မြေရှင်စနစ်ဆုတ်ယုတ်ပြိုကျ အားနည်းလာခြင်း
အင်္ဂလိပ်စစ်ရှုံးပြီး ဗမာပြည်မှ ဆုတ်ရသောအခါတွင် အိန္ဒိယပြည်သား အားလုံးလောက်သည် အိန္ဒိယသို့ပြန်ပြေးကြသည်။ တိုင်းပျက်ပြည်ပျက်ဖြစ်နေချိန်တွင် သူတို့နေ၍မရ။ အန္တရာယ် အသွယ်သွယ်ရှိသည်။ ထို့ကြောင့်ပြန်ပြေးကြခြင်းဖြစ်သည်။ ချစ်တီးမြေရှင်အားလုံး ပြန်ပြေးသည်။ မြေယာတွင် အရင်းမြှုတ်ထားသူသည် မြေကြီးကို ယူပြေး၍မရ။ ထိုမြေကို သီးစားယူ လုပ်နေသူများ ရလိုက်ကြသည်။ စစ်ပြီး၍ အင်္ဂလိပ်တို့ပြန်လာသောအခါတွင် ချစ်တီးများပြန်လာချင် ကြသည်။ သို့သော် ဖက်ဆစ်တော်လှန်ရေးဖြင့် သံခဲတင်ထားသော လယ်သမားများသည် သမဂ္ဂဖွဲ့ထားကြသည်။ အင်္ဂလိပ်ကလည်း အကာအကွယ်မပေးနိုင်တော့ သူတို့ပင် ဘယ်တော့ ပြေးရမည် မပြောနိုင်သော အခြေအနေ။ ချစ်တီးမြေကိုလုပ်သော သီးစားအလုပ်သမားများ လယ်ပိုင်ယာပိုင်အတည်တကျ ဖြစ်သွားသည်။
ဂျပန်ခေတ်တွင် ဂျပန်ငွေစက္ကူပေါသည်။ ဂျပန်က အင်္ဂလိပ်ငွေနှင့် ဂျပန်ငွေ တန်ဘိုးတူသည်ဟု သတ်မှတ်သည်။
အင်္ဂလိပ်ခေတ်တွင် ပေါင်နှံထားသော (အပေါင်ဆုံးတော့မည့်) လယ်များကို ဂျပန်ငွေစက္ကူဖြင့် လယ်သမားများ ပြန်ရွေးကြသည်။ မြေရှင်များက မငြင်းဝံ့၍ အရွေးခံကြရသည်။ ဤသို့ဖြင့် လယ်ပိုင်ယာပိုင် ပြန်ဖြစ်သူလည်းများသည် ။
၁၉၄၅ မှ ၄၈ အတွင်း လယ်သမားများ၏ သီးစားခ မပေးရေးတိုက်ပွဲ လက်ငုတ်လက်မလွတ်ရေး တိုက်ပွဲကြောင့်လည်း မြေရှင်များအထိနာသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တိုက်ပွဲလုပ်သောအခါတွင် ပါတီ၏မြေယာလမ်းစဉ်“ လယ်လုပ်သူ လယ်ပိုင်ရေး” မူအရ မြေရှင်မြေသိမ်းပြီး လယ်သမားများသို့ ဝေခဲ့၍လည်း မြေရှင် စနစ်အားနည်းရပြန်သည်။ တချို့မြေရှင်များသည် ကျေးလက်တွင်မနေရဲတော့ဘဲ မြိ့ုကြီးများသို့ ပြေးကြသည်။ စက်မှုလုပ်ငန်းအသေးစားများလုပ်ကြသည်။ သူတို့၏ သား၊ သမီးမျိုးဆက်သည် ကျေးလက်နှင့် ချက်ကြိုးပြတ်ခဲ့ပြီ။ မြေရှင်လူတန်းစား အတွေးအခေါ်မရှိကြတော့။ ဝေခြမ်းသည့် ဝေစုရထားသည့် လယ်သမားကလည်း မြေကိုပြန်မပေးတော့။ သူတို့လုပ်ကိုင်စားခဲ့သည်မှာ နှစ်ပေါင်းများလှပြီ။ အစိုးရကလည်းမြေရှင်ကို မြေပြန်ပေးဘို့ မဆုံးဖြတ်ရဲ။ ထိုသို့ ဆုံးဖြတ်လျှင် လယ်သမားများကို “လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတော့“ ဟု မောင်းပို့သလိုဖြစ်မည်။ လယ်သမား၊ အလုပ်သမားကိုအခြေခံသည်ဟုပြောနေသော တော်လှန်ရေးကောင်စီ စစ်အစိုးရက ထိုသို့ဆုံးဖြတ်လျှင် ဇာတိရုပ်ပွင့်ကျတော့မည်။ ထို့ကြောင့် မြေရှင်ကို မြေပြန်ပေးဘို့ မဆုံးဖြတ်ရဲ။
လူမှုတော်လှန်ရေးလုပ်မည်ဟုပြောထားသည့် စစ်အစိုးရသည် တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲများကို အုန်းတော၊ ပုပ္ပား၊ ဒူးယား၊ ခပေါင်းတို့မှာ လုပ်သည်။ မြေယာပြုပြင်ရေးကို ပြတ်ပြတ်သားသားလုပ်တော့မယောင် ဟန်ရေးပြသည်။ နောက်ဆုံးမှာတော့ “ လယ်လုပ် (နိုင်) သူ လယ်လုပ်ပိုင် (ခွင့်)” မူ ကိုချကာ စခန်းသိမ်းလိုက်သည်။ ထိုမူတွင် “နိုင်” ဟူသောစကားလုံးနှင် “ခွင့်”ဟူသော စကားလုံးမှာ အခရာဖြစ်သည် ။ တကယ့်လက်တွေ့အဓိပ္ပါယ်မှာ “ပိုနေမြဲ ကျားနေ မြဲ” ရှိရေး ဖြစ်သည်။ မြေရှင်ကို ဝေပြီးသားမြေ ပြန်ပေးစရာမလိုသလို၊ မြေရှင်ပိုင်ထားဆဲ မြေကိုလည်း မည်သို့မျှ မထိပါးတော့ပါဟု ဂတိပြုလိုက်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲ လုပ်ခဲ့ခြင်းများမှာလည်း နောက်ဆုံးတွင် စီးကရက်အမှတ်တံဆိပ်များ ဖြစ်သွားသည်။ စီးကရက်အမှတ်တံဆိပ်တွင်လည်း “ဒူးယား” နှင့် “ခပေါင်း” သာအဖတ်တင်နေဆဲဖြစ်သည်။
စစ်ဗျူရိုကရက်အရင်းရှင်များလိုလားသည်မှာ လယ်လုပ်နိုင်သူကလုပ်ပြီး စပါးများများထွက်ဘို့သာ ပဓါန ဖြစ်သည်။ မြေယာပိုင်ဆိုင်မှုနှင့်ပါတ်သက်၍ကား မြေယာအားလုံးကို နိုင်ငံတော်ကပိုင်သည်။ မြေရှင်လည်းမပိုင်၊ လယ်သမားလည်းမပိုင် ဟုဆိုသည်။
လုပ်ပိုင် “ခွင့်” ကို နိုင်ငံတော်က (စစ်အစိုးရ) ကပေးမည်။ လုပ်နိုင်သူလုပ်ကြတော့ဟု ဆိုသည့် သဘောဖြစ်သည်။
