(တကယ်က ဘယ်သူ ထိုးကျွေးခံရတာလဲ)
ခင်ညွန့်ကို သန်းရွှေ မောင်အေး ရွှေမန်းဂိုဏ်းက ကိုင်ထုတ်လိုက်တာမျိုး၊ ဝီရသူကို ဖမ်းဝရမ်းထုတ်တာမျိုးတွေကို နည်းနည်းပါးပါးတွေးတတ်ခေါ်တတ်ရှိတဲ့ သာမန်အရပ်သူအရပ်သားကတောင် “ထိုးကျွေးလိုက်တယ်“လို့ မမြင်ပါ မပြောပါ။ ပြောလာရင်လည်း လက်မခံပါ။
ခင်ညွန့်ကို သန်းရွှေ မောင်အေး ရွှေမန်းဂိုဏ်းက ကိုင်ထုတ်လိုက်တာမျိုး၊ ဝီရသူကို ဖမ်းဝရမ်းထုတ်တာမျိုးတွေကို နည်းနည်းပါးပါးတွေးတတ်ခေါ်တတ်ရှိတဲ့ သာမန်အရပ်သူအရပ်သားကတောင် “ထိုးကျွေးလိုက်တယ်“လို့ မမြင်ပါ မပြောပါ။ ပြောလာရင်လည်း လက်မခံပါ။
ဒါကို အမတ်လို့ဆိုတဲ့လူတချို့ ပါတီခေါင်းဆောင်နိုင်ငံရေးသမားတချို့
နိုင်ငံရေးထဲ မသိမသာပါနေတဲ့ပညာတတ်တချို့က “ထိုးကျွေးလိုက်ပြီ“ဆိုတာကို
မြိန်ရည်ယှက်ရည်သုံးစွဲနေတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့
တွေးမိပါတယ်။
ခင်ညွန့်ကို ကိုင်တာဟာ ထောက်လှမ်းရေးယန္တယားကြီးကိုင်ပြီး
နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ပြည်သူတွေကို ဖိစီးနှိပ်စက်နေလို့
ကိုင်ထုတ်တာမဟုတ်ပါ။ သန်းရွှေ မောင်အေး ရွှေမန်းဂိုဏ်းက
တိုင်းပြည်ကိုမင်းမူနေတာတွေ လက်လွန်ခြေလွန်ဖြစ်လာလို့
လူတွေအမြင်ကောင်းအောင် ခင်ညွန့်ကို အဖမ်းပြပြီး
သူတို့ကိုယ်လွတ်ရုန်းတာလဲမဟုတ်ပါ။ သူတို့ကိုယ်လွတ်ရုန်းတာအမှန်ဆို
သူတို့ကိုယ်တိုင်က စစ်အာဏာကိုင်ပြီးဖိနှိပ်နေစရာမရှိပါ။
လူတွေကိုလွတ်လပ်ခွင့်ပေး၊ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်၊
မတရားသဖြင့် လုယက်ရှာဖွေစုဆောင်းထားတဲ့ လူထုဘဏ္ဏာတွေပြန်အပ်၊
အတိတ်ကအမှားတွေ အပြစ်တွေအတွက် ဝန်ချတောင်းပန်၊
ထိုက်သင့်တဲ့ပြစ်ဒဏ်တွေခံယူကြဖို့လုပ်တာပြင်တာဆိုရင်တောင်
ထိုးကျွေးတယ်ဆိုတဲ့ဝေါဟာရသုံးတာက ခံသာပါသေးတယ်တာ။
အခုက အဲ့သလို လုံးဝမဟုတ်တာ လက်တွေ့ပါ။ စစ်အုပ်စုဟာ
ဗိုလ်နေဝင်းလက်ထက်ကတည်းက သူတို့အချင်း စောင်မန်ခုတ် စားခွက်လု
အာဏာလုလာကြပြီဆိုရင် ဂိုဏ်းဖွဲ့ပြီး၊ လျှင်သူစားတမ်းနဲ့
ဦးအောင်ကိုင်ကြတာချည်းပါဘဲ။ အဲ့သလို အချင်းချင်း စားခွက်လုလို့
ဖြုတ်ကြထုတ်ကြရှင်းကြ ထောင်ထဲပို့ကြဆိုရင် လူတွေကြားမှာ အကိုင်ခံရသူကို
“လူဆိုးကြီး“ အသွင်ဖော်ပြီး ခြေမ မကောင်းခြေမ၊ လက်မ
မကောင်းလက်မဖြတ်လိုက်ရတယ်ဆိုတဲ့အမြင်မျိုး မဖြစ်ဖြစ်အောင် တိုက်ရိုက်ရော
သွယ်ဝိုက်ရော တဆင့်ခံရော သူ့လူကိုယ့်ဘက်သားရော ပဥ္စမံတပ်သားတွေရော
အကုန်မွေးပြီး တွင်တွင်ဝါဒဖြန့်ပါတယ်။
အဲ့ဒီနည်းဟာ ဘယ်လောက်ထိရောက်မှန်း သူတို့ကောင်းကောင်းသိပါတယ်။ ကမ္ဘာပေါ်က
ရှိသမျှ စစ်အာဏာရှင်တွေ သုံးနေကြနည်းပါ။ ဒါပေမယ့် ဒီလုပ်နည်းဟာ
နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်နိမ့်ပါးတဲ့ သာမန်ပြည်သူတွေကြားမှာ
အလုပ်ဖြစ်သလောက်ဖြစ်ရုံမက လူတွေကပါ အဲ့ဒီအတိုင်းမြင်လာကြပြီး၊
တဆင့်တဆင့်ပြောလာကြတဲ့အထိဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ အချင်းချင်းအမြတ်ထုတ်တဲ့ပွဲမှာ အတွေးအခေါ်အရ
ထိုးကျွေးခံရမယ့်လူ လိုပါတယ်။ အဲ့ဒီလူဟာ “ရှင်းသူရော
အရှင်းခံရသူရော“မဟုတ်ပါ။ ကြားလူလိုတာပါ။ ကြားလူဟာ သူတို့ရော သူတို့လူတွေပါ
မဟုတ်ပါ။ သူတို့ချင်း အပြတ်ရင်းပွဲမှာ ပြည်သူကို “ထိုးကျွေး“လိုက်တာပါ။
တကယ့်လက်တွေ့မှာ တကယ် ထိုးကျွေးခံလိုက်ရတာက ပြည်သူတွေပါ။
အနီးဆုံးဥပမာ တခုကို ပြပါရစေ၊ ဝီရသူကိစ္စပါ။ ဝီရသူကို ဖမ်းဝရမ်းထုတ်ပြတော့
လူတွေ “ထိုးကျွေးလိုက်ပြီ“ဆိုပြီး ဝမ်းသာကြပါတယ်။
နှစ်ထောင်းအားရလည်းရှိပါတယ်။ ကျေးဇူးတင်တဲ့အထိတောင် ပြောသူပြောပါတယ်။
ဒါတောင် တကယ်ဖမ်းမှာဆီးမှာ မဟုတ်သေးပါဘူး။ လူတွေ
“ထိုးအကျွေး“ခံလိုက်ရပါတယ်။
ဒီတော့ လူတွေကြားမှာ ကျနော်အပေါ်ကပြောတဲ့အမြင်တွေ ထွက်ပေါ်လာပါတယ်။
မပေါ်ပေါ်အောင်လည်း လုပ်ပေးပါတယ်။ အဲ့သလိုပြောတဲ့လူတွေထဲမှာ အမတ်တွေ၊
နိုင်ငံရေးသမားတွေ၊ ပါတီခေါင်းဆောင်တွေနဲ့ နင်ငံရေးအသိ
နိုင်ငံရေးရေချိန်အထိုက်အလျှောက်ရှိတဲ့ မနိမ့်တဲ့ ပညာတတ်တွေလည်းပါနေပါတယ်။
သာမန်ပြည်သူတွေ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်နိမ့်ပါးသူတွေကတော့
ထားလိုက်ပါတော့ဆိုပြိး ထားလိုက်လို့ရပေမယ့် အပေါ်ကပြောတဲ့လူတွေကိုတော့
ထားလိုက်လို့မရပါ။ အဲ့ဒီလူတွေကို သေချာစိစစ်ခွဲခြမ်းစိတ်ဖြာပြီး
“ဘယ်သူ့လူ“ဆိုတာ ဖော်ထုတ်ရမယ်ထင်ပါတယ်။ “ကိုယ့်လူ“ဆို
ဘဝင်ကျတဲ့အထိဆွေးနွေးဖျောင့်ဖြပြီး အပြောအဆို သတိထားဖို့ ဆင်ခြင်ဖို့၊
အတွေးအခေါ်အရ ရပ်တည်ချက်အရ လူထုဘက်က တပြားသားမှမရွှေ့ဘဲ
ရပ်ခံချက်မှန်မှန်ဖြစ်ဖို့ ဝိုင်းကြိုးစားရမယ်ထင်ပါတယ်။ “သူ့လူ“ဆိုရင်တော့
ရှင်းပါတယ်။ လိုအပ်ရင် ကိုယ့်အဝန်းအဝိုင်းထဲက ဖယ်ကျဉ်ထားလိုက်ရုံပါ။
သိတ်လိုအပ်ရင် ဆန့်ကျင်ဖို့ပါ။ ဒီ့ထက်ပို လိုအပ်ရင် တိုက်ထုတ်ဖို့ပါ။
မျိုးမြင့်ချို
ဇူလိုင် ၂၊ ၂ဝ၁၉
ဇူလိုင် ၂၊ ၂ဝ၁၉
0 comments:
Post a Comment