Tuesday, July 30, 2019

ဗြူရိုကရက်အရင်းရှင် လက်ဝေခံလက္ခဏာဆောင်ခြင်း (ရန်သူကြီး ၃ ဦး)မှ

0 comments
ဗြူရိုကရက်အရင်းရှင် လက်ဝေခံလက္ခဏာဆောင်ခြင်း (ရန်သူကြီး ၃ ဦး)မှ
လွတ်လပ်သော ဗမာပြည်တွင် လက်ဝေခံလူတန်းစားဟူ၍ (ကိုလိုနီခေတ်ကအတိုင်း) မရှိနိုင်တော့ ပါ။ အာဏာရဓနရှင်လူတန်းစားက လက်ဝေခံအလုပ်မျိုးလုပ်ကြခြင်းသာ ရှိနိုင်သည်။
လက်ဝေခံအလုပ်မျိုးဟူ၍သုံးရခြင်းမှာ ကိုလိုနီခေတ်လက်ဝေခံကဲ့သို့ ကန်ထရိုက်များ၊ ပွဲစားကြီး များအဖြစ် ပြောင်ပြောင်တင်းတင်းလုပ်ခြင်းမဟုတ်၍ ဖြစ်သည်။
ကိုလိုနီခေတ်က လက်ဝေခံသည် အာဏာမရှိပါ။ နယ်ချဲ့တဦးတည်း (ကိုလိုနီပိုင်ရှင်) အပေါ် လုံးဝမှီခိုသည်။ စတီးပွဲစား၊ ဘုံဘေဘားမားကန်ထရိုက်သည် တခြားနယ်ချဲ့(ဥပမာ) ဂျပန်ကုမ္ပဏီ ၏ ပွဲစားကန်ထရိုက်မလုပ်နိုင်ပါ။
စစ်ကြီးမဖြစ်မီက ဝါလုပ်ငန်း၊ ပဲလုပ်ငန်း၊ သစ်လုပ်ငန်းနှင့်ကုန်သေး တင်သွင်းရောင်းချခြင်း လုပ်ငန်များတွင် ဂျပန်၊ ဂျာမဏီ၊ အမေရိကန်ကုမ္ပဏီများနှင့်ဆက်စပ်လုပ်သူ တိုင်းရင်းသား အနည်းအကျဉ်းရှိသည်။ သို့သော် သူတို့သည် စတီးပွဲစား၊ ဘုံဘေဘားမားကန်ထရိုက်နှင့် ရိုးကုမ္ပဏီတို့ကို မလွှမ်းနိုင်ပါ။ လက်ဝါကြီးအုပ်အနေအထားကို အင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီများကသာ ယူထားကြ၍ဖြစ်သည်။ ကုန်းလမ်း ရေလမ်းသယ်ယူပို့ဆောင်ရေး၊ ရေနံစိမ်းထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများကို တခြားနယ်ချဲ့သမား အလုံးအရင်းနှင့်မဝင်နိုင်ပါ။
တိုင်းရင်းသားများဖြစ်သော ရခိုင်၊ မွန်၊ ဗမာ စသည်များကတော့ လုပ်ခွင့်ရှိသည်။ အိန္ဒိယသား များလည်း လုပ်ခွင့်ရှိသည်။ (ဗြိတိသျှအင်ပါယာ၏ ကျေးတော်ကျွန်တော်မျိုးဖြစ်၍) အမျိုးသား အရင်းရှင်များဝင်လုပ်ခဲ့ပြီး အင်္ဂလိပ်ကုမ္ပဏီကို ပြိုင်ကြပါသည်။
နောက်ဆုံးတော့ဖိနှိပ်မှုအမျိုးမျိုးကြောင့်အရှုံးပေးလိုက်ရပါသည်။ ဧရာဝတီကုမ္ပဏီ၊ ဘီအိုစီ ကုမ္ပဏီကို မပြိုင်နိုင်ပါ။ ချည်စက်၊ ပုဂံစက် စသဖြင့်လည်း ကြိုးစားကြပါသည်။ ပြုတ်ကုန်ကြ ပါသည်။ အကြမ်းစား ပန်းကန်စက်လောက်ကိုတော့ အင်္ဂလိပ်ကုမ္ပဏီက ရေးကြီးခွင့်ကျယ် မထားပါ။
လက်ဝါးကြီးအုပ်အနေအထားကို အင်္ဂလိပ်ကုမ္ပဏီများမှတပါး မည်သူမျှမရနိုင်ပါ။ စီးပွားရေး အသက်သွေးကြောမှန်သမျှကို သူတို့သာ လုပ်ကိုင်ပါသည်။ သူတို့သာ “လက်ဝေခံ” ထားနိုင် ပါသည်။
နိုင်ငံရေး လွတ်လပ်ရေးရလာသောအခါ ကိုလိုနီခေတ်ကလို မဟုတ်တော့ပါ။ အင်္ဂလိပ်တဦးတည်း လက်ဝါကြီးအုပ်ချုပ်ကိုင်ခွင့်မရှိတော့ပါ။ အာဏာရလူတန်းစားသည် နယ်ချဲ့ပေါင်းစုံနှင့်ဆက်ဆံ၊ နယ်ချဲ့ပေါင်းစုံ၏ “အကူအညီ”၊ “အထောက်အပံ့” ချေးငွေတွေယူကာ စီးပွားရေး အသက်သွေး ကြောမှန်သမျှကို လက်ဝါးကြီးအုပ်လုပ်ကိုင်သည်။
ဂျာမဏီ၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန် စသဖြင့်အဆင်သင့်သလို ဆက်ဆံလုပ်ကိုင်ရာတွင် လက်ဝေခံလူတန်းစားလုပ်သလို ပွဲခ၊ ကန်ထရိုက်ကြေး စသဖြင့် ဗြောင်မယူကြပါ။ ပြန်ခွံ့တာကို လျှို့ဝှက်ပြီး စားပါသည်။
ဗိုလ်နေဝင်းနှင့်ဖရဇ်ဝါနာ၏ ဆက်ဆံရေး၊ ဘီအီဒီစီအကြီးအကဲများနှင့် ဂျပန်ကုမ္ပဏီများ၏ ဆက်ဆံရေး၊ ယခု နဝတခေတ်တွင် ဝန်ကြီး ဗိုလ်ချုပ်များနှင့်ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ဟောင်ကောင်၊ အင်္ဂလန် စသည်တို့မှ ကုမ္ပဏီများ ဆက်ဆံရေးတွင် ပြန်ခွံ့တာတွေရှိပါသည်။ ပြန်ခွံ့သည်များမှာ မဖုံးနိုင်မဖိနိုင်တော့မှ ဘူးပေါ်သလိုပေါ်သည်။ အလှူငွေထည့်ခြင်း၊ ရံပုံငွေထည့်ခြင်း၊ အာဏာပိုင် များ၏ ဆွေမျိုးသားချင်းများကို အခွင့်ထူးပေးခြင်းလည်းရှိသည်။ လုပ်သောနည်းများမှာ စုံလင် လှသည်။

0 comments:

Post a Comment