Thursday, November 26, 2015

အမျိုးသားလုံခြုံရေး ဆိုရာဝယ် (National Security)

0 comments
(မိတ်ဆွေတဦးက မေးလ်ထဲလှမ်းပို့လို့ဖတ်ပြီး စိတ်ဝင်စားစရာ တွေးဆစရာတွေရတာနဲ့ ပြန်တင်လိုက်တာပါ။ ဘယ်သူရေးမှန်းမ သိသေးပါ။ မေးထားပါတယ်။ သိတာနဲ့ ဆာင်းပါးရှင်အမည်နဲ့တကွ ပြန်ဖော်ပြပါ့မယ်။ မိတ်ဆွေတို့ သိထားပြီးဆိုလည်း ပြောပြပေးစေချင်ပါတယ်။ ကျနော်ကတော့ ခင်မမျိုးမျိုးလို့ထင်ပါတယ်) အမျိုးသားလုံခြုံရေး ဆိုရာဝယ် (National Security) (စကားချီး- အမျိုးသားလုံခြုံရေးဆိုတဲ့စကားလုံးကို အသုံးပြုပြီး၊ စစ်အာဏာရူးတွေဟာ ပြည်သူတွေကို ဖိနှိပ်ခဲ့ကြတယ်။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတဲ့ ကာလုံကို အသုံးပြုပြီး၊ အတုအယောင်...

“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”

0 comments
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်)“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့၂ဝ၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့လည်း စိတ်ဝင်တစားစောင့်ကြည်ခဲ့ပါတယ်။အုပ်စိုးသူတွေဘက်က ဒီအဆင့်မှာ အရေးနိမ့်သွားပါပြီ။ ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီနဲ့အစိုးရ ရှုံးနိမ့်သွားသော်လည်း၂ဝဝ၈ ခြေ/ဥ အောက်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ဗျူရိုကရေစီယန္တရားက မပျက်မစီးတည်ရှိနေပါသေးတယ်။ သူတို့ဘာတွေ လုပ်လာနိုင်စရာတွေ ရှိသေးလဲ။...

Friday, November 20, 2015

ဝေါ်ရှင်တန်ပို့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး

0 comments
(တချို့ကိစ္စနေရာမယ် ကိုယ့်ရပ်ခံချက်နဲ့မဟပ်တောင် အစပ်တည့်မတည့် မြည်းတော့ကြည့်စေ့ချင်) ဝါရှင်တန်ပို့စ် သတင်းစာက သတင်းထောက် Lally Weymouth နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ တာကို မြန်မာဘာသာနဲ့ပြန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။ (Kamayut Media) မှတဆင့်ကူးယူဖော်ပြပါသည်။ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည် - တစ်နိုင်ငံလုံးမှာ အနိုင်ရခဲ့တာကို အံ့သြလား။ မအံ့သြပါဘူး။ ပြည်သူလူထုရဲ့ထောက်ခံမှုကို ကျမတို့ရရှိထားတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ပုံမမှန်တဲ့ကိစ္စတွေအများကြီး ရှိခဲ့တဲ့အပေါ်...

Thursday, November 12, 2015

ထားထားပြီးတွေးမိတာ (မျိုးမြင့်ချို)

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ထားထားပြီးတွေးမိတာ (မျိုးမြင့်ချို) အင်န်အယ်လ်ဒီအနေနဲ့ လွှတ်တော် ၂ ရပ်ကနေ ဒုသမ္မတလောင်း ၂ ယောက်တင်နိုင်ရုံမက လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ နိုင်ငံတော်အဆင့်ကော်မတီတွေ/ကော်မရှင်တွေမှာလည်း ဦးစီးခွင့်ရတဲ့အပြင် သမ္မတအရည်အချင်းစစ်အဖွဲ့မှာဆုံးဖြတ်နိုင်ဖို့၊ ဖွဲ့စည်းပုံကြီးပြင်နိုင်ဖို့...

Tuesday, November 10, 2015

ဒေါ်စုတရားခံမဟုတ်ပါ (မျိုးမြင့်ချို)

0 comments
ကျမက သမ္မတအထက်မှာနေမှာဆိုတဲ့စကားကို ဒေါ်စု ဘာရည်ရွယ်ချက်နဲ့ လူသိရှင်ကြားပြောခဲ့သလဲကို ကျနော်သဘောမပေါက်ပါ။ သူ မပြောလည်း သူဟာ အင်န်အယ်လ်ဒီရဲ့ Policy Maker and Decision Maker မှန်း လူတိုင်း သဘောပေါက်ပါတယ်။ နောက်တချက်က ပါတီခေါင်းဆောင်တိုင်း သမ္မတတွေဝန်ကြီးချုပ်တွေမလုပ်ကြ မဖြစ်ကြဦးတောင် သူ့ပါတီကဖြစ်သွားတဲ့ သမ္မတ/ဝန်ကြီးချုပ်၊ သူ့ပါတီအစိုးရစတာတွေဟာ မိခင်ပါတီရဲ့ဦးဆောင်မှု လမ်းညွှန်မှု ပေါ်လစီတွေကိုအကောင်အထည်ဖော်ရုံတင်မက ပါတီရဲ့စည်းမျဉ်းစည်းကမ်း အထက်အောက်နာခံမှု တာဝန်ခံမှုတာဝန်ယူမှုတွေရှိကြရစမြဲပါ။ ဒေါ်စု ဘာလို့...

ဦးကြည်မောင်၊ နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို) ၂ဝ၁၃ ဇန်နဝါရီ ၂ ရက်

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ဦးကြည်မောင်၊ နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို) ၂ဝ၁၃ ဇန်နဝါရီ ၂ ရက် မနေ့က (ဆရာ)ဇော်ဇော်အောင်၏ “ကျနော်သဘောမတူပါ”ကိုဖတ်နေရင်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစအချိန်ကို စိတ် ပြန်ရောက်၏။ ထိုကြားဖြတ်ရွေးပွဲပြီးစက မိတ်ဆွေတစ်ဦး၏ မေးပြောပြောသည့်စကားကိုလည်း ပြန်တွေးမိ၏။ ထိုမိတ်ဆွေက...