(ကြောင်းတူသံကွဲများ)
စစ်အုပ်စု ၂ဝဝ၈ ထဲက အရေးကြီးပုဒ်မတွေကို ပြင်ချင်ရင် လွှတ်တော်တွင်းမှာ ထောက်ခံမဲ ၇၅ ရာနှုန်းကျော်ရရုံနဲ့မပြီးသေးဘူး၊ လူထုဆန္ဒခံယူပွဲလုပ်ရမယ်၊ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူရဲ့ထက်ဝက်ကျော် လာပေးရမယ်။ တခါ အဲ့သလိုလာပေးကြစေဦး ပေးသွားသူတွေရဲ့ ၅၁ ရာနှုန်းကျော်က ပြင်ရေးကို ထောက်ခံမှ ပြင်လို့ရမယ်ပြောတာထားတယ်။ ဒါ ၄၃၆ ကို ချုပ်ပြောတာပါ။ “မပြင်ရဘူးလုပ်မထားဘူး ပြင်မရအောင်လုပ်ထားတယ်“
စစ်အုပ်စု ၂ဝဝ၈ ထဲက အရေးကြီးပုဒ်မတွေကို ပြင်ချင်ရင် လွှတ်တော်တွင်းမှာ ထောက်ခံမဲ ၇၅ ရာနှုန်းကျော်ရရုံနဲ့မပြီးသေးဘူး၊ လူထုဆန္ဒခံယူပွဲလုပ်ရမယ်၊ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူရဲ့ထက်ဝက်ကျော် လာပေးရမယ်။ တခါ အဲ့သလိုလာပေးကြစေဦး ပေးသွားသူတွေရဲ့ ၅၁ ရာနှုန်းကျော်က ပြင်ရေးကို ထောက်ခံမှ ပြင်လို့ရမယ်ပြောတာထားတယ်။ ဒါ ၄၃၆ ကို ချုပ်ပြောတာပါ။ “မပြင်ရဘူးလုပ်မထားဘူး ပြင်မရအောင်လုပ်ထားတယ်“
 NLD တပ်ပိုင်အစိုးရက စီးပွားရေးစီမံကိန်းကြီးတွေလုပ်တယ်။ တကယ်ကောင်းတာဆို ကောင်းပါတယ်။ ပျက်ဦးတောင်
 စစ်အုပ်စုအာဏာတိုက်ရို က်ကိုင်တုန်းကလောက်တော့ လွယ်လွယ်ခိုးဝှက်ပြီး 
ဖျက်ပစ်ဖို့တော့ခက်မှာဘဲ။ ခက်တာက စီမံကိန်းတခုခု လုပ်မယ်ဆို ခရိုနီ၊ 
လွှတ်တော်နဲ့အစိုးရ ၃ ဦးပင်းရိုက်လိုက်တာချည်းလိုလိုဖြစ်နေတယ်။ 
ဒေသခံတွေရဲ့နနစ်နာမှု လူထုရဲ့တောင်းဆိုမှုတွေကို ထီမထင်လုပ်တာဘဲ။ သူတို့ ၃ 
ယောက်ပေါင်းလုပ်တာတွေကို လူထုက ကျေနပ်မှုမရှိဘူးခံစားရလို့ ပြောရင်ဆိုရင် 
ရေးရင်သားရင် အကန့်အသတ်နဲ့တခုခြင်းအလိုက် ဆန္ဒဖော်ထုတ်တာတွေလုပ်လာရင် “ဒါ 
ပြည်သူတရပ်လုံးရဲ့ဆန္ဒမဟုတ်ဘူးတို့၊ ဆန္ဒပြနေတဲ့လူတွေဟာ 
ပြည်သူလူထုတရပ်လုံးကို ခြုံငုံထားတာမဟုတ်ဘူး“တို့ဆိုပြီး 
ကိုယ့်မြင်းကိုယ်စိုင်းလုပ်နေတာတွေ့ရတယ်။
 ဖြစ်တဲ့ပြဿနာအခြေခံက တခုချင်း တစုချင်း တခါတလေမှာ 
တရွာချင်းဆိုင်ရာလိုတွေအထိဖြစ်နေတာ့ လူထုပါဝင်မှုနဲ့လှုပ်ရှားမှုကလည်း 