မြေကို ဘယ်သူမှ မပိုင် ရောင်းတာ၊ ဝယ်တာ၊ ပေါင်တာ မလုပ်ရဟု ပြော၏။ ဥပဒေလည်း ရေးဆွဲထား၏။ သို့သော် တပြည်လုံးတွင် မြေအရောင်းအဝယ်၊ အပေါင်အနှံပို၍ များပြားနေသည်။ စစ်အစိုးရက နားလည်မှုနှင့် လွှတ်ထား၏။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ အတိုက်အခံ နိုင်ငံရေးသမားကို ဖမ်းဘို့သာဖြစ်၏။
နဝတ စစ်အစိုးရသည် မြေယာပေါ်လစီတွင် မဆလ “မူ“ကိုပင် ဆက်လက်၍ ကျင့်သုံးနေသည်။
ဤမူမှာ ဗျူရိုကရက်အရင်းရှင်“မူ“ဖြစ်သည်။ မြေရှင်နှင့် လယ်သမားအကြား လူတန်းစားတိုက်ပွဲကို မလိုလား။“လူတန်းစားတိုက်ပွဲ ” တိုက်လျှင် မြေရှင်နှင့် လယ်သမားအကြားတိုက်ပွဲနှင့် ပြီးသွားမည်မဟုတ်။ သူတို့လူတန်းစားကိုပါ တိုက်ပွဲမီးက ကူးလာနိုင်သည်။
“တာဝန်ကျေစပါး” ကိစ္စသည် ဆက်လက်ရှိနေသည်။ မဆလခေတ်လောက် သိမ်းဝယ်ခြင်း မလုပ်တာသာရှိသည်။ တပ်မတော်ရိက္ခာ သမဝါယမ စသည့် … စသည့် အကြောင်းပြချက်ဖြင့် သီးနှံများကို စျေးနှိမ်၍ဝယ်ယူဆဲဖြစ်သည်။
စစ်အစိုးရအလိုရှိသည်မှာ စပါးများများရဘို့၊ နိုင်ငံခြားများများရောင်းဘို့၊ ရသည့်နိုင်ငံခြားငွေဖြင့် ဗျူရိုကရက်အရင်းရှင်လုပ်ငန်း ထူထောင်ဘို့သာဖြစ်သည်။
ကျေးလက်စူးစမ်းလေ့လာရေး
မြေရှင်၏သွေးစုက်မှုသဏ္ဍာန်သည် အဓိကအားဖြင့် သီးစားခဖြင့် သွေးစုပ်ခြင်နှင့် မတန်တဆ အတိုးဖြင့် သွေးစုပ်ခြင်းများဖြစ်သည်။
ပဒေသရာဇ်ခေတ်က မြေကျွန်အပေါ် အခမဲ့ခိုင်းစေပြီး သွေးစုပ်ခြင်းရှိခဲ့သည်။ ယခု နဝတ အစိုးရ၏ “လုပ်အားပေး” များ သည် ဤသဘောအတိုင်းဖြစ်နေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ဥပဒေပ ပါတီအဖြစ် ရာစုနှစ်ဝက်ခန့်တည်ရှိခဲ့ရသဖြင့် ကျေးလက် စူးစမ်းလေ့လာရေးကို အကျယ်အပြန့် ဇောက်ချ၍ မလုပ်နိုင်ခဲ့ပေ။ ဥပဒေတွင်းရှိ အဖွဲ့အစည်းများ ကိုလည်း (နဝတ) စစ်အစိုးရက လုပ်ခွင့်ပေးလိုဟန်မရှိပေ။ ဖမ်းလားဆီးလား လုပ်နေသည်။ ပညာရှင်များ ၊ စိတ်ဝင်စားသူ လူငယ်များ၊ ကျောင်းသူကျောင်းသားများကသုတေသနလုပ်ငန်းများ လုပ်နိုင်ခဲ့လျှင်၊ သုတေသနစာတမ်းများထုတ်နိုင်ခဲ့လျှင် အလွန်တန်ဘိုးရှိပေမည် ။
