(မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေမှ ကောက်နှုတ်ချက်)
ဆရာကြီးဟာ ဂျီစီဘီအေအဖွဲ့ကြီးကို မူလက ကျေနပ်ထောက်ခံခဲ့လို့ အဲ့ဒီအသင်းကြီးရဲ့အကြောင်း နည်းနည်းပြောပါရစေ။ အသင်းကြီးဟာ တနှစ်တကြိမ် ကွန်ဖရင့်လုပ်လေ့ရှိတယ်။ ဒီလိုတွေ့ဆုံကြတော့ ဘာတွေဆုံးဖြတ်သလဲဆိုတာကြည့်လိုက်ရင် အသင်းကြီးအကြောင်းကို အကြမ်းဖျဉ်းသိနိုင်တာပေါ့။ ဝိုင်အမ်ဘီအေနဲ့ အလားတူအသင်းတွေ ရန်ကုန်မှာ (၁၉၁၁ ခု)က ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကြီးလုပ်တယ်။ ဆုံးဖြတ်ကြတာတွေက
(၁) ဗုဒ္ဓဘာသာရဲ့ ဆိုဆုံးမချက်တွေကို စာသင်ကျောင်းမှာသင်ပေးပါ။
(၂) သမဝါယမလုပ်ငန်းများ လုပ်ကြပါ။
(၃) သာမှုနာမှုတွေမှာ ဂုဏ်ပကာသနလိုက်ပြီး ငွေဖြုန်းလွန်းတယ်၊ ပြုပြင်ကြပါ။
(၄) တိုင်းရင်းသားလုပ်ငန်းငယ်ကလေးတွေကို ပြန်ပြီးပျိုးထောင်ပါ။
(၅) အန္တရာယ်ပြုနိုင်တဲ့လက်နက်မစွဲကိုင်ရလို့ အစိုးရတားမြစ်ချက်တွေကို ထောက်ခံပါ။
(၆) ရဟန်းတွေတရားဟောတဲ့အခါ ငွေကိုချွေတာစုဆောင်းခိုင်းဖို့ နှိုးဆော်ပေးပါ ဆိုတဲ့သဘောထားတွေ တွေ့ရပါတယ်။ နိုင်ငံရေးသဘောအငွေ့အသက်ပါပေမယ့် လူမှုစီးပွားရေးဆန်ပါတယ်။

ဒုတိယအစည်းအဝေးကြီးကို(၁၉၁၄ ခု) ရန်ကုန်မှာလုပ်ကြပြန်တော့ အရင်(၁၉၁၁)
ခုနှစ် ဆုံးဖြတ်ချက်ပုံစံမျိုးပဲ လူမှုစီးပွားရေးပြဿနာတွေကို
တင်ပြဆွေးနွေးကြပါတယ်။ မန္တလေးမှာ(၁၉၁၅ ခု) တတိယနှစ်လည်ဆုံကြပြန်တော့
ဒီသဘောသွားပါပဲ။ တခုဆန်းတယ်ထင်တာက ငွေတိုးတောင်းခံပုံကြီးမြင့်လှတယ်၊
တားမြစ်ပိတ်ပင်ဖို့နည်းလမ်းရှာပါဆိုတဲ့အဆို ရှူံးသွားတယ်။ ထင်ရှားတာက
ဒီမြန်မာအသင်းတွေက လူမှုစီးပွားရေး တိုးတက်ရာတိုးတက်ကြောင်း
ကြံဆအားထုတ်တယ်ဆိုတာတောင် တိုင်းရင်းသားဘူဇွာကိုထိခိုက်မယ့်ကိစ္စမျိုး
မလုပ်ရဲဘူးဆိုတဲ့အချက်ပါပဲ။ ဘာပြုလို့လဲဆိုတော့ အဖွဲ့အစည်းကိုယ်တိုင်ကိုက
ဘူဇွာအဖွဲ့အစည်းဖြစ်နေလို့ပါပဲ။
