အမေရိကန် ဒီဘက်ခေတ်သမိုင်းမှာ ခုလောက် လူမျိုးရေး ဘာသာရေးအခြေခံ
အမုန်းတရားတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရန်လိုမှုတွေ
ရာဇဝတ်မှုတွေများလာတာ လက်ရဲဇက်ရဲဖြစ်လာတာ တခါမှမရှိပါ။
ထရမ့်ပ်အာဏာရလာပြီးနောက်ပိုင်းမှာ အစိုးရကိုယ်တိုင်က(သမ္မတကိုယ်တိုင်က)
လူမျိုးရေးအစွန်းရောက်လို့ လူတကာ့နှုတ်က နိစ္စဓူဝကြားနေရတာပါ။
မနေ့တနေ့ကပဲ နောက်ဆုံးလုပ်ခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲတွေမှာ အနိုင်ရလာတဲ့
လူသစ်တန်းအမတ်မလေးတွေကို လူမျိုးရေးတိုက်ခိုက်မှုတခု
ဗြောင်ကျကျလုပ်ခဲ့လို့ ခုထိ ပွဲဆူနေတုန်းပါ။ အောက်လွှတ်တော်က သမ္မတရဲ့ ဒီ
အပြုအမူအပြောအဆိုဟာ လူမျိုးရေးအစွန်းရောက်မှုဖြစ်တယ်
ဖွဲ့စည်းပုံနဲ့ဆန့်ကျင်တယ် ဒါ့ကြောင့် ပြစ်တင်ရှုတ်ချတယ်လို့
တညီတညွတ်တည်းမဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
မနက်က ကိုသိန်းမြတ်နဲ့ ဘောရစ်ဂျွန်ဆင်နဲ့ထရမ့်အကြောင်း
နှစ်ခွန်းသုံးခွန်းပြောဖြစ်ပါတယ်။ ပြောရင်းပါသွားတာထဲက ကျန်ခဲ့တာလေးကို
ပြောပြချင်တာပါ။
“ထရမ့်ပ်လက်ထက်မှာ လူမျိုးရေးဘာသာရေးအကြမ်းဖက်တိုက်ခိုက်မှုတွေ
ကြောက်စရာကောင်းလောက်အောင် များလာတယ်။ ပစ်မှတ်တွေထဲမှာ
အာဖရိကန်အမေရိကန်(လူမည်းအမျိုးသားတွေ)တွေလည်းပါတယ်။ ဒါပေမယ့် မက္ကဆီကန်တွေ၊
လက်တီနိုတွေနဲ့ ဂျူးတွေအပေါ် ပို အတင့်ရဲရဲလုပ်နေကြတယ်။
အာရှသားတွေ(အထူးသဖြင့် ဂျပန်နဲ့ ဗီယက်နမ်)တွေဘက်လည်း တချက်တချက်
ရန်လုပ်တယ်။ စနေတယ်။ ဆွနေတယ်။ လူမည်းတွေကိုတော့ ထင်တိုင်းမကြဲဝံ့သေးဘူး။
လူမည်းတွေက လူအရနည်းပေမယ့် အာဏာအကာအကွယ်(အစိုးရနောက်ခံ)သာ မပါဘဲ
ပြိုင်မိုက်ကြကြေးဆို လူဖြူတွေထက် မိုက်ဂုဏ်သာတယ်။ ဇက်လည်းကောင်းတယ်။
ဓားလည်းတောင်းတယ်။ သူသေကိုယ်ရှင်ရော သူသေကိုယ်သေပါ လုပ်ရဲတယ်။
လူဆိုးဂိုဏ်းတွေချင်း ဖြစ်ကြတာဖြစ်ဖြစ်၊ တယောက်ချင်းဖြစ်ဖြစ်၊
အုပ်စုလိုက်ဖြစ်ဖြစ် ဖြစ်ကြရင် လူမည်းတွေက လက်မြန်တယ်။ အကွဲအပြဲ
အသေအပျောက်နည်းတယ်။ သဘောက သတ်ရမှာရော သေရမှာပါ ဝန်မလေးဘူး။ မကြောက်ဘူး။
တချို့အဖြစ်အပျက်တွေ မထူးဇတ်ခင်းနေသလားထောင် ထင်ချင်စရာကောင်းတယ်။
နောက်တချက်က အမေရိကန် ကျေးလက်ဒေသတွေမှာ လူမည်းတွေမနေဘူး။
မြိ့ုတွေမှာနေတယ်။ မြိ့ုတွေမှာမှ မြိ့ုပြင်မှာ မနေဘူး။
