(မသိတာကောင်းတယ်..တဲ့)
မိမိအား တယောက်ယောက်ကကြည့်နေသည်ဟု စိတ်အမှတ်ဖြစ်ကာ လှည်ကြည့်လိုက်တိုင်း
တယောက်မဟုတ်တယောက်က တကယ့်ကို စူးစူးစိုက်စိုက်ကြည့်နေတာနှင့်
မျက်လုံးချင်းပက်ပင်းတိုးမိသည်ကို လူတိုင်းဘဝ၌ တကြိမ်မဟုတ်တကြိမ်တော့
ကြုံဖူးကြလိမ့်မည်ထင်ပါသည်။ ထိုသို့တိုးမိကြသည့်အခိုက်အတန့်၌
အခြားသူများစိတ်တွင် မည်သို့နေမည်ကို မပြောတတ်သော်လည်း ကျနော့်စိတ်တွင်ကား
မလုံမလဲဖြစ်တာ လိုလို ရှက်ရွံ့သိမ်ငယ်တာလိုလို ဖြစ်ပါသည်။ ဘာကြောင့်
ထိုသို့ခံစားမှမှန်းတော့ ခုထိမသိသေးပါ။ ဤနေရာတွင် ကျနော်ပြောသည့်
မလုံမလဲစိတ်ဆိုသည်မှာ...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
က်ေနာ္စာသင္ေနတာပါ
Blog Archive
-
▼
2020
(292)
-
▼
February
(47)
- (မသိတာကောင်းတယ်..တဲ့)
- စစ်အုပ်စု နံပတ်ဝမ်းရှောင်တဲ့အလုပ်
- (တတ်သိပညာရှင်များသို့)
- (လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)
- (ပူးပေါင်းကြံစည်မှု)
- (ဖန်တီးသူ)
- (ကြက်ဥရေခဲကပ်)
- (ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ...
- (ယူနီကုဒ်ခြင်း)
- (We stand က ရွေးကောက်ပွဲအထိ ဆက် with မယ့်သဘောလား)
- (သိပ္ပံမောင်ဝ ခုလိုဆုံးပါးပါတယ်)
- (မှားရင် ပြင်ပေးကြပါ)
- (စပရင်းရိုးလ်)
- (ရွေးကောက်ပွဲ)
- ပုန်ကန်ခြင်းဟူသည်မှာ ဆရာလွန်း ( သခင်ကိုယ်တော်မှိုင...
- (ပြီးပြီလား မပြီးသေးဘူးလား)
- ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နို...
- ခွေးစကား
- သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ
- (လျှာနှစ်ခွနဲ့လူတွေ)
- (သူ့အတွေးနဲ့သူ)
- (ကြိုက်လုံးပစ်တဲ့နောက်လိုက်ရင်...)
- (နေကောင်းအောင် နေရတာ)
- လဒလောက်တော့ ငှက်တိုင်းလှပါတယ်
- (လူပေါင်စာချုပ်များ) နိဂုံးချုပ်အပိုင်း
- (လူပေါင်စာချုပ်များ) စတုတ္ထပိုင်း
- (ဆံပင်ရှည်ရှည် မုတ်ဆိတ်တွေနဲ့ ညှဉ်းသိုးသိုးကြီးပေါ့)
- (လူပေါင်စာချုပ်များ) တတိယပိုင်း
- လူပေါင်စာချုပ်များ(၂)
- (လူပေါင်စာချုပ်များ)
- “တောင်းပွဲ တိုက်ပွဲ”
- ၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ
- မန္တလေးတက္ကသိုလ်ရက်စဉ်သမိုင်း (၁၉၄၉). . . . .
- (လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)
- အတည်ပြောတာပါ
- (စိတ်နေစိတ်ထား)
- (သမတလောင်းလေး ဘုတီဂျဂ်)
- (ဦးနုကို သိန်းဖေမြင့် အတင်းချခြင်း)
- (လုပ်နိုင်စွမ်း ပါးလျားလာတဲ့အခါ)
- (ရေချိန်အလိုက် ဖော်ပြချက်)
- (မျက်စေ့တဘက်သာ ဖွင့်ခိုင်းသူများ)
- (ပထမ ကမ္ဘာစစ်က ဘိုနံမည်)
- (ချစ်သူ့မြေဇာ)
- (ဘာလို့ ဒါကိုဖျောက်တာလဲ)
- (ဗစ်တိုးရီးယားကို နိုင်ငံရေး လုပ်လို့ရ မရ)
- (တလျှောက်လုံး ကောင်းပေမယ့်)
- မှိုင်းနှင့် ဗန်းမော်တင်အောင် မောင်မောင်အေး (စစ်ကိ...
-
▼
February
(47)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Saturday, February 29, 2020
Wednesday, February 26, 2020
စစ်အုပ်စု နံပတ်ဝမ်းရှောင်တဲ့အလုပ်


စစ်အုပ်စု နံပတ်ဝမ်းရှောင်တဲ့အလုပ် (၁) က သတင်းစာရှင်းလင်းပွဲပဲ။
ဗိုလ်နေဝင်းမလုပ်ခဲ့သလို ဗိုလ်စောမောင် ဗိုလ်သန်းရွှေတို့လည်းမလုပ်ဘူး။
ဗိုလ်သန်းရွှေကတော့ ရှေ့ကလူတွေလိုတောင် သောင်စဉ်ရေမရ
မိန့်ခွန်းရှည်မပေးဘူး။
(၂) ၁၉၆၂ အာဏာသိမ်းပြီးစက ဗိုလ်အောင်ကြီးပက
သူ့အကြံနဲ့သူ ဗိုလ်နေဝင်း “သတင်းစာရှင်းလင်းပွဲ”လုပ်ဖို့ သတင်းစာဆရာတွေကို
ဖိတ်တယ်။ ဗိုလ်နေဝင်းက မတတ်သာလို့ အဲ့ဒီအစည်းအဝေးလာတယ်။
သတင်းစာဆရာတွေရဲ့ရှေ့မှာ သူ့လူတွေကို ဘာကြောင့် “သတင်းစာရှင်းလင်းပွဲ”
လုပ်ရတာလဲလို့ကြိမ်းမောင်းတယ်။ နောက်တော့
ဆောင့်ကြီးအောင့်ကြီးနဲ့...
(တတ်သိပညာရှင်များသို့)


(တတ်သိပညာရှင်များသို့) တချို့ တိုင်းပြည်နဲ့ချီပြီး
အရေးကြီးတဲ့ကိစ္စမျိုးတွေမှာ တတ်သိပညာရှင်တွေအနေနဲ့ မီဒီယာတွေရဲအမေးအထိကို
စောင့်မနေတော့ပဲ မိမိတို့မှာရှိထားပြီးသား အခိုင်အမာ အချက်အလက်တွေနဲ့
အသစ်ထပ်မံရရှိတဲ့သတင်းတွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်အမြင်ကိုယ့သဘောထား
ကိုယ့်အယူအဆ ကိုယ့်ကေက်ချက်ဆွဲမှု စတာတွေကို လူထုကိုအသိပေးနိုင်ရင်
ကောင်းမယ်လို့ထင်ပါတယ်။
ဒီခေတ်လို လူမှုကွန်ရက်တွေ
ပလူပျံနေတဲ့ခေတ်မှာ တခါတလေမှာ မီဒီယာကြီးတွေဟာ အချိန်နဲ့တပြေးညီစီးဆင်းဖို့
ခက်ခက်လာနေတာပါ။ သူတို့မှာက သူတို့အကန့်အသတ်တွေကလည်း
...
(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)


(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့) တရုတ်မှာ
တောတွင်းသတ္တဝါကြီးငယ်တွေနဲ့ တိရိစ္ဆာန်အကောင်ပလောင်လေးတွေ ဖမ်းဆီး သတ်ဖြတ်
စားသောက် မွေးမြူ ရောင်းဝယ်ဖေါက်ကားတာတွေကိုမလုပ်ကြဖို့
တားမြစ်လိုက်ပြီလို့ကြားရပါတယ်။
ဗမာပြည်မှာလည်း ဘာကောင်းတယ်
ညာကောင်းတယ်တွေပြောပြီး အင်းဆက်မျိုးစုံ အကောင်ပလောင်မျိုးစုံ
စားသောက်နေသူတွေ ရှိပါတယ်။ တကယ်ငတ်လို့ ပုရစ်လှော် လေးငါးကောင်နဲ့
ထမင်းတနပ်ပြီးရသူတွေ ကြွက်ကင်တဖဲ့နဲ့ ဝမ်းမီးငြှိမ်းရသူတွေကတော့
တမျိုးဖြစ်မှာပါ။ လူဟာ တကယ်ငတ်လာရင် အကုန်စားရပါတယ်။ တကယ်မငတ်ပဲ လျှာအယားဖြေဖို့
...
Monday, February 24, 2020
(ပူးပေါင်းကြံစည်မှု)


