ကျနော်တွေးမိသလို ရေးပါမည် (၂၂၇)
မောင်အောင်မွန် (ဝင်းအောင်ကြီး)
ကိုအောင်ဆန်းမှသည် ကိုလှရွှေအထိ အိုးဝေအယ်ဒီတာများ
(၁) ကျနော့ကို သြဇာပေးလျှင် မကြိုက်သမို့ သူတပါး အထူးသဖြင့် စာဖတ်သူအား သြဇာပေးရန်ဝေးစွ၊ သွယ်ဝိုက်၍ပင် အကြံမပေးမိဖို့ သတိထားစာရေးစမြဲပင်။ ကျောင်းသားနိုင်ငံရေး လုပ်ခြင်းမလုပ်ခြင်း လုပ်သင့်မသင့် ဆိုသည်မှာ သီးခြားကိစ္စပါ၊ ကျယ်ဝန်းစွာဆွေးနွေးရပါမည်။ ကျနောရေးနေသော ဆောင်းပါးများတွင် ကျောင်းသားလှုပ်ရှားမှုကို နိုင်ငံရေးအဖွဲ့အစည်းများ၏ သြဇာခံအဖြစ် အခြားသူများ ရေးသားနေကြခြင်းကြောင့် ကျောင်းသားတို့အခန်း သေးသိမ်မှေးမှိန်သွားစေသည်ကိုမူ မကျေနပ်နိုင်ပါ။ စာဖတ်သူတဦးက အောင်ကျော်ကျဆုံးသည့် ဆန္ဒပြပွဲတွင် ကိုင်ဆောင်သောအလံသည် သုံးရောင်ခြယ်အလံပါ ဟူသောအယူအဆနှင့် မေးလာ၏။ ပညာရေးကိစ္စ မကျေနပ်၍ တကသ ဦးဆောင်သော ကျောင်းသားများ၏ ဆန္ဒပြပွဲတွင် တကသ ၏တရားဝင် ခွပ်ဒေါင်းအလံကိုမကိုင်ဘဲ သုံးရောင်ခြယ်အလံကိုင်မည်ဆိုသည်ကို တွေးကြည့်လို့မရနိုင်၊ ကျနော့ကိုမမွေးသေး--ကိုယ်တိုင်လည်းမမြင်၍ စာဖတ်သူကိုယ်တိုင်စဉ်းစားပေတော့။ (၂) တကသ ၏အာဘော် မဂ္ဂဇင်းကို စတင်ထုတ်ဝေသောနှစ် ရှာမတွေ့နိုင်သော်လည်း ၁၉၃၅-၃၆ အထိတော့ ကျောင်းသားသမဂ္ဂအသင်းမဂ္ဂဇင်းဟု ခေါ်ဆိုကြောင်း ကောက်ချက်ချ၍ ရနိုင်ပါ၏။ ထိုနှစ်က တကသ အမှုဆောင်အဖွဲ့တွင် ကိုအောင်းဆန်းသည် မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာဖြစ်ပြီး ကော်မတီအတွင်းရေးမှူး ကိုသိန်းတင် (နောင် ညိုမြ) တို့က မဂ္ဂဇင်းနာမည် အိုးဝေသို့ပြောင်းရန် အကြံရကြ၍ တကသ အမှုဆောင်အဖွဲ့ စည်းဝေးကာစဉ်းစားဆွေးနွေးကြသည်။ ကိုသိန်းတင်၏ ဗမာပြည်သည် ဥဒေါင်းနိုင်ငံ အိုးဝေသည် ဥဒေါင်းအသံ ဆိုသောအကြောင်းပြချက် သူ့ကိုယ်စား ကိုအောင်ဆန်းကတင်ပြရ၏။ မဂ္ဂဇင်းကော်မတီဝင်မျှသာ ဖြစ်သော ကိုသိန်းတင် တကသ အမှုဆောင်စည်းဝေးပွဲသို့ တက်ခွင့်မှမရှိပဲကိုး။ တကသ ၏ခွပ်ဒေါင်းအလံနှင့်လည်း ကိုက်ညီဆီလျော်၍ အတည်ပြုလိုက်ရာကနေ တကသ ၏အာဘော် မဂ္ဂဇင်းနာမည်လည်း အိုးဝေဖြစ်သွားရာ ၁၉၆၂ ခု၊ ဇူလိုင်လ (၈) ရက်နေ့ တကသ အဖျက်ခံသည်အထိပါ။
(၃) ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ တကသ သည်ကျောင်းသားထု တရပ်လုံးကို ကိုယ်စားပြုကြောင်း အသိအမှတ်ပြုထားသောကြောင့် တကသ အာဘော်မဂ္ဂဇင်း၏ နာမည်ကိုလည်း အလွယ်တကူပြောင်း၍မရပါ။ ကိုအောင်ဆန်းက အယ်ဒီတာဆိုသော်ငြားလည်း အမှုဆောင်အဖွဲ့တွင် ၁၊ ကိုနု ဥက္ကဋ္ဌ ၂၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ ၃၊ ကိုအုန်း ငွေထိန်း ၄၊ ကိုသီဟန် အထွေထွေအတွင်းရေးမှူး ၅၊ ကိုသာလှ နိုင်ငံခြားဆက်သွယ်ရေးမှူး ၆၊ ကိုဘဆက် အားကစားမှူး ၇၊ ကိုထွန်းတင် ပေါင်းသင်းဆက်ဆံရေးမှူး ၈၊ ကိုအောင်ဆန်း အယ်ဒီတာ ၉၊ ကိုထွန်းအုံ စာကြည့်တိုက်မှူး ဟူ၍ရှိရာ ကိုအောင်ဆန်း၏ အဆင့်ကိုကြည့်လျှင် သူ့သဘောနှင့်ပြောင်းလို့မရဟု တွေ့မြင်နိုင်ပါ၏။ အမှုဆောင်အဖွဲ့ကလည်း နောက်နှစ်အစီရင်ခံစာတွင် ဖော်ပြရပြီး အကယ်၍သာ ကျောင်းသားထု သဘောမတူပါက မူလနာမည်အတိုင်းပြန်ထားရပေမည်။ တကသ ဆိုသည်မှာ စည်းမျဉ်းနှင့် အညီသာလျှင်လုပ်ရကြောင်း ပေါ်လွင်စေလို၍ ခုလိုရှည်ရှည်ဝေးဝေး ရေးနေရခြင်းဖြစ်သည်။
(၄) တကသ အာဘော်ကို အိုးဝေမဂ္ဂဇင်းဟု စပြောင်းဟေ့ဆိုကတည်း ပြဿနာတက်လေပြီ။ အယ်ဒီတာက အိုးဝေအယ်ဒီတာ့အာဘော်ကို တာဝန်ယူရေးရ၏။ အိုအောင်ဆန်းရေးသော “အနိုင်မခံစိတ်ဓာတ်” သည် ယနေ့ထက်တိုင် ဖတ်ဖူးသူတို့ခေါင်းထဲ စွဲကျန်နေဆဲဟု ဆိုနိုင်ပါမည်။ အယ်ဒီတာ့အာဘော်စာမျက်နှာ၌ ကိုအောင်ဆန်းနာမည်မပါ (ပုံကိုကြည့်ပါ)။ စဖတ်သူတို့ စဉ်းစားကြပါကုန်။ ကိုအောင်ဆန်းသည် “ကျွန်ပညာနှင့် သခင်ပညာ” ဆောင်းပါးလည်းရေးသေး၏။ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍ၌ “The Hell Hound at Large by Yamamin” ငရဲခွေးကြီးလွတ်နေပြီဟူသော ဆောင်းပါးပါလာပြီး ကျောင်းအုပ်ကြီး D.J. Sloss က ရေးသူနာမည် မေးရာ၊အယ်ဒီတာကျင့်ဝတ်အရ မပြောနိုင်ပါဟု ငြင်းလိုက်၏။ ကိုအောင်ဆန်းကို ကျောင်းထုတ်လိုက်ရာကနေ ၁၉၃၆ ခု၊ ဒုတိယကောလိပ်သပိတ်ကြီး အထိရောက်ရှိသွားလေတော့သည်။
(၅) တကသ အာဘော် အိုးဝေမဂ္ဂဇင်းအယ်ဒီတာများမှာ ၁၊ကိုအေင်ဆန်း(၃၅-၃၆) ၂၊ ကိုညိုထွန်း(၃၆-၃၇) ၃၊ ကိုစောစံကေး(၃၇-၃၈) ၄၊ ကိုသန်းဆွေ (၄၅-၄၆) ၅၊ ကိုဘဆက်(၄၆-၄၇) ၆၊ ကိုမောင်ကြီး (၄၇-၄၈) ၇၊ ကိုမောင်မောင်သန်း (၄၈-၄၉) ၈၊ ကိုကိုကြီး(၄၉-၅၀) ၉၊ ကိုတင်ထွန်း(၅၀-၅၁) ၁၀၊ ကိုခိုင်မြဲဖိုးချိန်(၅၁-၅၂) ၁၁၊ ကိုဘကောင်း(၅၂-၅၃) ၁၂၊ ကိုခင်မောင်အုန်း(၅၄-၅၅) ၁၃၊ ကိုဝင်းဇင်(၅၅-၅၆) ကိုအောင်သန်း(၅၆-၅၇) ၁၄၊ ကိုဉာဏ်ရင်(၅၇-၅၈) ၁၅၊ ကိုလှတင်(၅၈-၅၉) ၁၆၊ ကိုအောင်သိမ်းနိုင်(၅၉-၆၀) ၁၇၊ ကိုလှရွှေ(၆၀-၆၁) တို့ဖြစ်ကြသည်။ အိုးဝေမဂ္ဂဇင်း (၆၀-၆၁) သည်နောက်ဆုံးထွက်ခဲ့သောကြောင့် ကိုလှရွှေကိုလည်း နောက်ဆုံးအယ်ဒီတာဟု ဆိုရပေမည်။ အိုးဝေမဂ္ဂဇင်း (၆၀-၆၁) ကော်မတီတွင် ကိုလှရွှေ(တာဝန်ခံအယ်ဒီတာ)၊ ကိုနန္ဒ (ငွေထိန်း)၊ ကိုထွားစိန်(အတွင်းရေးမှူး)၊ ကိုကျော်ခင်(အလုပ်မန်နေဂျာ)နှင့် ကော်မတီဝင်များအဖြစ် ကိုလှတင်၊ ကိုဇနီဦး၊မရီရီဌေး (ကဗျာဆရာမ တက္ကသိုလ်ပွင့်ဦး) တို့ပါဝင်ကြသည်။
ကိုဗဆွေလေး ဥက္ကဋ္ဌလုပ်သော တကသ (၁၉၆၁-၆၂) ကိုမမှတ်မိ၊ မှတ်တမ်းများလည်း ရှိမရှိမသိ၊ ရှာမရပါ။
(၆) တက္ကသိုလ်မရောက်မီကတည်းက ကြားဖူးခဲ့ရသည့် တကသ နှင့်မြည်းစမ်းဖူးသည့် အိုးဝေမဂ္ဂဇင်းတို့သည် ၁၉၅၃ ခုနှစ် ကျနော်ရန်ကုန်တက္ကသိုလ်ရောက်လာသောအခါတွင် နီးစပ်ခွင့်ရလာလေပြီ။ အိုးဝေအယ်ဒီတာဟောင်း တကသ သို့ မကြာခဏရောက်ရှိ တကသ အမှုဆောင်များအနက် ၁၉၅၀-၅၁ ခု အိုးဝေအယ်ဒီတာ ကိုတင်ထွန်း(သန့်ရှင်း) နှင့် စတင်ခင်မင်ခွင့်ရပြီး အိုးဝေမဂ္ဂဇင်းဟောင်များလည်း ဖတ်ရ၏။ ထို့နောက် ကိုဘကောင်း၊ ကိုခင်မောင်အုန်း--စသဖြင့်၊အိုးဝေမဂ္ဂဇင်းကော်မတီဝင်တို့နှင့် ခင်မင်ရင်းနှီးသည်။ ကျနော်သည် ၀တ္ထူတိုများစတင်ရေးသားပြီဖြစ်ရာ ကိုအောင်သန်း အယ်ဒီတာလုပ်သော ၁၉၅၆-၅၇ ခုနှစ် အိုးဝေမဂ္ဂဇင်း၌ မောင်အောင်မွန်၏ ဆက်စပ်၍မရပါ ၀တ္ထုစပါခဲ့ပြီး၊ ဟယ်ရီတန်မလေး (၅၇-၅၈)၊ ချွတ်ပွဲ(၅၉-၆၀)၊ ခေါင်းဆောင်ကြီးတို့နေ့ (၆၀-၆၁) တို့ပါခဲ့၏။ ကိုအောင်သိမ်းနိုင်နှင့် ရင်းနှီးသောကြောင့် ထိုနှစ်တွင် ကျနော်ကျောင်းသားမဟုတ်တော့ မြန်မာ့အသံတွင် အလုပ်လုပ်နေပြီဖြစ်သော်လည်း တကသ ၌ သူနှင့်ဆုံနေကျမို့ ချွတ်ပွဲ ရေးဖြစ်ပေးဖြစ်သွားသည်။ ခေါင်းဆောင်ကြီးတို့နေ့က နောက်ဆုံးအိုးဝေမှာပါ။
