
ခု လိုင်ဇာကပွဲလည်းပြီးပြီ။ လော်ခီးလာက ပွဲလည်းပြီးပြီ။
ဖားအံမှာလုပ်မယ့်ပွဲ ထစ်နေတယ်ကြားပါတယ်။ တချို့ကတော့ ဖြစ်ဖို့တောင် မရှိဘူးလို့ဆိုပါတ ယ်။
စစ်အုပ်စုက ဖားအံမှာမလုပ်ပဲ ကြပ်ပြေးမှာလာလုပ်ဖို့ပြောနေတယ် လည်း ကြားပါတယ်။ ဗိုလ်သိန်းစိန်တို့ကတော့
အပစ်ကိုမြန်မြန်ရပ်ချင်မှာပဲ။ ဒါမှ နော်ဝေကပေးစာကမ်းစာလေး ဆက် လက်ဖြန့်လို့ရနေမှာကိုး။
ဟိုလူတွေခမျာလည်း တော်လှန်ရေး (စကားလုံး)ပါဖို့/မပါဖို့တောင် မနည်းကြိတ်နေရတဲ့ဘဝကိုး။
အပိတ်မိန့်ခွန်းမှာတောင် မလိုအပ်တဲ့နေရာမှာ
တော်လှန်ရေးစကားလုံး ထည့်မပြောကြ ပါနဲ့ဆိုကာအုပ်လိုက်ရတဲ့အဖြစ်မဟုတ်လား။ ထားပါတော့အဲ့ဒါတွေ။
ဖြစ်တာပျက်တာက သူ့အကြောင်းနဲ့သူလို့ပဲ။ သိချင်တာက ရန်ကုန်အထိဆင်းပြီး ကြပ်ပြေးအထိသွားပြီး
အပစ်ရပ်မယ်တို့ ငြိမ်းချမ်းရေးလုပ်မယ်တို့ ပြောခဲ့စဉ်တုန်းက ကရင်ဘက်ကခေါင်းဆောင်ပါခဲ့တဲ့
နော်စီပိုးရာစိန်တို့ နော်မေဦးတို့ ပျောက်ချက်သားကောင်းလှတယ်။
ဘယ်ရောက်လို့ ဘာဖြစ်ကြပါလိမ့်။ (ပျောက်ချက်သားကောင်းသူများ)
ဒေါ်စု ရခိုင်ပြည်နယ်ခရီးစဉ်ရှိတယ်လို့ ကြားရပါတယ်။
ဘယ့်လောက်သေချာကတော့ သေချာပေါက်မပြောနိုင်သေးပါ။ သွားတာကောင်းတယ်လို့ မြင်ပါတယ်။ အသက်အန္တရာယ်အတွက်တော့
ပူမယ်ဆိုပူချင်စရာပါ။ ဒါပေမယ့် စစ်ဗိုလ်တွေက သိပါတယ်..။ ဘယ်အချိန် အိမ်အချုပ်နဲ့ထား၊
ဘယ်အချိန် လွှတ်၊ ဘယ်အချိန် လက်ဘက်ရည်သောက်ခေါ်၊ ဘယ်အချိန် အလ္လပသလ္လပခေါ်ပြော၊ ဘယ်အချိန်
ဆည်မြောင်းချောင်းကန်နဲ့ တံတားတွေအတူလိုက်ကြည့်၊ ဘယ်အချိန် အသက်ရန်ရှာ၊ ဘယ်အချိန် ခရမ်းချဉ်သီးနဲ့ပေါက်၊
ဘယ်အချိန် အမကြီးခေါ်၊ ဘယ်အချိန် ကုလားမယားခေါ်၊ ဘယ်အချိန်ဓါတ်ပုံတွဲရိုက်၊ ဘယ်အချိန်
လွှတ်တော်ထဲသွင်းကျမ်းကျိန်၊ ဘယ်အချိန် ဥပဒေစိုးမိုးရေးလူကြီးခန့်၊ ဘယ်အချိန် စုံစမ်းရေးကော်မရှင်ဖွဲ့၊
ဘယ်အချိန် နိုင်ငံခြားလွှတ်၊ ဘယ်အချိန် လက်ခုတ်တီးပေး၊ ဘယ်အချိန် ထိပ်ပုတ်၊ ဘယ်အချိန်
