(ဘာ့ကြောင့်ကို လူမိုက်လိုပြောတာပါ)
ရခိုင်ပြည်နယ်မှာ အရပ်သူအရပ်သားတွေကို စစ်တပ်ကဖမ်းပြီး နှိပ်စက်သတ်ဖြတ်နေတာတွေကို ဆန့်ကျင်ပါတယ်။ စစ်အုပ်စုအတွက် ဒါဟာ ဆယ်စုနှစ်ပေါင်းများ လုပ်နေတဲ့ လက်ယဉ်နေတဲ့ လက်ရဲဇက်ရဲကိစ္စဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖော်ထုတ်ရှုတ်ချတာတွေ နိုင်ငံတကာအဝန်းအဝိုင်းနဲ့ မီဒီယာတွေ ခုထက်ပိုသိအောင် သတိထားမိအောင် ဝိုင်းဝန်းလုပ်ကြရမှာပါ။
ရခိုင်ပြည်နယ်မှာ အရပ်သူအရပ်သားတွေကို စစ်တပ်ကဖမ်းပြီး နှိပ်စက်သတ်ဖြတ်နေတာတွေကို ဆန့်ကျင်ပါတယ်။ စစ်အုပ်စုအတွက် ဒါဟာ ဆယ်စုနှစ်ပေါင်းများ လုပ်နေတဲ့ လက်ယဉ်နေတဲ့ လက်ရဲဇက်ရဲကိစ္စဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖော်ထုတ်ရှုတ်ချတာတွေ နိုင်ငံတကာအဝန်းအဝိုင်းနဲ့ မီဒီယာတွေ ခုထက်ပိုသိအောင် သတိထားမိအောင် ဝိုင်းဝန်းလုပ်ကြရမှာပါ။
လက်နက်ကိုင် လက်နက်ကိုင်ချင်း ဘယ်သူသေသေ ဘယ်သူသတ်သတ်က တကိစ္စပါ။
လက်နက်နဲ့ဖိနှိပ်လို့ လက်နက်ကိုင်ပြန်ခုခံတာ မခုခံတာကလည်း တကိစ္စပါ။ နိုင်ငံရေးပါ။
အတွေးအခေါ်ရေး ရပ်တည်ချက်ပါ။ တယောက်နဲ့တယောက် မတူတဲ့အတွေးအမြင်တွေလည်း
ရှိနိုင်ပါတယ်။ ဒါပေမယ့် ဗမာ့လက်တွေ့အရကြည့်ပြီးပြောရမယ်ဆိုရင်တော့ ဒါဟာ
စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းလုပ်မှု စစ်တပ်ထောင် ကိုယ်ကျိုးစီးပွားရှာမှု
စစ်စီးပွားရေး စစ်အာဏာထူထောင်မှုပါ။
ရခိုင်ကိုမှ ခုမှ ထပြီး ကွက် ဖိနှိပ်နေတာမဟုတ်ပါ။ ဗမာ့လက်တွေ့မှာ
ပြည်တွင်းစစ်ကို ဆန့်ကျင်တယ်ဆိုတာဟာ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တယား
စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ဆန့်ကျင်တာဖြစ်ပါတယ်။
အဲ့ဒါတွေမဆန့်ကျင်ဘဲ ပြည်တွင်းစစ်ဆန့်ကျင်လို့မရသလို
အဲ့ဒါတွေရှိနေသရွေ့လည်း ပြည်တွင်းငြိမ်းချမ်းရေး
ဘယ်တော့မှ တည်ဆောက်မရနိုင်ပါ။ ဒါက တရားပါ။
တဖွဲ့ချင်း၊ လူမျိုးစုတစုချင်း
လွတ်မြောက်ရေးတိုက်ပွဲဝင်နေကြတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေကို
ထောက်ခံတာ ပါဝင်တာ၊ မထောက္ခံတာ ဆန့်ကျင်တာတွေကလည်း
ကိုယ်ကျိုးစီးပွားအခြေခံကိစ္စတွေပါ။
ကိုယ်ကျိုးစီးပွားလို့ဆိုရာမှာ ငွေကြေး ဓနဥစ္စာတခုတည်းလို့
ကွက်မြင်လို့မရပါ။ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊
ကိုးကွယ်ယုံကြည်ရာစတဲ့ လူမှုတန်ဖိုးဆိုင်ရာအကျိုးစီးပွားတွေလည်း ပါပါတယ်။
ဘုံသဘောအရ အားလုံးကို တန်းတူထားဖိနှိပ်နေတဲ့ စစ်အုပ်စုကိုဆန့်ကျင်ပေမယ့်
အကျိုးစီးပွားတခုခြင်းအခြေခံအရ ရပ်ခံပေးချက်တွေ ထပ်တူမကျနိုင်ပါ။
ထပ်တူအကျိုးစီးပွားဖြစ်မနေလို့ပါ။
ရခိုင်ပြည်သူတွေကို လက်နက်ကိုင်ဖိနှိပ်လို့ ရခိုင်အမျိုးသားတွေ
တပ်ဖွဲ့ပြီး လက်နက်ကိုင်ပြန် ခုချံတာ်လှန်တာကို နားလည်စာနာပါတယ်။
ပြည်နယ်ခွဲထွက်တာဖြစ်ဖြစ် ကွန်ဖက်ဒေရေးရှင်န်းပုံစံ သွားချင်တာဖြစ်ဖြစ်
နိုင်ငံတခုတည်ဆောက်ချင်တာဖြစ်ဖြစ် အဲ့ဒီရည်မှန်းချက်တွေဟာ
သူတို့ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။ ဦးဆောင်နေသူတွေက သူတို့ပြည်သူတွေကို
ဘာလိုချင်လာအောင် စည်းရုံးသိမ်းသွင်းနိုင်စွမ်းနဲ့
သူတို့ပြည်သူတွေလိုချင်လာမယ့် အဲ့ဒီ ဘာ ကိုရအောင်
ဘယ်လိုဆောင်ကျဉ်းသွားမလဲကလည်း သူတို့စည်းရုံးရေး စစ်ရေး အတွေးအခေါ်ရေး
စွမ်းရည်တွေနဲ့ဆိုင်မှာပါ။ အဲ့ဒါတွေနဲ့ပတ်သက်လို့ မိမိတို့ကြမ္မာ
Destination မိမိတို့ဘာသာ ဖန်တီးကြရမှာပါ။
ကျနော့်တဦးတည်းအတွေးနဲ့ ခံစားချက်အရတော့ AA ကိုထောက်ခံဖို့ စောပါသေးတယ်။
လောလောဆယ်မှာ စာနာနားလည်စိတ်လောက်ပဲ ထားနိုင်ပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့
ရခိုင်မှာ ရခိုင်တွေ ကြီးစိုးမင်းမူနိုင်တဲ့အနေအထားရောက်သွားရင်
ရခိုင်ပြည်နယ်နေ ရခိုင်မဟုတ်တဲ့ အခြားလူမျိုးစုငယ်တွေ၊ ဘာသာလူမျိုးမတူတဲ့
လူ့အစုအရုံးတွေရဲ့ ကံကြမ္မာ Fate ဟာ ခုထက်ပို အဆပေါင်းများစွာ ပိုဆိုးစရာ၊
ပိုကြောက်မက်စရာ၊ ပိုမကြားဝံ့မနာသာ ရက်စက်ကြမ်းကြုပ်တဲ့ဖိနှိပ်မှုတွေ
လူမဆန်မှုတွေ သတ်ဖြတ်မှုတွေဖြစ်မလာဘူးလို့ ဘယ်သူကမှ အာမမခံနိုင်သလို
အာမခံပါတယ်ပြောလာရင်လည်း ကျနော် မယုံကြည်နိုင်သေးလို့ပါ။
မျိုးမြင့်ချို
ဇူလိုင် ၃၊ ၂ဝ၁၉
မျိုးမြင့်ချို
ဇူလိုင် ၃၊ ၂ဝ၁၉
0 comments:
Post a Comment