(၇) ကိုလှရွှေနှင့်မဆုံဖြစ်တော့သော်လည်း ၁၉၉၃ ခု၊ ဘန်ကောက်တွင် ကျနော်အလွတ်သထင်းထောက် လုပ်နေစဉ် အမေရိကန်အခြေစိုက် ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် ရှေးဟောင်းနှောင်းဖြစ်များ စကားလက်ဆုံကျခိုက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ရောက်လာ၏။ သူနှင့်အတူပါလာသော လူငယ်အား ဘိုကလေး ကိုလှရွှေရဲ့သားဟု မိတ်ဆက်ပေးရာ မင်းအဖေနေကောင်းလားဟုသာ မေးလိုက်ရ နောက်ထပ်မဆုံဖြစ်တော့။ ခုတော့မှ ကြက်လှရွှေဟု အစော်ကားခံရချိန် ပြန်သတိရ ဆောင်းပါးရေးရပြီ။ သူ့အား ဘိုကလေးကိုလှရွှေဟု ခေါ်ရခြင်းအကြောင်းရင်းမှာ ကိုအောင်သိမ်းနိုင် အယ်ဒီတာလုပ်သောနှစ် အိုးဝေမဂ္ဂဇင်းကော်မတီတွင် ဆေးသိပ္ပံမှ ကိုလှရွှေ (ကဗျာဆရာ မောင်သင်းနွယ်) ပါဝင်ခဲ့ပြီး၊ နောက်နှစ် အယ်ဒီတာလုပ်ရသော ကိုလှရွှေ နှင့်ခွဲခြားနိုင်ဖို့ ဘိုကလေးကိုလှရွှေဟု ခေါ်ကြတာပါ။ ဟိုကိုလှရွှေ ဆရာဝန်ဖြစ်ခါနီးပြီမို့ ဒေါက်တာလှရွှေ ဟုပင်မက အာဏာရှင်လို့တောင်နောက်ကျဖူးသည်။ ကျောင်းသား ညီညွတ်ရေးတပ်ဦးထဲတွင် နာမည်တူ ရဲဘော်များရှိကြရာ ၁၉၅၅-၅၆ ခု၊ တကသ အမှုဆောင်အဖွဲ့ဝင် (၁၁)ယောက်အနက် ကိုတင်ထွန်း ၃ ယောက်ပါသည်ကိုကြည့်ပါ။
(၈) ယုံကြည်ချက်ခိုင်မြဲ၍ ထောင်ထဲဝင်လိုက်ထွက်လိုက်နှင့် မသေထမင်းမသေဟင်းလေး စာရရေး တဖက်က ကြက်မွေး--တဖက်ကစာရေးနေသော အသက် (၈၀) နီးပါး သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်တဦးအား ကြက်လှရွှေဟု မိုက်ရိုင်းစွာသုံးစွဲသံကြားလိုက်ရသောအခါ ကိုယ့်ရဲဘော်ကြီးအတွက်ထက် စော်ကားခွင့်လိုင်စင် ရထားသူ သတင်းသမားအမည်ခံ ကိုသာသနားမိ၏။ ပက်လက်လှန်ကာ တံတွေးနှင့်လှမ်းထွေးသည့်အလား သူမျက်နှာပေါ်သာ ပြန်ကျသည်ကို မမြင်ရသည်ထား မသိလေရော့သလားဟု တွေးမိကြောင်းပါ။ အိုးဝေနာမည်ပထမဆုံးသုံးသော မဂ္ဂဇင်းအတွင်းမျက်နှာ၊ ကျနော်ပထမဆုံးရေးခွင့်ရ အိုးဝေမျက်နှာဖုံးနှင့် ကိုလှရွှေ အိုးဝေအယ်ဒီတာလုပ် သည့်နောက်ဆုံး စာအုပ်မျာနှာဖုံးများဖြင့် ဖော်ပြလိုက်ရကြောင်းပါ။
၂၀၁၉ ခု၊ ဇူလိုင်လ (၁၇) ရက်နေ့။

0 comments:
Post a Comment