ကန်တော့၊ ဘယ်အချိန် ဆွမ်းကျွေးတရားအတူနာ၊ "ဘယ်အချိန် ဘယ်သူဘာလုပ်"ဆိုတဲ့အစီအစဉ်
သူတို့ဆီ ရှိထားပြီးသားပါ။ ထောင်စကားနဲ့ပြောရရင် ဇယားကျေပါတယ်။ နောက်တချက်က ခုချိန်မှာ
ဒေါ်စုဟာ ရွှေဥ ပေးနေတဲ့ ငန်းပါ။ ရင်ခွဲရှာရှင် ရင်ကွဲပက်လက်ဖြစ်မှာ သိထားပြီးသားတွေပါ။
အနည်းဆုံး သူတို့တွေ မူလတန်းဖတ်စာတော့ ကျေကြပါတယ်။ ဒီခရီးစဉ်ကစပြီး ဖွဲ့စည်းပုံ ရှင်းပြတာနဲ့
ပြင်မလားသွားမေးတာတွေတော့ တော်လောက်ပြီထင်ပါတယ်။ လူထုက
ဒီဖွဲ့စည်းပုံ ဘာလုပ်စေချင်မှန်းပြောပြီးသားပါ ။ ဒေါ်စုလည်း သိပြီးသားပါ။ စကားလုံးတွေနဲ့
အချိန်ကုန်လေကုန်ခံနေတာ ဒေါ်စုရောလူထုပါ ပင်ပမ်းလှပါပြီ။ ပင်မယ်ပြောပြီး လွှတ်တော်ထဲ
ဝင်သွားတာလည်း လူထုသိပါတယ်။ ပြင်ပြင်-မပြင်ပြင် ဝင်မယ်လို့ ဆိုတာလည်းသိကြပါတယ်။ ၂ဝ၁၅
အတွက်ကြိုပြင်တဲ့သဘောမျိုး မဲဆွယ်စည်းရုံးရေးဆို မဆိုးဘူးတွေးပါတယ်။ ဒါကလည်း ဆောက်ဖြစ်မှကျောင်းဒကာဆိုတာ
လူထုကိုအသိပေးမယ်ဆိုကောင်းပါတယ်။ လူသားချင်းစာနာမှုအရေး၊ လူ့အခွင့်အရေးအချိုးဖေါက်ခံနေရတဲ့ကိစ္စ၊
ဖက်ဒရယ်လ်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ (ဒါကလည်း ကြားဖြတ် ဝင်တုန်းက ဟစ်ကြွေးခဲ့တဲ့
၃ ချက်ထဲက တချက်ပါ)စတာတွေအပြင် ပါတီရဲ့နိုင်ငံခြားရေးပေါ်လစီကို ပါ တိတိကျကျရှင်းရှင်းလင်းလင်း
ပြော ပြနိုင်ရင်အလွန်ကောင်းမှာပါ။ စစ်အုပ်စုရဲ့ နိုင်ငံကြီးတွေကြားနဲ့ ဒေသတွင်းနိုင်ငံရေးကစားကွက်ဟာ
အန္တရာယ်တွေကိုလက်ယပ်ခေါ် နေတာမို့ အင်န်အယ်လ်ဒီရဲ့နိုင်ငံခြားရေးေ ပ်ါလစီဟာ
ခုချိန်မှာ လူထုအသိချင်ဆုံးအရာတွေထဲကတစ်ခြု ဖစ်သလို ပြောပြရမယ့်ကိစ္စလည်း ဖြစ်တယ်လို့ ယုံပါတယ်။
ဘယ်လိုရန်အရှာခံရတာမျိုးမှ မကြုံရပါစေနဲ့၊ အန္တရာယ်များလည်းကင်းပါစေ၊ သွားလမ်းသာလို့
လာလမ်းများလည်း ဖြောင့်ပါစေ။
(ရခိုင်ခရီးကိစ္စ)
မင်းကိုနိုင်ဖို့ရေးတဲ့စာ (မျိုးမြင့်ချို)
၂ဝ၁၄ ဇန်နဝါရီ ၂၇
သူတို့ စာရေးဆရာလိုလို အနုပညာသမားလိုလို လုပ်နေပြောနေတာတွေကြိုက်သလားဆို တော့