မြိ့ုတွေရဲ့တောင်ပိုင်း၊ ဆင်ခြေဖုံးဒေသတွေမှာ နေတယ်။
လူမျိုးရေးပြဿနာအပေါ်များတဲ့ ရေခံမြေခံတွေဖြစ်တယ်။ ထစ်ကနဲရှိ
တုတ်ဆွဲဓားဆွဲတွေများတယ်။ နေတဲ့အခါမှာလည်း ကွန်မြူနတီသဘော လူနည်းစုသဘော
အဖိနှိပ်ခံဘဝတူကဆင်းသက်လာတဲ့သဘောတွေအရရော သွေးစည်းမှုရှိတယ်။ အချင်းချင်း
တခြားကိစ္စတွေနဲ့ ပစ်တာခတ်တာ သတ်တာဖြတ်တာ လုတာယက်တာတွေရှိပေမယ့်
တစုံလုံးဆိုင်ရာကိစ္စတွေမှာ လူညီတယ်။ စက်မှုထွန်းကားပြီးနိုင်ငံတွေမွာ
ပြဿနာတွေဟာ မြိ့ုပြကနေစတယ်။ မြိ့ုပြမှာဆုံးတယ်။ ကျေးလက်အခြေခံ
မရှိသလောက်ဖြစ်သွားပြီ။
လူမည်းတချို့ အမေရိကန်တောင်ပိုင်းက တောနယ်တွေမှာနေပေမယ့် စုစည်းမှုက
ကျစ်လစ်တော့ လူဖြူတွေ သိတ်မထိရဲဘူး။
တယောက်ချင်းရင်းပြီးလုပ်ကြကြေးဆို(အာဏာသာ မကာကွယ်နဲ့) လူမည်းတွေကို
ကျားစီးဖားစီးလုပ်ဖို့ခက်တယ်၊ လူတိုင်းလက်ထဲမှာ တရားဝင်ရော တရားမဝင်ပါ
သေနတ်ကိုယ်စီရှိကြတယ်၊ အာဏာအကာအကွယ်မပါဘဲ တယောက်တယောက်ချင်းရှင်းရင်
လူဦးရေအရများတဲ့ လူဖြူတွေကနိုင်ဖို့ရှိတယ်ထင်ရပေမယ့် လူမည်းတွေဘက်က
တယောက်ရင်းပြီး တမိသားစုလုံးအပျောက်ရှင်းပစ်တဲ့နည်း ပိုကျင့်သုံးလာရင်
ခက်မယ်။ အဲ့သလို လုပ်ခဲ့တာလည်း ရှိတယ်။
K သုံးလုံးဂိုဏ်း ကြီးစိုးချိန်က ကျနော်တို့ပြည်နယ်(အင်ဒီယားနား)မှာ
ကေသုံးလုံးရဲ့ ဒေသခေါင်းဆောင်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူအထိဖြစ်ခဲ့တယ်။
တမိုးလုံး မီးလောင်ခဲ့တဲ့ခေတ်က မင်းမူခဲ့သူတွေ ခုတခါပြန်ပြီး
အာဏာအဝန်းအဝိုင်းနဲ့ နီးစပ်လာတယ်။ သူတို့ သေသူတွေသေကြပြီ။ ကျန်သူတွေ
အသက်ကြီးပြီးအိုမင်းမစွမ်းဖြစ်ပေမယ့် အကြမ်းဖက်မျိုးစေ့
လူမျိုးရေးအစွန်းရောက်အတွေးအခေါ်နဲ့ ပေါ်လစီကို လက်ဆင့်ကမ်းထားတယ်။
မျိုးစေ့ကြဲထားတယ်။ လူဟာ သေတတ်ပေမယ့် ပေါ်လစီက အယူအဆက ရှင်ကျန်နေတယ်။
ပေါ်လစီကိုမသတ်နိုင်ရင် အယူအဆကို မျိုးမဖြုတ်နိုင်ရင် မီးကပြန်လောင်မှာဘဲ။
ကိုကိုမိုလို့ခေါ်တဲ့ ခရိုင် County မှာ ကေသုံးလုံးတွေ အရက်စက်ဆုံး
သတ်ဖြတ် မီးရှိူ့ ကြိူးကွင်းစွပ် ကားစင်တင်သတ်တာတွေလုပ်ခဲ့တာရှိတယ် ခု
အဲ့ဒီ ကိုကိုမိုခရိုင်လိုဟာတွေမျာ ကေသုံးလုံးတွေခေါင်းပြန်ထောင်လာတယ်။
တပြိုင်တည်းမှာ လူမည်းတွေရဲ့စုဖွဲ့မှု သွေးစည်းမှုတွေလည်း အလျှင်အမြန်
တန်ပြန်ကြီးထွားလာတယ်။ ဒီနေရာမှာ သတိချပ်စရာက ခေတ်နောက်ခံ မတူတော့ဘူး။
လူမည်းတွေကို ဟိုတုန်းကအတိုင်း လုပ်ဖို့မလွယ်တော့ဘူး။ ဒီတော့
လူမည်းတွေဘက်ထက် အခြားလူမျိုးတွေဘက် ပိုရန်လုပ်တယ်။ ရန်လုပ်ရလည်း လွယ်တယ်။
လွယ်တာက (ဂျူးတမျိုးကလွဲရင်) ကျန်တဲ့လူမျိုးတွေက လူမည်းတွေလောက်
သွေးစည်းမှုမရှိဘူး၊ စုဖွဲ့နေတာထက် ပြန့်ကျဲနေတာကများတယ်၊
စုဖွဲ့နေကြတဲ့နေရာတွေ မြို့လေးတွေမှာကျတော့လည်း မိခင်နိုင်ငံ
(လာခဲ့ရာတိုင်းပြည်)တွေက အငြိုးအတေးတွေ အာဃာတတွေ လူမျိုးရေး ဘာသာရေး
အခဲမကြေမှုတွေပြွမ်းတီးပြီး အချင်းချင်းဇာတ်ရှုပ်နေကြတာများတယ်။
နောက်တချက်က (ဥပမာ ကျနော်တို့ ဗမာပြည်ဖွားတွေဆိုပါတော့) ဒီကိုရောက်လာကြတာက
လူမည်းတွေလို ကျွန်ကုန်ကူးခံရ ကျွန်အဖြစ်ရောင်းစားခံရပြီး
ရောက်လာကြတာမဟုတ်တော့
လူဖြူတွေအပေါ်ထားတဲ့သဘောထားနဲ့အမြင်က
လူမည်းတွေနဲ့မတူဘူး။ တချို့ဗမာပြည်ဖွားတွေဆို White Trash လို့ခေါ်တဲ့
ကလေကဝ ကလေကချေလူဖြူတွေကိုတောင် အသားဖြူတာနဲ့တင် Yes Sir တွေ Yes, mom
တွေလုပ်နေတာအထိရှိတယ်။ သခင်တော်ချင်စိတ် သခင်ခေါ်ချင်စိတ်
မပြယ်သေးတာများလားလို့ တခါတခါတွေးမိတယ်။ လူမည်းတွေက အဖြူတွေအပေါ် အဲ့သလောက်
မရိုကျိုးဘူး။
ကျနော်တို့က လူဖြူတွေက ကိုယ့်တိုင်းပြည်လာသိမ်းပိုက်ပြီး ကျွန်အလုပ်ခံခဲ့ရ
ကျွန်ဇာတ်သွင်းခံရသူတွေ။ ဒါပေမယ့် ကျေးပိုင်ကျွန်ပိုင်စနစ်က
ကျွန်မျိုးတော့လည်း မဟုတ်ဘူး။ လူမည်းတွေက သူတို့တိုင်းပြည်တွေအထိ
သွားဖမ်းပြီး ဒီခေါ်ချလာ ရောင်းအစားခံခဲ့ကြရတာ။
ကျေးပိုင်ကျွန်ပိုင်ခေတ်အတိုင်း ကျွန်အလုပ်ခံခဲ့တဲ့လူတွေ။
ကျွန်ဘဝရောက်ခဲ့ကြရ ကျွန်စိတ်အသွင်းခံရတာချင်း အတူတူတောင် လက်တွေ့ကျွန့်ဘဝက
ကျနော်တို့နဲ့ ကွာတယ်။ သူတို့နာကျည်းမှုက ပိုကြီးတယ်။ အနာ ပိုသည်းတယ်။
အမုန်းရော အာဃာတပါစွက်တယ်။ လက်စားချေလိုစိတ်(အခြေခံအားဖြင့်
အများစုမှာ)ရှိနေတတ်တယ်။ ဒါ့ကြောင့် လူဖြူတွေထားတဲ့သဘောထားနဲ့အမြင်မှာ
ကျနော်တို့နဲ့မတူဘူး။ မတူလောက်စရာ ဒါမှမဟုတ် မတူချင်စရာဖြစ်တဲ့ ဘဝလက်တွေက
ရှိခဲ့ကြတယ်“
အဲ့ဒါ ကိုသိန်းမြတ်နဲ့ပြောရင်းက ကျန်နေခဲ့တဲ့စကားဆက်ကို ဖြည့်ပြောပြတာပါ။ စာရေးတာမဟုတ်ပါ။ နိုင်ငံရေးအခြေခံမဟုတ်ပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၃၊ ၂ဝ၁၉
မျိုးမြင့်ချို
ဂျူလိုင် ၂၃၊ ၂ဝ၁၉
0 comments:
Post a Comment