတ်နန်းစားတွေ စစ်သူကြီး ဘာညာအဝတ်အစားတွေ ရွှေရောင်ပြောင်ဝင်းဝင်းနဲ့ ချွန်ချွန်တက်တက် ထိုးထောင် ကော့ကော်ကန်ကားကြီးတွေနဲ့ဆို ရီ(ရယ်)ချင်တယ်။ တပြိုင်နက်မှာ သူတို့ကြည့်ပြီး စိတ်လည်းမချမ်းသာဘူး။ ဒီအဝတ်အစားကြီးတွေ ဒီလူတွေခမျာ ဘယ့်လောက်များ အူကြောင်ကြောင်နိုင်တဲ့လူတွေလဲ ဘယ့်လောက်များ အနေရအထိုင်ရ ကြပ်နေလိမ့်မလဲဆိုပြီးလည်း တွေးမိတယ်။ သနားလည်းသနားမိသလိုပဲ။ သူတို့ကတော့ ဘယ်လိုနေမယ်မပြောတတ်ဘူး။ ကိုယ်ကသာ တဖက်သတ် စိတ်မချမ်းသာ
သနားစိတ်တွေဝင် အူကြောင်ကြားတွေလို့ထင်ပြီး အလားဂျစ်ဖြစ်နေတာ။ (ဇာတ်နဲ့တူတဲ့လူအကြောင်း)
တရုပ် ပြက္ခဒိန်အလိုအရ လာမယ့် ၂ဝ၁၄ က မြင်းနှစ်...တဲ့။ ဒါ့ကြောင့် ဆီးဂိမ်းမှာ ဒေါ်စုမြင်းဝင်ပြိုင်တာ မြင်းပွဲဆု ဝင်ချတာတွေဟာ အလကားမဟုတ်ဘူး..တဲ့။ ဗေဒကဝိန်တစ်ယောက်က ပြောတာပဲ။ အဟောရှိတာက မြင်းနှစ်ဆိုတော့ ပြေးတာလည်းဖြစ်နိုင်တယ်၊ ကဆုန် အသားကျ လေးဘက်ပြေး ဒုန်းစိုင်း စတာတွေလည်းဖြစ်နိုင်တယ်။ ပြီးတော့ ဇက်ခွံ့၊ ပါးချပ်တပ်၊ မျက်မှန်စိမ်း၊ လှည်းဆွဲ၊ ခွာလိပ်တွေလည်း ဖြစ်နိုင်တယ်။ ကျနော်ကြားဖူးတာတော့ ကျည်းကန်ရှင်ကြီးမေတ္တာစာမှာ ထန်းလည်ဆစ်ကျိုး၊ လှေပိုးထိုးနှင့် မိန်းမစိုး မြင်းကပ် ဆိုတဲ့(၄)မျိုးက သုံးစားမရဆိုတဲ့သဘောပဲ။ မိန်းမစိုးဆိုတာ နန်းတော်ထဲကအပျိုတော် ကိုယ်လုပ်တော် မောင်းမတော်တွေကိုထိမ်းရတဲ့ သင်းအကွပ်ခံထားရတဲ့ယောက်ျားသာြး
0 comments:
Post a Comment