ဆယ်စုနှစ်သစ်တခုကိုကြိုဆိုခြင်း-ရဲဘော်အောင်ထက်
(အရေးတော်ပုံဂျာနယ် စာမျက်နှာ၊ နိုင်ငံတကာ သတင်းဆောင်းပါး)
အင်္ဂလိပ်စကားမှာ
သမိုင်းဆိုတာနှစ်ခါပြန်ဖြစ်လေ့မရှိဘူးဆိုတဲ့ဆိုရိုးတခုရှိပါတယ်။ ဒါပေမဲ့
အမေရိ ကန်က ကိုယ့်ကိုယ်ကိုကမ္ဘာ့ပုလိပ်ကြီးအဖြစ်
သတ်မှတ်ပြီးခြယ်လှယ်လုပ်ကိုင်နေတဲ့ခေတ်မှာတော့ နှစ်ခါ မက
သုံးလေးခါပြန်ပြန်ဖြစ်ပေါ်တာတွေ တွေ့မြင်ကြရပါတယ်။
ပြီးခဲ့တဲ့ရာစုနှစ်ဝက်အတွင်းမှာကိုပဲ အမေ ရိကန်ဟာ စစ်ခင်းချင်တာနဲ့
အခြေအနေလုပ်ကြံဖန်တီးခဲ့တဲ့သာဓကတွေ အကြိမ်ကြိမ်မြင်တွေ့ခဲ့ကြရပါ တယ်။
ဦးစွာအားဖြင့်ပြောရမှာက အမေရိကန်ဟာအလိမ်အညာအပေါ်မှာအခြေခံတဲ့ ဆင်ခြေဖန်တီးပါတယ်။ ဒိနောက်မှာသူဟာ သူဦးတည်တဲ့”ရန်သူ”ကို ဘယ်လိုမှလက်ခံဖို့မဖြစ်နိုင်တဲ့‘ကမ်းလှမ်းချက်’တခု ပေး ပါတယ်။ အဲဒီနောက်မှာအဲဒီရန်သူကသူတို့ရဲ့ ‘ကမ်းလှမ်းချက်’ကိုလက်မခံဘူးဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ဆင်ရေး လုပ်ပါတယ်။ ဒါဟာအိမ်ဖြူတော်ရဲ့လက်စွဲစာအုပ်လို့တောင်ပြောနိုင်ပါတယ်။
အလွယ်ဆုံးဥပမာတချို့ကိုပြရရင်-
၁။ ၁၉၆၄ခုနှစ်မှာ သမတဂျွန်ဆင်ဟာ ဗီယက်နမ်စစ်ပွဲထဲ အမေရိကန်ရဲ့ပါဝင်မှုကိုတိုးမြှင့်ဖို့အတွက် 〝တုံကင်ကွေ့〞 အရေးအခင်းကိုဖန်တီးလိုက်ပါတယ်။ နောင်ကာလတခုလွန်သွားတော့မှ ပင်တာဂွန် က အမေရိကန်သင်္ဘောတွေကို မြောက်ဗီယက်နမ်ကမ်းစောင့်ရေယာဉ်တွေက တိုက်ခိုက်တယ်ဆိုတာ ဟာ လုပ်ကြံထားတဲ့သတင်းသာဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။ အကျိုးဆက်ကတော့ အမေရိကန် စစ်သား ၅၈ဝဝဝနဲ့ ဗီယက်နမ်လူမျိုးး နှစ်သန်းသေဆုံးခဲ့တဲ့ စစ်ပွဲပါပဲ။ ဒီလိုဖြစ်ရတာရဲ့အကြောင်းရင်းဆိုတဲ့ မြောက်ကိုးရီးယားရေယာဉ်တွေရဲ့တိုက်ခိုက်မှုဆိုတာဟာ လိမ်ညာဖန်တီးထားတာပါတဲ့။
၂။ ၁၉၉၁ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ။ ဒီစစ်ပွဲဆင်ဖို့အတွက် အိမ်ဖြူတော်ကဘုရှ်(အကြီး)က ပြောတဲ့ အီရတ်တွေဟာ ကူးဝိတ်မှာ မွေးစကလေးတွေကိုအနွေးဓာတ်ပေးတဲ့စက်တွေထဲမှာပဲ သေအောင်သတ်နေတယ်ဆိုတဲ့ဆင်ခြေဟာလည်း နောက်မကြာခင်မှာပဲ အလိမ်အညာသက်သက် သာဖြစ်ကြောင်း ဘူးပေါ်သလိုပေါ်ခဲ့ပါတယ်။ ဒီလိမ်ဆင်ကိုကပြခဲ့သူကတော့ ကူဝိတ်ကမင်းမျိုးမင်းနွယ် တဦးဖြစ်ပြီး သူမဟာ အမေရိကန်သတင်းသမားများရှေ့မှောက်မှာ ပျက်နေတဲ့မွေးစကလေးအနွေးဓာတ် ပေးစက်တွေကို လက်ညှိုးထိုးပြပြီး ကလေးတွေမသေတန်ဘဲသေကြရတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဘယ်သူဖြစ်တယ်ဆိုတာ ကိုအမေရိကန်မီဒီယာတွေက တိတိကျကျရှင်းအောင်မပြောခဲ့ကြပါဘူး။ ဒီလိုနဲ့အဲဒီနေ့ညနေသတင်းစာတွေထဲမှာ ဒီသတင်းကိုအသေးစိတ်ဖော်ပြခဲ့ကြပြီး အမေရိကန်တပ်တွေရဲ့ ကျူးကျော်မှုကို မီးစိမ်းပြလိုက်ပါတယ်။ အဲဒီပင်လယ်ကွေ့စစ်ပွဲပြီးသွားတဲ့အခါမှာတော့ အထက်က မီဒီယာပြပွဲဟာ လိမ်ဆင်တခုဆိုတာ အတိအလင်းပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ဘုရှ်(ဂျော့ဘုရှ်ရဲ့အဖေ) အာဏာရနေတုန်းက အီရတ်ရှိအမေရိကန်သံအမတ်က ဆာဒမ်ဟူစိန်ကို 〝အီရတ်ကကူးဝိတ်ကို ကျူး ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ရင် အမေရိကန်က ကြားဝင်မှာမဟုတ်ဘူး〞လို့ပြောခဲ့ဖူးတယ်ဆိုတာပါ ပွင့် ထွက်လာခဲ့ပါတယ်။
၃။ အာဖဂန်ကျူးကျော်မှု။ ၂ဝဝ၁ခုနှစ် စက်တင်ဘာ၁၁ရက်တိုက်ခိုက်မှုကြီးဖြစ်ပျက်ပြီးပြီးချင်း ဝါရှင် တန်ကထုတ်ဖော်လိုက်တဲ့လံကြုတ်ဇာတ်ကတော့ တာလီဘန်တွေဟာ နယူးယောက်နဲ့ဝါရှင်တန်တို့ကို တိုက်ခိုက်ရာမှာ ဘင်လာဒင်ကိုကူညီခဲ့တယ်ဆိုတာပါပဲ။ အဲဒီနောက်တော့အမေရိကန်တပ်တွေ အာဖဂန် စစ်မြေပြင်မှာ အကျယ်အပြန့်ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဒိနောက်၊ ရက်သတ္တပတ်တချို့လွန် တော့ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုမှာတာလီဘန်တွေလုံးဝမပတ်သက်ဘူး၊ ဆော်ဒီအာရေးဗျ အစိုးရက အားပေးထောက်ပံ့ထားတဲ့ ဆော်ဒီအာရေးဗျက ဝါဟာဘီ(Wahhabi)ဂိုဏ်းကလူ ၁၈ယောက်၊ အယောက်၂ဝလောက်ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ကမ္ဘာကသိလာရပါတယ်။ အဲဒီလူတွေဟာ အမေရိ ကန် မြေပေါ်ကအမြန်ဆုံးပြန်လည်ထွက်ခွာသွားနိုင်အောင် ဂျော့ဘုရှ်တို့ကစီစဉ်ပေးတဲ့ လေယာဉ်ပျံနဲ့ပဲ ဆော်ဒီအာရေးဗျကိုပြန်သွားကြပါတယ်။ ဒီအချက်ကိုတော့ အိမ်ဖြူတော်နဲ့ပင်တာဂွန်တို့က ဒီနေ့အထိဝန် မခံသေးပါဘူး။ ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီးတဲ့နောက် အမေရိကန်က တာလီဘန်ကိုတောင်းဆို လိုက်တာကတော့ ဘင်လာဒင်နဲ့တကွ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ဘင်လာဒင်ထောက်ခံသူတွေကို သူတို့ဆီအပ်ရမယ်ဆိုတာပါပဲ။ ဒါကိုသာတာလီဘန်တွေလုပ်လိုက်ရင် အာဖဂန်မှာပြည်တွင်းစစ်ကြီးဖြစ် သွားမှာပါ။ ဒီလိုနဲ့ပဲဘုရှ်တယောက်အာဖဂန်စစ်ပွဲ သူတို့တပ်တွေလွှတ်တော့တာပါပဲ။
၄။ အီရတ်အပေါ်ကျူးကျော်မှု။ ၂ဝဝ၃ခုနှစ်တုန်းက ဘုရှ်အငယ်ရဲ့အီရတ်ကိုကျူးကျော်ဝင်ရောက်ဖို့ အတွက်ပေးတဲ့ဆင်ခြေကိုလည်းကြည့်ပါဦး။ အီရတ်မှာလူအမြောက်အမြားကိုသေစေနိုင်တဲ့လက်နက် ကြီးတွေရှိနေသတဲ့။ အီရတ်မှာ ညူကလီယာဗုံး/လက်နက်လုပ်လို့ရတဲ့ ယူရေနီယံအဝါရောင်တုံး (yellow cake)တွေ ရှိနေတယ်လို့လည်းဆိုခဲ့ပါတယ်။ နောက်ကျတော့ဒါတွေလုံးဝမဟုတ်ဘူးဆိုတာ ပေါ်လာခဲ့ ပါတယ်။ အီရတ်ကိုကျူးကျော်သိမ်းပိုက်တဲ့အမေရိကန်တပ်တွေခမျာ အဲဒီသက်သေအထောက်အထား တွေကိုရရှိဖို့အတွက် အီရတ်မှာအသေအလဲရှာခဲ့ရပါတယ်။ ဒီလိုကျူးကျော်ဖို့အတွက်အမေရိကန်က “ကမ်းလှမ်း”ခဲ့တာကတော့ အီရတ်အနေနဲ့ မိမိတို့နိုင်ငံအတွင်းမှာ အဲဒီလိုလက်နက်ကြီးတွေရှိမရှိရှာဖွေ နိုင်ဖို့အတွက် အမေရိကန်တပ်တွေ သွားချင်ရာသွားစေခွင့်ပြုရမယ်ဆိုတာပါပဲ။ ကျူးကျော်မှုကို လုံးဝ မခု ခံဘဲလက်ခံရမယ်ဆိုတဲ့ဒီ“ကမ်းလှမ်းချက်”ကို ဆာဒမ်ကငြင်းလိမ့်မယ်ဆိုတာ ဝါရှင်တန်က ကြိုမတွက် နိုင်စရာမရှိပါဘူး။
အမေရိကန်သမ္မတတွေအနေနဲ့ ဒီလိုနည်းတွေနဲ့စစ်တွေဖန်တီးတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ အကျိုးအမြတ်ကိုအကောင်အထည်ရှိရှိ ခံစားရတာအလွန်နည်းပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ဇာတ် ခုံအလယ်ကဂုဏ်သိက္ခာအပါအဝင် ရေရှည်အကျိုးစီးပွားတွေမှာ အများကြီးနစ်နစ်ဆုံးရှုံးရပါတယ်။ ထရမ့် လို လာမယ့်ရွေးကောက်ပွဲအတွက် ရည်မှန်းချက်တခုနဲ့လုပ်နေသူအတွက်တော့ ကာလတိုအကျိုးတစုံ တရာရှိကောင်းရှိပါလိမ့်မယ်။ ကမ္ဘာ့ပြည်သူတွေအဖို့တော့ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရိပ်စစ်ငွေ့တွေရဲ့ ခြောက်လှန့်မှုတွေကိုသာ ကြုံတွေ့ကြရပါမယ်။