မကြိုက်ဘူး။ ဘာလို့လဲဆို သူတို့ အဓိကလုပ်ရမယ့်အလုပ်ဟုတ်တယ်လို့ မထင်လို့ပဲ။ ပြီးတော့
အဲ့ဒီနေရာမှာ သူတို့ကို ကြိုက်စရာအကွက် မမြင်လို့ပဲ။ သူတို့အစွမ်းပြစရာ နေရာမှ မဟုတ်ပဲ။
မင်းကိုနိုင်ရေးတာမဟုတ်ရင် "နောက်ကြည့်မှန်"ဖတ်မယ့်သူ ဘယ်နှယောက်ရှိမလဲ။
စင်မှားတက်မိပြီး ပြန်ဆင်းရ ခက်နေတယ်လို့လည်း မထင်ဘူး။
တက်ချင်လို့ကို တက်နေကြမှန်းသိသာတယ်။ ကိုယ့်ဘာသာစင်ထိုးပါလားလည်း မပြောအားဘူး။ အင်န်ဂျီအိုဆိုတာ
စင်ထိုးလို့မရမှန်းသိနေနှင့်ပြီးသား။ ကျွဲကူးရေပါလို့ဆိုရအောင်လည်း ကျွဲကကျွဲ ရေကရေ
သတ်သတ်စီဖြစ်နေတယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့၊ ကိုယ်နဲ့တခေတ်တည်းအပြိုင်ဖြတ်ခဲ့ ဖူးတဲ့မင်းကိုနိုင်ကို
တချိန်ချိန်မှာ ကိုယ့်ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်အဖြစ်ပဲ မြင်ချင်တာ။ နိုင်ငံရေးလုပ်နေလို့
စာမရေးရဘူး အနုပညာ ဝါသနာမပါရဘူးလို့ ဘယ်နိုင်ငံရေးကျင့်ဝတ်စံကမှမဆို သလို “နိုင်ငံရေးကနားမှ
စာရေးမယ်”ဆိုတာလည်း တစ်ဦးချင်းဆိုင်ရာဆုံးဖြတ်ရွေး ချယ်မှုပဲ။ လုပ်မိလုပ်ရာလျှောက်လုပ်နေတာမဟု တ်မှန်းတော့
သိတယ်။ ဒါပေမယ့် ဘာလုပ်မယ်မှန်းမသိတော့ ဘာလုပ်နေမှန်းကိုမသိဘူး။ တိတိကျကျပြောရရင် ဟိုပန်မှာ
ဗြောင်ကျကျ သံပုံးတီးသလိုလို တောခြောက်သလိုလို အလုပ်ခံရပြီးကတ ည်းက ဒီလူတွေ လူကြားထဲကထွက်ပြီး
စင်ပေါ်တက်သွားတာလို့မြင်တယ်။ နိုင်ငံရေးက လမ်းမတွေကနေ ဟိုတယ်လ်ပေါ်တက်သလို တက်နည်းကားများလား။
တက်ပြီးရင် ဆင်းတော့ဆင်းရမှာပဲ။ ဘယ်လိုဆင်းမလဲ။ ခု စင်ပေါ်မတက်နဲ့ပဲပြောသေးတာ နောက်ဆို
စင်ပေါ်ကမောင်းမချဘူးလို့ ခင်ဗျားပြောနိုင်မလား။ ခုလိုပြောလို့ “ခင်ဗျားပြောတာ ကျနော်
သဘောမတူဘူး ဒါပေမယ့်ခင်ဗျားလွတ်လပ်ခွင့်ကို တော့ အသက်ပေးကာကွယ်မယ်တို့ ဒီမိုကရေစီပဲ..ခင်ဗျားမှာလည်း
လွတ်လပ်ခွင့် ရှိပါတယ်"တို့ဆိုတဲ့ကလီရှေးတွေနဲ့ သဘောထားအကြီးပြတတ်သလို မဆိုလေနဲ့။
လက်တွေ့မှာ လူတိုင်း"ဘက်" ရှိတယ်၊ ဘက်လိုက်တယ်။ ကျနော် အေးဆေးတည်ငြိမ်ပြီး
ဖြူစင်ဖြောင့်မတ်တဲ့ကျောင်းသားေ ခါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အနာဂတ်နိုင်ငံရေးသမား
မင်းကိုနို င်ဘက်က လိုက်တယ်။ စာရေးဆရာ “ဆရာမင်းကိုနိုင်”လို့ခေါ်တဲ့ဘက်မှာ ကျနော်
ဘယ်တော့မှမရပ်ဘူး။
သူတို့ စာရေးဆရာလိုလို အနုပညာသမားလိုလို လုပ်နေပြောနေတာတွေကြိုက်သလားဆို
(စာရေးဆရာမင်းကိုနိုင်ကိစ္စ)
သင်္ကန်းခြုံအလဇ္ဖီဘိက္ခု(တချို့)နဲ့  စစ်အာဏာရှင်တွေဟာ
Sadist လင်နဲ့ Masochist မယားလိုဖြစ်နေတယ်။ အရပ်ထဲပြောကြသလို ”အရိုးကွဲအောင်ရိုက်မှ
အသည်းစွဲအောင်ချစ်” ခတ်ဆန်ဆန်ပဲ။ ဆာ့ဒစ်လင်က သူတပါးနာကျင်အောင်လုပ်ပြီးမှ သာယာစိတ်နဲ့လိင်စိတ်ထကြွ၊
မဆိုးခေတ်စ်မယားက အသားနာမှသာယာပြီး လိင်စိတ်နိုးကြား။ နှစ်ယောက်လုံးအလိုပြည့်တော့ မယားကိုယ်ကဒဏ်ရာကို
ပရုပ်ဆီလေး ပွတ်ပေးလိုက် ဇက်ကြောလေးဆွဲပေးလိုက်၊ အနာဖြေကြ အလွမ်းဖြေကြ။ အာသာပြေကြ။
နောက်တစ်ကြိမ် ရမ္မက်မီးအတွက်လက်သီးပြင်ကြ ပါးပြင်ကြ။ ဘုမသိဘမသိ ဘေးလူတွေက မယားဘက်ကဝင်နာလိုက်
လင်ကိုဆဲလိုက် ဟိုမှာတော့ နှစ်ကိုယ်တူချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံး။
(၉၆၉ နဲ့ အစိုးရကိစ္စ)
”ဝီရသူ”ကို ဝီရသူမခေါ်လို့ ဘာခေါ်ရမလဲ။ ဆရာဝီရသူလို့
ခေါ်စေ့ချင်သလား။ ဗမာပြည်မှာ လူထုအတွက်အတွေးအခေါ်၊ အနုပညာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုစတာတွေမှာ
အကောင်းတွေချည်းလုပ်လို့ အသတ်မှတ်ခံချီးကျူးဂုဏ်ပြု ဦးထက်အတင်ခံခဲ့ရတဲ့ ခံနေရတဲ့ စာရေးဆရာကြီးတွေကိုတောင်
သူတို့ကလောင်အမည်ရှေ့မှာ ”ဦး”တပ်ခေါ်ရတာမဟုတ်ဘူး။ ဝီရသူဆိုတာ ကလောင်အမည်ပဲ။ ကလောင်မှာမှ
ကလောင်ဆိုး-ကလောင်ယုတ်ပဲ။ အမုန်းမီးတိုက် အာဃာတတရားဖြန့်ချိ အကြမ်းဖက်မှုမှာမွေ့လျော်တဲ့
သင်္ကန်းခြုံအလဇ္ဖီဘိက္ခုပဲ။ ဒီလို ကလောင်ကို ဆရာတပ်ခေါ်ဖို့ဆိုတာ နှုတ်အာ”သန”တယ်။ ဝီရသူလို့ခေါ်တာတောင်
အားနာဖို့သင့်လှပြီ။ ဒီ့ထက် ”ကမ်းတက်”လာရင်တော့ (လူ-ကလောင်မကွဲတဲ့ကိစ္စ)
တနေ့က တူမချော ကျောင်းပြန်လာချိန်
သူတို့အိမ်ရောက်တယ်။ အိမ်ထဲဝင်ဝင်းချင်း ကျနော့်မြင်တော့ ဘဘဆိုပြီး
ကျောပိုးအိပ်လေး လွှတ်ချတဲ့ကာ အနားပြေးလာပြီး နမ်းတယ်။ သမီးဒီနေ့လည်း အစိမ်းရတယ်လို့
ဝမ်းသာအားရဆိုကာ နေ့စဉ်ကျောင်းစာနဲ့အခြားကိစ္စများ အဆင့်ကောင်းမွန်မှုအခြေပြအရောင်ကို
ပြောတယ်။ ပြီးတော့ သူဆွဲထားတဲ့ပုံတွေ ထုတ်ပြတယ်။ နောက်ဆုံးကျမှ ဒီမှာကြည့် ဒါ
အတန်းထဲက သမီးသူငယ်ချင်းတွေဆိုကာ ဓါတ်ပုံထုတ်ပြရင်း ပါးစပ်ကနေ
တစ်ယောက်ချင်းအမည်လေးတွေရွတ်ကာရွတ်ကာ၊ လက်ညှိုးလေးထောက်ကာ ထောက်ကာနဲ့။
သမီးအချစ်ဆုံးသူငယ်ချင်းကောင်လေးက သူဆို ထောက်ပြတော့ ဖြူဖြူလေး။ သမီးအချစ်ဆုံးသူငယ်ချင်းကောင်မလေးက
သူဆို ထောက်ပြတော့ ညိုညိုလေး၊ သမီးရဲ့အကောင်းဆုံးသူငယ်ချင်းမက သူဆို ထောက်ပြတော့
မဲမဲလေး။ သမီး သူတို့ကို ချစ်လားဆိုတော့ “ချစ်တာပေါ့..ဘဘကလည်း”ဆိုပြီး ပြုံးနေတယ်။
ကလေးတွေကြည့်လိုက်တော့ အသွေးစုံ၊ သဏ္ဍန်စုံ၊ ရုပ်လက္ခဏာစုံလေးတွေ။ အဖြူ၊ အမည်း၊ အညို၊
အဝါလေးတွေ။ ဆင်ယင်မှုကြည့်ပြန်တော့ ဘာသာစုံဖြစ်မှန်းလည်းပေါ်တယ်။ ဘယ်သူ
ဘာလူမျိုးမေးလည်း တူမချောက သိနိုင်မယ့်အရွယ်မဟုတ်တော့ မေးမနေတော့ဘူး။ ဘယ်ဘာသာကတော့
မေးလို့ကိုမဖြစ်ချေဘူး။ ဒီမှာ မှတ်ပုံတင်ကအစ ဘာ ဘာသာလို့ မထည့်ရသလို၊
ရုံးပြင်ကန္နား၊ အစိုးရကိစ္စနဲ့ အခြားဘာကိစ္စသွားသွား ဘယ်သူမှ မမေးဘူး။ မပြောရဘူး။
ပြောစရာလိုတဲ့ကိစ္စလို့ကို သဘော မထားဘူး။ လူတစ်ယောက်ယောက်ကို ခင်ဗျား ဘာ
ဘာသာဝင်လဲလို့သွားမေးလို့ အမေးခံရသူကမကျေနပ်ရင် တရားပါအစွဲခံရတဲ့ တိုင်းပြည်ပဲ။
တူမချောကျောင်းမှာ လူမျိုးစုံ ဘာသာစုံကလေးတွေ ပညာအတူသင်နေကြတယ်။ မတူတဲ့အစားတွေ
အတူစားလို့၊ မတူတဲ့အဝတ်တွေ အတူဝတ်လို့၊ မတူတဲ့ယဉ်ကျေးမှုတွေ အတူယဉ်ကျေးလို့။
မတူတဲ့ကလေးတွေ အတူတူချစ်လို့ခင်လို့ တွယ်တာလို့။ (တူမချောရဲ့ကျောင်းခရီး)