(ဘယ်ဘက်ပါပါ ဘာရသလဲပဲပြောရမှာပါ)
ဝလူမျိုးတွေဟာ ဗမာပြည်မှာ သုံးသိန်းလောက်နေပြီး တရုတ်ပြည်ဘက်မှာ လေးသိန်းလောက် နေကြတယ်ဆိုတဲ့အပြောဟာ နောက်ခံအကြောင်းကို ခြေခြေမြစ်မြစ်မသိလို့ရင်လည်းဖြစ်မယ် ပြီးစလွယ်ပြောလိုက်တာရင်လည်း ဖြစ်ပါလိမ့်မယ်။ ဝလူမျိုးဟာ ဒီဘက်မှာ တကယ်ပဲ သုံးသိန်းရှိမရှိနဲ့ ဟိုဘက်မှာ သေးသိန်းရှိမရှိဆိုတာလည်း ကျိန်းသေပေါက်ပြောဖို့ ခက်မယ်ထင်ပါတယ်။ ထားပါတော့ ဒီနေရာမှာ ဒါပြောမှာမဟုတ်လို့ ချန်ခဲ့ပါရစေ။ ပြောချင်တာက ဟိုဘက်မှာနေတဲ့ ဝလူမျိုးနဲ့ ဒီဘက်မှာနေတဲ့ ဝလူမျိုး ဆိုတာကိုပါ။ အမှန်က နေတာ မဟုတ်ပါ။ သူ့ဘက်ကိုယ့်ပါသူပါ ကျန်သူကျန် ဖြစ်ရတာပါ။
ဝလူမျိုးတွေဟာ ဗမာပြည်မှာ သုံးသိန်းလောက်နေပြီး တရုတ်ပြည်ဘက်မှာ လေးသိန်းလောက် နေကြတယ်ဆိုတဲ့အပြောဟာ နောက်ခံအကြောင်းကို ခြေခြေမြစ်မြစ်မသိလို့ရင်လည်းဖြစ်မယ် ပြီးစလွယ်ပြောလိုက်တာရင်လည်း ဖြစ်ပါလိမ့်မယ်။ ဝလူမျိုးဟာ ဒီဘက်မှာ တကယ်ပဲ သုံးသိန်းရှိမရှိနဲ့ ဟိုဘက်မှာ သေးသိန်းရှိမရှိဆိုတာလည်း ကျိန်းသေပေါက်ပြောဖို့ ခက်မယ်ထင်ပါတယ်။ ထားပါတော့ ဒီနေရာမှာ ဒါပြောမှာမဟုတ်လို့ ချန်ခဲ့ပါရစေ။ ပြောချင်တာက ဟိုဘက်မှာနေတဲ့ ဝလူမျိုးနဲ့ ဒီဘက်မှာနေတဲ့ ဝလူမျိုး ဆိုတာကိုပါ။ အမှန်က နေတာ မဟုတ်ပါ။ သူ့ဘက်ကိုယ့်ပါသူပါ ကျန်သူကျန် ဖြစ်ရတာပါ။
အင်္ဂလိပ်က ဗမာတပြည်လုံးသိမ်းပြီး လက်နိုင်ခြေနိုင်ရှိတော့မှ
နယ်စပ်သတ်မှတ်ဖို့ စလုပ်တာပါ။ ဒါတောင် နယ်ခြားအကုန်လုံးကို
တပြိုင်တည်းသတ်မှတ်နိုင်တာ မဟုတ်ပါ။ ကာလအခြားအနားတွေရှိပါတယ်။
နယ်ခြားသတ်မှတ်ရတာက သူတို့အာဏာစက်ဖြန့်ကျက်ဖို့၊ အခွန်ကောက်ဖို့၊
နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့၊ အုပ်ချုပ်ရေးလွယ်ကူစေဖို့နဲ့ ကာကွယ်ရေးကိစ္စတွေ
ပိုင်နိုင်အောင်လုပ်ဖို့ပါ။ ဒီ့မတိုင်က ပြောကြတဲ့ ဗမာနိုင်ငံတော်ဆိုတာ
ဗမာပဒေသရာဇ်တွေ အားအကြီးအသေးပေါ်မူတည်ပြီး ကျဉ်းလိုက်ကျုံ့လိုက်ဖြစ်နေတာပါ။
ဗြိတိသျှနယ်ချဲ့က ယိုးဒယား-ဗမာ နယ်စပ်သတ်မှတ်တော့ ဟိုဘက်ပါသွားတဲ့ မွန်၊
ကရင်၊ ပဒေါင်၊ လားဟူ၊ အခါ စတဲ့ရွာတွေရှိသလို ဒီဘက်ကျန်ခဲ့တာတွေလည်း
ရှိပါတယ်။ အဲ့သလိုပဲ ဒီဘက်ပါလာတဲ့ တိုင်ရှမ်းရွာတွေနဲ့ စာပေမရှိ
စကားသာရှိတဲ့ အလွန်သေးငယ်တဲ့ သွေးတူစုလူမျိုးရွာတွေလည်း ရှိပါတယ်။
အိန္ဒိ-ဗမာ နယ်ခြားသတ်တော့လည်း(အဲ့ဒီတုန်းက ဘင်္ဂလားဒေ့ရှ်မပြောနဲ့
အရှေ့ပါကစ္စတန်တောင် မရှိသေးပါ။ အဲ့ဒါတွေက အိန္ဒိယလွတ်လပ်ရေးရပြီးနောက်မှ
ပေါ်လာတာတွေပါ) ဟိုဘက်ပါသွားတဲ့ ရခိုင်၊ ကမ်းယံ၊ မြို၊ သက်စတဲ့ရွာတွေ
ရှိသလို ဒီဘက်ကျန်ခဲ့တဲ့ ဘင်္ဂါလီ၊ ဟိန္ဒူ၊ ရိုဟင်ဂျာ ရွာတွေလည်းရှိပါတယ်။
တရုတ်-ဗမာ နယ်ခြားစည်းပိုင်းချလိုက်တော့လည်း ဟိုဘက်ပါသွားတဲ့ ဝ၊ ကိုးကန့်၊
ပလောင်၊ ကချင်၊ လီဆူး၊ ရဝမ်၊ အခါ စတဲ့ရွာတွေရှိသလို ဒီဘက်ကျန်ခဲ့တဲ့ ဝ၊
ကိုးကန့်စတဲ့ရွာတွေလည်း ရှိပါတယ်။ ဆိုလိုတာက
နယ်ခြားစည်းနဲ့ပိုင်းချလိုက်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် ပါသူပါ
ကျန်သူကျန်ဖြစ်သွားတယ်ဆိုတာပါ။
ဘယ်ပြည်မှာနေနေ နယ်စပ်မှာနေကြသူတွေဟာ တဘက်နဲ့တဘက် အကူးအလူးအဆက်အဆံ
မပြတ်ရှိပါတယ်။ ဘာသာစကားလည်းတူ၊ ဓလေ့နဲ့ထုံးစံလည်းတူ၊
ကိုးကွယ်ယုံကြည်ရာလည်းတူရင် ပိုတောင် အနေနီးကြပါတယ်။ ဒါပေမယ့်
ဟိုဘက်ပါသွားသူတွေက ဟိုဘက် နိုင်ငံသားဖြစ်ပြီး ဒီဘက်ကျန်ခဲ့သူတွေက
ဒီဘက်နိုင်ငံသားဖြစ်ကြရတာပါ။ တခါတလေ တမိသားစုတည်းကလူတောင် တယောက်
တနိုင်ငံသား ဖြစ်ရင်ဖြစ်နေတာမျိုးပါ။
အဲ့ဒါကိုသွားပြီး တရုတ်နိုင်ငံထဲက တို့ကချင်တိုင်းရင်းသားတွေတို့၊
ဘင်္ဂလားဒေ့ရှ်က တိုရခိုင်တိုင်းရင်းသားတွေတို့၊ ယိုးဒယားက
တို့ပဒေါင်တိုင်းရင်းသားတွေတို့ သွားလုပ်လို့ ပြောလို့မရပါ။ ပြောရင်လုပ်ရင်
မိမိအဆင်ခြင်နည်းရာ ကျပါလိမ့်မယ်။ ပြောစရာနဲ့ တွေးစရာက
ဟိုနိုင်ထဲပါသွားတဲ့လူတွေ ဟိုနိုင်ငံသားဖြစ်မဖြစ်နဲ့
ဟိုနိုင်ငံသားအခွင့်အရေး ရမရပဲ ဖြစ်ပါလိမ့်မယ်။ အလားတူပဲ တို့နိုင်ငံဘက်
ပါလာတဲ့လူတွေကရော တို့နိုင်ငံသားဖြစ်မဖြစ်နဲ့ တို့နိုင်ငံသားအခွင့်အရေး
ရမရပဲ တွေးရပြောရမှာဖြစ်ပါတယ်။
ခု ဗမာပြည်မှာ မီဒီယာတချို့နဲ့ နိုင်ငံရေးသမားတချို့ကပါ
ကြိုက်လုံးပစ်နိုင်ငံရေး Popular Politics လှိုင်းစီးပြီး
အမုန်းမီးတိုက်ရင်း ကိုယ်ကျိုးစီးပွား ရှာနေကြချိန်ကြီးပါ။
ဟိုဘက်ပါသွားတဲ့လူတွေ ဟိုဘက်နိုင်ငံသားအခွင့်အရေး ရမရကိုကျ ဘာမှမပြောပဲ
ဒီဘက်ပါလာတဲ့သူတွေကို ကိုယ့်နိုင်ငံသားအခွင့်အရေးမပေးဖို့
သွေးထိုးလှုံ့ဆော်နေကြတာတွေ မိုးလုံးပြည့်နေတာပါ။
