အမေရိကန် ဒေါ်လာရဲ့စန်းကျချိန် Ko Nay Nay
ဇူလှိုင်လ၂၄ရက်နေ့တုန်းကအမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးJP Morgan Chase ကအမေရိကန်ဒေါ်လာရဲ့အနာဂတ်ဟာမှေးမှိန်လာနေပြီဖြစ်ပြီး၊ များမကြာမီကာလအတွင်း၌ပို၍ မှေးမှိန်ဖို့ရန် အလားအလာတွေများစွာရှိနေပြီဟုသုံးသပ်ခန့်မှန်းထားတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့သည်။
အာရှစီးပွားရေးတစ်ခုလုံးကိုသုံးသပ်လေ့လာကြည့်ပါကအနောက်ဘက်မှာတူရကီနှင့်အာရေဗီယံကျွန်းဆွယ်ကနေအရှေ့ဘက်၌နယူးဇီလန်၊ဂျပန်အထိ၊မြောက်ဘက်၌ရုရှားကနေတောင်ဘက်သြစတြေးလျအထိအာရှတစ်ခွင်လုံးရဲ့စီးပွားရေးဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတရပ်လုံးရဲ့ ၆၅% လောက်အထိ ကိုယ်စားပြုနေရာယူထားပြီး၊ ကမ္ဘာ့ဂျီဒီပီရဲ့၅၀% လောက်အထိကိုယ်စားပြုနိုင်သည်။
ကမ္ဘာ့ဘဏ်နှင့် တခြားသောနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့စာရင်းဒေတာများအရတော့ တရုတ်စီးပွားရေးတစ်ခုတည်းကတင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှု့ရဲ့၃၀% လောက်ကို အထောက်အပံ့ပေးနေသည်ဟုဆိုထားကြသည်။အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ရဲ့ကိန်းဂဏန်းဒေတာများအရတော့တရုတ်စီးပွားရေးတိုးတက်မှု နှုန်းဟာကမ္ဘာ့ရဲ့ကျန်တဲ့နိုင်ငံများထက် ၂ဆနီးပါးလောက်ရှိနေပြီး၊ အနောက်ထက် ၃ဆလောက်နီးပါး ပိုများနေသည်ဟုဆိုထားသည်။
တရုတ်နိုင်ငံဟာကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ကျော်တ်တို့ရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်လည်း ရပ်တည်နေပါသည်။အဲဒီနိုင်ငံပေါင်း ၁၂၀ ကျော်တို့ကတရုတ်နှင့် ကုန်သွယ်မှုလုပ်ကြရာ၌ယွမ်ငွေကြေးကိုနေရာပေးလက်ခံသုံးစွဲမှုတွေလုပ်လာတာဟာမယုံကြည်နိုင်လောက်အောင် မြင့်တက်လာခဲ့သည်။ထိုအနေအထားကကမ္ဘာ့ကုန်သွယ်ရေး၊ ဘဏ္ဍာရေးစနစ်နှင့်၊ ငွေပေးချေမှုစနစ်တို့၌အမေရိကန် ဒေါ်လာအစားယွမ်ငွေကြေးကိုလက်ခံသုံးစွဲမှုပိုပြီးများလာစေနိုင်သည်။၎င်းနိုင်ငံပေါင်း ၁၂၀ကျော်တို့ကတရုတ်ကိုအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် လက်ခံထားကြမှု အနေအထားကြောင့်၎င်းတို့ရဲ့ငွေကြေးများတို့ကိုဒေါ်လာဖြင့်အရင်ဖလှယ်မှုလုပ်ပြီးမှ ယွမ်ငွေကြေး ပြောင်း၍ပေးချေမှု့ကိုလုပ်ဆောင်ခြင်းဟာမလိုလားအပ်တဲ့ကုန်ကျစရိတ်တွေကို ထပ်တိုးစေနိုင်လို့ ယွမ်ငွေကြေးကိုဘဲအဓိကလက်ကိုင်ထားသုံးစွဲမှုတွေတိုးလာကြသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းကအမေရိကန်ဒေါ်လာဟာကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့အရန်သီးသန့်ငွေကြေးအဖြစ်၊ဗဟိုဘဏ်အများစုတို့ရဲ့လက်ကိုင်ထားငွေကြေးနေရာကိုရယူနိုင်ခဲ့သည်။ဒေါ်လာနေရာရမှုတွေများလာတာနဲ့အမျှအမေရိကန်ကဒေါ်လာကို အဓိကပို့ကုန်အဖြစ် ကမ္ဘာ့နိုင်ငံတိုင်းသို့ခြေဆန့်ပြီးတင်ပို့ခဲ့ပါသည်။အမေရိကန်ကဒေါ်လာကိုအဓိကပို့ကုန်အဖြစ် ရှေ့တန်း တင်လာနိုင်မှုဟာနိုင်ငံ့အတွက် လိုအပ်တာမှန်သမျှကိုထောက်ပံ့ဖြည့်ဆည်းမှုတွေလုပ်လာနိုင်သည့်အပြင်၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့မှာလည်း ကမ္ဘာပေါ်၌ဘုရင်တဆူလိုဖြစ်လာ စေခဲ့ပြီး၊ ကမ္ဘာကြီးကိုဗိုလ်ကျလွှမ်းမိုးမှု့တွေလည်းလုပ်လာနိုင်ခဲ့သည်။ အမေရိကန်ကထိုအနေ အထားနှင့်တင် အားမရဘဲဒေါ်လာကိုလက်နက်သဖွယ် အသုံးချလာခြင်းသည်ကဒေါ်လာရဲ့အခန်းကဏ္ဍကိုပို၍နေရာကျဉ်းလာစေပါသည်။
အမေရိကန်ကထစ်ကနဲဆိုရင် Sanction ထုတ်ပြီး၊နိုင်ငံတို့အားနှိပ်ကွပ်အနိုင်ကျင့်မှုတွေလုပ်နေတာကိုကမ္ဘာ့နိုင်ငံအများစုတို့ကလည်းလက်မခံနိုင်တော့ဘဲကြိုတင်ကာကွယ် ပြင်ဆင်မှု့တွေလုပ်လာကြသည်။အဲဒီအထဲ၌တရုတ်၊မြောက်ကိုးရီးယား၊အီရန်နှင့်ရုရှားတို့သည်ကထိပ်ဆုံး၌
ရှိနေကြသည်။ဒေါ်လာကိုကမ္ဘာ့နိုင်ငံအများစုတို့ကနေရာပေးမှု့တွေလျှော့ချနေသည့် အနေအထားကအမေရိကန် စူပါပါဝါကိုချည့်နဲ့စေနိုင်သည်။
ရှိနေကြသည်။ဒေါ်လာကိုကမ္ဘာ့နိုင်ငံအများစုတို့ကနေရာပေးမှု့တွေလျှော့ချနေသည့် အနေအထားကအမေရိကန် စူပါပါဝါကိုချည့်နဲ့စေနိုင်သည်။
၂၀၀၉ ခုနှစ် နောက်ပိုင်းကတည်းကတရုတ်ဟာနိုင်ငံပေါင်းများစွာတို့နှင့်currency swap agreements တွေရရှိခဲ့။အဲဒီအထဲ၌အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့တောင်ကိုးရီးယား၊ကနေဒါ၊ယူကေတို့လိုနိုင်ငံတွေလည်းပါဝင်နေကြသည်။အဲဒီနောက် ဂျပန်ကိုလည်းတရုတ်ကစည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။တရုတ်ရဲ့'ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်စီမံကိန်း'ဟာကုန်သွယ်ရေးကိုတိုးမြှင့်ရန် ရည်ရွယ်ခဲ့တာမျိုးတင်မကဘဲ၊ ယွမ်ငွေကြေးကိုနေရာရအောင်လုပ်တာမျိုးတွေလည်းပါဝင်နေသည်။
ထရမ့်လက်ထက်၌အမေရိကန်ရဲ့Sanction လက်နက်တပြပြလုပ်နေမှု့အပေါ်နိုင်ငံအများစုတို့ ကတော့မနှစ်မြို့ကြတော့ဘဲတချိန်မှာကိုယ့်အလှည့်များရောက်လာကြတော့မလားဆိုသည့် အပေါ်ရင်တမမရှိနေကြပြီးကြိုတင်ကာကွယ်ရေးတွေလုပ်လိုကြပြီး၊ ဒေါ်လာလက်နက်ကာကွယ်ရေးကိုသဲကြီးမဲကီးလုပ်လာကြသည်။
လက်ရှိကာလ၌အီရန် နှင့်ဗင်နီဇွဲလားတို့လိုအမေရိကန်ရဲ့sanction ထိနေကြတဲ့ရေနံနိုင်ငံတွေ
ဟာရေနံကိုအရင်ကဒေါ်လာဖြင့်သာရောင်းချကြရာကနေယွမ်ငွေနှင့်ယူရိုငွေကြေးတို့ကိုအစားထိုးလက်ခံလာကြသည်။ရေနံကိုကြိုရောင်း/ကြိုဝယ်လုပ်ကြရာ၌လည်းယွမ်ငွေဖြင့်စာချုပ်ချုပ်ဆိုတာတွေလုပ်လာကြသည်။ ထိုအနေအထားမျိုးသည်ကဒေါ်လာရဲ့ကိုယ်ရောင်ကိုယ်ဝါကိုမှေးမှိန်စေနိုင်တဲ့အကြောင်းအချက်အဖြစ် ရှိစေနိုင်သည်။
ဟာရေနံကိုအရင်ကဒေါ်လာဖြင့်သာရောင်းချကြရာကနေယွမ်ငွေနှင့်ယူရိုငွေကြေးတို့ကိုအစားထိုးလက်ခံလာကြသည်။ရေနံကိုကြိုရောင်း/ကြိုဝယ်လုပ်ကြရာ၌လည်းယွမ်ငွေဖြင့်စာချုပ်ချုပ်ဆိုတာတွေလုပ်လာကြသည်။ ထိုအနေအထားမျိုးသည်ကဒေါ်လာရဲ့ကိုယ်ရောင်ကိုယ်ဝါကိုမှေးမှိန်စေနိုင်တဲ့အကြောင်းအချက်အဖြစ် ရှိစေနိုင်သည်။
ဒေါ်လာအသုံးကိုလျှော့ချဖို့ရန် ဟန်ပြင်နေကြသည်ကိုဗဟိုဘဏ်တွေရဲ့ရွှေဝယ်မှု့ကလည်းသက်သေထူနေသည်။ဗဟိုဘဏ်တွေရဲ့ ၂၀၁၉၊ပထမသုံးလပတ်ထဲ၌ရွှေဝယ်မှု့ပမာဏဟာမြင့်တက်ခဲ့ကြပြီးတန်ချိန် ၁၄၅.၅ တန်အထိရှိခဲ့ကြပြီးအရင်နှစ်ကထက် ၆၅% မြင့်တက်ခဲ့ပြီး၊၂၀၁၃ခုနှစ်နောက်ပိုင်းအများဆုံးဝယ်ယူမှုသုံးလပတ်အဖြစ် စံချိန်တင်ခဲ့သည်။ရုရှား၊ တရုတ်တို့လိုနိုင်ငံတွေ ကဒေါ်လာကိုလက်ခါပြီးရွှေကိုတိုးသထက်တိုး၍ကိုင်လာကြသည်။သတင်းရင်းမြစ်များ၏အဆိုအရတော့တရုတ် နှင့်ရုရှားတို့ဟာဒေါ်လာကိုနန်းချရာမှာဒေသတွင်းနိုင်ငံများတို့အားလည်း
စည်းရုံးနေကြသည်ဟုဆိုထားကြသည်။
စည်းရုံးနေကြသည်ဟုဆိုထားကြသည်။
တရုတ်ရဲ့RI စီမံကိန်းတွေမှာယွမ်ငွေကြေးကိုAIIB ဘဏ်ကြီးကပွဲထုတ်လာသည်ဟုသတင်းရင်း မြစ်များကဆိုထားကြသည်။တရုတ်ကအထောက်အပံ့ပေးထားတဲ့Asian Infrastructure Investment Bank(AIIB)ရဲ့ချေးငွေထုတ်ချေးပေးရေးစီမံကိန်းတွေမှာယွမ်ငွေကြေးကိုနေရာပေး မှုတွေများလာခြင်းသည်ကဒေါ်လာနေရာကိုယွမ်ငွေကြေးကဖဲ့ယူနေသည့်သဘောမျိုးကိုပြသ ပေးနေသလိုဖြစ်သည်။ယွမ်ငွေကြေးအပြင် ဒေါ်လာနေရာကိုအစားထိုးယူကြမည့်ငွေကြေးများ တို့ထဲ၌Facebookရဲ့ Libraလို ငွေကြေးလိုခရစ်တိုငွေကြေးတွေလည်းပါဝင်နေကြသည်။
ဒေါ်လာသုံးစွဲမှု့နှင့် SWIFT စနစ်ကိုရှောင်ဖို့ရန် ဟန်ရေးပြင်လာမှုတွေလည်းရှိလာကြသည်။အီရန်ရေနံကိုပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီတို့လို EUနိုင်ငံတွေကိုဝယ်ခွင့်ရရှိရန်အတွက် INSTEX (Instrument in Support of Trade Exchanges) စနစ်မျိုးကိုသုံးပြီးငွေပေးချေမှုလုပ်နိုင်ရန် စနစ်သစ်ကိုမကြာသေးခင်တုန်းကမှEU နိုင်ငံခြားရေးရာပေါ်လစီအကြီးအကဲချုပ် Federica
Mogherini ကကြေညာထားပြီးဖြစ်သည်။၎င်းရဲ့အဆိုအရတော့EU ကုမ္ပဏီတွေကိုအီရန်ဆီကနေရေနံဝယ်ခွင့်ရရန် ၎င်းစနစ်ကပံ့ပိုးပေးနိုင်လိမ့်မည်ဟုဆိုထားသည်။ရုရှားသမ္မတပူတင်ကလည်းအမေရိကန်ရဲ့SWIFT စနစ်ကိုရှောင်ရှားနိုင်မည့်Alternative Payment System ကိုဖန်တီးနေပြီဖြစ်သည်။
Mogherini ကကြေညာထားပြီးဖြစ်သည်။၎င်းရဲ့အဆိုအရတော့EU ကုမ္ပဏီတွေကိုအီရန်ဆီကနေရေနံဝယ်ခွင့်ရရန် ၎င်းစနစ်ကပံ့ပိုးပေးနိုင်လိမ့်မည်ဟုဆိုထားသည်။ရုရှားသမ္မတပူတင်ကလည်းအမေရိကန်ရဲ့SWIFT စနစ်ကိုရှောင်ရှားနိုင်မည့်Alternative Payment System ကိုဖန်တီးနေပြီဖြစ်သည်။
ထို့ကြောင့်ဒေါ်လာဟာအနာဂတ်မှာကိုယ်ရောင်ကိုယ်ဝါတွေဒီ့ထက်မကမှေးမှိန်လာနိုင်ပါသည်။
Sun, Jul 28
0 comments:
Post a Comment