အထက်မှာတင်ပြခဲ့တဲ့သာဓကတွေကို ပြန်လည်ခြုံငုံသုံးသပ်မယ်ဆိုရင် ၁၉၆ဝစုနှစ်များတုန်းက လင်ဒန်ဘီဂျွန်ဆင်လုပ်ခဲ့ပုံက သူ့ကိုယ်သူကိုရီးယားစစ်ပွဲမှာ သမ္မတထရူးမင်းရှုံးနိမ့်ခဲ့တဲ့အဖြစ်မျိုးထပ်ပြီး မဖြစ်စေရဘူး၊ ကွန်မြူနစ်ဝါဒပျံ့မှာကိုခွင့်မပြုရဘူးဆိုတဲ့ ဒိုမီနိုဖဲသီအိုရီတွေ အာဘော်ဖန်တီးပြီး ဗီယက် နမ်မြောက်ပိုင်းနဲ့တောင်ပိုင်းမပေါင်းမိစေရေးကို ရည်မှန်းချက်ထားလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ဝါးခမောက်ဆောင်း၊ ညှပ်ဖိနပ်စီးတဲ့ဗိယက်ကောင်းတွေကို အမေရိကန်ရဲ့ထိပ်ထိပ်ကြဲစစ်သားတွေက ဘာလို့ရှုံးရမှာလဲဆိုတဲ့မာန်မျိုးလည်းတင်းကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ၁၉၆၅ခုနှစ်က အိမ်ဖြူတော်ရဲ့ တွက်ကိန်းဟာ ၁၉၄၁ခုနှစ်တုန်းက အမေရိကန်ကိုတိုက်တဲ့ဂျပန်တွေရဲ့တွက်ကိန်းလိုပဲ အမှားကြီးမှားခဲ့ ပါတယ်။ စစ်အေးစစ်ပွဲထဲက ထင်ရှားတဲ့ရှုံးပွဲကြီးတပွဲပါ။
၁၉၉၁ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကတော့ ၁၉၉ဝ-၉၁စီးပွားရေးကပ်ဒဏ်ကို အလူးအလဲခံလိုက်ရတဲ့ အမေရိကန်နိုင်ငံကခေါင်းဆောင်တွေက သူ့ပြည်သူတွေကိုအာရုံလွှဲဖို့အတွက် တမင်စီမံဖန်တီးခဲ့တာဖြစ ပါတယ်။ ဘုရှ်(အကြီး)ဟာ ဒီလိုစစ်ပွဲဖန်တီး၊ စစ်လက်နက်ရောင်းချမှုကရတဲ့ငွေတွေနဲ့ အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည်ထူမတ်၊ ၁၉၉၂ခုနှစ်ရွေးကောက်ပွဲမှာ 〝စစ်အောင်နိုင်သူ〞ဖြစ်တဲ့သူတို့တတွေ ထောက်ခံမဲ တွေရစေရမယ်ဆိုတဲ့ဉာဏ်နီဉာဏ်နက်အစီအစဉ်ပါ။
၂ဝဝ၃ခုနှစ်မှာတော့ ဘုရှ်(အငယ်)ဟာ ပြန်လည်အရွေးခံရရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရပြန်ပါ တယ်။ ၂ဝဝ၁ခုနှစ် စီးပွားရေးကျဆင်းမှုကနေ အမေရိကန်နိုင်ငံရဲ့ပြန်လည်နာလန်ထူမှုဟာ နှေးကွေးနေ ပါတယ်။ အာဖဂန်မှာသုံးတဲ့ စစ်စရိတ်ဟာအကန့်အသတ်ရှိနေပါတယ်။ စစ်ရေးအောင်ပွဲရယ်လို့လည်း မည်မည်ရရ တခုမှပြစရာမရှိဖြစ်နေပါတယ်။ အမေရိကန်တပ်တွေက ကာဘူးလ်မြိုကိုသိမ်းလိုက်နိုင်ပေ မယ့် တာလီဘန်တန်တွေက တောင်တွေပေါ်တက်ပြီး အပြင်းအထန်ပြန်တိုက်နေကြပါတယ်။ ဒီတော့ ဘုရှ်နဲ့သူ့ရဲ့နီယိုကွန်အကြံပေးပုဂ္ဂိုလ်တွေဟာ အမေရိကန်ချမှတ်တဲ့စည်းမျဉ်းအတိုင်းမလိုက်နာတဲ့ လစ် ဗျား၊ အီရတ်၊ ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့ကို ‘မိစ္ဆာကောင်ဝန်ရိုး’လို့ကင်ပွန်းတပ်ပြီး ထုံးတို့ထား လိုက်ပါတော့တယ်။ သူတို့ပြောတဲ့လေးနိုင်ငံထဲမှာ မြောက်ကိုရီးယားကလွဲပြီး ကျန်သုံးနိုင်ငံဟာစစ်ရေး အရအင်မတန်အားနည်းသူတွေပါ။ ဒါသာမက့ ၉-၁၁တိုက်ခိုက်မှုနောက်ပိုင်းမှာ သူတို့ပြောတဲ့ “အကြမ်း ဖက်သမားး”ဆိုသူတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ သာဓကလည်းပြစရာမရှိဖြစ်နေလေတော့ ၂ဝဝ၄ရွေးကောက်ပွဲမတိုင်မီ စစ်ရေးအရ“အစွမ်း”ပြဖို့လိုနေပါတယ်။ ဘုရှ်အငယ်ဟာ စစ်အသုံး စရိတ်ကြောင့်တက်လာတဲ့စီးပွားရေးကိုလက်ညှိုးထိုးပြ၊ စစ်အောင်ပွဲနဲ့လက်မထောင်ပြီး ရွေးကောက်ပွဲဝင် မယ်ပေါ့လေ။ ဒီမှာထပ်တွေ့ရတာက မဲပေးသူတွေရဲ့အာရုံကိုလှည့်စားဖို့အတွက် နီယိုကွန်တွေရဲ့အစွန်း ရောက်ကွန်ဆာဗေးတစ်အယူအဆဟာ နောက်ဆုံးတော့ ဒါပါပဲ။
ဒါဖြင့် ထရမ့်ကတော့ရော-။ သူ့လက်စွဲလေကြီးမိုးကြီးစကားက အမေရိကန်ရဲ့စီးပွားရေးကို ရွေး ကောက်ပွဲနှစ်မှာ အပြတ်တွန်းတင်မယ်ဆိုတာပါပဲ။ ဒီရည်မှန်းချက်အတွက် ကုန်သွယ်ရေးစစ်ပွဲတွေ၊ စီးပွားရေးပိတ်ဆို့မှု-အကျပ်ကိုင်မှုတွေ စတာတွေကိုတွင်တွင်လုပ်ခဲ့ရာကနေ အခုအီရန်အပေါ်စစ်ခင်း လိုက်ပြန်ပါပြီ။ ဒါဟာ အရှေ့အလယ်ပိုင်းတခုလုံးကိုသာမက တကမ္ဘာလုံးကိုပါ စစ်ရေးအရခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။ သူတို့အစဉ်အလာဆိုးကြီးကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးတာပါပဲ။
အမေရိကန်အကျ၊ တရုတ်အတက်ဆိုတဲ့ခေတ်ကြီးမှာ ထရမ့်ဟာသူတို့အမေရိကန်နိုင်ငံကိုအသာစီး ရအောင်လုပ်နိုင်မလားဆိုတာ စောင့်တော့ကြည့်စရာပါပဲ။ ဒါပေမဲ့ ရွှေပြည်ကြီးကမနီးသေးပါဘူး။
၂ဝ၂ဝဆိုတဲ့ဆယ်စုနှစ်သစ်ကို ထရမ့်နဲ့အတူ အိမ်ဖြူတော်၊ ပင်တာဂွန်တို့က ခေါင်းလောင်းသံနဲ့ မကြိုဆိုဘဲ မောင်းသူမဲ့လေယာဉ်ကဒုံးတွေနဲ့ ကြိုဆိုလိုက်တယ်လို့သာဆိုရပါတော့မယ်။
ဒီလိုအခါမှာ အမေရိကန်နိုင်ငံရဲ့ကဗျာကဝိကြီးတဦးဖြစ်တဲ့ ဝေါ့ဝှစ်မင် (Walt Whitman) (၁၈၁၉- ၁၈၉၂) ရဲ့ နာမည်ကြီးကဗျာတပုဒ်ထဲက နှစ်သစ်မှာ〝ခေါင်းလောင်းသံတွေသယ်လာခဲ့၊ အသစ် တွေကို သယ်လာခဲ့〞 ဆိုတဲ့ကဗျာစာသားတွေကိုလည်းသတိရနေမိပါတယ်။

ရည်ညွှန်း- ဒေါက်တာရပ်စ်မူးစ်(Dr. Rasmus)ရဲ့
နီယိုလစ်ဘရယ်ဝါဒရဲ့အန္တရာယ်ဆိုး (The Scourge of Neo-Liberalism)
ဆိုတဲ့စာအုပ်ထဲက အချက်တွေရယူပါတယ်။
0 comments:
Post a Comment