(ပူးပေါင်းကြံစည်မှု) စစ်ပွဲတွေရပ်ဖို့နဲ့ အင်တာနက်ဖြတ်တောက်ထားတာ
ပြန်ဖွင့်ပေးဖို့ ရခိုင်မှာ ရခိုင်မျိုးဆက်သစ်လူငယ်တွေနဲ့
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ တောင်းဆိုနေတယ်။ ရခိုင်ပြည်ကစစ်ကို
ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ စစ်အုပ်စုက ပေါင်းတိုက်နေတာဖြစ်တယ်။
အစိုးရတာဝန်ခံပြီး အမိန့်ပေးပြီး တိုက်တာမဟုတ်ဘူး။ အစိုးရမှာ စစ်အုပ်စုကို
အမိန့်ပေးဖို့နေနေသာသာ ကလန်ကဆန်လုပ်မိရင်တောင် မစို့မပို့အာဏာလေး
ကတိမ်းကပါးဖြစ်သွားနိုင်တယ်။ နောက်ပိုင်းမှာဖြစ်လာတဲ့ ရခိုင်ထိုးစစ်ဟာ
စစ်အုပ်စုနဲ့စုအုပ်စုရဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်။...
(ဖန်တီးသူ)


(ဖန်တီးသူ)
(ကြက်ဥရေခဲကပ်)


(ကြက်ဥရေခဲသကြားကပ်)
ရာသီအေးတာရော ပျင်းတာပါစွက်ပြီး ကြက်ဥ ၂ ရက် မကောက်ဖြစ်ခဲ့။ သည်မနက်တော့
အစာခွက်ရေခွက်လေးတွေ သန့်ရင်း ကြက်ဥပါ ကောက်ခဲ့၏။ ကြက်တွေက
အိပ်တန်းမဆင်းသေး။ နိုးတော့ နိုးနေကြပြီ။ ကျနော့်မြင်တော့ ကြက်ဖကြီးက
အိပ်တန်းထက်က လှမ်းနှုတ်ဆက်သယောင်ယောင် အိပ်ချင်မူးတူးနှင့်
အောက်အီးအီးအွတ်ဟု ခတ်တိုတို တချက်တွန်၏။ သူ ပုံမှန်တွန်လျှင်
သံရှည်ဆွဲတွန်ကာ နှုတ်ဆက်သလိုဆိုလျှင်ကား သံပြတ်။ ကြက်မတွေကတော့ ကတွတ်
ကတွတ်နှင့် တကောင်တချက်စီ ခတ်သာသာမြည်ပြီး ရေခွက်တွေဆီ ဆင်းလာကြ၏။
မနက်စောစော ရေကြည်ကြည်သန့်သန့်...
Friday, February 21, 2020
(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ)


(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ)
ဗမာပြည်သည် ၁၈၂၄ ခုနှစ်မတိုင်မီက
လွတ်လပ်သောပဒေသရာဇ်မြေရှင်စနစ်တိုင်းပြည် တပြညဖြစ်ခဲ့သည်။ ၁၈၈၅
ခုနှစ်နောက်ပိုင်းတွင်မူ ဗမာတပြည်လုံးသည် လုံးဝကိုလိုနီနိုင်ငံဘဝသို့
သက်ဆင်းခဲ့ရသည်။
ထိုကာလအတွင်း ဗမာပြည်သူများ၏အရေးတော်ပုံတွင်
အဓိကတောင်းဆိုချက်မှာ သူ့ကျွန်ဘဝမှလွတ်ေမြာက်ရေး၊ တနည်းအားဖြင့်
ကိုလိုနီစနစ်ဖျက်သိမ်းရေးပင် ဖြစ်သည်။
ထိုအရေးတော်ပုံကို ၁၉
ရာစုကုန်ခါနီးနှင့် ကုန်ပြီးနောက်နှစ်တချို့အတွင်း
ပဒေသရာဇ်မင်းညီမင်းသားများက ဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့ကြသည်။...
(ယူနီကုဒ်ခြင်း)


(ယူနီကုဒ်ခြင်း) ကျနော် သင်းတို့ဟာသင်းတို့ ယူနီပဲကုဒ်ကုဒ်
ကူလီပဲလုပ်လုပ်ငါကတော့ ဇော်ဂျီနဲ့ခရီးသွားနေဦးမှာလို့ လို့
ပြောခဲ့ဖူးပါတယ်။ မှတ်မိသူတွေ မှတ်မိကြလိမ့်ဦးမှာပါ။ ခု ကျနော်
ယူနီကုဒ်စနစ်ဖောင့်တွေ ပြောင်းသုံးနေပါပြီ။ သုံးရတာက လွယ်ကူတာမကူအဓိက
ဖြစ်တာကြောင့်တော့(ခုထိ) မဟုတ်သေးပါ။ ကျနော့်အတွက်
ယူနီကုဒ်စနစ်နဲ့စာရိုက်ရတာ (ခုထိ)ဇော်ဂျီနဲ့ရိုက်သလောက် အဆင်မပြေသေး
လက်မသွက်သေး ပုံကျပန်းကျမရှိသေးပါ။ ဒါပေမဲ့ ကျနော် ကြိုးစားပမ်းစား
စာရိုက်လေ့ကျင့်နေပါတယ်။ လက်ကွက်တွေ အသေမှတ်နေပါတယ်။ လက်ဆယ်ချောင်း
ရှိသူတွေတောင်...
(We stand က ရွေးကောက်ပွဲအထိ ဆက် with မယ့်သဘောလား)


(We stand က ရွေးကောက်ပွဲအထိ ဆက် with မယ့်သဘောလား) ဒုတိယအကြိမ်
ထောင်ကလွတ်တော့ လူမြင်ကွင်းတိုင်းမှာ တို့တာဝန်အရေးသုံးပါးတို့ ဘယ်သူခွဲခွဲ
တို့မကွဲ အမြဲစည်းလုံးမည်တို့။ တပ်မတော်သာအမိ တပ်မတော်သာအဖတို့။
ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်နေကြသော ပြည်တွင်းပြည်ပ
အဖျက်သမားဟူသမျှ ဆန့်ကျင်ကြ၊ တပ်မတော်ဖြိုခွဲသူ တို့ရန်သူတို့ စတဲ့
ဒီမိုကရေစီအင်အားစုတွေကို အတိအလင်းစစ်ကြေညာတဲ့ ဆိုင်းဘုတ်ကြီးတွေ
ထိုးထိုးထောင်ထောင် တွေ့ရပါတယ်။ စိတ်ထဲ အတော်လည်း မခံချင်ဖြစ်မိသလို
အံတကြိတ်ကြိတ် တက်တခေါက်ခေါက်လည်း နေရပါတယ်။...
(သိပ္ပံမောင်ဝ ခုလိုဆုံးပါးပါတယ်)


(သိပ္ပံမောင်ဝ ခုလိုဆုံးပါးပါတယ်) ၈ လပိုင်း ၇ ရက် ၁၉၄၂ ခုနှစ်ထုတ်မြန်မာ့အလင်းသတင်းစာတွင် သိပ္ပံမောင်ဝကွယ်လွန်ကြောင်း အောက်ပါအတိုင်းပါရှိပါသည်။
ဦးစိန်တင်(သိပ္ပံမောင်ဝ)နှင့် ဦးဘသန်း ဓားပြလူဆိုးများလက်ချက်ဖြင့်
သေဆုံးနေပုံ(ကျွန်ုပ်တို့ အထူးသတင်းထောက်ထံမှ) အိုင်စီအက်စ်ဦးစိန်တင်နှင့်
ကန့်ဘလူနယ်ပိုင်ဝန်ထောက်ဟောင်းဦးဘသန်း(နှုတ်ခမ်းမွှေးဦးဘသန်းမဟုတ်)
၎င်း၏ဇနီးပါ ဓားပြများက သေနတ်ဖြင့်ပစ်သတ်ပြီးသွားသည့်သတင်းကို
ကျွန်ုပ်တို့သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။
သတင်းအကျယ်မှာ
ဦးစိန်တင်အား အိန္ဒိယသို့ခေါ်ရန်...
(မှားရင် ပြင်ပေးကြပါ)


(မှားရင် ပြင်ပေးကြပါ) ကျနော် အရင်တုန်းက စာဖတ်ရင် ဘေးမှာ
စာရွက်ဘောပင်န်ချထားပြီး ကိုယ်ကြိုက်တဲ့စကားလုံးလေးတွေ
အသုံးအနှုန်းလေးတွေတွေ့ရင် ကောက်ရေးပြီး မှတ်လေ့ရှိပါတယ်။ ခုတော့
အဲ့အကျင့်ပျက်နေတာ ကြာပါပြီ။ ကြာတော့ ဘာဖြစ်သလဲဆိုတော့
ကျနော်ရေးတဲ့စာတွေမှာ စကားတွေထပ်လာသလို ဝေါဟာရအသစ်နဲ့ စကားလုံးအဆန်းလေးတွေ
ပါးလျားလာတယ်လို့ ကိုယ့်ဘာသာခံစားမိပါတယ်။
နောက်တချက်က
စကားပုံတွေပါ။ စာတပုဒ်မှာ စကားပုံပါမှမဟုတ်ပေမယ့်
ပါလိုက်တဲ့စကားပုံကြောင့် စာတပုဒ်လုံး ဟုတ်သွားတာလည်းရှိပါတယ်။
တော်၏တန်၏သိတ်မတွေးဘဲ စကားပုံတွေ...
(စပရင်းရိုးလ်)


(စပရင်းရိုးလ်)
Spring Roll လုပ်စားရအောင်ဆိုကာ ဇနီးသည် ဗမာကုန်စုံဆိုင်မှ အသီးအရွက်များ ဝယ်လာပါသည်။ ကျနော်က စားသာစား၍လုပ်လည်း မလုပ်တတ်၊ လုပ်လည်းမလုပ်နိုင်။ သူလုပ်နေတာ ဘေးကထိုင်ကြည့်ရင်း မင်းလိုတဲ့အခါပြောလေ ငါလုပ်ပေးနိုင်တာရှိလုပ်ပေးပါ့မယ်ဟု လေပြေထိုးတော့ ကိုယ့်ဘာသာသွားထိုင် စာဖတ်နေ ငါ့ဘာသာ ကြည့်လုပ်လိုက်မယ်ဆို၏။ အမှန်က သူလည်း ဒီလောက် လုပ်တတ်တာမဟုတ်။ တခါမှလည်း အိမ်မှာလုပ်စားဖူးသည်မရှိ။ ညီမအိမ်သွားရင်း တခေါက်သား Spring Roll နှင့်တည့်တည့်တိုးသဖြင့် သူရောကျနော်ပါ တနင့်တပိုးစားခဲ့ကြ၏။ စားပြီးတော့...
(ရွေးကောက်ပွဲ)


(ရွေးကောက်ပွဲ) ၂၀၁၅ ရွေးကောက်ပွဲဟာ ၁-ကျပ် သန်းပေါင်းလေးထောင်(၄ ဘီလီယံ)အကုန်အကျခံလုပ်ခဲ့တယ်။ ၂-လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါမရတဲ့ပွဲဖြစ်ခဲ့တယ်။ ၃-မတရားသင်းကြေညာခံထားရတဲ့ပါတီတွေ လုပုဂ္ဂိုလ်တွေ မပါရတဲ့ပွဲ၊ မဲပေးခွင့်မရှိတဲ့ပွဲဖြစ်ခဲ့တယ်။ ၄-တိုက်ပွဲတွေဆက်ဖြစ်နေချိန်လုပ်တဲ့ပွဲဖြစ်ခဲ့တယ်။ ၅-ကော်မရှင်အမိန့်ကြောင့် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ လုပုဂ္ဂိုလ်တွေ ခြေလက်အတုပ်ခံထားခဲ့ရတဲ့ပွဲဖြစ်ခဲ့တယ်။ ၆-စစ်အုပ်စုကျိတ်မွေးထားတဲ့ လက်မရွံ့တွေ လက်စွမ်းပြဖို့အစွမ်းကုန်ကြံခဲ့တဲ့ပွဲဖြစ်ခဲ့တယ်။ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဆိုတာ...
ပုန်ကန်ခြင်းဟူသည်မှာ ဆရာလွန်း ( သခင်ကိုယ်တော်မှိုင်း )


ပုန်ကန်ခြင်းဟူသည်မှာ
ပုန်ကန်ခြင်းဟူသည်မှာ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်သောသဘောအနက်တွင် အကျုံးဝင်ပေသည်။
သို့သော် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်တိုင်း ပုန်ကန်ခြင်းဟု မဆိုနိုင်။
ဂုဏ်တန်းမတူကြသော အထက်လူကို အောက်လူ၊ အကြီးအကဲကို ငယ်သားတပည့်တို့
မုံဆန်တော်လှန်ခြင်းမှသာလျှင် လောကဝေါဟာရအားဖြင့် ပုန်ကန်ခြင်းဟူ၍ ပညတ်ပေသည်။
ယင်းသို့
တော်လှန်မုံဆန်ပြုခြင်းများမှာ စင်စစ်အားဖြင့်ပုန်ကန်ခြင်းသဘောသို့
ရောက်ငြားသော်လည်း ပုန်ကန်သည် မဟုတ်ချေ။ ကျွန်သည် အရှင်ကို တိုင်းသူပြည်သားသည်
မင်းအစိုးရတို့ကို မုံဆန်တော်လှန်ခြင်းပြုမှသာလျှင်...
Monday, February 17, 2020
(ပြီးပြီလား မပြီးသေးဘူးလား)


(ပြီးပြီလား မပြီးသေးဘူးလား)
လက်နက်ကိုင်တော်လှန်ရေးတရပ်ပြီးဆုံးလျှင် တပ်ပြဿနာသည် အရေးအကြီးဆုံး
ဖြေရှင်းရသည့်ပြဿနာဖြစ်သည်ဟု ဆိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း
သခင်သန်ထွန်းတို့ခေါင်းဆောင်သည့်အဖွဲ့နှင့်
လော့ဒ်မောင့်ဘက်တန်နှင့်ဆွေးနွေးဖြေရှင်းသည့် ကန္နီဖြေရှင်းနည်း
ရှိဖူး၏။ (ပြည်သူ့အာဏာဂျာနယ်...မှ)
အခုလက်ရှိ စစ်အုပ်စုနဲ့
အပစ်ရပ်ထားတယ်ဆိုတဲ့အဖွဲ့တွေ(တကယ်က စစ်တပ်ကချဖို့လိုရင် မညှာမတာချပါတယ်။
ကျည် ခနခနပေါက်ပါတယ်) ကို တချိန်က
လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့အဖွဲ့တွေလို့ ခေါ်မှ မှန်မှာပါ။ ခုက လက်နက်တော့ကိုင်ထားတယ်...
Saturday, February 15, 2020
ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား


ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား
ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက သူ့ရဲ့အနုပညာ
အောင်မြင်မှုအဖြစ် “မိုနာလီဇာ အပြုံး” လို့ လူတွေခေါ်ကြတဲ့ ပန်းချီကားကို
ဖော်ပြနိုင်ပါတယ်။ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း က
သူရေးသားခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကြီးကို လက်ညှိုးထိုးပြပြီး
‘ဟောဒါက ငါ့ရဲ့အနုပညာ အောင်မြင်မှု ကွ’ လို့ ရဲရဲတင်းတင်း ပြောနိုင်တဲ့
အခြေအနေမှာ ရှိခဲ့တယ်။
သိပ္ပံပညာကျော် အိုင်းစတိုင်းက ရီလေတီဗီတီ သီအိုရီ စာအုပ်ကြီးကို
ထောင်ပြပြီး...
ခွေးစကား


(ခွေးစကား)
ကျနော့်တွင် ခွေးလေး ၂ ကောင်ရှိသည့်အကြောင်းနှင့် သူတို့အား
တိရိစ္ဆာန်စွန့်ပစ်ဂေဟာမှ ကောက်ယူမွေးမြူခဲ့ကြောင်း ပြောခဲ့ဖူးပါသည်။
ထိုမျှမက ထို ၂ ကောင်၏ အကျင့်စရိုက်ကလေးများနှင့်
မတူသည့်သဘာဝလေးများကိုလည်း ကွက်ကွက်ကွင်းကွင်း ပြောခဲ့ဖူးပါသည်။
အငယ်ကောင်ရော့ကီက အစားမက်သလောက် အကြီးကောင်အဇ္ဇီက အကစားမက်ပါသည်။ တခါတလေ
သူတို့ မုတ်ဆိတ်ပျားစွဲပြီး အမဲရိုးအစစ်များ
ဖောချင်းသောချင်းရှိသည့်အခါမျိုးတွင် အငယ်ကောင်က တချောင်းပြီးတချောင်း
ပြောင်းပြောင်းကာ ကောင်နိုးရာရာ လိုက်လိုက်ကိုက်သော်လည်း အကြီးကောင်ကမူ...
သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ


သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇
Normal
0
false
false
false
EN-US
X-NONE
MY
MicrosoftInternetExplorer4
...
Subscribe to:
Posts (Atom)