ဗမာပြည်ကွန်မြူနစ်ပါတီက မြေအောက်ရဲဘော်များမှတဆင့် မြေရှင်များ၏ သီးစားခဖြင့် သွေးစုပ်မှုတည်ရှိနေသလော၊ မည်သည့်ပုံစံဖြင့် သွေးစုပ်နေသနည်း လယ်သမားများကို အဓိက သွေးစုပ်နေသူမည်သူနည်း စသည့်အချက်အလက်များကို လျှို့ဝှက်၍ စူးစမ်းလေ့လာဖူးသည်။
မြေရှင်များ၏ သီးစားခဖြင့်သွေးစုပ်မှုရှိတော့ ရှိသည်။ သို့သော် လယ်သမားများကို အဓိက သွေးစုပ်သူမှာ ဗျူရိုကရက်အရင်းစနစ်ဖြစ်သည်ဟု အစီရင်ခံစာ တချို့ကဆိုသည်။ တောင်သူ လယ်သမားတို့၏ လယ်ယာမြေ စားကျက်မြေများကို စစ်အစိုးရကသိမ်းပြီး နိုင်ငံတော်လယ်ယာ၊ စက်မှုလယ်ယာ စသဖြင့် လုပ်ထား၍ လယ်ယာမြေများဆုံးရှုံးနေရသည်ဟုဆိုသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် တောင်သူလယ်သမားများ ပါဝင်လာသောအခါ နိုင်ငံတော်လယ်ယာ၊ စက်မှုလယ်ယာစခန်းများကို ပြန်လည်သိမ်းယူကြသည်ကို တွေ့ရခြင်းအားဖြင့် အစိုးရက အရမ်းကာရောမြေယာတွေ သိမ်းယူထားသည်ကို မကျေနပ်ကြကြောင်း သိသာသည်။
ဘာကြောင့် ကျေးလက်စူးစမ်းလေ့လာရန် လိုသလဲ
ပဒေသရာဇ်စနစ်ဖြင့် လယ်ယာထုတ်လုပ်ရေးလုပ်ခဲ့စဉ်က ဗမာပြည်၏လူဦးရေမများသေး။ ဖူလုံ လုံလောက်မှုရှိခဲ့သည်။ လူတွေ၏ စားဝတ်နေရေး လိုအပ်မှုသည်လည်း များမြောင်လှသည် မဟုတ်။
မြေရှင်စနစ်ဖြင့်ထုတ်လုပ်သောအခါ အထွက်ပစ္စည်းတိုးပွားလာသည်။ လုဦးရေသည်လည်း (၁၆) သန်း ဖြစ်လာသည်။ ဆန်ကို နိုင်ငံခြားသို့ တန်ချိန် (၃)သန်းကျော် တင်ပို့ရောင်းချနိုင်သည်။ ဝါဂွမ်း တင်ပို့နိုင်သည်။ ဆီ၊ ဆား၊ ဆေး လို အခြေခံလူထုစားသုံးကုန်များ ဖူလုံသည်။ လူတွေ၏ စားဝတ် နေရေး လိုအပ်ချက်သည်လည်း ယခင်ကနှင့်စာလျှင် ပိုမိုများပြားလာသည်။ ဤသည်တို့ကိုလည်း တစုံတရာဖြေရှင်းနိုင်သည်။
လွတ်လပ်ရေးခေတ် ရောက်သောအခါ အစိုးရအဆက်ဆက်သည် မြေရှင်စနစ်ဖြင့်ပင် လယ်ယာ ထုတ်လုပ်ရေးလုပ်ကြသည်။ စိုက်ပျိုးရေး နည်းပညာအပြောင်းအလဲ၊ စိုက်ပျိုးရေးအကူပစ္စည်း၊ ဥပမာ - ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးသစ် မျိုးကောင်းများ တင်သွင်းအသုံးချသည်များ ရှိပါသည်။ သို့သော်ထုတ်လုပ်မှုအတိုးနှုန်းက လုဦးရေတိုးနှုန်း၏နောက်တွင် ကျန်ရစ်ခဲ့သည်။ နိုင်ငံခြားသို့ ထုတ်ရောင်းနိုင်သောလယ်ယာထွက်ပစ္စည်းများ နည်းပါးလာသည်။ ထုတ်ရောင်း နိုင်သေးသည့်ကုန်ပစ္စည်း၏ အရေအတွက်မှာလည်း လျော့ကျလာသည်။
ဤသို့ဘာကြောင့်ဖြစ်ရသနည်း။ လယ်ယာကဏ္ဍရှိ ထုတ်လုပ်ရေးဆက်ဆံမှုကို မပြောင်းနိုင်သောကြောင့် ဖြစ်သည်။ တိုတိုဆိုရလျှင် မြေရှင်စနစ်ကို မဖျက်သိမ်းသောကြောင့် ဖြစ်သည်။ ပဒေသရာဇ်မြေရှင်စနစ်ကို အကုန်အစဉ်ဖျက်သိမ်းမှသာ ပဒေသရာဇ်မြေရှင်သွေးစုတ်မှု ပပျောက်သွားမည်။ ကျေးလက်ထုတ်လပ်ရေးစွမ်းအားစု လွတ်မြောက်လာမည်။ ထုတ်လုပ်ရေး စွမ်းအားနှင့် စိတ်ဓါတ်လည်း တိုးတက်လာမည်။
မြေရှင်စနစ်ကိုဖျက်သိမ်းရုံမျှဖြင့် ထုတ်လုပ်ရေးများ အလိုလျှောက်တိုးတက်လာမည်ဟု ဆိုခြင်းတော့ မဟုတ်ပါ။ အားထုတ်မှုရှိရဦးမည်။ အစိုးရ၏ မြေယာပေါ်လစီများ မှန်ကန်ရဦးမည်။
ပေါ်လစီများမှန်ကန်မှ လယ်သမား၊ ယာသမားတို့၏ ထုတ်လုပ်လိုစိတ် ပြင်းပျမည်ဖြစ်သည်။ အစိုးရက ‘ကန့်သတ်ကုန်’ – ‘တာဝန်ကြေ’ ပေါ်လစီများလုပ်နေလျှင် လုပ်အားပေးများ တခိုင်းတည်း ခိုင်းနေလျှင်၊ မြေယာစားကျက်များကို မဆင်မခြင် သိမ်းနေလျှင်၊ လယ်ယာမြေများ ကို မြို့ပြမြေများအဖြစ် အရမ်းကာရောပြောင်းပစ်နေလျှင်လည်း အိပ်ပေါက်နှင့် ဖားကောက် သလိုသာ ဖြစ်လိမ့်မည်။
ယနေ့ကျေးလက်အခြေအနေကိုသုံးသပ်လျှင် အကျပ်အတည်းကြီး ဆိုက်နေကြောင်း ထင်ရှား သည်။ ကျေးလက်သည် တပြည်လုံး၏ ဧရာမ အများစုပိုင်းဖြစ်၍ တိုင်းပြည်ပါအကျပ်အတည်း ဖြစ်နေသည်ဟု ဆိုနိုင်၏။
ကျေးလက်အကျပ်အတည်းကို အောက်ပါအချက်များကိုကြည့်က တွေ့နိုင်သည်။
ကျေးလက်တွင် ပိုလျှံလူငယ်လုပ်အားများ အဆမတန်များနေသည်။ ကျေးလက်တွင်သူတို့၏ လုပ်အားကိုသုံးရန် နေရာ မရှိ၊ ဤလူငယ်အများစုကြီးသည် အခြေခံပညာရရှိထားကြသူများ ဖြစ်သည်။
ကျေးလက်စက်မှုလုပ်ငန်း မထွန်းကား၍ (မရှိဆိုလျှင်လည်းမှန်နိုင်ပါသည်) ကျေးလက်တွင် အလုပ်ရစရာမရှိ၊ မြိ့ုပြ တက်ပြန်လျှင်လည်း မြိ့ုပြတွင် အလုပ်သမား အများအပြားလိုသော စက်ရုံအလုပ်ရုံကြီးများ တခုပြီးတခုတည်ထောင်ကာ တိုးတက်နေသည်မဟုတ်၍ အလုပ်ရစရာမရှိ။ မြိ့ုပြဆောက်လုပ်ရေးလုပ်ငန်းတွင်သာ လုပ်စရာရှိသည်။ ဤ လုပ်ငန်းကလည်း ပိုလျှံလုပ်အား အားလုံးကို အလုပ်မပေးနိုင်ပါ။
ဆောက်လုပ်ရေးဆိုသည်ကလည်း တိုင်းပြည်၏စီးပွားရေး တဖြောင့်တည်း ဖွံ့ဖြိုးတိုးတက်နေပါမှ လုပ်ငန်းအဆက်မပြတ် ရှိမည်။ တသမတ်တည်းစီးပွားရေးဖွံ့ဖြိုးမနေလျှင် ဆောက်လုပ်ရေး လုပ်ငန်းများ အမြဲရှိနေမည်မဟုတ်။ အလုပ်အမြဲတမ်း ပေးထားနိုင်မည်မဟုတ်။
ဤသို့ဖြစ်နေသဖြင့် ရွှေတော၊ ကျေက်စိမ်းတွင်း၊ မိုင်းရှူး၊ စသည်ဖြင့် တခုမကောင်းတခု ပြောင်းလုပ်နေရသည်။ ကျေးလက်ပိုလျှံလုပ်အားသည် စကောထဲ ဇီးဖြူသီးလှိမ့်သလို နိုင်ငံအနှံ့ လိမ့်နေကြရသည်။ အချို့သည် အိမ်နီးချင်းနိုင်ငံများသို့ပါ နယ်ကျော် သွားလျှက်ရှိသည်။
‘နိုင်ငံခြားသွာပြီး အလုပ်လုပ်တာကောင်းတာပေါ့’ လွယ်လွယ်ပြော၍မဖြစ်ပါ။ ဂျပန်သို့ငွေသိန်းချီ အကုန်ခံပြီး သွားနိုင်အောင်သွားကာ အလုပ်လုပ်သည့်နိုင်ငံခြားအလုပ်နှင် ယှဉ်ပြီးတွက်၍မရပါ ။ ဂျပန်တွင်အလုပ်လုပ်သူက “သရီးဒီ”ဆိုလျှင် ယခု အိမ်နီးချင်းတိုင်းပြည်များတွင် သွားလုပ်နေရ ရှာသူများမှာ ‘ဒီ’တွေအများကြီးရထားသူတွေဖြစ်၏။ ‘dishonourable’ ‘disgrace’ ‘discriminate’ စသည့် ‘dis’ နှင့်တွဲထားသော မကောင်းသည့် ဝေါဟာရများကိုပါ ထည့်လိုက်ပါက၊ တိုင်းပြည်နိမ့်ကျသလို သူတို့လည်း နိမ့်ကျရှာသည်။
ဤစကားသည် ပိုပိုမိုမို ပြောခြင်းမဟုတ်ပါ။ အဖြစ်မှန်ကို နည်းနည်းလျှော့၍ ပြောနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့တိုင်းပြည်၏ ဂုဏ်သိက္ခာ အလွန်းအမင်းကျဆင်းနေပါပြီ။
(ပထမ သရီးဒီ Dirty, Dangerous and Demeaning တို့ဖြစ်ပါသည်) (ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းစဉ်နှင့် ရန်သူကြီး ၃ ဦး အစီရင်ခံစာမှ ထုတ်နှုတ်စာရိုက်ပြီး တင်ပေးတာပါခင်ဗျား။

0 comments:
Post a Comment