တခုချင်းအပေါ်လိုက်ပြီး “ကွက်“ပြောနေဆိုနေရတာဖြစ်တယ်။ ကာလပေါ်စကားနဲ့ဆို 
Issue by issue လို့ပြောရမလားမသိဘူး။ သေချာတာကတော့ တပြည်လုံးအရေး 
တဒေသလုံးကြီးအရေးမဟုတ်တော့ အကျိုးစီးပွားတိုက်ရိုက် 
အထိခို်က်အနစ်နာခံရသူတွေဘဲ ပါမှာဘဲ။ တပြည်လုံးအရေးမှ မဟုတ်တာဘဲ။ ဘယ် 
ဦးဆောင်သူကမှလည်း ဒီလို “ကွက်“ဖြစ်တဲ့အရေးကို တပြည်လုံးအရေးဖြစ်လာအောင် 
မလုပ်ကြပါဘူး။ လုပ်လည်း မရပါဘူး။
 ပစ္စုပ္ဗန်နဲ့အနာဂတ်အတွက် အမှန်တကယ်ကို တိုင်းပြည်နဲ့ချီအကျိုးများမယ့် 
စီမံကိန်းကြီးတွေဖြစ်စေဦး ဒေသခံတွေရဲ့အသံကို နားထောင်တာ၊ 
နစ်နာမှုတွေရှိနေရင် အပြေလည်နိုင်ဆုံးနဲ့ ၂ ဘက်လက်ခံနိုင်မယ့် 
လျော်ကြေးနစ်နာကြေးတွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်တာ ကောင်းပါတယ်။ 
စစ်အုပ်စုလို အတင်းအဓမ္မမြေသိမ်းယာသိမ်းတွေ မလုပ်တာလည်း ကောင်းပါတယ်။ 
စစ်တပ်သိမ်းမြေတွေ လူထုဆီပြန်ရောက်ဖို့ အကန့်အသတ်အကြီးကြီးတွေကြားကနေ 
လုပ်နိုင်သလောက်လုပ်နေ ပြောနိုင်သမျှပြောပေးနေတာတွေလည်း ကောင်းပါတယ်။ 
ထင်သလောက် ခရီးမပေါက်တာကလည်း “တပ်ပိုင်အစိုးရ“ဆိုတော့ 
ထိုက်လောက်နားလည်သိမြင် လက်ခံပေးလို့ရပါတယ်။
 ပြောစရာက ၂ဝဝ၈ ဖွဲ့စည်းပုံကို စစ်အုပ်စုက “မပြင်ရဘူး မပြောဘူး 
ပြင်မရအောင်လုပ်ထားတယ်“။ စီမံကိန်းတွေမှာ လူထုက နစ်နာချက်တွေရှိလို့ 
ဆန္ဒပြတာတောင်းဆိုတာတွေလုပ်လာရင်လည်း အင်န်အယ်လ်ဒီက 
“ပြည်သူတရပ်လုံးရဲ့ဆန္ဒမဟုတ်ဘူး“လို့ပြောနေတယ်။ ဒီနေရာမှာ လေသံဟာ 
တထပ်တည်းကျနေတယ်။
 ဒါကြောင့်ပဲ “တပြည်လုံးအရေးကြီး“ဖြစ်တဲ့ 
ဖွဲ့စည်းပုံပြင်ရေးထောက်ခံရေးထိုးတဲ့ လူထုလက်မှတ်ပေါင်း ၅ သန်းဟာ 
လူထုတရပ်လုံးရဲ့ဆန္ဒမဟုတ်ဘူး၊ လူ ၅ သန်းရဲ့ဆန္ဒသာဖြစ်တယ်လို့သဘောထားပြီး 
ချောင်ထိုးလိုက်တာများလားက တွေးစရာဖြစ်သွားပါတယ်။
မျိုးမြင့်ချို
ဂျူလိုင် ၁၉၊ ၂ဝ၁၉
မျိုးမြင့်ချို
ဂျူလိုင် ၁၉၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment