(ဘွယ်ကြီးနဲ့ဆရာကြီး)
စိုးကြည်ကိစ္စ စိတ်တိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖြေလျှော့တဲ့အနေနဲ့ ထောင်ထဲက စိတ်ကြည်စရာတခုပြောပြမယ်။
စိုးကြည်ကိစ္စ စိတ်တိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖြေလျှော့တဲ့အနေနဲ့ ထောင်ထဲက စိတ်ကြည်စရာတခုပြောပြမယ်။
 ကိုဇော်ထွန်းဆိုတာရှိတယ်။ သင်္ကန်းကျွန်းက။ ဆရာကြီးဇော်ထွန်းဆို 
လူအတော်များများ သိတယ်။ ခု ဖင်လန်နိုင်ငံမှာနေတယ်။ ဗကသတွေစဖွဲ့တော့ 
သူလည်းပါတယ်။
 ကိုအံ့ဘွယ်ကျော်ဆိုတာရှိတယ်။ ဆရာမင်းကျော်ရဲ့သား။ ရန်ကင်းက။ ဘွယ်ကြီးလို့ 
အချင်းချင်းကြားမှာ အခေါ်များတယ်။ ခုဗမာပြည်မှာနေတယ်။ သူလည်း 
ကျောင်းသားလှုပ်ရှားမှုတွေကနေပါလာလိုက်တာ ခု ပြည်သူ့ပါတီက လူကြီး။
 သူတို့ ၂ ယောက်က ဓမ္မမိတ်ဆွေတွေ။ တနေ့ လမ်းလျှောက်ရင်း ငြင်းကြတယ်။ 
ဆရာကြီးကပြောတယ် မနုဿတ္တဘာဝေါဒုလ္လဘော..ဆိုပြီး။ ဘွယ်ကြီးက ပြန်ပြောတယ် 
အဲ့အတိုင်းဆို ကမ္ဘာမှာ လူဦးရေ တနေ့ထက်တနေ့ တိုးလာစရာအကြောင်း မရှိဘူး။ 
ဖြစ်ချင်းဖြစ် နည်းသွားဖို့ပဲဆိုပြီး။ 
 ဒီတော့ ဆရာကြီးက ဒါဆို ဘာလဲတဲ့။ ဘွယ်ကြီးက 
ပန်ဒါသတ္တဘာဝေါဒုလ္လဘောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ပင်န်ဒါဝက်ဝံလေးတွေ 
တနေ့တခြား နည်းနည်းလိုက်လာပြီတဲ့။
 ဒီတော့ ဆရာကြီးက မနုဿတ္တဘာဝေါဒုလ္လဘောက ဘုရားဟောဗျဆိုပြီး 
ဘုရားနဲ့ကိုင်ပေါက်တယ်။ ဘွယ်ကြီးက အေးပါ ဒါဆိုလည်း ပြီးတာပါပဲတဲ့။ ဒါပေမယ့်
 ပင်န်ဒါလေးတွေကတော့ နည်းလာတာအမှန်ပဲတဲ့။ ဆရာကြီးက အေးပါ အေးပါတဲ့။
 ကြည့်စမ်း ဘယ်လောက်ချစ်စရာကောင်းတဲ့ ဆွေးနွေးမှုလဲ။ 
အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ရင်ကြားစေ့ရေးတို့ အပစ်အခတ်ရပ်စဲရေးတို့ 
ငြိမ်းချမ်းရေးတို့ပြောနေသူတွေ ဘယ့်လောက်များ 
နည်းနာယူသင်ကြားဖို့ကောင်းထားလဲ။
 ခု တယောက်က ဖင်လန်၊ တယောက်က ဗမာပြည်၊ ကျနော်က အမေရိကန်မှာ။ အဲ့လူတွေကို လွမ်းမိတာပါပဲ။ ချစ်ဖို့ကောင်းတဲ့လူတွေ။
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment