Friday, October 26, 2018

မရည်ရွယ်ရင် မရေးတာကောင်းတယ်(မျိုးမြင့်ချို)

0 comments
မရည်ရွယ်ရင် မရေးတာကောင်းတယ်(မျိုးမြင့်ချို)

ကိုယ်ရေးလိုရာကို ရေးလိုက်တယ်၊ စာလည်းဆုံးရော ဟိုလူ့မရည်ရွယ်ပါ ဒီလူ့မရည်ရွယ်ပါဆိုတာ ဘာပြောတာလဲမသိဘူး၊ ရေးမှတော့ ရည်ရွယ်ပြီး ရည်ရွယ်ချက်ပါပါ ရေးကြတာမဟုတ်လား။ ရေးမှတော့ လက်ခုပ်သံနဲ့အထောက်အခံချည်းပဲ မျှော်လို့ဖြစ်ပါ့မလား။ အဆန့်ကျင်နဲ့ အဆဲအဆိုလည်းခံရမှာပေါ့။ ဒီ ဟိုလူ့မရည်ရွယ်ပါ ဒီလူ့မရည်ရွယ်ပါဆိုတာ လိပ်ပြာမလုံ စိတ်မသန့် ဝိညာဉ်မလှတဲ့အခံက ထွက်လာတာပါ။ ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ်အသိ ကိုယ့်အယူအဆကို ကိုယ်ပြန်ပြီးသံသယဝင်ရာက ယုံကြည်မှုအပြည့်မရှိရာက စတာပါ။

ရေးကြပါဗျ ရဲရဲတင်းတင်း။
ရေးကြစမ်းပါဗျ ရည်ရွယ်ချက်ပါပါ။
ရေးကြစမ်းပါဗျ သတ္တိရှိရှိ၊
ရေးကြစမ်းပါဗျ လက်ခုပ်သံနားထောင်ရင်း၊
ရေးကြစမ်းပါဗျ ဆဲသံဆိုသံပလူပျံတွေ ကြားနာရင်း
ရေးကြစမ်းပါဗျ ထောက်ခံသူ ဆန့်ကျင်သူတွေ တွေးစရာရအောင်၊
ရေးကြစမ်းပါဗျ သာစေနာစေဆိုတဲ့စေတနာရှေ့ထားပြီး၊
ရေးကြစမ်းပါဗျ ဘက်လိုက်မှုနဲ့ တင်းတင်းရင်းရင်း။

စာကြွင်းလေးနဲ့ ဟိုလူဒီလူမရည်ရွယ်ပြောပြီးတော့ ရည်ရွယ်တဲ့သူတွေအတွက် ဘာအကျိုးမှမရှိရင် ဘာစာမှမရေးတာ ပိုကောင်းပါတယ်။ ဖတ်သူလည်း မျက်စိမညောင်း ကိုယ်လည်းစိတ်မညောင်း လက်မညောင်းဘူးပေါ့။ အကျိုးရှိတဲ့စာတိုင်းမှာ ရည်ရွယ်ပြီးတွေးတဲ့အတွေးက ခံပြီးသား၊ ရည်ရွယ်ချက်က ပါပြီးသား၊ ရည်ရွယ်သူက ရှိပြီးသား၊ စာထဲမှာပေါ်ပြီးသားပါ။ ဒါဆို မလုံမလဲ ဘာဖြစ်စရာလိုဦးမလဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၂၅၊ ၂ဝ၁၈)

0 comments:

Post a Comment