ဟင်္သာတ(၁၉၁၆ ခု) နှစ်ပတ်လည်အစည်းအဝေးကြီးမှာ မြန်မာအသင်းကြိးက မကြာမီ
အင်္ဂလိပ် စစ်အောင်နိုင်မယ်မျှော်လင့်ကြောင်း ပထမ အဦးထားပြီး
ဆုံးဖြတ်ကြပါတယ်။ မြန်မာစစ်သား တရာကျော်စုပြီး အင်္ဂလိပ်က
ဥရောပစစ်မြေပြင်ကိုလွှတ်တဲ့အတွက် အစိုးရကိုကျေးဇူးတင်ကြောင်း
မှတ်တမ်းတင်ပါတယ်။ အင်္ဂလိပ်အင်ပါယာ
အကြာကြီးတည်တန့်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းတဲ့ ဘွိုင်းစကောက်(ကင်းထောက်)
ဖွဲ့ဖို့လည်း လိုလားကြပါတယ်။ ဒါပေမဲ့ ရှေ့အဖို့ အရာရောက်မယ့် (၁) ပညာရေးမှာ
ဥရောပတိုက်သားကိုတမျိုး၊ တိုင်းရင်းသားကိုတမျိုး ခွဲပြီးမသင်ပါနဲ့။ (၂)
တိုင်းရင်းသားအထည်အလိပ်တွေ သုံးဆောင်ပါ။ (၃) အင်္ဂလိပ်ဘာသာရေး
သိပ္ဗံပညာစာအုပ်တွေ မြန်မာပြန်ကြပါဆိုတဲ့အဆုံးအဖြတ်တွေပါလာပြီး
ပျဉ်းမနား(၁၉၁၇ ခု)ကျင်းပတဲ့ ပဥ္စမနှစ်လည်အစည်းအဝေးကြီးမှ
အင်္ဂလိပ်အင်ပါယာအသက်ရှည်ဖို့
နည်းလမ်းရှာဖွေတဲ့အင်ပါယာစွဲကော်မတီကစာသင်ကျောင်းမှာ အင်္ဂလိပ်လူမျိုးသာ
ကျောင်းအုပ်ဖြစ်သင့်တယ်ဆိုတဲ့သဘောထားကိုပြင်ပေးပါလို့ မေတ္တာရပ်ခံကြတယ်။
ဒီအချက်ဟာ နယ်ချဲ့ဆန့်ကျင်ရေးရဲ့ အခြေခံလေးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
ဒီနှစ်အစည်းအဝေးရဲ့ နောက်တချက် မှတ်သားစရာကတော့ မြန်မာမတွေ
လူမျိုးခြားမယူကြဖို့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။
ပြင်းထန်တဲ့မျိုးချစ်စိတ်ကို အရောက်ပို့မယ့်သဘောဖြစ်ပါတယ်။
နောက်တခါ ဆဌမနှစ်ပတ်လည်(၁၉၁၈ ခု) အစည်းအဝေးကို မော်လမြိုင်မှာလုပ်တဲ့အခါ
အင်္ရလိပ် စစ်သားစုဆောင်းရေးကို ဝိုင်အမ်ဘီအေလိုအသင်းမျိုးက ထိထိရောက်ရောက်
ကူညီဆောင်ရွက်သင့်တယ်လို့ ဆုံးဖြတ်ပြန်တယ်။ အင်္ဂလိပ်ဆန့်ကျင်ရေးပုံစံ
ဝင်ဖို့ အခုပြောတဲ့ ၁၉၁၈ ဟာ အများကြီးစောသေးတယ်လို့ဆိုတာ ပြနေတယ်။
ပုသိမ်မှာကျင်းပတဲ့ (၁၉၁၉ ခု) သတ္တမနှစ်ပတ်လည်အစည်းအဝေးမှာ
“အင်္ဂလန်နိုင်ငံ ဂျော့ဘုရင်၏ကျေးဇူးသစ္စာကို မြန်မာလူမျိုးတို့
စောင့်ကြည့် (စောင့်သိ)ရိုသေကြောင်း“ ဆိုတဲ့ဆုံးဖြတ်ချက်ကြီးပါလာလေတော့
အရင် နှစ် နှစ်က အင်ပါယာစွဲကို နည်းနည်းကန့်ကွက်လိုစိတ်တောင်
ပျောက်သွားပြန်ပြီလို့ဆိုရမယ်။
အင်္ဂလိပ်က ပထမကမ္ဘာစစ်ကြီးမှာနိုင်လိုက်လို့
အများကြီးဂုဏ်တက်သွားတယ်ထင်ပါတယ်။ အဲ့ဒီနောက် မျောက်ဋီကာထဲမှာ
ညီညာပုံကျေနပ်စရာဖြစ်ကြောင်း ထည့်ရေးထားတဲ့ ၁၉၂ဝ
ပြည့်ကွန်ဖရင့်ကျင်းပတဲ့အခါ “ပြည်မြိ့ုအစည်းအဝေးကြီးသို့
လာရောက်ကြသောအသင်းအပင်းများသည် ဂျော့ဘုရင်မင်းမြတ်အား
ကြည်ညိုရိုသေပါကြောင်း“ဆိုတဲ့ဆုံးဖြတ်ချက်ဟာ ထိပ်ဆုံးကဖြစ်ပါတယ်။
အစည်းအဝေးကျင်းပတဲ့ ၂၉၊ ၃ဝ၊ ၃၁ အောက်တိုဘာ ၁၉၂ဝ အထိ ဂျော့ဘုရင်ကို
ငါတို့အရှင် ဘုရင်ဧကရာဇ်လို့ ကျေကျေနပ်နပ်ခေါ်ကြတုန်းဖြစ်တာ သတိပြုရပါမယ်။
အဲ့ဒီက တလလောက်လွန်လို့ ၂၉ နိုဝင်ဘာ ၁၉၂ဝ မှာ
ရန်ကုန်ကောလိပ်သပိတ်ပေါ်လာတော့မှ
အမျိုးသားရေးနိုးကြားဖို့လှုံ့ဆော်တဲ့အပိုင်းကို ရောက်ပါတယ်။ အခုလောက်
နည်းနည်းပြည့်စုံအောင်ပြောမိတာကတော့ ဗိုလ်ဋီကာနဲ့ ဒေါင်းဋီကာရေးချိန်တုန်းက
အမျိုး၊ ဘာသာ၊ သာသနာကြီးပွားရေး အေးအေးသာသာ
ပြောရုံဟောရုံအဆင့်ပဲရှိသေးတယ်ဆိုတာကို ထင်ရှားစေချင်လို့ဖြစ်ပါတယ်။
(ဒေါက်တာသန်းထွန်း၏ “မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ“စာတမ်းကနေ ကောက်နှုတ်စာရိုက်ပြီးပြန်တင်ပေးတာပါ။ သခင်ကိုယ်တော်မှိုင်းရဲ့ သမိုင်းခေတ်အကြောင်းပြောရင်း ခု ခေတ်ပြန်စားလာတဲ့ အမျိုး၊ ဘာသာ၊ သာသနာကိစ္စ၊ ဘွိုင်းစကောက်ကိစ္စ၊ အမျိုးသားနိုင်ငံရေးမှာ ကောလိပ်ကျောင်းသားတွေရဲ့သပိတ်က နှိုးဆော်တပ်လှန့်သံတွေအကြောင်းပါ တစေ့တစောင်းမြင်ရအောင်နဲ့ လတ်တလောပွဲဆူနေတာကို ထင်ဟပ်ကြည့်နိုင်ဖို့ပါ)
မျိုးမြင့်ချို
ဂျူလိုင် ၂၁၊ ၂ဝ၁၉

0 comments:
Post a Comment