Wednesday, July 31, 2019

(ဝမ်းနည်းကြေကွဲသတဲ့လား)

0 comments
(ဝမ်းနည်းကြေကွဲသတဲ့လား)
ကျနော်လည်း စစ်သားလုပ်ခဲ့တယ်၊ စစ်သားတွေ စစ်ပွဲမှာသေတာလည်း တွေ့ခဲ့တယ်၊ ကိုယ်လည်း မသေရုံတမယ်ကျန်တယ်၊ ဝမ်း တခါမှမနည်းမိဘူး။ ကြေကွဲဖို့ဆိုတာ ဝေလာဝေး။ အဲ့ဒါ သွေးမတော်သားမစပ်ထဲက ဘယ်သူက ဘာကိစ္စဝမ်းနည်းကြေကွဲကြတာမှန်း ငယ်ငယ်က နားမလည်ခဲ့ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဘဝတွေနဲ့ကိုယ် နေ နေကြတာမဟုတ်လား။ စစ်သားလည်း အခြားအလုပ်လို ဝမ်းရေးမဟုတ်လား။ လက်ထဲသေနတ်ရှိတော့ ဘာမှမရှိတဲ့လူတွေအပေါ် ဗိုလ်ကျလို့ရတော့ သာယာစိတ်တော့ ဖြစ်မှာပေါ့။ လူဟာ ဘယ်သူမှ ဘိတ်မကျချင်ပါဘူး။ ထမင်းစားတဲ့အလုပ်ဆိုပေမယ့် သိတ်လိုအပ်လာရင် ခင်ဗျားလည်း စစ်သားလုပ်ရမှာပဲမဟုတ်လား။ သူကလည်း သူ့အတွက် သူသေနေတာပါ။ ခင်ဗျားလည်း ခင်ဗျားအတွက်သေရမှာပါ။ လူတိုင်းဟာ ကိုယ့်အတွက် ကိုယ်သေနေကြတာပဲဟာ။ အဲ့သလို သေနေတာကို စာလေးတရွက်ပေါ် “ဝမ်းနည်းကြေကွဲပါတယ်ပဲ ရေးရေး“၊ “.....ဘွဲ့ဆံဆိပ်ချီးမြှင့်လိုက်သည်ပဲ ပြောပြော“ အဲ့သလိုပြောလာပြီဆိုရင် အဲ့ဒီလူမှာ စစ်သားသေရာကနေရတဲ့ “ကိုယ်ကျိုးစီးပွား“ရှိနေပြီဆိုတာကတော့ ကျိန်းသေနေပြီ။ စစ်သားဟုတ်ဟုတ် မဟုတ်ဟုတ် သူနဲ့ဘဝတူလူတွေအတွက် ကိုယ့်ဘဝ ကိုယ့်အချိန် ကိုယ့်အသက်ပေးသွားတဲ့လူတွေတောင် သူတို့ဘဝတူတွေကပဲ ဂုဏ်ပြုကြ ဂုဏ်ယူကြတာမဟုတ်လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတာလင်ငြိမ်းချမ်းရေးဆုပေးတယ်။ ဒေါ်စုကိုငြိမ်းချမ်းရေးဆုပေးတယ်။ ဗမာပြည်မှာ အောင်ဆန်းသူရိယခြောက်ယောက်ရှိတယ်။ အာဇာနည်တွေ များတယ်။ သူရဲကောင်းတွေ ပေါတယ်။
မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

0 comments:

Post a Comment