(အတွေ့အြုံနဲ့သင်ခန်းစာ)
ဥရောပ အမေရိကနဲ့ တခြားစက်မှုနိုင်ငံကြီးတွေက အလုပ်သမားခ ဈေးပေါလို့ တရုတ်သွားရင်းနှီးမြှုပ်နှံတာပါဆိုတဲ့အပြောဟာ တရားလက်လွတ်နိုင်သလို အကြောင်းတချက်တည်းပေါ်ကောက်ယူပြီး ဆွဲထုတ်ဆင်ခြင်တာဖြစ်ပါတယ်။ တရုတ်ထက် အလုပ်သမားခသက်သာတဲ့ပြည်တွေ ကမ်ဘာပေါ်မှာ တပုံကြီးပါ။ တရုတ်ဟာ တံခါးဖွင့်မူဝါဒနဲ့ ဆိုရှယ်လစ်ဈေးကွက်စီးပွါးရေးစနစ် မကျင့်သုံးမီကတည်းက စီးပွါးရေးအခြေခံအဆောက်အဦတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ စီမံကိန်းချ လုပ်နေခဲ့တာပါ။
ဥရောပ အမေရိကနဲ့ တခြားစက်မှုနိုင်ငံကြီးတွေက အလုပ်သမားခ ဈေးပေါလို့ တရုတ်သွားရင်းနှီးမြှုပ်နှံတာပါဆိုတဲ့အပြောဟာ တရားလက်လွတ်နိုင်သလို အကြောင်းတချက်တည်းပေါ်ကောက်ယူပြီး ဆွဲထုတ်ဆင်ခြင်တာဖြစ်ပါတယ်။ တရုတ်ထက် အလုပ်သမားခသက်သာတဲ့ပြည်တွေ ကမ်ဘာပေါ်မှာ တပုံကြီးပါ။ တရုတ်ဟာ တံခါးဖွင့်မူဝါဒနဲ့ ဆိုရှယ်လစ်ဈေးကွက်စီးပွါးရေးစနစ် မကျင့်သုံးမီကတည်းက စီးပွါးရေးအခြေခံအဆောက်အဦတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ စီမံကိန်းချ လုပ်နေခဲ့တာပါ။
အဲအချိန်မှာ တိန့်ရှောင်ဖိန်က “တရုတ်ကို အနောက်နိုင်ငံတွေက ဒီမိုကရေစီနဲ့စီးပွားရေးပုံစံပြောင်းချင်ရင်လည်း ပြောင်းပစ်လိုက်လို့ရတယ် ဒါပေမယ့် အဲလိုလုပ်လို့မဖြစ်ဘူး၊ လုပ်လိိုက်ရင် သန်းထောင်ကျော်တဲ့လူတွေထဲက ဆယ်သန်းလောက်သောလူတွေကသာချမ်းသာပြီး ကျန်ပြည်သူတွေ ဆင်းရဲတွင်း နက်သထက်နက်ကုန်မယ်၊ ဒါဆို လူထုကြားမှာ မကျေနပ်မှုတွေနဲ့အတူ ဆန့်ကျင်ပုန်ကန်မှုတွေ ဖြစ်လာလိမ့်မယ်၊ ကျနော်တို့ဟာ ပထမဆုံးလူတိုင်း လူတန်းစေ့စေ့ သူတန်းမျှမျှနေထိုင်ရေးကို စဉ်းစားရမယ်၊ အဲဒီကမှတဆင့် လူတိုင်း ချမ်းသာကြွယ်ဝရေးကိုသွားရမယ်၊ ဆိုရှယ်လစ်စနစ်ဆိုတာ အလုပ်အင်အားစု(အလုပ်သမားနဲ့ အလုပ် လုပ်တဲ့ပြည်သူတွေ) ဖွံ့ဖြိုးရေးနဲ့လွတ်မြောက်ရေးဖြစ်တယ်၊ လူတိုင်း ကြွယ်ဝရေးဖြစ်တယ်၊ ဈေးကွက်စီးပွါးရေးစနစ်ဟာ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်းရှိနိုင်သလို စီမံကိန်းစီးပွါးရေးစနစ်ဟာ အရင်းရှင်နိုင်ငံတွေမှာလည်းရှိနေတာကို လူတွေသိကြရမယ်” ဆိုတဲ့သဘော ပြောခဲ့ဖူးပါတယ်(မှတ်မိသလို ပြန်ပြောတာမို့ နည်းနည်းပါးပါး လွဲနိုင်ပါတယ် တရားကိုယ်သဘောတော့ မလွဲပါ)
အဲ့သလို တဘက်ကလည်း ပါတီနဲ့လူထုကို အတွေးအခေါ်အရပြင်ဆင် တဘက်ကလည်း ရုပ်ဘဝအရပြင်ဆင်လာရင်း တံခါးဖွင့်ချလိုက်တော့ တရုတ်မှာ အခြေခံအဆောက်အဦတွေ ပညာတတ်အလုပ်သမားတွေ ငွေကြေးနဲ့အရင်းအနှီးတွေ ဆက်သွယ်ရေးနည်းပညာတွေအပါအဝင် လာရောက်ရင်းနှီးမယ့်သူတွေလက်ခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေလည်း အားလုံးလိုလို အသင့်နီးနီးဖြစ်နေတာပါ။ ပြည်တော်ပြန်တရုတ်တွေဆီက ပါလာတဲ့ဦးနှောက်၊ ငွေကြေး၊ အရင်းအနှီးတွေကလည်း မနည်းကြီး ခုမိပါတယ်။ ဒါတောင် ခုထိ တရုတ်တွေက သူတို့ဟာ မြေစမ်းရမ်းပျိုးနေရတုန်းလို့ဆိုပြီး ပြင်ဆင်တာ ဖြည့်ဆည်းတာ ပယ်ဖျက်တာတွေ ရဲရဲတင်းတင်းလုပ်နေတာပါ။ အကျင့်ပျက်ခြစားမှုဟာ တိုင်းပြည်တည်ဆောက်ရေးရဲ့အကြီးဆုံးအနှောင့်အယှက်အဖြစ်မြင်ပြီး ပြတ်ပြတ်သားသားကိုင်တွယ်နေတာပါ။
ကျနော်တို့ဟာ တိုင်းပြည် တကယ်တည်ဆောက်မယ်ဆို ကောင်းတဲ့နည်းနာ ကိုယ့်အခြေအနေနဲ့ကိုက်တဲ့နည်းနာ ကိုယ်နဲ့အသုံးတည့်တဲ့နည်းနာဟာ ဘယ်သူ့ဆီကလာလာ သင်ယူတတ်ဖို့လိုမှာပါ။ အသုံးချတတ်ဖို့လိုမှာပါ။ အနိမ့်ဆုံးအဆင့် ဆည်းပူးနေရမှာပါ။ တိန့်ပြောသလို ကြောင်ဟာ ဖြူတာမဲတာ ပဓာနမဟုတ်ပါ။ တရုတ်ပြည်ကိုလေ့လာရင်း သူအောင်မြင်တာတွေကို နမူနာယူဖို့ဖြစ်ပြီး သူ့မအောင်မြင်မှုတွေကိုတော့ သင်ခန်းစာယူဖို့ပါ။ ခေတ်ပြိုင်သမိုင်းကနေလည်း အတွေ့အကြံု(ကောင်းတဲ့ဘက် မှန်တဲ့ဘက်ကရတဲ့အရာ) ထုတ်နှုတ်တတ်ရမှာဖြစ်သလို သင်ခန်းစာ (ဆိုးတဲ့ဘက် မှားတဲ့ဘက်ကရတဲ့အရာ)လည်း ထုတ်ယူဆင်ခြင်ရမှာပါ။
ဇန္နဝါရီ ၉၊ ၂ဝ၁၉
မ်ိဳးျမင့္ခ်ိဳ
0 comments:
Post a Comment