ဒီလိုဖြစ်တာဟာ အရင်ကတော့ ဗမာလူမျိုးကြီးဝါဒကိုင်စွဲတဲ့ စစ်အုပ်ထဲမှာသာ
ပေါ်ပေါ်တင်တင်တွေ့ရပေမယ့် အရပ်ထဲမှာ အကြားရ နည်းပါတယ်။
ခုတော့
တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသူတွေ၊ ကမ္ဘာကြည့် ကြည့်မြင်နိုင်သူတွေ၊
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ၊ ဆင်ခြင်တုံတရားနဲ့အညီ
အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းနေလိုသူတွေ၊
စစ်မက်ဆန့်ကျင်သူတွေကလွဲလို့ တချို့တချို့သော နိုင်ငံရေးသမားတွေ၊
နိုင်ငံရေးပါတီတွေထဲမှာပါ ဒီ လူမျိုးရေးခွဲခြားမှုကိစ္စဟာ
ကူးစက်ပျံ့နှံ့နေတာပါ။ ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုရဲ့အနှိပ်စက်ကို
ကျောကော့အောင်ခံနေရတဲ့ ဗမာမဟုတ်တဲ့အခြားလူမျိုးစုတချို့ထဲမှာပါ ဒီလေသံဟာ
တချက်တချက် ထွက်ထွက်လာတာလည်း သတိထားမိပါတယ်။
ပြန်ချုပ်ရရင် တပြည်လုံး ကိုလိုနီဖြစ်ပြီးမှ ခုပြောနေတဲ့ဗမာပြည်
ပေါ်လာတာပါ။ နယ်ခြားမျဉ်းသတ်တော့ လူတွေ သူ့ဘက်ကိုယ့်ဘက် ပါသူပါ
ကျန်သူကျန်ဖြစ်ပါတယ်။ နယ်စပ်နေလူတွေ အကူးအလူးအဆက်အဆံရှိပါတယ်။ အခြေခံတူရင်
ပိုအနေနီးပါတယ်။ တရုတ်ပြည်က ဝလူမျိုးဟာ တရုတ်နိုင်ငံသားဖြစ်ပြီး၊
ဗမာပြည်ထဲက ဝလူမျိုးဟာ ဗမာနိုင်ငံသားဟုတ်မဟုတ်ပဲ ပြောရမှာပါ။
သူ့ဘက်ပါသွားသူတွေကို ကိုယ့်တိုင်းရင်းသားတွေလို့ပြောတာဟာ
လူမျိုးရေးတိမ်သလ္လာဖုံးတာပါ။ သူ့ဘက်ပါသူ သူ့နိုင်ငံသားဖြစ်မဖြစ်၊
သူ့နိုင်ငံသားအခွင့်အရေး ရမရ ပြောရမှာဖြစ်သလို ကိုယ့်ဘက်ပါသူ
ကိုယ့်နိုင်ငံသားဖြစ်မဖြစ်နဲ့ ကိုယ့်နိုင်ငံသားအခွင့်အရေး ရမရ ပြောရမှာပါ။
လူမျိုးခွဲခြားရေးပဋိပက္ခဟာ လူယဉ်ကျေးတွေမှာ မကျင့်သုံးအပ်ပါ။
လူမျိုးခွဲခြားရေးအမုန်းမီးဟာ အန္တရာယ် ကြီးပါတယ်။ တိုင်းပြည်ကို
ဘာစနစ်နဲ့တည်ဆောက် တည်ဆောက် ဘယ်လိုအစိုးရမျိုးတက်တက် ဒီပဋိပက္ခကြီးနေသရွေ့
ဘယ်တော့မှ ဘာမှမဖြစ်ပါ။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်း တက်ညီလက်ညီ
ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်မှဖြစ်မှာပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂ဝ၊ ၂ဝ၂ဝ
မျိုးမြင့်ချို
ဇန္နဝါရီ ၂ဝ၊ ၂ဝ၂ဝ
0 comments:
Post a Comment